Advice

expired date တွေရှိတယ်။

လောကကြီးကပေးထားတဲ့လက်ဆောင်တွေမှာ expired date တွေရှိတယ်။ ကံကောင်းတာဖြစ်ဖြစ်၊ ကံဆိုးတာဖြစ်ဖြစ်ရထားတဲ့လက်ဆောင်ကို အကောင်းဆုံးအသုံးချမနက်ဖြန်ဆက်ရန်လက်ကျန်တွေရှိနေဖို့ ဘဝက ခက်ခဲမနေမှာ။ Phyo Paing @ Derek

expired date တွေရှိတယ်။ Read More »

တန်ဖိုးတစ်ခုရှိဖို့
အသုံးဝင်ရမယ်။

တစ်ခုတည်းက တခြားသူတွေလိုက်မမှီအောင်အကောင်းဆုံးလုပ်။ အဲ့တစ်ခုကကိုယ့်ကိုတန်ဖိုးတစ်ခုရှိစေရမယ်။ တန်ဖိုးတစ်ခုရှိဖို့အသုံးဝင်ရမယ်။ လူတွေ ပြဿနာဖြေရှင်းပေးနိုင်ရင်၊ လူတွေကို ပျော်စေရင်ဒါက အသုံးဝင်တာပဲ။ Phyo Paing @ Derek

တန်ဖိုးတစ်ခုရှိဖို့
အသုံးဝင်ရမယ်။
Read More »

ဘဝဆိုတာ ခဏပါ။

ဘဝမှာ အင်ဘာယာမတည်ဆောက်ချင်ဘူး။ လွတ်လပ်တဲ့ စူပါပါဝါရှိတဲ့ ကိုယ်ကြိုက်ရာကိုယ်လုပ်တဲ့သူပဲဖြစ်ချင်မိတယ်။ ဘဝမှာ လူကောင်းတစ်ယောက်အဖြစ်ဘယ်လိုနေမလဲ။ ကောင်းမွန်တဲ့ဘဝတစ်ခုဘယ်လိုဖြစ်သန်းမလဲ။ သေခြင်းတရားကို တည်တည်ငြိမ်ငြိမ်ဘယ်လိုရင်ဆိုင်မလဲ။ အရာရာကို အိန္ဒြေရရ ဘယ်လိုထားခဲ့မလဲ။ ဒီမေးခွန်းတွေအတွက် ကိုယ်ပိုင်အဖြေတွေနဲ့ဘဝကို လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းနဲ့ကြိုက်ရာလုပ် လူတွေအတွက်အသုံးဝင်ဝင်နဲ့ပဲဖြတ်သန်းချင်တယ်။ ဘဝဆိုတာ ခဏပါ။ Phyo Paing @ Derek

ဘဝဆိုတာ ခဏပါ။ Read More »

လစာတစ်ခုတည်းကိုပဲ အားကိုးနေတာဟာ အခန်းတစ်ခန်းလုံးကို မီးအိမ်တစ်လုံးတည်းနဲ့ လင်းအောင်ထားသလိုပါပဲ။

မီးသီးကျွမ်းသွားတာနဲ့ အခန်းတစ်ခုလုံး မှောင်မိုက်သွားသလို၊ အလုပ်ပြုတ်သွားတာ ဒါမှမဟုတ် လုပ်ငန်းရပ်သွားတဲ့အခါ ဝင်ငွေတစ်ခုတည်းရှိသူတွေအတွက် အန္တရာယ်အရမ်းများပါတယ်။ အခုခေတ်မှာ ဝင်ငွေလမ်းကြောင်းများများ တည်ဆောက်တာဟာ ချမ်းသာဖို့သက်သက် မဟုတ်တော့ဘဲ ဘဝလုံခြုံမှုအတွက် ဖြစ်လာပါပြီ။ သန်းကြွယ်သူဌေးတွေကို လေ့လာကြည့်ရင်တောင် သူတို့မှာ ပျမ်းမျှအားဖြင့် ဝင်ငွေလမ်းကြောင်း (၇) ခုလောက် ရှိတတ်ကြပါတယ်။ ဒီဗီဒီယိုလေးမှာတော့ အရင်းအနှီးသိပ်မလိုဘဲ Skill နဲ့ အချိန်လေးပေးရုံနဲ့ အခုချက်ချင်း စတင်လို့ရမယ့် ဝင်ငွေလမ်းကြောင်း (၁၂) သွယ် ကို အသေးစိတ် မျှဝေပေးထားပါတယ်။ ✅ Freelancing စာရေးခြင်း၊ ဗီဒီယိုတည်းဖြတ်ခြင်း၊ ဘာသာပြန်ခြင်း စသည့် Skill များကို Upwork, Fiverr စသည်တို့တွင် ရောင်းချခြင်း။ ✅ Content Creation YouTube ကဲ့သို့သော Channel များမှတစ်ဆင့်

လစာတစ်ခုတည်းကိုပဲ အားကိုးနေတာဟာ အခန်းတစ်ခန်းလုံးကို မီးအိမ်တစ်လုံးတည်းနဲ့ လင်းအောင်ထားသလိုပါပဲ။ Read More »

တချို့အချိန်တွေကျရင်
အဟောင်းတွေကိုမေ့ဖို့လဲလိုတယ်။
လွယ်တော့ တော်တော်မလွယ်လှဘူး။

မရှုံးချင်ဘူး။ ဘာကြောင့်ဆို ရှုံးသွားရင်ပြန်ကုန်းကောက်စရာမရှိခဲ့လို့။ ဒါကြောင့် တစ်ခုခုဆို ရှုံးသွားခဲ့ရင်တောင် ပြန်ကစားလို့ရအောင်ငွေဆိုလဲ သုံးဆင့်၊ အလုပ်ဆိုလဲ သုံးဆင့်လောက်ထားတယ်။ ငယ်ငယ်တည်းက စားစရာဆို ကုန်သွားရင် ထပ်ရှိနေအောင်သီးသန့် တခြားသူမသိပဲသိမ်းထားတာမျိုးလုပ်တယ်။ ဒါကတော့ ငယ်ဘဝကို အားကိုးရာမရှိဖြတ်သန်းခဲ့တဲ့သူအများစုမှာတွေ့ရတတ်တယ်လို့ထင်တယ်။ အလုပ်တစ်ခုလုပ်ရင်လဲ ဒီအလုပ်အဆင်မပြေရင်နောက်တစ်ခုလုပ်လို့ရအောင်အဆင်သင့်ရှိပြီးသား။ ဒီလိုလူတွေရဲ့အားနည်ချက်ကမရှုံးအောင် ကစားမိတာ။ တစ်ခုခုဆို ဝုန်းမယ်။စျေးကွက်ကို အုပ်စိုးမယ်ဆိုတာထက်ကိုယ့်အတွက်အမြဲ ပြေးပေါက်ကိုကြိုစဉ်းစားထားတတ်တာ။ ဘဝမှာ စျေးကွက်ကို အုပ်စိုးဖို့ ရည်မှန်းချက်ထက်ပြဿနာတွေပေါ်လာတဲ့အခါရှောင်နိုင်ဖို့ကိုအဓိကထားပြီးဘဝကို အထာကျကျဖြတ်သန်းဖို့စီမံပြီးဖြတ်သန်းဖြစ်တာ လူတွေရဲ့ inspiration မတူကြတာငယ်ဘဝဖြတ်သန်းမှုက သင်ယူခဲ့တဲ့အရာတွေကြောင့်။ တချို့အချိန်တွေကျရင်အဟောင်းတွေကိုမေ့ဖို့လဲလိုတယ်။လွယ်တော့ တော်တော်မလွယ်လှဘူး။ Phyo Paing @ Derek

တချို့အချိန်တွေကျရင်
အဟောင်းတွေကိုမေ့ဖို့လဲလိုတယ်။
လွယ်တော့ တော်တော်မလွယ်လှဘူး။
Read More »

ကိုယ်လိုချင်တာရအောင်
စဉ်းစားတတ်ဖို့လိုတယ်။

ကြိုးစားတာလူတိုင်းလုပ်တတ်တယ်။ စဉ်းစားတာလဲ လူတိုင်းလုပ်တတ်တယ်။ ကိုယ်လိုချင်တာရအောင်စဉ်းစားတာ လူတိုင်းမလုပ်တတ်ဘူး။ ကြံစည်လုပ်ဆောင်တာ လူတိုင်းမလုပ်တတ်ဘူး။ ကိုယ်လိုချင်တာရအောင်စဉ်းစားတတ်ဖို့လိုတယ်။ စဉ်းစားတတ်ဖို့ စဉ်းစားနည်းသိဖို့လိုသလိုမှန်ကန်တဲ့အမြင်ရှိဖို့လိုတယ်။ သဘောတရားကို သေချာနားလည်ဖို့လဲလိုတယ်။ ဒီနှစ်ခုကို သဘာနဲ့ရောရင်ထိုးထွင်းသိမြင်မှုဆိုတာရတယ်။ အေအိုင်ကို သိချင်တာမေးလို့ရတယ်။ ကိုယ့်ပြဿနာတွေအကုန်အဖြေရှာလို့တော့ မရသေးဘူး။ Phyo Paing @ Derek

ကိုယ်လိုချင်တာရအောင်
စဉ်းစားတတ်ဖို့လိုတယ်။
Read More »

စမ်းကြည့်၊ ထုတ်ကြည့်၊
တိုင်းတာကြည့်၊ ပြင်ကြည့်။

နေ့စဉ်တိုးတက်ချင်ရင်စာတွေနဲ့မရဘူး။ငါတွေ့လိုတယ်။ ငါတွေ့ရဖို့ စမ်းကြည့်ဖို့လိုတယ်။ စမ်းကြည့်တဲ့အခါမအောင်မြင်မှု၊ အလုပ်မဖြစ်မှုတွေရှိမယ်။တွေ့ရှိမှု discoveries တွေရှိမယ်။ မားကတ်တင်းစာအုပ်ဖတ်ရုံနဲ့ မားကတ်တင်းကျွမ်းကျင်လာမှာမဟုတ်ဘူး။Content တွေဖန်တီးကြည့်။ Copy တွေရေးကြည့်။ Ads တွေကြော်ငြာတွေ run ကြည့်။Campaign တွေဖန်တီး။ သင်ယူ။ ဒီလိုပဲသွားရမှာ။ Entrepreneurship စာအုပ်တွေဖတ်နေရုံနဲ့လဲအောင်မြင်ငွေရ သုံးသူရှိတဲ့ကုန်ပစ္စည်းတွေ စျေးကွက်ထဲမိတ်ဆက်နိုင်မှာမဟုတ်ဘူး။ စမ်းကြည့်၊ ထုတ်ကြည့်၊ တိုင်းတာကြည့်၊ ပြင်ကြည့်။ စာတွေ့နဲ့ မရ။ငါတွေ့လိုတယ်။ လူရှေ့သူရှေ့စကားပြောခြင်း၊ စျေးရောင်းခြင်း။ အတူတူပါပဲ။ Phyo Paing @ Derek

စမ်းကြည့်၊ ထုတ်ကြည့်၊
တိုင်းတာကြည့်၊ ပြင်ကြည့်။
Read More »

move on လုပ်နိုင်မှ
ပိုကောင်းတဲ့ဘဝတည်ဆောက်နိုင်မှာ။

လွတ်မြောက်ဖို့ လွတ်ချဖို့လိုတယ်။ အလုပ်မဖြစ်တော့တာ၊ ကိုယ့်အတွက် အကျိုးမရှိတော့တာ၊ အနာဂတ်အတွက် အရေးမပါတော့တာကို တာ့တာပြ move on လုပ်နိုင်မှပိုကောင်းတဲ့ဘဝတည်ဆောက်နိုင်မှာ။ Phyo Paing @ Derek

move on လုပ်နိုင်မှ
ပိုကောင်းတဲ့ဘဝတည်ဆောက်နိုင်မှာ။
Read More »

ခေတ်အပြောင်းအလဲမှာ
နောက်ကျမကျန်ခဲ့ဖို့လဲ
လေ့လာအားထုတ်ဖို့လိုပြန်တယ်။

ဒီနေ့ခေတ်ဘဝကို တည်ဆောက်ဖို့က ထင်သလောက်မလွယ်ဘူး။ ၁။ ပိုက်ဆံနဲ့ ဘဝတည်ဆောက်ရတယ်၂။ အလုပ်အကိုင်နဲ့ ဘဝတည်ဆောက်ရတယ် ၃။ ပညာနဲ့ ဘဝတည်ဆောက်ရတယ်၄။ အချစ်နဲ့ ဘဝတည်ဆောက်ရတယ်၅။ အပေါင်းအသင်းနဲ့ဘဝတည်ဆောက်ရတယ်၆။ ဒါတွေလုပ်ဆောင်ဖို့ ကျန်းမာနေဖို့လိုတယ် ၇။ နောက်ခေတ်နောက်မကျဖို့ကလဲ အမြဲလေ့လာနေဖို့လိုတယ်။ ပိုက်ဆံရဖို့ အလုပ်အကိုင်ကောင်းဖို့လိုတယ်။ အလုပ်အကိုင်ကောင်းဖို့ ပညာလိုတယ်။ ဒါတွေအဆင်ပြေပြီး အချစ်ရေး (မိဘ၊ သားသမီး၊ သမီးရည်းစားလင်မယား)အဆင်မပြေရင်လဲ ဘဝကအဆင်မပြေတဲ့အတွက် အချစ်ရေးကလဲ အရေးကြီးတယ်။သာရေးနာရေး ဆက်သွယ်ရေးအတွက်အပေါင်းအသင်းရေးရာ social ကလဲ အရေးကြီးပြန်တယ်။ ဒါတွေရဲ့ထောက်တိုင် ကျန်းမာရေးနဲ့ခေတ်အပြောင်းအလဲမှာ နောက်ကျမကျန်ခဲ့ဖို့လဲလေ့လာအားထုတ်ဖို့လိုပြန်တယ်။ Phyo Paing @ Derek

ခေတ်အပြောင်းအလဲမှာ
နောက်ကျမကျန်ခဲ့ဖို့လဲ
လေ့လာအားထုတ်ဖို့လိုပြန်တယ်။
Read More »

ကိုယ့်အတွက်
အရေးပါတာကို အရာပေးဖို့လိုတယ်။

လူဆိုတာ အကန့်အသတ်ရှိတယ်။ အချိန်၊ စွမ်းအင်၊ အာရုံ။ ဒါကြောင့် ကိုယ့်အချိန်၊ စွမ်းအင်၊ အာရုံကို ဘယ်မှာပဲသုံးမယ်ဆိုတာ ကပ်စေးနဲဖို့လိုတဘ်။ ဒါမှပဲ ကိုယ်တည်ဆောက်ချင်တဲ့ကြီးကျယ်ခမ်းနာတဲ့အရာတွေတည်ဆောက်လို့ရမှာ။ အုတ်ရောရောကျောက်ရောရောဘဝကကျော်လွှားချင်ရင်အချိန်၊ စွမ်းအင်၊ အာရုံကို ချွေတာပြီး ကိုယ့်အတွက်အရေးပါတာကို အရာပေးဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်အတွက်
အရေးပါတာကို အရာပေးဖို့လိုတယ်။
Read More »