ဘဝတိုက်ပွဲဆိုတာက ပါမွှားလေး။
တချို့သူတွေကဘဝရဲ့ ငယ်ရွယ်နုပျိုမှာတစ်ဝက်မဟုတ်တောင်လေးပုံတစ်ပုံကအဖေ၊ အမေ သို့ မိသားစုအကြွေးကို ဆပ်ရတတ်ကြတယ်။ တချို့သူတွေအတွက်တခါတလေ တိုးတက်အောင်မြင်အောင်လုပ်တာမခက်ဘူး။အမြဲရှုံးနေတဲ့အရာကိုမရှုံးအောင်လုပ်ပေးရတာ အခက်ဆုံးပဲ။မရှုံးအောင်လုပ်လဲနောက်ဆုံးတော့ ရှုံးမှာပဲ။ ဒီပြဿနာကို ကျော်လွှားဖို့ကတချို့ကိစ္စတွေမှာကပြဿနာတွေရဲ့နောက်မှာလက်ဆောင်တွေရှိတတ်တယ်လို့စိတ်ထားရမှာပဲ။ ငယ်ငယ်ကတည်းကဒီလို အတွေ့အကြုံတွေသာမရှိခဲ့ရင်ဘဝတိုက်ပွဲက ကိုယ့်အတွက်ကြမ်းတမ်းနေမှာ။ တချို့အတွက်တကယ်တမ်း မွေးရာပါမိသားစုအတွက်ဝင်ရတဲ့တိုက်ပွဲနဲ့ဘဝတိုက်ပွဲယှဥ်ရရင်ဘဝတိုက်ပွဲဆိုတာက ပါမွှားလေး။ လောကမှာ စိတ်ပိုင်းဆိုင်ရာTrauma တွေလွတ်မြောက်ချင်ရင်ဒီလေးခုကို ခွင့်လွတ်ဖို့လိုတတ်တယ်လို့ပညာရှင်တချို့ဆိုတယ်။ ၁။ ကိုယ့်မိဘကို ခွင့်လွတ်၂။ ကိုယ့်ကိုကိုယ်ခွင့်လွတ်၃။ ကိုယ့်ကို ဒုက္ခပေးထားတဲ့သူတွေကိုခွင့်လွတ်၄။ တောင်းပန်စရာရှိသူကို စိတ်ထဲကဝန်ချတောင်းပန်တဲ့။ Phyo Paing @ Derek
