Change

စာရေး၊ စာဖတ်၊ တွေးတယ်ဆိုတာ
စိတ်နဲ့ လုပ်ရတဲ့အလုပ်။

စိတ်ကို ကောင်းကောင်း စီမံခန့်ခွဲမှု မလုပ်တတ်ရင်မတွေး၊ မရေး၊ သေချာ မဖတ်နိုင်ဘူး။ နေ့တိုင်း အကြည်ဓာတ်ရှိဖို့တရားမျှတမှုမရှိတဲ့ လောကဓံရဲ့တချို့အပိုင်းတွေကို ခဏလျစ်လျူရှုပြီးကိုယ့်ရဲ့ သမိုင်းပေးတာဝန်ဖြစ်တဲ့ကိုယ်နဲ့ထိတွေ့တဲ့လူတွေကို အကောင်းဆုံး version တည်ဆောက်နိုင်ဖို့personal, professional, business တိုးတက်မှုပိုင်းကို ကူညီပေးဖို့အာရုံပြုပြီး လုပ်နေမိတယ်။ ဒီနိုင်ငံမှာ အင်တာနက်ရှိနေသမျှဒီမှာဆက်ရှိိနေအုံးမှာပဲ။ ဘာကြောင့်လဲဆိုတော့ပညာရေးနဲ့ နည်းပညာအသုံးပြီးလူသားတွေရဲ့ဘဝအပြောင်းအလဲလုပ်ဖို့ကYEC ရဲ့ Mission ဖြစ်နေလို့။ Phyo Paing @ Derek

စာရေး၊ စာဖတ်၊ တွေးတယ်ဆိုတာ
စိတ်နဲ့ လုပ်ရတဲ့အလုပ်။
Read More »

ဦးနှောက်ကို အသုံးပြု
အလုပ်လုပ်ရတဲ့ အရသာက
အင်မတန်ကောင်းတယ်။

မတူညီတဲ့ idea တွေကို ပေါင်းစပ်လို့ရသလို၊ သင်ယူလေလေ ဖြစ်နိုင်ခြေတွေအများကြီး ရှာဖွေတွေ့လေလေပဲ။ လူအများစုက မားကတ်တင်းလေ့လာရင်မားကတ်တင်းသမား၊ စာရင်းလေ့လာရင် accountantကိုယ့်ကိုကိုယ် တစ်သက်တာ တံဆိပ်ကပ်လိုက်တယ်။ လောကမှာ အသက်ရှင်နေသမျှအရာရာကို ပြောင်းလဲလို့ရတယ်။ Phyo Paing @ Derek

ဦးနှောက်ကို အသုံးပြု
အလုပ်လုပ်ရတဲ့ အရသာက
အင်မတန်ကောင်းတယ်။
Read More »

လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။

အစားအသောက်နဲ့ လေ့ကျင့်ခန်းပေါ်မူတည်ပြီးခန္ဓာကိုယ်ပုံစံကွာသွားသလို၊ ခေါင်းထဲထည့်တဲ့ အတွေးအခေါ်နဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘဝတွေကွာသွားတယ်။ Phyo Paing @ Derek

လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။ Read More »

လူတွေရဲ့ အထင်အမြင်က
သင့်ခံစားချက်ကို မလွမ်းမိုးနိုင်တော့ရင်
သင်က next level ရောက်သွားပြီ။

Elon Musk ဆိုလဲကြည့်လေcrypto community က တချို့ဝိုင်းဆဲကြတယ်။အေးဆေးပဲ။ ဂရုကိုမစိုက်ဘူး။ Next Level ရောက်ဖို့ကအရာရာကို ယုတ္တိကျကျတွေးခေါ်ပြီးသတင်းတစ်ခုကို နှလုံးသားနဲ့မခံစားခင်ဦးနှောက်နဲ့ စကာစစ်ဖို့ လိုတယ်။ ဒီလိုဖြစ်ဖို့ ကိုယ့် personality ကိုFeeling သမားကနေ Thinking သမားဖြစ်အောင်စိတ်ပညာ intervention တွေနဲ့ ပြောင်းလိုက်တယ်။ ဘဝမှာ ပိတ်နေတဲ့ တံခါးတွေအများကြီးပွင့်သွားတယ်။ Phyo Paing @ Derek

လူတွေရဲ့ အထင်အမြင်က
သင့်ခံစားချက်ကို မလွမ်းမိုးနိုင်တော့ရင်
သင်က next level ရောက်သွားပြီ။
Read More »

လူတွေက အခြေအနေတစ်ခုကို
ထိန်းချုပ်နိုင်ရင် ပျော်တယ်။
ကိုယ့်ထိန်းချုပ်မှုအောက်မရှိရင်
သွေးပျက်တတ်ကြတယ်။

နေ့တိုင်း Schedule ရှိဖို့လိုတယ်။ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတဲ့အချိန်ဇယားက ဘဝကိုစနစ်တစ်ခုပေးတယ်။ရည်ရွယ်ချက်တစ်ခု၊ ထိန်းချုပ်မှုတစ်ခု၊တာဝန်တစ်ခု၊ အာရုံစိုက်လုပ်ဆောင်စရာတစ်ခု၊စိတ်ကျက်စားရာတစ်ခု ပေးတယ်။ ဒီ schedule ရှိနေခြင်းအားဖြင့်ဘဝရဲ့ အခြေနေဘယ်လောက်ဆိုးဆိုးငါဒါကို မဖြစ်ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့အသိတစ်ခုဖြစ်စေတဲ့အတွက် ကိုယ့်ဘဝ ကိုယ့်လက်ထဲမှာဆိုတဲ့အသိတစ်ခုရစေတယ်။ လူတွေက အခြေအနေတစ်ခုကိုထိန်းချုပ်နိုင်ရင် ပျော်တယ်။ကိုယ့်ထိန်းချုပ်မှုအောက်မရှိရင်သွေးပျက်တတ်ကြတယ်။ ဒီနေ့လို ဆီစျေး၊ နိုင်ငံရေး၊စီးပွါးရေး၊ လျှပ်စစ်မီးအရေးထိန်းမရတဲ့ ပြဿနာပေါင်းစုံကြားမှာကိုယ့်ထိန်းချုပ်လို့ရတာ နေ့စဉ်အမူအကျင့်နဲ့နေ့စဉ် ဘာလုပ်မယ်ဆိုတဲ့ အချိန်ဇယားနဲ့ အကောင်အထည်ဖော်မှုပဲ။ Phyo Paing @ Derek

လူတွေက အခြေအနေတစ်ခုကို
ထိန်းချုပ်နိုင်ရင် ပျော်တယ်။
ကိုယ့်ထိန်းချုပ်မှုအောက်မရှိရင်
သွေးပျက်တတ်ကြတယ်။
Read More »

Differentiate or Die

သာမန် လူတွေကို ရောင်းဖို့သာမန် ကုန်ပစ္စည်းတွေ မထုတ်ပါနဲ့။ဒါဒီနေ့ခေတ်ရဲ့ မားကတ်တင်းအတွေးအခေါ်ဖြစ်တယ်။ သာမန်လူတွေအတွက်သာမန်ကုန်ပစ္စည်းတွေထုတ်ခြင်းဟာရှုံးနိမ့်မှုရဲ့ ရှေ့ပြေးပဲလို့ဆိုကြတယ်။ သာမန် ဖုန်းဆိုင်၊ သာမန်လက်ဖက်ရည်ဆိုင်သာမန်စားသောက်ဆိုင်၊ သာမန်အထည်ဆိုင်သာမန် လက်ဝတ်ရတနာဆိုင်ဒီသာမန် ကုန်ပစ္စည်းရောင်းတဲ့သာမန်ဆိုင်တွေက ပုံစံတူတွေဖြစ်နေတယ်။ စီးပွါးရေးလုပ်ငန်းမှာ ထူးရင်ထူးမထူးရင်း အဆင်မပြေလို့မျက်စံပြူးမယ်။Differentiate or Die ပဲ။ ထူးဖို့ ကိုယ်လုပ်တဲ့အလုပ်ကိုရူးသွပ်ဖို့လိုတယ်။ဆရာကျအောင် လေ့လာနေဖို့လိုတယ်။တီထွင်ဆန်းသစ်ဖို့လိုတယ်။ Business Model နဲ့ထူးအောင်လုပ်မှာလား။ကုန်ပစ္စည်းနဲ့လား၊ဝန်ဆောင်မှုနဲ့လား၊စျေးနှုန်းနဲ့လား၊Marketing လုပ်တဲ့ပုံစံနဲ့လား။ Phyo Paing @ Derek

Differentiate or Die Read More »

ကိုယ့်မှာရှိတဲ့ ကျန်းမာရေးနဲ့
အချိန်ကို အကောင်းဆုံးအသုံးပြုဖို့
အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။

ပြဿနာအများစုက ရွေးချယ်မှုမရှိတာကနေလာတယ်။ နိုင်ငံတစ်နိုင်ငံမှာ မပျော်ဘူး။နောက်တစ်နိုင်ငံကို ပြောင်းဖို့ ရွေးချယ်မှုမလုပ်နိုင်ရင် စိတ်ဆင်းဆင်းရဲရဲနဲ့ ပြဿနာတောထဲကမထွက်နိုင်ဘူး။ ရည်းစားကပစ်သွားတယ်။ ကိုယ့်မှာ သူ့ထက်ပိုကောင်းတဲ့သူကို ရွေးချယ်နိုင်မှုမရှိရင် ပြဿနာဖြစ်ပြီ။ ဘဝပြဿနာ အများစုက ရွေးချယ်နိုင်မှု မပြုလုပ်နိုင်စွမ်းက လာတယ်။ ဒီရွေးချယ်မှုကို ပြုလုပ်နိုင်ဖို့ အရင်းအမြစ်လိုတယ်။ ပြဿနာအများစုက ရွေးချယ်မှုမရှိတာကလာရင်၊ လူအများစုရဲ့ ရွေးချယ်မှုမရှိတဲ့ပြဿနာက အရင်းအမြစ်မရှိတာကလာတယ်။ အရင်းအမြစ်တွေအားလုံးထဲမှာ ကျွမ်းကျင်မှု၊ အလုပ်အကိုင်၊ကျန်းမာရေး၊ အချိန်၊ ငွေကြေး တွေပါဝင်တယ်။ ကျန်းမာပြီးအချိန်ရှိတုန်းအရင်းအမြစ်တည်ဆောက်ဖို့ ကိုယ်ဂုဏ်ယူတဲ့အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။ Phyo Paing @ Derek

ကိုယ့်မှာရှိတဲ့ ကျန်းမာရေးနဲ့
အချိန်ကို အကောင်းဆုံးအသုံးပြုဖို့
အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။
Read More »

ကိုယ့်ကိုကိုယ် ဂုဏ်ယူရမည့်အလုပ်တွေ နေ့တိုင်းလုပ်ပါ။

Content as a service စမယ်ဆိုတာထက်ကိုယ့်ကိုကိုယ် challenge ခေါ်တဲ့အနေနဲ့တစ်ရက်တစ်အုပ် စာဖတ်မယ်။Note ထုတ်မယ်။Video ရိုက်ပြန်ပြောပြမယ်။ကိုယ်လဲပိုမှတ်မိမယ်။တခြားသူတွေလဲ လေ့လာလို့ရမယ်။ကိုယ်ဖတ်ချင်တဲ့စာအုပ်ဖတ်မယ်။ဘယ်လောက်ထိသွားနိုင်မလဲကြည့်မယ်ဆိုပြီး စခဲ့တယ်။ ကြားထဲ Omicron ဖြစ်တဲ့အချိန်မနည်းရုန်ကန်ထရတယ်။ခေါင်းတွေမူး၊ အားမရှိ၊အသံမထွက်တဲ့ ဒဏ်တွေကြားRoutine ကို မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီးကျော်ဖြတ်ခဲ့တယ်။ ဒီနေ့တော့ ရက်ပေါင်း ၁၅၀ ပြည့်ပြီ။ကိုယ့်ကိုကိုယ် ဂုဏ်ယူရမည့်အလုပ်တွေနေ့တိုင်းလုပ်ပါ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဂုဏ်ယူရမည့်အလုပ်တွေ နေ့တိုင်းလုပ်ပါ။ Read More »

နေ့စဉ်မဖြစ်မနေ လုပ်တဲ့
Routine ၃ ခုက ၁၀ ခုရှိရမယ်။

ဒီနေ့စဉ်မဖြစ်မနေလုပ်တဲ့အရာတွေကဘဝကို စနစ်တစ်ခုဖန်တီးပေးတယ်။ပြဿနာတွေရှိရင်တောင် လဲပြိုမသွားအောင်ပုံစံခွက်တစ်ခုတည်ဆောက်ပေးထားတယ်။တစ်နှစ်လောက်ပုံမှန်လုပ်သွားရင်ဘဝတွေ ကွာသွားတယ်။ မနက်မှာ တရားထိုင်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ် စာရေးတာဖြစ်ရင်ဖြစ်မယ်။နေ့စဉ် ဘာသာစကားတစ်ခု၊ နှစ်ခုလေ့လာတာဖြစ်ရင်ဖြစ်မယ်။နေ့စဉ်စာတစ်အုပ်ဖတ်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ်လေ့ကျင့်ခန်းတွေလုပ်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ် fasting လုပ်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ်အလုပ်အတွက်အချိန်ပေးစဉ်းစားတာ ဖြစ်ရင်ဖြစ်မယ်။ Phyo Paing @ Derek

နေ့စဉ်မဖြစ်မနေ လုပ်တဲ့
Routine ၃ ခုက ၁၀ ခုရှိရမယ်။
Read More »

ထင်ထားတာနဲ့ တကယ်ဖြစ်နိုင်တာနဲ့
plan နဲ့ actual ကြားကွာခြားချက်ကို
ဆွဲငြိပေးနိုင်တာ အတွေ့အကြုံပဲ။

လူအယောက် ၅၀၀ – ၁၀၀၀ ရှေ့မှာစကားပြောမယ် ဘာတွေဖြစ်ပြီးဘယ်လိုပြီးမလဲဆိုတာ ကြိုသိနေတယ်။ဘာကြောင့်လဲဆိုတော့ အတွေ့အကြုံရှိလို့။ Digital product တစ်ခုကိုစတယ်။ ဘယ်အချိန်ကို ဘယ်လောက်ပုံမှန် income ရှိနေမလဲကြိုသိတယ်။ဘာကြောင့်လဲဆို ရှေ့ကလုပ်ခဲ့ဖူးတဲ့experience ကြောင့်။ ဘာကုန်ပစ္စည်းကို ဘယ်လောက်အသုံးပြုပြီးဘယ်လို campaign လုပ်ရင် ဘယ် audience ဆို ဘယ်လောက် targetထိတယ်ဆိုတာ အကြံပေးနိုင်တယ်ဆိုတာအရှေ့မှာ အလုပ်မဖြစ်မှုပေါင်းများစွာကလေ့လာထားခဲ့တဲ့ အတွေ့အကြုံကြောင့်။ ဘယ်အစားအသောက်ကို ဘယ်လောက်စားပြီးဘယ်လို လေ့ကျင့်ခန်းကို ဘယ်လိုလုပ်ရင်တစ်ရက် ဘယ်လောက်ဝိတ်အပြောင်းအလဲရှိနိုင်တယ်ဆိုတာ သိတယ်။ ဘာကြောင့်လဲဆိုရင် အတွေ့အကြုံရှိလို့။ တစ်ရက်ကို Daily saving goal ဘယ်လိုထားပြီး ငွေကြေးဘယ်လိုစီမံရင်လိုချင်တဲ့ Yearly income goal ကိုဘယ်လိုရောက်နိုင်မလဲဆိုတာ သိတယ်။ဘာကြောင့်လဲဆို အတွေ့အကြုံရှိလို့။ စကားသုံးလေးခွန်းပြောလိုက်ရင်ဒီလူကဘယ်လိုလူမျိုးဆိုတာ တန်းသိတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ်ရည်ကိုယ်သွေး၊စိတ်ပညာ၊ မျက်နှာဖတ်နည်းလေ့လာပြီးအလုပ်မဖြစ်တဲ့၊ အလုပ်ဖြစ်တဲ့ အတွေ့အကြုံတွေရှိထားခဲ့လို့။

ထင်ထားတာနဲ့ တကယ်ဖြစ်နိုင်တာနဲ့
plan နဲ့ actual ကြားကွာခြားချက်ကို
ဆွဲငြိပေးနိုင်တာ အတွေ့အကြုံပဲ။
Read More »