Change

လူတွေရဲ့ စွမ်းအားက
စိတ်ခံစားမှုကလာတယ်

ဘဝကို ခံစားတတ်မှု အရေးကြီးတယ်။ဒီခံစားမှုက အသက်ပဲ။ဒီခံစားချက်က လျို့ဝှက်ချက် the secret ပဲ။တချို့တွေပြောတဲ့ law of attraction ဆိုတာကလဲဒါပဲ။ဒါကို the feeling is the secret တဲ့။ ကိုယ့်ကိုကိုယ် feeling good ဖြစ်တဲ့အချိန်ကစပြီးဘဝတစ်ခု၊ အကျင့်တစ်ခုကအပြောင်းအလဲဖြစ်သွားတယ်။သာမာန်လူတွေစာဖတ်တဲ့အခါ ခေါင်းခြောက်တာမျိုးဖြစ်တယ်။Pro ဖြစ်သွားလို့ စာဖတ်ရင် ဦးနှောက်ကOrgasm ရောက်သလို အလင်းတွေ လင်းလက် breakthrough ဖြစ်တယ်။ တချို့တွေ အစပိုင်း gym သွားပင်ပန်းပြီး တစ်ရက်လုံးအလုပ်မလုပ်နိုင်အစားတွေ ပိုစားချင်ဖြစ်လာတဲ့အတွက်ကိုယ့်ကိုကိုယ် အပြစ်ပေးသလိုPunishment အဖြစ်ခံစားရတဲ့အတွက်ရပ်လိုက်ကြတယ်။အခြေအနေတစ်ခုရောက်လာတဲ့အခါEndorphin တို့၊ Growth-hormone အရသာတွေ တွေ့လာတော့Blessing ဆိုတာ ခံစားလာရတယ်။ Relationship မှာလဲ အစမှာဆိုမသေချာမရေရာမှု uncertainty တွေကြောင့်ရင်ခုန်မှုတွေ ဖြစ်ပြီးDopamine အတက်အကျတွေကြားရင်ခုန်မှုတွေဖြစ်တတ်ကြတယ်။အချိန်တစ်ခုရောက်လာ အရာရာ ခန့်မှန်းလို့ရလာတဲ့အခါExcitement […]

လူတွေရဲ့ စွမ်းအားက
စိတ်ခံစားမှုကလာတယ်
Read More »

ဘဝရဲ့ ရင်ခုန်မှုဆိုတာ
တိုးတက်မှုကလာတာများတယ်

တစ်ရက်တစ်ရက်သာကုန်သွားတယ်။မနေ့ကနဲ့ ဘာမှ မကွာခြားဘူး။ ဒါမျိုးကြုံဖူးတတ်ကြတယ်။ ဘဝရဲ့ ရင်ခုန်မှုဆိုတာ တိုးတက်မှုက လာတာများတယ်။ ဒါကြောင့် တစ်ရက်တာအတွက်မနက်အခါက တစ်ရက်တာစစ်ပွဲကိုတိုက်ဖို့ ပြင်ရမည့်အချိန်ပဲ။ လျှောက်လုပ်နေလို့ မရဘူး။ စည်းကမ်းလိုတယ်။ ကြာကြာနေမှ တစ်ခါထလုပ်တဲ့အလုပ်တွေက ဘဝကို အပြောင်းအလဲ ဖြစ်စေတာထက်စွဲစွဲမြဲမြဲ မှန်မှန်လုပ်တဲ့အလုပ်တွေကကိုယ့်ဘဝကို ပြောင်းလဲ စေတာများတယ်။ ဒီနေ့ည အိပ်ယာဝင်တဲ့အခါ မင်းဒီတစ်ရက်မှာ လုပ်တဲ့အလုပ်ထဲကဂုဏ်အယူဆုံးအရာတစ်ခုဆိုဘာများဖြစ်မလဲ ဆိုတဲ့အခါဘာများပြန်ဖြေဖြစ်မလဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရတဲ့အချိန်တွေလိုကောင်းလိုနိုင်တယ်။ Phyo Paing @ Derek

ဘဝရဲ့ ရင်ခုန်မှုဆိုတာ
တိုးတက်မှုကလာတာများတယ်
Read More »

ကိုယ့်ကိုကိုယ် ဆုလဒ်လို့ပဲစဥ်းစားကြည့်

ကိုယ်နဲ့တွေ့တဲ့လူက ဆုရတာပဲဆိုတဲ့ concept စဥ်းစားကြည့်။ တရုတ်သီချင်းတစ်ခု စာသားကိုသဘောကျတယ်။ 你得冠军我是奖品မင်းက ချန်ပီယံ ငါကဆုလဒ်တဲ့။ လူတွေက self-esteem နည်းတဲ့အခါကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းတယ်။ကိုယ်နဲ့တွေ့တဲ့သူတိုင်းကို ကိုယ်က ပိုအကျိုးရှိစေရမယ်ဆိုတဲ့စိတ်ထား ထားဖို့ထက် ကိုယ်က ဘာယူလိုက်ရမလဲစဥ်းစားမိတတ်တယ်။ ကိုယ်နဲ့အလုပ်လုပ်တဲ့သူ၊တွေ့ဆုံကြုံကြိုက်တဲ့သူတိုင်းဟာဆုရတာနဲ့ တူတယ်ဆိုတဲ့ စိတ်ထားကြည့်တစ်ခုခု အပြောင်းအလဲဖြစ်နိုင်တာတွေ့ကောင်းတွေ့လိမ့်မယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဆုလဒ်လို့ပဲစဥ်းစားကြည့် Read More »

ပြဿနာနဲ့ ဒုက္ခ မရောလိုက်နဲ့။

ပြဿနာဆိုတာ ဖြေရှင်းရန်လိုအပ်သော ကိစ္စ။ဒုက္ခဆိုတာ ဆင်းရဲသောက။ ပြဿနာက ပုစ္ဆာ။ (Problem)ဒုက္ခက ခံစားမှု။ (Suffering) ပြဿနာကို မဖြေရှင်းပဲစိတ်ညစ်ပြီး ဒုက္ခအနေနဲ့မပြောင်းလိုက်နဲ့။ Phyo Paing @ Derek

ပြဿနာနဲ့ ဒုက္ခ မရောလိုက်နဲ့။ Read More »

အပြောင်းအလဲတစ်ခုလုပ်တော့မယ်ဆို
ဘေးကလူတွေက ခင်ဗျာကို
ဆွဲချကြလိမ့်မယ်။
အားပေးသလိုလိုနဲ့
ဝေဖန်ကြလိမ့်မယ်။

မှတ်မှတ်ရရ တစ်ခုခုအပြောင်းအလဲလုပ်တော့မယ်ဆို လူတွေ သင့်ကိုယုံချင်မှ ယုံကြလိမ့်မယ်။ 2016 မှာ video ရိုက်ပြီး ပထမဆုံး video တင်တော့ဟိုဟာလိုသေးတယ်။ဒီဟာလိုသေးတယ် အကြံပေးကြတယ်။သူတို့ကို မေးလဲ မမေးပဲနဲ့။ ဝိတ်ချတော့မယ်ဆိုတော့ စောင့်ကြည့်မယ်ဆိုတဲ့ သူနဲ့။ ဆယ်ပေါင်ကျသွားပြီဆိုတော့ ဒါက ရေဝိတ် ပျော်မနေနဲ့ဆိုပြီးအားပေးတဲ့ သူနဲ့။ ဘဝက အဲ့လိုပဲ အပြောင်းအလဲတစ်ခုလုပ်တော့မယ်ဆိုဘေးကလူတွေက ခင်ဗျာကို ဆွဲချကြလိမ့်မယ်။အားပေးသလိုလိုနဲ့ ဝေဖန်ကြလိမ့်မယ်။ ကျွန်တော်တော့ အဲ့ဒီ screenshot တွေကို တစ်နေရာထဲမှတ်ထားတယ်။တချိန် story-telling မှာသုံးဖို့။ 😀 Phyo Paing @ Derek

အပြောင်းအလဲတစ်ခုလုပ်တော့မယ်ဆို
ဘေးကလူတွေက ခင်ဗျာကို
ဆွဲချကြလိမ့်မယ်။
အားပေးသလိုလိုနဲ့
ဝေဖန်ကြလိမ့်မယ်။
Read More »

”အ” သုံးလုံး

မြန်မာပြည်မှာ လူလာဖြစ်တယ်။ စဉ်းစားကြည့်ရင် အားမရစရာအများကြီး။ စိတ်ညစ်စရာအများကြီး။ တချို့တွေ မဖွင့်ပြောတာပဲရှိမယ်။ Social media မှာ မဖော်ပြတာပဲရှိမယ်။သူ့ဟာနဲ့သူ အနည်းနဲ့အများ ရိုက်ခက်မှုရှိတဲ့ သူကြီးပဲ။ ဒါတွေကို handle လုပ်နိုင်ဖို့ နည်းပညာတွေ၊ နည်းနာတွေနဲ့ အတွေးအခေါ် ပညာတွေ သုသေတနလုပ် သေသေချာချာလေ့လာဖြစ်တယ်။ နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်တယ်။ငါ့ profession နဲ့ business အတွက်ပဲတည်ဆောက်နေလို့ မရဘူး။ ငါ့ကိုယ်ငါလဲ သေချာတည်ဆောက်ရမယ်။ ဒါနဲ့ ကိုယ့်ရဲ့ goal ကို တစ်ခုပဲထားလိုက်တယ်။ကိုယ့်ရဲ့ အကောင်းဆုံး version ဖြစ်ဖို့။ ကျန်တာတွေ အကုန် ခေါင်းထဲကခဏ ထုတ်ထားလိုက်တယ်။ ဘာကြောင့်လဲဆို တချို့အရာတွေကိုကိုယ်က တိုက်ရိုက်လွမ်းမိုးလို့ရတယ်။တချို့အရာတွေကို ကိုယ်တိုက်ရိုက်သွားလွမ်းမိုးလို့မရဘူး။ ဒီတော့ အချိန်၊ အာရုံနဲ့ အလုပ် ဒီ ”အ” သုံးလုံးကို

”အ” သုံးလုံး Read More »

ကိုယ့်ကိုကိုယ်တောင် မပြောင်းလဲနိုင်ပဲ

တခြားအရာတွေ၊ တခြားသူတွေကိုပြောင်းလဲဖို့ကြိုးစား မအောင်မြင်တဲ့အခါဘေးထိုင်ဘုပြောတာတွေစတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ်တောင် မပြောင်းလဲနိုင်ပဲ Read More »

ကိုယ်ကျင့်သားမရတဲ့အရာတွေကိုလုပ်ပါ။

Comfortable ဖြစ်လွန်းတာ ဘဝအတွက် မကောင်းဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် train လုပ်တဲ့အနေနဲ့အမြဲ ကျင့်သားမရတဲ့အရာတွေကိုလုပ်တယ်။ စျေးဆစ်တာ၊ လူမုန်းခံနိုင်အောင်လေ့ကျင့်တာ၊လူရှေ့စကားပြောတာ၊ ၂၄ နာရီလောက် အစားမစားပဲနေတာ၊မနက်စောစောကို ရေခဲရေနဲ့ချိုးတာ၊ကိုယ်နဲ့မသိတဲ့သူတစ်ယောက်ကို စကားစပြောမိတ်ဆက်တာ၊နှစ်ပတ်လောက် ဖုန်းမသုံးပဲနေတာ၊တရားစခန်းဝင်တာအစရှိတဲ့ ကိုယ့်နဲ့ အသားမကျတဲ့အရာတွေလုပ်ပြီးကိုယ့်ကိုကိုယ် train ပါ။ Voluntary discomfort ဖြစ်တဲ့အရာတွေနဲ့ ကိုယ့်ဘဝကို train ထားတဲ့အခါကိုယ်နေထိုင်ခွင့်ရထားတဲ့ဘဝရဲ့အလှတရားတွေကို တွေ့နိုင်သလိုကျင်းထဲကြပ်ထဲ ရောက်လာတဲ့အခါစိတ်ဓာတ်ရေးရာအရ ပြင်ဆင်ပြီးဖြစ်တယ်။ Phyo Paing @ Derek

ကိုယ်ကျင့်သားမရတဲ့အရာတွေကိုလုပ်ပါ။ Read More »