Change

Dream List ကို အကောင်အထည်ဖော်ဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။

၂၀၁၂ ဘွဲ့ရတယ်။ ABE Graduate Diploma ပြီးတယ်။၂၀၁၃ Roche မှာအလုပ်ဝင်တယ်။ Part-time သင်တယ်။၂၀၁၄ တစ်နိုင်တပိုင် ဖုန်းတွေကလိပေးရင်း တရုတ်က ပစ္စည်းမှာပေးနေရာက ကိုယ်တိုင်ဆိုင်စဖွင့်တယ်။၂၀၁၅ ဆိုင်လွဲခဲ့တယ်။ MBA ပြီးတယ်။ကိုယ်ပိုင်သင်တန်းကျောင်းစတင်တယ်။၂၀၁၆ City of Oxford College (UK) Diploma တွေ စတင်ပို့ချခွင့်ရတယ်။ Training တွေစတယ်။၂၀၁၇ Yangon မှာ Public & Corporate Training စတယ်။၂၀၁၈ Coaching ကို ပီပီပြင်ပြင်စတယ်။၂၀၁၉ ToeTet ကိုစတယ်။ MBA Program စတယ်။၂၀၂၀ Dreamlab နဲ့ Akyanpay ကိုစတယ်။၂၀၂၁ Sapwar, Nyan Htet, Mindmax, Thukha ကိုစတယ်။ ဒါတွေအကုန်လုံးရဲ့ဆုံမှတ်က ၂၀၃၀ […]

Dream List ကို အကောင်အထည်ဖော်ဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။ Read More »

လူတွေ တံဆိပ်ကပ်တာတွေကြားက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်တီးပါ။

တက္ကသိုလ်တက်တုန်းက ဆေးကျောင်းသား၊အလုပ်ခွင်ဝင်တော့ ဆရာဝန်။ဆေးကုမ္ပဏီဝင်တော့ အရောင်းသမား။အချိန်ပိုင်းစာသင်တော့ သင်တန်းဆရာ။ဖောက်သည်တွေရအောင် ကူညီပေးတော့မားကတ်တင်း ကျွမ်းကျင်ပညာရှင်။ ကိုယ်တိုင်လုပ်ငန်းစတော့ အလုပ်ရှင်။ကိုယ်တိုင်သင်တန်းကျောင်းဖွင့်တော့သင်တန်းကျောင်း ပိုင်ရှင်။တိုင်ပင်ဆွေးနွေးအကြံပေးလုပ်တော့ အကြံပေး။Website တွေ၊ App တွေလုပ်တော့Digital Entrepreneur ဘာညာ။ လူတွေက ကိုယ်ဒီနေ့ လုပ်နေတဲ့ အလုပ်ကိုကြည့်ပြီးတံဆိပ်ကပ်ကြတယ်။ တချို့လူတွေမသိတာကToeTeter တွေကလူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲနေဖို့ကိုယ်ပိုင်ဆိုင်ထား၊ ရရှိထားတဲ့ အရာတွေကိုစွန့်လွတ်ပြီး ကိုယ့်ကိုကိုယ် ပြန်လည်ဖန်တီးရတဲ့အချိန်တွေ ရှိတယ်။ စွန့်လွတ်ရတဲ့အထဲမှာ အတွေးအခေါ်အဟောင်း၊ယုံကြည်မှုဟောင်း၊ လုပ်ပုံကိုင်ပုံအဟောင်း၊လုပ်နေကျအဟောင်းတွေပါဝင်တယ်။You have to give up to grow up. ကိုယ်နေ့စဉ် လုပ်နေတဲ့အရာတွေကကိုယ့်ကို next level ရောက်အောင်ကူညီပေးနိုင်ရမယ်။ Phyo Paing @ Derek

လူတွေ တံဆိပ်ကပ်တာတွေကြားက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်တီးပါ။ Read More »

လှည့်ကြည့်စရာမလိုတဲ့ Marketing Team
တည်ဆောက်ရေး

သင်တန်းတွေပဲ တက်ပြီးစာသင်တာ ကောင်းလိုက်တာနဲ့ပြီးသွားတတ်ကြတယ်။ဒီပြဿနာကို ဖြေရှင်းဖို့ ၂၀၁၆ ကတည်းကနည်းလမ်းရှာခဲ့တယ်။၂၀၂၀ မှာ နည်းပညာတွေ့ရှိခဲ့တယ်။ မိုက်လားလို့ မမေးတော့ဘူး။Sapwar.com ရဲ့ Strategy Toolsကိုယ့်လုပ်ငန်းရဲ့ marketing သမားတကယ်တတ်မတတ် Sapwar.com ရဲ့Strategy Tools သုံးခိုင်းလိုက်ရင်အဖြေထွက်တယ်။ လှည့်ကြည့်စရာမလိုတဲ့ Marketing Teamတည်ဆောက်ရေးမှာ ကူညီပေးဖို့www.Sapwar.com လာပါပြီ။ Phyo Paing @ Derek

လှည့်ကြည့်စရာမလိုတဲ့ Marketing Team
တည်ဆောက်ရေး
Read More »

ခံစားချက်က အချိန်နဲ့အမျှပြောင်းတတ်တယ်။

ခံစားချက် ဦးစားပေးအစားခံယူချက်ကို ဦးစားပေးအသက်ရှင်တာ ခရီးပိုရောက်တယ်။ခံစားချက်က အချိန်နဲ့အမျှပြောင်းတတ်တယ်။ Phyo Paing @ Derek

ခံစားချက်က အချိန်နဲ့အမျှပြောင်းတတ်တယ်။ Read More »

ကိုယ့်ကိုကိုယ် ပြောင်းလဲဖို့ စကားသုံးခွန်း

ဒီလပိုင်း Identity အသစ်တည်ဆောက်တော့ကိုယ့်ကိုကိုယ် ပြောနေတဲ့ စကားလုံးတွေကိုပြန်လည် ဆန်းစစ်ပြုပြင်ရတယ်။ ငါ ထမင်းမစားရရင်မနေနိုင်ဘူး။လမုန့်အရမ်းကြိုက်တယ်။ ငါ ခေါက်ဆွဲမစားရရင်မနေနိုင်ဘူး။ဘီယာအရမ်းကြိုက်တယ်။ ငါ Gym သွားရင် ပင်ပန်းပြီး အလုပ်တွေပြီးသင့်သလောက်မပြီးဘူး။ အစရှိတဲ့ စကားလုံးတွေသွားတွေ့တယ်။ အဲ့တော့ ဘာပြန်လုပ်ရလဲဆိုစကားလုံးအချို့သုံးပြီး identity ကိုပြန်လည်ပြုပြင်ယူရတယ်။ ငါ အရင်က ______________ဒါပေမယ့် အခုတော့ ____________ဘာကြောင့်လဲဆိုတော့ ______________ ဒီ phrase သုံးခုသုံးကြည့်တယ်။တော်တော်လေး ထိရောက်တယ်။ ဥပမာငါအရင်က gym သွားရင် ပင်ပန်းပြီးအလုပ်တွေပြီးသင့်သလောက် မပြီးဘူးလို့ထင်ခဲ့တယ်။ဒါပေမယ့်အခုတော့ စနစ်တကျလုပ်ရင်အလုပ်တွေ ပိုပြီးတာကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ အောင်မြင်တဲ့သူတွေလဲအမြဲ workout လုပ်နေကြတာပဲ။ ငါအရင်က ထမင်းဆိုမစားပဲမနေနိုင်ဘူး။ဒါပေမယ့်အခု ထမင်းဆို မစားချင်တော့ဘူး။ဘာကြောင့်လဲဆိုတော့ ကာဘိုဟိုက်ဒရိုက်လျော့စားတာကျန်းမာရေးအတွက် ပိုကောင်းတယ်လေ။ ဒီစနစ်ကို language learning မှာလဲသုံးလို့ရတယ်။ဥပမာ ငါ အင်္ဂလိပ်လိုသိပ်မပြောတတ်ဘူး။ဒီလို identity

ကိုယ့်ကိုကိုယ် ပြောင်းလဲဖို့ စကားသုံးခွန်း Read More »

ပျော့ညံ့နေလို့ မရဘူး။

စီးပွားရေး၊ အားကစား၊ နိုင်ငံရေးဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် ထိပ်တန်းကိုရောက်တဲ့သူတိုင်းဟာ super-competitive ဖြစ်ကြတယ်။ C Ronaldo ကစ၊ Steve Jobs, Bill Gatesအစရှိတဲ့သူတွေပြင် Lee Kuan Yew အဆုံး ဒီလူတွေအားလုံးဟာ competitive ဖြစ်ကြတယ်။ ယှဥ်ပြိုင်အနိုင်ယူပြီး industry ကို dominate လုပ်ဖို့စဥ်းစားကြတယ်။ Lee Kuan Yew ဆိုလဲသူ့ပြိုင်ဖက်တွေကို တရားစွဲနိုင်ငံရေးလောကထဲက ဖယ်ထုတ်ခဲ့တာတွေသာဓကတွေရှိခဲ့ဖူးတယ်။ ကျောင်းထဲမှာ အဆင့်တစ်ရဖို့ competitive ဖြစ်နေသူရဲ့ စဥ်းစားပုံက တခြားသူနဲ့မတူဘူး။ lose, win, dominate မှာ industry တစ်ခုကို dominate လုပ်နိုင်ဖို့ super-competitive ဖြစ်ဖို့လိုတယ်။ ပျော့ညံ့နေလို့ မရဘူး။ Phyo Paing @ Derek

ပျော့ညံ့နေလို့ မရဘူး။ Read More »

စိတ်ဖိစီးမှုများနေရင် မေးခွန်းပြောင်းမေးကြည့်ပါ။

__________ ကြောင့် ငါ့ဘဝတော့သွားပြီ။ __________ လုပ်တာနဲ့ ဘားမှ အဆင်မပြေဘူး။ဒီလို စဥ်းစားတာမှန်ပါတယ်။ တော်တော်များများ ဒီလိုစဥ်းစားကြတယ်။ဒါ အမှန်တရားတစ်ခုပဲလေ။ နောက်ကိုယ့်ကို ကိုယ်ပြန်မေးကြည့်တယ်။ ငါလိုချင်တဲ့အရာတွေက ဘာတွေလဲ? ကိုယ်တိုင်လုပ်ပြီး အကောင်အထည်ဖော်လို့ရတဲ့အရာတွေက ဘာတွေလဲ? တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှအကောင်အထည်ပေါ်မည့် အရာတွေကဘာတွေလဲ? ဘယ်အရာတွေက ငါ့ ထိန်းချုပ်မှုအောက်မှာရှိလဲ?ဘယ် အရာတွေကို ကိုယ်ထိန်းချုပ်လို့မရဘူးလဲ? အခုချိန် ဘယ်အရာအပေါ် အာရုံအပြည့်စိုက်ထားရင် ကောင်းမလဲ? Phyo Paing @ Derek

စိတ်ဖိစီးမှုများနေရင် မေးခွန်းပြောင်းမေးကြည့်ပါ။ Read More »

သတ္တိ

လူတွေအပြစ်ပြောတာကို ခံနိုင်ရည်ရှိတဲ့သတ္တိ။ ကိုယ်ယုံကြည်ရာကို ဆက်လုပ်ရဲတဲ့သတ္တိ။ ရည်မှန်းချက်အတွက် ဘ၀အတွက် အရေးကြီးတဲ့ အချို့အရာတွေကို စွန့်လွှတ်ရဲတဲ့သတ္တိ။ အဆင်သင့်မဖြစ်ခင် စတင်ရဲတဲ့သတ္တိ။ အဆင်သင့်ဖြစ်မှ ဘ၀ကိုနေမယ်ဆိုရင် ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး။ အရာရာပြည့်စုံမှ အလုပ်စလုပ်မယ်ဆို လုပ်ဖြစ်မှာမဟုတ်ဘူး။ Phyo Paing @ Derek

သတ္တိ Read More »

တခါတလေ

တခါတလေ လူတိုင်းမှာ “မင်းမှန်တယ်” “ဆက်လုပ်” “ငါမင်းအနောက်မှာ” ရှိနေတယ်။ “မင်းကတော်ပြီးသားပဲ” ဒီလို ကိုယ့်ကို ယုံကြည်တတ်သူတစ်ယောက် ဘ၀တစ်ကွေ့မှာ တစ်ခေါက်တွေ့နိုင်တယ်။ ဒီလိုလူကြောင့်လဲ ကိုယ့်ဘ၀ ပြောင်းလဲသွားတတ်တယ်။ ကိုယ့်ကို အမြဲ အပြစ်တင်တတ်တဲ့ သူတွေကြောင့် ကြီးပွားတိုးတက်ဖို့ မလွယ်ဘူး။

တခါတလေ Read More »