Change

စိတ်ဖိစီးမှုများနေရင် မေးခွန်းပြောင်းမေးကြည့်ပါ။

__________ ကြောင့် ငါ့ဘဝတော့သွားပြီ။ __________ လုပ်တာနဲ့ ဘားမှ အဆင်မပြေဘူး။ဒီလို စဥ်းစားတာမှန်ပါတယ်။ တော်တော်များများ ဒီလိုစဥ်းစားကြတယ်။ဒါ အမှန်တရားတစ်ခုပဲလေ။ နောက်ကိုယ့်ကို ကိုယ်ပြန်မေးကြည့်တယ်။ ငါလိုချင်တဲ့အရာတွေက ဘာတွေလဲ? ကိုယ်တိုင်လုပ်ပြီး အကောင်အထည်ဖော်လို့ရတဲ့အရာတွေက ဘာတွေလဲ? တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှအကောင်အထည်ပေါ်မည့် အရာတွေကဘာတွေလဲ? ဘယ်အရာတွေက ငါ့ ထိန်းချုပ်မှုအောက်မှာရှိလဲ?ဘယ် အရာတွေကို ကိုယ်ထိန်းချုပ်လို့မရဘူးလဲ? အခုချိန် ဘယ်အရာအပေါ် အာရုံအပြည့်စိုက်ထားရင် ကောင်းမလဲ? Phyo Paing @ Derek

စိတ်ဖိစီးမှုများနေရင် မေးခွန်းပြောင်းမေးကြည့်ပါ။ Read More »

သတ္တိ

လူတွေအပြစ်ပြောတာကို ခံနိုင်ရည်ရှိတဲ့သတ္တိ။ ကိုယ်ယုံကြည်ရာကို ဆက်လုပ်ရဲတဲ့သတ္တိ။ ရည်မှန်းချက်အတွက် ဘ၀အတွက် အရေးကြီးတဲ့ အချို့အရာတွေကို စွန့်လွှတ်ရဲတဲ့သတ္တိ။ အဆင်သင့်မဖြစ်ခင် စတင်ရဲတဲ့သတ္တိ။ အဆင်သင့်ဖြစ်မှ ဘ၀ကိုနေမယ်ဆိုရင် ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး။ အရာရာပြည့်စုံမှ အလုပ်စလုပ်မယ်ဆို လုပ်ဖြစ်မှာမဟုတ်ဘူး။ Phyo Paing @ Derek

သတ္တိ Read More »

တခါတလေ

တခါတလေ လူတိုင်းမှာ “မင်းမှန်တယ်” “ဆက်လုပ်” “ငါမင်းအနောက်မှာ” ရှိနေတယ်။ “မင်းကတော်ပြီးသားပဲ” ဒီလို ကိုယ့်ကို ယုံကြည်တတ်သူတစ်ယောက် ဘ၀တစ်ကွေ့မှာ တစ်ခေါက်တွေ့နိုင်တယ်။ ဒီလိုလူကြောင့်လဲ ကိုယ့်ဘ၀ ပြောင်းလဲသွားတတ်တယ်။ ကိုယ့်ကို အမြဲ အပြစ်တင်တတ်တဲ့ သူတွေကြောင့် ကြီးပွားတိုးတက်ဖို့ မလွယ်ဘူး။

တခါတလေ Read More »

အခြေအနေပေါ်မူတည်ပြီး flexible ဖြစ်ဖို့လိုတယ်။

Trump ရွေးကောက်ပွဲနိိုင်တဲ့နေ့မှာ Jack Ma က Trump Tower ရောက်သွားပြီးUS မှာ အလုပ်အကိုင် ၁ သန်းဖန်တီးပေးမယ်ဆိုပြီးသွားကတိပေးတယ်။ Trump သမ္မတဖြစ်တော့ တရုတ်နဲ့ Trade War စတယ်။စစချင်းမှာပဲ Jack Ma က သူ့ကတိကိုဖြစ်အောင်လုပ်ဖို့ မဖြစ်နိုင်တော့ကြောင်းပြောပြီးUS က တပ်ပြန်ခေါက်တယ်။ လုပ်ငန်းရှင်တွေလဲ အတူတူပဲ။ အရင်ကထားထားတဲ့ Vision တွေက အခြေအနေပေါ်မူတည်ပြီး flexible ဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

အခြေအနေပေါ်မူတည်ပြီး flexible ဖြစ်ဖို့လိုတယ်။ Read More »

RS – Ritual & Standard

ကိုယ့်ဘဝကိုယ်ပြောင်းလဲချင်ရင်Daily ritual ရှိဖို့လိုတယ်။ဥပမာ တစ်ရက်ကို မဖြစ်ဖြစ်အောင်လုပ်မည့်အရာတွေက ဘာတွေလဲ။ဒီအချက်တွေကို မပျက်မကွက်ဖြစ်အောင်လုပ်ဖို့လိုတယ်။ဒါမလုပ်ပဲ ရည်မှန်းချက်ပန်းတိုင်ဖြစ်မလာဘူး။ ကိုယ့်ကိုပျော်ရွင်စေမည့် standard ကို လျော့ပြီးအလုပ်အတွက်စံနှုန်းကို မြင့်သွားဖို့လိုတယ်။ ဥပမာ ပျော်ရွင်ဖို့အတွက် ဘာမှကြီးကြီးကျယ်ကျယ်မလိုပဲ အသက်ကိုဝဝလင်လင်ရှူရတာကိုပျော်နေလိုက်တာမျိုး။ အလုပ်အတွက်ကျရင် ပုံမှန်ထက်ပိုproductive ဖြစ်အောင်လုပ်တာမျိုး။ နောက်ဆုံးတော့ You are what you eat and you are what you do everyday ပါပဲ။ Phyo Paing @ Derek

RS – Ritual & Standard Read More »

လုပ်ငန်းစတင်ချိန်မှာ customer ရှာပါ။
ကြီးထွားလာတဲ့အချိန် ဝန်ထမ်းကောင်းရှာပါ။
စနစ်ကောင်းဖို့ Consultant ရှာပါ။
တိုးချဲ့ဖို့ Investor ရှာပါ။

နည်းပညာ လုပ်ငန်းတွေမှာတော့ ရှိတာနဲ့စတာကို bootstrap လို့ခေါ်ပြီး။စတင်ဖို့ ရင်းနှီးငွေရှာတာကိုPre-seed funding လို့ခေါ်ပါတယ်။ယူလေ့ရှိသူတွေက Founder အပြင် 4F လို့သုံးတယ်။ Father, Friends, Family Members, Fools တဲ့။ Company တန်ဖိုးအနေနဲ့Pre-seed မှာ Company တန်ဖိုးဟာ ဒေါ်လာတစ်သန်းအောက်။ Seed funding မှာ ဒေါ်လာ ၁.၅ နဲ့ ၅ သန်းကြား၊Series A မှာ ဒေါ်လာ ၅ သန်းနဲ့ သန်း ၅၀ ကြား၊Series B, C, D မှာ သန်း ၅၀ အထက် ရှိရပါတယ်။ ဘယ်သူတွေရင်းနှီးမြုပ်နှံသလဲ? Pre-seed : Angel InvestorSeed : Super

လုပ်ငန်းစတင်ချိန်မှာ customer ရှာပါ။
ကြီးထွားလာတဲ့အချိန် ဝန်ထမ်းကောင်းရှာပါ။
စနစ်ကောင်းဖို့ Consultant ရှာပါ။
တိုးချဲ့ဖို့ Investor ရှာပါ။
Read More »

ခေတ်ကိုနားစွန့် ပြင်သင့်ရင်ပြင်

၁။ ပြီးပြည့်စုံမှ စမယ်ဆိုတဲ့စိတ်ကိုဖယ်ကိုယ်သိတာနဲ့ စတင်လုပ်။ ၂။ ဘေးထိုင်ဘုပြောခြင်းနဲ့ ဘူကောင်တွေရှောင်။အပေါင်းအသင်းကောင်းတွေရွေးချယ်ပေါင်း။ ၃။ ကိုယ့်ရဲ့အလုပ်မှာ စျန်ဝင်အောင်ကြိုးစားနေ့တိုင်းဇွဲရှိရှိနဲ့ ပုံမှန်အလုပ်လုပ်။ ၄။ သူများတွေရဲ့အထင်အမြင်ကို စိုးရိမ်မနေပဲလုပ်စရာရှိတာကို ရဲရဲလုပ်ပြီးသွားတာတွေကို ပြန်စဉ်းစားပြီးကိုယ့်ကိုယ်ကိုယ်အပြစ်မတင်နဲ့ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထား။ ၅။ တိကျတဲ့ရည်မှန်းချက်ပန်းတိုင်ထား။ စိတ်ရှည်ရှည်ထား၊ အလုပ်ကိုမြန်မြန်လုပ်။ခေတ်ကိုနားစွန့် ပြင်သင့်ရင်ပြင်။ Phyo Paing @ Derek

ခေတ်ကိုနားစွန့် ပြင်သင့်ရင်ပြင် Read More »

အိုင်ဒီယာမှ စီးပွါးရေးလုပ်ငန်းသို့

၁။ Facebook Page ဖွင့်ပါ။ တစ်ရက် ၃ ပို့တင်ပါ။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းတွေကိုတင်ပါ။ အကြောင်းအရာတစ်ခုတည်းကိုပဲ limit လုပ်မထားပါနဲ့။ စိတ်ရှည်ပါ။ Consistency ရှိပါ။ ၂။ ကိုယ့်ရဲ့ followers တွေကိုလေ့လာပါ။ Followers တွေကို တူရာတူရာစုပြီး သူတို့အကြောင်းကို ပြုစုလေ့လာပါ။ သူတို့ကြုံရတဲ့ အခက်အခဲ၊ ပြဿနာ၊ သောက အစရှိတာတွေကိုလေ့လာပါ။ သူတို့အိမ်မက်တွေကိုလေ့လာပါ။ ၃။ ကိုယ့် audience တွေကြုံတွေ့နေရတဲ့အခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုထုတ်ပြီး ဖြန့်ဖြူးပေးပါ။ Phyo Paing @ Derek

အိုင်ဒီယာမှ စီးပွါးရေးလုပ်ငန်းသို့ Read More »

ခေတ်ရေစီးကြီးနှင့်အတူ အပြောင်းအလဲလုပ်ပါ။

ဒီနေ့ခေတ် Business model ဒီနေ့လို pandemic မှာ တချို့လုပ်ငန်းတွေတော်တော်ထိကြတယ်။ တချို့လုပ်ငန်းတွေ grow ဖြစ်ကြတယ်။ ခေတ်ရေစီးကြောင်းက စားသုံးသူတွေပေါ်မူတည်ပြီးပြောင်းလဲလာတယ်။ စဥ်းစားလို့ရတဲ့ business model ခြောက်ခု။ ၁။ သင့်လုပ်ငန်းက Social Media ကို အသုံးပြုရတဲ့ Business မျိုးလား? ဒါဆို Social Media ကိုအကောင်းဆုံးအသုံးပြုနေသလား? ၂။ ကိုယ်တိုင်ဖန်တီးထားပြီး စျေးနှုန်းသတ်မှတ်လို့ရတဲ့ စျေးကွက်ကလိုအပ်တဲ့ ပစ္စည်းတွေရောင်းချနေလား? (ကိုယ်တိုင်ဖန်တီးရင် စျေးနှုန်းကို ကိုယ်တိုင်သက်မှတ်လို့ရမယ်။ ဝယ်ရောင်းမဟုတ်ဘူး။) ၃။ Scalable ဖြစ်သလား? (လူအများကြီးထပ်ထည့်စရာ၊ ငွေအများကြီးထပ်ထည့်စရာမလိုပဲ ချဲ့လို့ရသလား? တနည်းအားဖြင့် နည်းပညာသုံးတဲ့လုပ်ငန်းလား?) ၄။ Recurring revenue ရသလား? (တစ်ခါရောင်းပြီး ပြီးသွားတာမဟုတ်ပဲ၊ ထပ်ခါထပ်ခါရနေတဲ့ ဝင်ငွေမျိုးရတဲ့ စီးပွားရေးလုပ်ငန်းမျိုးလား? ဥပမာ

ခေတ်ရေစီးကြီးနှင့်အတူ အပြောင်းအလဲလုပ်ပါ။ Read More »