အပြစ်တင်ဖို့ထက် အဖြေရှာ။
အမြင်မတူရင် အမြင့်မတူဘူး။နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလို မနေပါနဲ့။အပြစ်တင်ဖို့ထက် အဖြေရှာ။ဝေဒနာကို ဒေတာနဲ့ ပြန်စစ်။ Phyo Paing @ Derek
အပြစ်တင်ဖို့ထက် အဖြေရှာ။ Read More »
အမြင်မတူရင် အမြင့်မတူဘူး။နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလို မနေပါနဲ့။အပြစ်တင်ဖို့ထက် အဖြေရှာ။ဝေဒနာကို ဒေတာနဲ့ ပြန်စစ်။ Phyo Paing @ Derek
အပြစ်တင်ဖို့ထက် အဖြေရှာ။ Read More »
ရည်မှန်းချက်ပန်းတိုင်ရောက်မှပျော်နေမည့်အစားပန်းတိုင်သွားရင်းပျော်လို့ရတယ်။ ဒီလိုဖြစ်ဖို့ ကျန်းမာရေး၊ဝမ်းစာရေးနဲ့ ဝမ်းသာရေး သဟဇာတဖြစ်ဖို့လိုတယ်။ ဒီအဆင့်ရောက်ဖို့ အဆင့်လေးဆင့် ၁။ရွာပြင်ထွက်၂။ ပြန်မွေးဖွားဖို့သန္ဓေတည်(ပျော်ရာမှာ မနေရသေးခင်တော်ရာမှာနေ။)၃။ ပြန်လည်မွေးဖွား ပြီးပန်းတိုင်သွားရင်းပျော်၄။ အိပ်မက်တွေ တစ်ခုပြီးတစ်ခုအကောင်အထည်ဖော်။ Phyo Paing @ Derek
သဟဇာတဖြစ်ဖို့လိုတယ်။ Read More »
ကိုယ်မချစ်တဲ့အလုပ်ကို ရှောင်လွဲလို့မရ လုပ်နေတဲ့အချိန်။ အဆင်မပြေတဲ့ အချစ်ရေး relationship မှာဘာမှ လုပ်မရ ပိတ်မိနေတဲ့အချိန်။ ဆပ်စရာအကြွေးတွေနဲ့ ပိတ်မိနေတဲ့အချိန်။ ခန္ဓာကိုယ်က ဝိတ်တွေအရမ်းတက်ပြီးကိုယ့်ကျန်းမာရေးကို စိတ်တိုင်းမကျတဲ့အချိန်။ ပျော်ရာမှာ မနေရ တော်ရမှာနေနေရတဲ့အချိန်။ လုပ်ချင်တာတစ်မျိုး လုပ်နေရတာတစ်မျိုး ဖြစ်နေတဲ့အချိန်။ ဒီလို အချိန်က ကိုယ်ပြန်လည်မွေးဖွားဖို့reborn လုပ်ဖို့ သန္ဓေတည်တဲ့အချိန်ဖြစ်ပါတယ်။ ဒီကမှတဆင့်ကိုယ်လုပ်တဲ့အလုပ်မှာ ၁။ ပျော်နေတယ်။၂။ တော်နေတယ်။၃။ ပွားနေတယ်။ (ငွေကြေး)၄။ ပေးနေတယ်။ (လူတွေအကျိုးရှိအောင် ပေးနေတယ်။) ဒီအဆင့်ရောက်လာမယ်။ ဒီကမှ တဆင့် အိပ်မက်တွေကိုအကောင်အထည်ဖော်ကြမယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလို နေတာ အချိန်တစ်ခုထိပဲကောင်းပါတယ်။ ဒါကြောင့် နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလို မနေပါနဲ့။ Phyo Paing @ Derek
ဖြစ်သလို မနေပါနဲ့။ Read More »
လိုချင်တိုင်း အကုန်ဖြစ်နေရင်ဘဝ လို့ ဘယ်ခေါ်မလဲ။ လိုချင်တာရအောင်ယူနိုင်တာပါဝါ။ ကိုယ့်အတွက် မဟုတ်တာကို မလိုချင်တာကတော့ ဥာဏ်ပညာဖြစ်သွားတယ်။ Phyo Paing @ Derek
၁။ မှန်ကန်တဲ့ အမြင်ဘဝမှာ ကျွန်တော်တို့ထင်တဲ့ သုခတွေရှိသလိုဒုက္ခတွေလဲ ရှိမယ်။လောကဓံရှစ်ပါးရှိတယ်။ ဒီတော့ အမြဲတမ်းကောင်းတာတွေဖြစ်မှာမဟုတ်သလို၊အမြဲ ဆိုးတာတွေလဲ မဖြစ်ဘူး။ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းရှိနေမယ်။အရာရာ မတည်မြဲဘူး။အနိစ္စ။ ဒီတော့ မှန်ကန်တဲ့ မျှော်မှန်းချက်ထားလို့ရတယ်။ ၂။ မရှာပဲ တွေ့နိုင်တယ်။ပျော်ရွင်မှုဆိုတာ လိုက်ရှာစရာမလိုဘူး။အသက်ရှူနဲ့ နှာသီးဖျားကို အာရုံပြန်လာခဲ့။ဘားမှ လုပ်စရာမလိုဘူး။ငြိမ်းချမ်းမှုရှိတယ်။ကိုယ့်ရဲ့အတွေးတွေက ကောင်းတဲ့ခံစားချက်ဖြစ်စေသလို၊ဆိုးတဲ့ ခံစားချက်လဲဖြစ်စေတယ်။ဒါတွေရဲ့ ပကတိနေရာကတော့နှာသီးဖျားပဲ။ ၃။ သီလ၊ သမာဓိ၊ ပညာ။ကောင်းမွန်တဲ့ စေတသိက်တွေပွားများ။ အလိုမပြည့်တဲ့ လောဘ၊ မခံချင်စိတ်ကြောင့်ဖြစ်တဲ့ ဒေါသ၊ တွေဝေမိုက်မဲစေတဲ့ မောဟ ဒီသုံးခုကို စီမံခန့်ခွဲဖို့သတိ၊ သမာဓိ၊ ပညာလိုတယ်။ သတိ၊ သမာဓိ၊ ပညာဖြစ်ဖို့အနှောက်အယှက်ဖြစ်စေတဲ့အတွေးအခေါ်နဲ့ မူးယစ်မှုတွေရှောင်ဖို့လိုတယ်။ နေ့စဥ် journaling လေးတာ သတိတိုးဖို့၊စာဖတ်၊ တရားထိုင်တာ သမာဓိတိုးဖို့၊ နေ့စဥ် လေ့လာ၊ စမ်းသပ်လုပ်ဆောင်တာ ပညာတိုးဖို့။
ဗုဒ္ဓက သင်ကြားပေးလိုက်တဲ့
ဘဝနေထိုင်မှု ၇ ခု Read More »
ဘဝမှာ ဖြစ်ခဲ့တဲ့ အဆိုးဆုံးတိုင်းကဘဝမှာ ဖြစ်ခဲ့တဲ့ အကောင်းဆုံးပဲ။အဲ့အဆိုးဆုံးတွေကို ဖန်တီးမှုရှိရှိအသုံးမချခဲ့ရင်ဘဝရဲ့ အကောင်းဆုံးတွေရမှာမဟုတ်ဘူး။အဆိုးကို အကောင်းပြောင်းဖို့အတားအဆီးက အကြောက်တရားပဲ။ Phyo Paing @ Derek
ဘဝမှာ နေ့စဥ်ပြဿနာတွေမဖြေရှင်းနိုင်ရင် နေ့စဥ်ဘဝမှာတိုင်ပတ်မှာ။ လုပ်ငန်းတွင်းပြဿနာတွေ မဖြေရှင်းနိုင်ရင်လုပ်ငန်းတွင်းမှာ တိုင်ပတ်မယ်။ပိုက်ဆံပြဿနာ မဖြေရှင်းနိုင်ရင်ငွေကြေးရေးရာ တိုင်ပတ်မယ်။ အချစ်ရေးမှာ မဖြေရှင်းနိုင်ရင်အချစ်ရေးမှာ တိုင်ပတ်မယ်။ လုပ်ငန်းအတွက် မဖြေရှင်းနိုင်ရင်လုပ်ငန်းအတွက် တိုင်ပတ်မယ်။ နောက်ပိုင်း ပြဿနာတွေကြုံတိုင်း၁။ ဖြေရှင်းဖို့လိုလား၂။ ဖြေရှင်းဖို့ မလိုဘူးလား အရင်စဥ်းစားတယ်။ ဖြေရှင်းဖို့လိုရင် ရင်ခုန်စွာဖြေရှင်းတယ်။ ဖြေရှင်းဖို့ မလိုရင် လျစ်လျူရှုလိုက်တယ်။ Phyo Paing @ Derek
တစ်ရက်တာစဖို့ ထလာတိုင်းဘဝက ရင်ခုန်စရာပဲ။ဘဝမှာ ရည်မှန်းထားတဲ့ အရာတွေ အကောင်အထည်ဖော်ဖို့နေ့သစ်တစ်နေ့ စတင်တာပဲ။ ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေကို ဥာဏ်နဲ့ ဝိရိယပေါင်းစပ်ပြီးကံကို ဖန်တီးနိုင်ရင်အကုန်ဖြစ်နိုင်တယ်လို့ အကြွင်းမဲ့ ယုံကြည်ထားတယ်။ Phyo Paing @ Derek
လူတိုင်းက ကိုယ်နဲ့ တန်ရာတန်ရာ ဘဝကိုရတာပဲ။ ကိုယ့်အတွေးနဲ့ တန်တဲ့ဘဝ။ ကိုယ့် အကြံအစီနဲ့တန်တဲ့ ဘဝ။ ကိုယ့်အလုပ်နဲ့ တန်တဲ့ဘဝ။ သေချာတာ တစ်ခုကတော့အပြစ်တင်ခြင်းကိုပဲ ထိုင်လုပ်နေသမျှအဖြေရှာခြင်းဆိုတာနဲ့ ဝေးသွားနိုင်တယ်။ ဘဝရဲ့ ပြဿနာတွေဆိုတာ ထိုင် အဖြေရှာဖို့။ Phyo Paing @ Derek
ဘဝရဲ့ ပြဿနာတွေဆိုတာ Read More »
ရည်ရွယ်ချက်ရှိရှိလုပ်တာနဲ့ရည်ရွယ်ချက် မရှိပဲ လုပ်တာကွာတယ်။ မသုံးရင် ရှုံးတာပဲ။ ဒီလို thought experiment လေး လုပ်ကြည့်။ လူ့ဘဝသာ ဂိမ်းတစ်ခုဆိုရင်ဒီနေ့ခေတ်မှာ ၇၁ နှစ်လောက်နေရလိမ့်မယ်။ရက်ပေါင်း ၂၆၀၀၀ လောက်ရမယ်။ ဒီရက်ပေါင်း ၂၆၀၀၀ မှာ ပညာသင်ရတဲ့ အချိန်၊အလုပ်ရှာရတဲ့အချိန်၊စီးပွားရှာရတဲ့အချိန်၊မိသားစုတည်ဆောက်ရေးအချိန်၊လူ့ဘောင်အတွက် ပေးရတဲ့အချိန်၊ဝါသနာပျော်စရာအတွက် ပေးရတဲ့အချိန်ဘဝက မျိုးစုံမယ်။. ဒီပေးထားတဲ့ ဂိမ်းမှာသရုပ်ဆောင်ရတဲ့ ဇာတ်ခုံကမတူကြဘူး။မွေးတဲ့နိုင်ငံ၊ ဖြစ်တဲ့လူမျိုး၊ဆက်ခံရတဲ့ မျိုးရိုး၊ ပါလာတဲ့ ပါရမီ၊ဖြတ်သန်းလာတဲ့ ဘဝသမိုင်းကြောင်း။ ဘဝမှာ ဆယ်ကျော်သက်အရွယ်ထိကကိုယ်ကဘဝကို ရွေးတာမဟုတ်ပဲဘဝကို ကိုယ့်ကိုရွေးတယ်။ဆယ်ကျော်သက်ကျော်တဲ့အခါကိုယ်က ဘဝကို ပြန်ရွေးတယ်။ ဒီဂိမ်းကို ထိုင်ငြီးနေလို့ကတော့ခိုပဲ ဖြစ်သွားနိုင်တယ်။ဒီဂိမ်းမှာ ပေးထားချက်ပေါ်မူတည်ပြီးသေချာထိန်းဆော့ရင်တော့ရက်ပေါင်း ၂၆၀၀၀ ကျော်ဆော့ရမှာပဲ။ ဒီဂိမ်းရဲ့အမှတ်တွေက နောက်ဂိမ်းမှာဖြစ်လာမည့်ဇာတ်ကောင်နဲ့ သရုပ်ဆောင်ရမည့်အပိုင်းကိုမဆုံးဖြတ်ဘူးလို့ မပြောနိုင်ဘူး။ ရက်ပေါင်း ၂၆၀၀၀ ကိုကိုယ်ဖြစ်ချင်တဲ့ဘဝပုံစံမျိုးအဓိပ္ပာယ်ရှိရှိ သုံးမှ မဖြန်းရာကျမယ်။ သုံးတာနဲ့ ဖြုန်းတာ
သုံးတာနဲ့ ဖြုန်းတာ ဘာကွာလဲ? Read More »