များများသိ နည်းနည်းလုပ်
များများရ။
ဘဝမှာ အများကြီးသိအောင်လုပ်တာနည်းနည်းပဲလုပ်ချင်လို့။ နည်းနည်းသိ များများလုပ်ပြီးနည်းနည်းရတာထက်များများသိ နည်းနည်းလုပ်များများရ။ဒါကို ပိုကြိုက်တယ်။ Phyo Paing @ Derek
ဘဝမှာ အများကြီးသိအောင်လုပ်တာနည်းနည်းပဲလုပ်ချင်လို့။ နည်းနည်းသိ များများလုပ်ပြီးနည်းနည်းရတာထက်များများသိ နည်းနည်းလုပ်များများရ။ဒါကို ပိုကြိုက်တယ်။ Phyo Paing @ Derek
လောကကြီးက မတရားဘူး။ကျင့်သားရအောင်လုပ်။ဒါက ဘီဂိတ်တစ်ခါကပြောခဲ့တဲ့နာမည်ကြီး စကားပဲ။“Life is not fair, get used to it.” စတိုးဝတ် အတွေးအခေါ်Stoic Philosophy အရဆိုဘဝကြီးကမတရားဘူး။ငါထိန်းချုပ်လို့ရတာကိုပဲငါအာရုံစိုက်မယ်။ဒီလိုစဥ်းစားတယ်။ ဘဝမှာ ထိန်းချုပ်လို့မရတာအများကြီးပဲ။ စတိုးဝတ် Stoics တွေတန်ဖိုးထားတာ လေးခုရှိတယ်။ ၁။ မှန်ကန်တဲ့အမြင်ဒါကို ဥာဏ်ပညာ (Wisdom) လို့ခေါ်တယ်။ ဗုဒ္ဓဘာသာရဲ့ သမ္မာဒိဋ္ဌိနဲ့တူပေမယ့်အဓိပ်ပာယျမတူဘူး။ ဗုဒ္ဓဘာသာရဲ့ သမ္မာဒိဋ္ဌိက ပညာ။သစ္စာလေးပါးဖြစ်တဲ့ဘဝဆိုတာ ဒုက်ခ။ဒုက္ခဆိုတာ တပ်မက်မှုတွေကလာတယ်။အဆုံးသတ်တဲ့နေရာရှိတယ်။ဒါကို နိဗ္ဗာန်လို့ခေါ်တယ်။သူကို မဂ္ဂင်ရှစ်ပါးနဲ့သွားတယ်။ကံ ကံ၏အကျိုးသိရမယ်။ စတိုးဝတ်အတွေးအခေါ်Stoic Philosophy ရဲ့မှန်ကန်တဲ့အမြင် (ပညာ)ကလောကမှာ ထိန်းချုပ်လို့ရတဲ့အရာရှိတယ်။ထိန်းချုပ်လို့မရတဲ့အရာရှိတယ်။ထိန်းချုပ်လို့ရတဲ့အရာကိုအဓိက အာရုံစိုက်။ ဥပမာ အတိတ်ကို သွားပြင်လို့မရဘူး။အဓိပ္ပာယ်ဖွင့်တာကိုပဲပြောင်းလို့ရတယ်။မနေ့ကကို သွားပြင်လို့မရဘူး။ဒီနေ့ကိုပြင်လို့ရသေးတယ်။ ၂။ သတ္တိ (အကြောက်တရားတွေကိုရင်ဆိုင်ပါ။)Courage သတ်တိဆိုတာကြောက်နေတာကိုကြောက်ကြောက်နဲ့လုပ်ဆောင်ခြင်း။ဒီမှာပြောတဲ့ သတ္တိဆိုတာအကြောက်တရားကင်းမဲ့တာကိုပြောတာမဟုတ်ပဲဆင်ခြင်တုံးတရားရှိရှိရှေ့ဆက်ခြင်းလို့အဓိပ္ပာယ်ရတယ်။ ဥပမာ စင်ပေါ်တက် စကားပြောရမှာကြောက်ကြောက်နဲ့ လုပ်စရာရှိတာအကောင်းဆုံးသတ္တိရှိရှိလုပ်တာ။
ဘဝဆိုတာ ခဏလေးပါပဲ။ လွန်ခဲ့တဲ့ဆယ်နှစ်၊ ဆယ့်ငါးနှစ်က ပုံတွေပြန်တက်လာရင်ဘဝဆိုတာ ပုံပြင်တစ်ပုဒ်လိုပဲ။ လိုချင်တာဖြစ်ဖို့ ဆန္ဒလိုတယ်။ ဝီရိယလိုတယ်။ အဓိဋ္ဌာန်လိုတယ်။ လောဘနဲ့ ဆန္ဒနဲ့မတူဘူး။ ဆန္ဒက တက်ကြွမှုကိုဖြစ်စေတယ်။လောဘက ပူလောင်မှုကိုဖြစ်စေတယ်။ ဆန္ဒဆိုတာ ရည်ရွယ်ချက်ရှိတယ်။အားထုတ်မှုရှိတယ်။ပကိဏ္ဏကစေတသိက် (၆) ပါးထဲပါတယ်။ လောဘဆိုတာကိုယ်နဲ့မထိုက်တာကို လိုချင်တာ။ကိုယ်နဲ့ထိုက်တန်တာထက်ပိုလိုချင်တာ။ မတော်လောဘ။ အကုသလစေတသိက် (၁၄) ပါးထဲပါတယ်။ လောကီဘဝမှာအေးချမ်းချင်ရင်အဘိဓမ္မာသာလေ့လာ။နောက်ကျင့်ကြံနေထိုင်။ စိတ်အကြောင်းနားလည်ရင်ဘဝကို အထာကျကျနေလို့ရလာမယ်။ Phyo Paing @ Derek
အလုပ်ဖြစ်တာကိုလိုက်ရှာတာကအလုပ်ကြိုးစားတာထက်ပိုခက်တတ်တယ်။ အလုပ်ဖြစ်တယ်ဆိုတာကနည်းနည်းလုပ်လိုက်ပြီးများများပြန်ရတာကိုဆိုတာ။ဥပမာ ၁ ဆအားထည့်ပြီး၁၀ ဆ၊ အဆ ၁၀၀ ပြန်ရတာမျိုး။ ဒီလိုနည်းနည်းလုပ်များများရတာကိုleverage လို့အသုံးပြုပါတယ်။ ကိုယ်တွေလို ကိုယ့်ဘဝကိုယ်တည်ဆောက်ရသူတွေအတွက်ဒီ leverage က အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ခုန်ပျံကျော်လွှားမှမကြီးရင်အချိန်အများကြီးမရှိဘူး။ ဥပမာအနေနဲ့ပြောရရင်၂၀၁၄ ကာလကနေ၂၀၂၀ လောက်ထိကကြော်ငြာ Facebook Ads တွေနည်းနည်းကြော်ငြာများများရတဲ့ကာလ။ ၂၀၁၇ Live ကာလ။၂၀၁၈ နှောင်းပိုင်းမှာcontent ဖန်တီးတာတွေကလူမှုကွန်ယက်သုံးdigital leverage လုပ်လို့ရတဲ့ကာလ။ ဒါက ဒီဂျစ်တယ်မားကတ်တင်းပိုင်းမှာ။ ဘဝမှာ အဲ့လိုနည်းနည်းလုပ် များများရကာလတွေရှိတယ်။ဒီနေ့ခေတ်ကတော့ အေအိုင်ဆိုပါတော့။ ဂုဏ်ထူးထွက်ဖို့ စာများများကျက်စရာမလိုဘူး။အလုပ်ဖြစ်တဲ့ မေးနိုင်တဲ့စာကိုဖတ်မှတ်လေ့လာနိုင်ဖို့ပဲလိုတယ်။ ဘဝမှာလဲ အများကြီးကျွမ်းကျင်စရာမလိုဘူး။အလုပ်ဖြစ်တာကို ကျွမ်းကျင်ရင်ရပြီ။ စာဖတ်တယ်ဆိုတာအလွယ်လမ်းနဲ့ ဘယ်အရာကိုယ့်အတွက် အလုပ်ဖြစ်သလဲလိုက်ရှာတာပဲ။ အဲ့ထက်မြန်တဲ့နည်းသိပ်မတွေ့ဖူးသေးဘူး။ လူတစ်ယောက်ရဲ့အတွေးရဲ့အရည်အသွေးကလူတစ်ယောက်ဘဝရဲ့ အရည်အသွေးပဲ။ ခရီးသွား၊ လူသစ်တွေ့၊စာဖတ်၊ စမ်းကြည့်၊ လေ့လာ။အလုပ်ဖြစ်တာတွေ့ရင်ဝုန်းသာဝုန်း။ အလုပ်ကတစ်သက်လုံးလုပ်လို့ရတယ်။အလုပ်က တစ်သက်လုံးဖြစ်မနေဘူး။ Phyo Paing
အလုပ်ကတစ်သက်လုံးလုပ်လို့ရတယ်။
အလုပ်က တစ်သက်လုံးဖြစ်မနေဘူး။ Read More »
စည်းကမ်းမရှိပဲအလုပ်တစ်ခုမှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်ဖို့မလွယ်ဘူး။ ဒီ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှု mastery မရှိရင်ကိုယ်က အစားထိုးလို့ရတဲ့လူပဲဖြစ်နေမယ်။ ကိုယ့်ကိုအစားထိုးလို့ရရင်မရှိမဖြစ် မဖြစ်တဲ့အတွက်ကိုယ်က ငွေကိုပဲလိုက်ရှာနေရမယ်။ငွေက ကိုယ့်ကိုလာရှာဖို့လုပ်ဆောင်နိုင်ဖို့ခက်တယ်။ ဘဝရဲ့အနှစ်သာရအစစ်ကိုသိဖို့အတွက်ဆိုတစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အလုပ်mastery တစ်ခုရှိရမယ်။ Phyo Paing @ Derek
ဘဝရဲ့အနှစ်သာရအစစ်ကို
သိဖို့အတွက်ဆို
တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အလုပ်
mastery တစ်ခုရှိရမယ်။ Read More »
ငယ်ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရသူတိုင်းကကံကောင်းတယ်လို့ဆိုလို့ရတယ်။ ဘာကြောင့်လဲ ရှင်းပြပါရစေ။အနာဂတ်ကို မျက်စိမှိတ်မယုံကြည်ဘူး။ကြိုတင်ပြင်ဆင်မှုရှိတယ်။ဘယ်တွေရဲ့အရိပ်အကဲကိုသိတယ်။လူတွေပြောတာနဲ့တကယ်နဲ့ကြားကွာခြားမှုတွေရှိတယ်ဆိုတာသိတယ်။ကိုယ်ရှိမှ ကိုယ်ဖြစ်မယ်ဆိုတာသိတယ်။ ဒီတော့ သူတို့ကဘဝပြဿနာတွေဒုက္ခတွေကြုံတဲ့အခါငယ်ငယ်ဘဝကို လွယ်လွယ်ကူကူပျော်ပျော်ရွင်ရွင်ဖြတ်သန်းလာသူတွေထက်ပိုသန်မာတတ်ကြတယ်။ စိတ်ဝင်စားရင်သုတေသနတွေကိုဆက်ဖတ်ကြည့်ပါ။ လူတွေဟာ ဘဝရဲ့ စိတ်ဒဏ်ရာပြီးနောက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာသုတေသန (Tedeschi & Calhoun, 2004) အရငယ်စဉ်ကတည်းက ဆိုးရွားတဲ့အခြေအနေတွေကို ကြုံတွေ့ခဲ့ရတဲ့သူတွေဟာပိုမိုခံနိုင်ရည်ရှိကြပြီးပြဿနာဖြေရှင်းနိုင်စွမ်းလည်း ပိုကောင်းကြတယ်။ ကလေးဘဝက ဆိုးရွားတဲ့အခြေအနေနဲ့စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ် (Goleman, 1995)လေ့လာမှုအရ ခက်ခဲမှုတွေကိုကြုံတွေ့ခဲ့ရတဲ့သူတွေဟာလူမှုဆက်ဆံရေးကို ပိုမိုသိမြင်နားလည်ကြပြီးအန္တရာယ်တွေကို ပိုမိုအကဲဖြတ်နိုင်ကြတယ်။ စိတ်ဖိစီးမှု ခံနိုင်ရည်ရှိမှုဆိုင်ရာသီအိုရီ (Meichenbaum, 1985) လေ့လာချက်အရကလေးဘဝမှာ အတော်အတန်စိတ်ဖိစီးမှုရှိခြင်းဟာ လူတွေကို စိတ်ပိုင်းဆိုင်ရာခိုင်မာမှုတည်ဆောက်ရာမှာ အထောက်အကူဖြစ်ပြီးအနာဂတ်မှာ စိန်ခေါ်မှုတွေကိုပိုမိုထိရောက်စွာ လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်နိုင်စေတယ်။ ဒါကြောင့် ကိုယ့်ကလေးတွေကိုဒုက္ခရောက်မှာကြောက်တာဒုက္ခနဲ့မတွေ့စေဖို့မျိုးစုံကူညီတာမျိုးကိုအစွန်းမရောက်ဖို့လိုသလိုကိုယ့်ငယ်ဘဝက ကြမ်းတမ်းခဲ့တဲ့အတွက်စိတ်ညစ်စရာမဟုတ်ပါဘူး။ အရာရာပိုကောင်းဖို့ဖြစ်လာတာပါ။ Phyo Paing @ Derek
ငယ်ဘဝကို ခက်ခက်ခဲခဲ
ဖြတ်သန်းခဲ့ရသူတိုင်းက
ကံကောင်းတယ်လို့ဆိုလို့ရတယ်။ Read More »
ငယ်ငယ်က ကိုယ့်ဘဝကို“ဘောင်ဝင်” အောင် ကြိုးစားရတယ်။ကြီးလာတော့ ကိုယ့်ဘဝ“ဘောင်ပြင်” ထွက်အောင် ကြိုးစားရတယ်။ ဘောင်ဝင်အောင် ပညာတတ်ဖြစ်တယ်ဆိုတာ လူ့အဖွဲ့အစည်းအသိမှတ်ပြုဖို့ဘွဲ့ယူရတယ်။ပညာပိုတတ်တယ်ဆိုတဲ့လူ့ဘောင်လေးဝင်ဖို့ဒုတိယဘွဲ့ယူရပြန်တယ်။လူတွေအသိမှတ်ပြုအောင်လူတွေရှိန်အောင်ဘာမှန်းမသိတဲ့ လက်မှတ်ပေါင်းများစွာလိုအပ်တယ်ထင်လိုက် ယူလိုက်။ ဟိုလူယူရင် ကိုယ်လဲယူလိုက်ရမှနောက်ကျမကျန်ခဲ့မယ်လို့ထင်တယ်။ မျက်နှာမွဲလေးက လူဝင်ဆံ့အောင်ဘောင်ဝင်တဲ့သူတစ်ယောက်ဖြစ်အောင်သရုပ်တွေဆောင်ရင်းကိုယ့်ဘဝက သူများအတွက်ဖြစ်နေခဲ့တယ်။ လူတွေလိုချင်တာကို ကိုယ်လိုချင်စရာမလိုဘူး။ဒီိလိုနားလည်ပြီးနောက်မှာ“ဘောင်ပြင်” ထွက်ချင်လာတယ်။ လူတွေသတ်မှတ်ထားတဲ့ အောင်မြင်သူတွေဆိုတာလဲကိုယ်စီကိုယ်စီ စိတ်မလှုံခြုံမှုတွေနဲ့။ဘဝမှာ အရေးကြီးဆုံးက“အသက်ရှင်ပြီး အသက်ဝင်”နေဖို့လိုတယ်။ ဒါကြောင့် “ရွာပြင်” ကိုထွက်လာခဲ့တယ်။ “ဘောင်ဝင်”ပြီးမပျော်ရင်“ဘောင်ပြင်”ထွက်ကြည့်ပါ။ ဘောင်ဆိုတာ အတားအဆီး။ လူ့ဘောင်။ ဒီအတားအဆီးအပြင်မှာမသေချာမှုတွေရှိသလို လွတ်မြောက်မှုတွေလဲရှိတယ်။ Phyo Paing @ Derek
ဘာကြောင့်လဲဆိုဘဝမှာအမြဲကြုံတွေ့ရမည့်အရာကဒုက်ခ။လိုချင်တာမရတာ ဒုက္ခ။ရထားတာမလိုချင်တာ ဒုက္ခ။မလိုချင်ဘဲရထားတာ ဒုက္ခ။ Phyo Paing @ Derek
ဘဝမှာပျော်ချင်ရင်
ဒုက္ခနဲ့ သူငယ်ချင်းဖြစ်ဖို့လိုတယ်။ Read More »
အရမ်းတော်တဲ့ဝန်ထမ်းတစ်ယောက်ခပ်ညံ့ညံ့လုပ်ငန်းရှင်ဆီရောက်ရင်ကြာကြာခံမှာမဟုတ်ဘူး။ အရမ်းတော်တဲ့အမျိုးသား၊အမျိုးသမီးတစ်ယောက်ခပ်ခြာခြာပါတနာနဲ့နေတာများလာတဲ့အခါခြေကျင်းကြိုးနဲ့ ဒရွတ်တိုက်သွားနေရသလိုရှေ့ရောက်သင့်သလောက်မရောက်မောပန်းနေမှာပဲ။ အရမ်းစွမ်းတဲ့ အေအိုင်မတွေးတတ်တဲ့ ငတုံးနဲ့တွေ့တဲ့အခါငတုံးလိုဘဲ ဖြစ်နေမှာပဲ။ လူတိုင်းက ကိုယ်နဲ့ထိုက်တန်တာကိုဘဲရတတ်ကြတယ်။ ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေကပိုကောင်းလာလေလေကိုယ့်ကိုကိုယ် ပိုကောင်းအောင်လုပ်လာရလေပဲ။ Phyo Paing @ Derek
ကိုယ့်ဘဝ တိုင်မပတ်ချင်ရင်ဘယ်သူ့မှ အားအရမ်းမကိုးနဲ့။အရာရာကိုလဲ ချင့်ချိန်ယုံကြည်။လူတိုင်းက ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်။အဲ့လိုပဲ အမြဲနှလုံးသွင်းတယ်။ Phyo Paing @ Derek