Life

ဘဝကို မတူညီတဲ့ version နဲ့
နေတဲ့သူတွေကို သဘောကျတယ်။

‎Frank Abagnale ဆိုရင်ချက်လက်မှတ်တွေရဲ့ အားနည်းချက်ကိုတွေ့ခဲ့ပြီး con artist လုပ်တယ်။ဆရာဝန်၊ ရှေ့နေ၊ လေယဥ်မောင်းအမျိုးမျိုးဟန်ဆောင်ပြီးနောက်ဆုံး အဖမ်းခံရပြီးနောက်ပိုင်း FBI အတွက်အလုပ်လုပ်သလိုSecurity consultant အနေနဲ့ နေသွားတာကို ဇာတ်ကားအနေနဲ့ရိုက်ထားတဲ့လီယိုနာဒို သရုပ်ဆောင်ထားတဲ့Catch me if you can ဇာတ်ကားရှိတယ်။ နောက် တလွဲအမြဲလုပ်တဲ့ လူမုန်းများတဲ့လူ့ဂွစာ Kanye West ဆိုရင်လဲProducer လုပ်တယ်။နောက် Jesus walks လိုသီချင်းနဲ့နာမည်ကြီးလာတယ်။ မတူညီတဲ့ version တွေဖြစ်တဲ့ စိုင်းစိုင်း ကော်ပီကူးထားတဲ့ “ဟေးကောင်မလေးရင်ထဲမှာ ပဲ့ကြွေ အော်နေခဲ့ဆိုလား ဘာလားမသိတဲ့” Kanye West ရဲ့ Bittersweet လိုသီချင်း၊နောက် Stronger တို့၊ Power တို့ versionနောက် Taylor Swift နဲ့ ပွဲအပြီး […]

ဘဝကို မတူညီတဲ့ version နဲ့
နေတဲ့သူတွေကို သဘောကျတယ်။
Read More »

ဘဝမှာ ဒီအပေါင်းနဲ့အနှုတ်
နှစ်ခုကို သေချာသိိဖို့လိုတယ်လို့ထင်တယ်။

ဘဝမှာ သာယာမှုကိုခံစားဖို့အနှုတ်နဲ့ အပေါင်းနှစ်ခုရှိတယ်။ သာမာန်အခြေအနေမှာနေရင်းထိုင်ရင်း သာယာနေဖို့ အနှုတ်အမူအကျင့်တွေလုပ်လို့ရတယ်။ဥပမာ လေ့ကျင့်ခန်းလုပ်တာ၊ဥပုဒ်စောင့်သလို အစာကို ၁၆ နာရီအထက်မစားပဲနေတဲ့ fasting လုပ်တာ။ ဒီလို အနှုတ်တဲ့ပတ်သက်တဲ့ အလုပ်တွေလုပ်ပြီးတဲ့အခါသာမာန်နေရင်းထိုင်ရင်း နေလို့ကောင်းနေတယ်။ သာမာန်အခြေအနေကိုနေလို့ထိုင်လို့ကောင်း သာယာအောင်ပေါင်းထည့်လို့ရတာတွေရှိတယ်။အရက်သေစာ၊ ဆေးဝါးတွေသုံးတာ။လက်ရှိအခြေအနေသာယာဖို့ အပြင်ကပေါင်းထည့်တဲ့အရာတွေ။ သူကတော့ အာနိသင်ကုန်ရင်မသာယာတော့ဘူး။ ဒဏ်ခံရတာမျိုးဖြစ်နိုင်တယ်။ ဘဝမှာ ဒီအပေါင်းနဲ့အနှုတ်နှစ်ခုကို သေချာသိိဖို့လိုတယ်လို့ထင်တယ်။ Phyo Paing @ Derek

ဘဝမှာ ဒီအပေါင်းနဲ့အနှုတ်
နှစ်ခုကို သေချာသိိဖို့လိုတယ်လို့ထင်တယ်။
Read More »

ဘဝကို ဒုတိယတစ်ကြိမ်ပြန်နေမယ်ဆို

လွန်ခဲ့တဲ့ဆယ့်နှစ်နှစ်လောက်ကလဲကြိုက်တယ်။ဒီနေ့လဲ ပြန်တွေ့တဲ့ အကြိုက်ဆုံးစကားတစ်ခွန်းကDr. Viktor Frankl ရဲ့“သင့်ဘဝမှာ ပထမတစ်ကြိမ်တလွဲပေါင်းများစွာ လုပ်ပြီးပြီလို့စဥ်းစားကြည့်။ဘဝကို ဒုတိယတစ်ကြိမ်ပြန်နေမယ်ဆိုဘယ်လိုပုံစံမျိုးနဲ့ နေမလဲ” တဲ့။ “So live as if you were living already for the second time and as if you had acted the first time as wrongly as you are about to act now!” Phyo Paing @ Derek

ဘဝကို ဒုတိယတစ်ကြိမ်ပြန်နေမယ်ဆို Read More »

အရာရာပိုကောင်းဖို့ ဖြစ်လာတာလို့ထင်တာပဲ။

ဘဝမှာ လူတွေကို အလကားတွေ့တာတော့မဟုတ်ဘူးလို့ခံယူထားတယ်။အရာရာပိုကောင်းဖို့ ဖြစ်လာတာလို့ထင်တာပဲ။ Phyo Paing @ Derek

အရာရာပိုကောင်းဖို့ ဖြစ်လာတာလို့ထင်တာပဲ။ Read More »

ဘဝဆိုတာ တိုက်ပွဲပဲ။

နေ့တိုင်း စိတ်အာရုံထွေပြားစေမည့်အရာတွေနဲ့တိုက်ပွဲဝင်နေရတယ်။လုပ်သင့်ပြီး မလုပ်ချင်တဲ့အရာတွေလုပ်ဖို့တဒင်္ဂစိတ်ဆန္ဒနဲ့ တိုက်ပွဲဝင်ရတယ်။ကိုယ်ထင်ထားသလိုမဖြစ်တဲ့အခါလဲစိတ်ကိုလျော့ စိတ်ထားတတ်ဖို့ကလဲလိုတယ်။ Phyo Paing @ Derek

ဘဝဆိုတာ တိုက်ပွဲပဲ။ Read More »

အပေါ်ယံ relationship တွေနဲ့
deeper level of intimacy ကိုမရဘူး

တချို့သူတွေရဲ့ ငယ်ဘဝဖြတ်သန်းမှုကသူတို့ရဲ့ relationship မှာလွမ်းမိုးမှုရှိတယ်။တချို့က တစ်ယောက်ကို တစ်ရာရာခိုင်နှုန်းယုံပြီးပုံအပ် commit လုပ်ဖို့မသိစိတ်ထဲမှာ ကြောက်နေရတတ်တယ်။နာကျင်မှာ၊ အဆင်မပြေမှာ၊ လွတ်လပ်မှုတွေ ဆုံးရှုံးသွားမှာ။ဒီတော့ အပေါ်ယံ relationship တွေနဲ့deeper level of intimacy ကိုမရဘူး။ဒါက ငယ်ငယ်က နာကြင်မှုTrauma response လို့ဆိုကြတယ်အားတီ၊ အားမေတို့။ ℙ𝕙𝕪𝕠 Paing @ Derek

အပေါ်ယံ relationship တွေနဲ့
deeper level of intimacy ကိုမရဘူး
Read More »

နောက်ဆုံးစစ်ပွဲမှာနိုင်ဖို့ စိတ်ရှည်ရမယ်

လူတိုင်းဘဝ၊ အလုပ်နဲ့ စီးပွါးရေးမှာအကွက်ရွေ့နေရတာပဲ။အရေးကြီးတာ ရွေ့မည့်အကွက်တွေကိုကြိုတင်ပြင်ဆင်ထားဖို့နဲ့မဟာဗျူဟာကျကျ မှန်တဲ့အချိန်၊မှန်တဲ့ အကွက်ရွေ့နိုင်ဖို့ပဲ။တိုက်ပွဲလေးတွေထက်နောက်ဆုံးစစ်ပွဲမှာနိုင်ဖို့ စိတ်ရှည်ရမယ်။ တချို့အချိန်တွေမှာ မြက်စားပြီးနေရရင်နေရနိုင်တယ်။အရေးကြီးတာ ဒီဂိမ်းက ဆယ်စုနှစ်ပေါင်းများစွာသွားမည့် ဂိမ်းဆိုတာသိဖို့ပဲ။ Phyo Paing @ Derek

နောက်ဆုံးစစ်ပွဲမှာနိုင်ဖို့ စိတ်ရှည်ရမယ် Read More »

ဘဝကို နေသာထိုင်သာရှိတဲ့
ငွေကြေးပမာဏနဲ့ ဝင်ငွေတစ်ခု
ဖန်တီးနိုင်တဲ့အခါ
ပျော်ရွင်မှုဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှု
ဖြစ်သွားပြီ။

ဘဝမှာ အမြဲမေးတာ “ငါဒါ လုပ်ရင် ပျော်မလား?”ပစ္စုပ္ပန်အတွက်ရော၊အနာဂတ်အတွက်ရော ပျော်မယ်ဆို ဒါကိုဆုံးဖြတ်လိုက်တယ်။ ဘဝကို နေသာထိုင်သာရှိတဲ့ငွေကြေးပမာဏနဲ့ ဝင်ငွေတစ်ခုဖန်တီးနိုင်တဲ့အခါ ပျော်ရွင်မှုဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှုဖြစ်သွားပြီ။ အိုင်စတိုင်းပြောသလို ဘဝရဲ့ပျော်ရွင်မှုကို ရည်ရွယ်ချက်တစ်ခုလိုထားတဲ့။ ကိုယ်စဉ်းစားတဲ့ပုံကတော့နေ့စဉ် တိုးတက်ပြီးကိုယ့်ရဲ့အကောင်းဆုံး version ကိုဖန်တီးနေရမယ်။ဒီမြေမှာမွေးဖွားကြီးပြင်းလာတဲ့အတွက်ကိုယ့်အနေနဲ့ ဘာလူမျိုးဖြစ်ဖြစ်အကျိုးတစ်ခုတော့ ပြန်ပြုရမယ်။နေ့စဉ် လွတ်လပ်၊ ပျော်ရွင်၊ ရင်ခုန်တဲ့ ခံစားချက်ခံစားရရမယ်။ ဒီလောက်ပါပဲ။ ℙ𝕙𝕪𝕠 Paing @ Derek

ဘဝကို နေသာထိုင်သာရှိတဲ့
ငွေကြေးပမာဏနဲ့ ဝင်ငွေတစ်ခု
ဖန်တီးနိုင်တဲ့အခါ
ပျော်ရွင်မှုဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှု
ဖြစ်သွားပြီ။
Read More »

တခါတလေကျရင်လူတွေက
သူတို့ကိုယ်တိုင် အ play ခံလို့
ခံနေရမှန်းမသိကြဘူး
အားတီ၊ အားမေတို့။

သူတို့ ဟားတိုက်နေတဲ့ သူကအဲ့ဒီ ဟားတိုက်မှုတွေကသိန်းထောင်ပေါင်းများစွာရှာသွားတာမသိကွဘူး။ ဒါက social media ဂိမ်းမှာပလေတိုပြောခဲ့တဲ့ plato cave လိုပဲ။ လူအများစုက နောက်ကွယ်ကနေတချို့လူတွေကပြတဲ့အရိပ်တွေကိုပဲ မြင်တယ်။ အဲ့ဒီအရိပ် (shadow) တွေကို အမှန်တရား (reality) ထင်ပြီးငြင်းကြ၊ ခုန်ကြ၊ ဟားတိုက်ကြနဲ့ပွဲကြည့်သူအဖြစ်နဲ့ ဘဝတွေကုန်သွားတယ်။ ဒီ Media Manipulation ဟာလူတွေရဲ့ အားနည်းချက်ဖြစ်တဲ့စိတ်ခံစားမှု၊ ပျင်းရိစိတ်နဲ့၊ သိမ်ငယ်စိတ် (inferiority complex) ကိုအသုံးချပြီး social media manipulator တွေကလုပ်သွားတယ်။ ကြည့်ပါအုံး သူက နာမည်ကြီးစောက်ပေါပဲတို့၊ငပေါပါကွာတို့ အဲ့လိုလေး ဝေဖန်ဟားတိုက်မှုကego massage အတ္တကိုအရောင်တင်မှုတစ်ခုကို ဖြစ်သွားစေတယ်။ ဝေဖန်သူတွေကို နေလို့ထိုင်လို့ ကောင်းသွားတယ်။ သူတို့မသိတာက ဒီအချက်ကိုအသုံးပြုပြီးSocial Media Manipulator က monetization ပဲဖြစ်ဖြစ်၊

တခါတလေကျရင်လူတွေက
သူတို့ကိုယ်တိုင် အ play ခံလို့
ခံနေရမှန်းမသိကြဘူး
အားတီ၊ အားမေတို့။
Read More »