ဘဝ
နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလို မနေပါနဲ့။ Phyo Paing@Derek
အသက်ကို ဝဝလင်လင်ရှူပြီးအသက်ရှင်သန်နေရတာကံကောင်းနေသေးတယ်။ ဘဝမှာ ကင်ဆာဖြစ်လို့သေဖို့ စောင့်နေတဲ့ လူနာတွေ၊ HIV တွေ့တာ စသိလို့ဘဝကို စိတ်ဓာတ်ကျနေတဲ့ လူနာတွေ။ အဆုပ်တွေ ပျက်စီးလို့ အသက်ရှူမဝ လူနာတွေ။ဒါတွေနဲ့ ဆယ်စုနှစ်ဝက်တစ်ခုကျော်မြင်လာ၊ ကြားလာ၊ တွေ့လာတော့လက်တွေ့ဘဝရဲ့ ပြဿနာတွေကိုခံနိုင်စွမ်း မြင့်လာတယ်။ Phyo Paing @ Derek
ကံကောင်းလွန်းရင် အသက် ၁၀၀ နေရမယ်။ အသက် ၈၀ လောက်ဆို အိုမင်းယိုယွင်းပြီ။ ဒါသေချာ ကျန်းမာရေးဂရုစိုက်မှ။မဟုတ်ရင် ဒီထက်စောမယ်။ ကိုယ်က ၃၅၊ ၄၀ ဆို နောက် အနှစ် ၄၀ လောက်တော့ ကျန်းမာရေး သေချာဂရုစိုက်ရင်ဘဝကို ကောင်းကောင်းဖြတ်သန်းလို့ရအုံးမယ်။ လူအများစုအသက်ကြီးတဲ့အခါနောင်တအရဆုံး အရာတစ်ခုက ကိုယ့်ဘဝရဲ့ ဘဝလက်တွဲဖော်ကိုသေချာမရွေးချယ်ပဲ ဆုံးဖြတ်ချက်ချခဲ့တာတဲ့။ ဒုတိယအချက်က မိသားစု ပြဿနာတွေကို သေချာငြိနှိုင်းဆွေးနွေးမှု မပြုတာတဲ့။ တတိယအချက်က ကျန်းမာရေးကိုလျစ်လျူရှုတာ။စတုတ္ထအချက်က စိတ်ဖိဆီးမှုတွေများပြီး ဘဝကို မပျော်နိုင်တာ။ နံပတ်ငါးအချက်က အခွင့်အလမ်းတွေကို လက်လွတ်ပြီးသေချာ အသုံးချခွင့်မရတာ။ အဲ့ဒါကို သိတဲ့အချိန်ကိုယ်က ငါးခု စလုံးလုပ်နေတာတွေ့တော့တစ်ခုချင်းပြန်ပြင်ဖို့ ကြိုးစားရတယ်။ ကိုယ်သွားနေတဲ့ ဘဝလမ်းကြောင်းမှားနေရင်ပြင်လို့ရတယ်လို့ အမြဲယုံကြည်ထားတယ်။ ဒါကတော့ ပြည်တွင်းအတွေးအခေါ်တွေနဲ့တော်တော်လေး ကွာကောင်းကွာမယ်။ ဘဝဆိုတာ နှစ် ၁၀၀
ပျံသန်းဖို့ ပြင်ဆင်နေတာ အတောင်ပံ မစုံသေးဘူး။ တရုတ်စကားပုံမှာ 时机未到,静待时机” (Shíjī wèi dào, jìng dài shíjī)အချိန်မကျသေးဘူး၊ အချိန်ကောင်းစောင့်ဦး။ ဒီစကားပုံရှိတယ်။ တကယ်တမ်း ကိုယ်ကပျံသန်းချင်ပေမယ့် အိမ်စာ လုပ်လို့ မပြီးသေးတာရှိမယ်။ ၂၀၁၆ ကတည်းက Akyanpay .com လို template library ကို ရူးမတတ်လုပ်ချင်တယ်။ ဒါပေမယ့် မလုပ်တတ်သေးဘူး။ ၂၀၂၀ မှာ လုပ်တတ်သွားတယ်။ ၂၀၁၇ ကတည်းက Facebook Group ကသင်တန်းသင်ရင်း online learning platform တစ်ခုလုပ်ချင်တယ်။ ၂၀၁၉ မှာတော့ wordpress လေး backend လုပ်ပြီးflutter နဲ့ front-end လုပ်ခဲ့တဲ့ အချိန်တွေ။ အိုင်ဒီယာတစ်ခုကို အမြန်စမ်းသပ်ချင်တယ်ဘယ်လိုလုပ်ရမလဲမသိဘူး။ Buildfire
ဘဝဆိုတာ စီးဆင်းနေတဲ့ ရေလိုပဲ။ရေစီးဆင်းနေဖို့အတွက်ခဲတွေ၊ အတားအဆီးတွေ ဖြတ်ကျော်ရနိုင်မယ်။တစ်လမ်းပိတ်ရင် နောက်တစ်လမ်းကသွားရနိုင်တယ်။ ဘဝရှိရင် ဒုက္ခရှိတာဖြစ်တဲ့အတွက်ဝေဒနာတွေ မပြင်းထန်အောင်ဒေတာတွေရဲ့ အကူအညီယူပြီး ဒေသနာ တွေနဲ့ အညီ ဘဝကိုဖြတ်သန်းပြီး ဒုက္ခမရှိတဲ့ ဘဝထက်ဒုက္ခကို ကျော်လွှားမည့်ဘဝ ပြင်ဆင်တာက ပိုလက်တွေ့ကျနိုင်တယ်။ တစ်ဒုက္ခပြီး တစ်ဒုက္ခကတော့လာမှာပဲ။ ဒုက္ခနဲ့ ပျော်နိုင်ဖို့လိုတာပဲ။ ဒုက္ခမရှိမှာ ပျော်မယ်ဆို ပျော်ဖို့ အချိန်တောင်ရှိချင်မှ ရှိမယ်။ ဒုက္ခကြားမှာ ပျော်ဖို့အတွက် ၁။ Reframing အမြင်ပြောင်းပညာ၂။ Fallacy in logic စဥ်းစားမှုတွေထဲက အမှားတွေရှာဖွေနိုင်စွမ်း၃။ Flexibility ညင်ညင်သာသာ အမြင်ပြောင်းနိုင်စွမ်း ၄။ Self-awareness သတိ၅။ Self-acceptance ကိုယ့်ကိုယ်ကို လက်ခံနိုင်မှု လိုမယ်လို့ထင်တယ်။ Phyo Paing @ Derek
တချို့အတွက် အသုံးဝင်မလားတော့မသိဘူး။ ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တိုင်းကိုအဖြေရှာရမည့် ပုစ္ဆာတွေလိုစဥ်းစားကြည့်။ ပုစ္ဆာကို နားလည်အောင်လုပ်။ပေးထားချက်ကို ရှာ။မလုံလောက်သေးရင် သုတေသနလုပ်သတင်းအချက်လိုက်ရှာ။သုံးသပ်ကြည့်။ ပြီးရင် အဖြေရှာကြည့်။အဖြေမရသေးရင် သင်ခန်းစာယူ။နောက်တစ်နည်းနဲ့ တွက်ကြည့်။ ဘဝဆိုတာ အငြိမ်မနေရတဲ့ပုစ္ဆာတွေ တစ်ခုပြီးတစ်ခုနဲ့ အဖြေရှာရတဲ့ နေရာတစ်ခုဖြစ်နေနိုင်တယ်။ ကျန်းမာရေး ပုစ္ဆာ၊ ကြံ့ခိုင်ရေး ပုစ္ဆာ၊ အလုပ်အကိုင်၊ ငွေကြေး၊ အချစ်ရေး၊ မိသားစု၊သားရေးသမီးရေး၊ စိတ်ငြိမ်းချမ်းမှုနဲ့ ဘာသာတရား၊ လူသားအကျိုးပြုမှု၊ ဘဝကျေနပ်မှု ပုစ္ဆာတွေ။ ဘယ်လောက်ချမ်းသာသာ၊ ဘယ်လောက် ပညာတတ်တတ်၊ သူနဲ့ ကိုက်ညီတဲ့ ဖြေရှင်းရမည့်ပုစ္ဆာတွေရှိတတ်တယ်။ ဒါကို အထာကျကျ ဖြေရှင်းသူနဲ့ဆောက်တည်ရာမရ ဖြေရှင်းသူ၊ ရှောင်ပြေးသူ သုံးမျိုး အကြမ်းဖျင်းကြည့်လို့ရတယ်။ ပုစ္ဆာတွေကို အထာကျကျ ဖြေရှင်းကြရအောင် အားတီ၊ အားမေတို့။ Phyo Paing @ Derek
လောကအမြင်မတူ၊တန်ဖိုးထားမှုမတူ၊စဉ်းစားဆုံးဖြတ်တဲ့ပုံစံမတူ၊ခံယူချက်မတူ၊ယုံကြည်ချက်မတူ၊အမူအကျင့်မတူဘဝတွေ မတူဖြစ်သွားကြတယ်။ Different perspectives on life,Different values,Different ways of thinking and deciding,Different beliefs,Different behaviorslead to the divergence of lives. Phyo Paing @ Derek
လူတိုင်းမှာ ဘဝ စမှတ်ချင်းမတူကြဘူး။တချို့တွေက အားသာမှုတွေနဲ့မွေးကြတယ်။ တချို့က ချမ်းသာတဲ့မိသားစုကပေါက်ဖွားတယ်။တချို့က ပညာတတ်မိသားစုက။တချို့က ငယ်ငယ်က ကျောင်းကောင်းကောင်းတတ်ရတယ်။တချို့ကလဲ ဘဝပေးကံ မကောင်းခဲ့ဘူး။ ဘဝပေးကံဆိုတာ ပေးထားချက်ပဲ။ ပေးထားချက် ပုစ္ဆာပေါ်မူတည်ပြီးသွားချင်တဲ့ပန်းတိုက်ရောက်အောင်သွားနိုင်တာက ပညာပဲ။ တချို့က လုပ်ငန်းစကတည်းက အိမ်က သိန်းသောင်းဂဏန်းထုတ်ပေးတာလဲရှိမယ်။တချို့က ချေးငှါးပြီးစရတာလဲရှိမယ်။အတွေ့အကြုံတွေမတူကြဘူး။ ဒါကလဲ ပြောသလောက်အရေးမကြီးဘူး။ လူအများစုက သူကတော့ ဝတ်ကောင်းစားလှနဲ့ ဓာတ်ပုံလှလှရိုက်ကားကောင်းကောင်းနဲ့ အိမ်ကောင်းကောင်းမှာနေတယ်။သူပျော်နေမှာပဲလို့ ဘေးလူအမြင်နဲ့မြင်တယ်။ ကိုယ့်ဘေးမှာ supermodel ငါးယောက်လောက်ဝိုင်းနေပြီး beach မှာ လေပြည်လေးခံနေပေမယ့်ဗိုက်အောင့် ဝမ်းလျှောနေတဲ့အခါ သာယာမှုဆိုတဲ့ experience ခံစားဖို့မလွယ်ကူဘူး။ ဘဝဆိုတာ အဲ့လိုပဲ။ Supermodel ငါးယောက်နဲ့ သာယာနေတာပဲအပြင်လူတွေက မြင်ကောင်းမြင်မယ်။ဗိုက်အောင့်ဝမ်းလျှောနေတာ မြင်ချင်မှ မြင်လိမ့်မယ်။ ဒါကြောင့် စမှတ်တွေမတူတဲ့အတွက်နှိုင်းယှဉ်ပြီး ဘဝကို အပြစ်မပုံချလိုက်မိဖို့လိုတယ်။စမှတ်ကို ကိုယ်သတ်မှတ်လို့မရပေမယ့်ဆုံးမှတ်ကိုတော့ ကိုယ်ထိန်းချုပ်လို့ရနိုင်တယ်။ Earn &
ကိုယ့်ရဲ့ ကျွမ်းကျင်မှုကဘဝပေးတဲ့ ပြဿနာထက်ပိုကြီးသလား၊ဘဝပေးတဲ့ပြဿနာက ကိုယ့်ရဲ့ ကျွမ်းကျင်မှုထက်ပိုကြီးသလား။ဒီပေါ်မူတည်ပြီး ဘဝတွေကွာသွားတယ်လို့ဆိုလို့ရနိုင်တယ်။ Is one’s expertise greater than the problems life presents, or are the problems life presents greater than one’s expertise? Based on this, it can be said that lives diverge. Phyo Paing @ Derek
ဒီပေါ်မူတည်ပြီး ဘဝတွေကွာသွားတယ်လို့
ဆိုလို့ရနိုင်တယ်။ Read More »
နှစ်ကုန်ပြီဆို နောက်တစ်နှစ်မှာဖြစ်နိုင်တဲ့ “အဆိုးဆုံးပြဿနာ” တွေကိုချရေးထားလေ့ရှိတယ်။ ငယ်ငယ်လေးထဲက ကိုယ်ဖြစ်စေချင်တဲ့အတိုင်းဖြစ်မလာတာများတဲ့ လောကမှာအကောင်းတွေမျှော်လင့်တာထက်အဆိုးတွေ မျှော်လင့်ထားတတ်တာအကျင့်လိုဖြစ်နေတတ်တယ်။ အဆိုးဆုံးဖြစ်နိုင်တဲ့ ပြဿနာတွေထဲမှာကိုယ့်ကို “အထိအခိုက်ကြီးစေနိုင်တဲ့ပြဿနာတွေ” ကို ချရေးပြီးရှောင်လိုရမည့်အရာတွေ၊လျော့လို့ရမည့်အရာတွေ စဥ်းစားကြည့်တယ်။ နောက် ဒီအန္တရာယ်တွေကို လျော့ချတယ်။ ဘဝမှာ သေချာတာတစ်ခုကတော့လောကဓံရှိတဲ့အတွက်အမြဲလဲ ဆိုးနေမှာ မဟုတ်သလို၊အမြဲလဲ ကောင်းနေမှာ မဟုတ်ဘူး။ ဘဝမှာ အမြဲရှိနေမည့်အရာက “ပြဿနာ” တွေပဲ။ ပြဿနာမရှိတဲ့ ဘဝဆိုတာ မရှိဘူး။ဆန္ဒ (လိုချင်တာ၊ လိုအပ်တာ) တွေရှိနေသမျှပြဿနာကတော့ ရှိနေမှာပဲ။ ကိုယ့်တာဝန်က ပြဿနာအဖြေရှာရမှာဖြစ်တဲ့အတွက်ပြဿနာတွေနဲ့ ချစ်ကျွမ်းဝင်ဖို့ အရေးကြီးတယ်။ At the end of the year, it’s common to contemplate the “worst possible problems” that could arise