ဘဝဆိုတာ တိုတိုလေး။
ဘဝကို ကိုယ်မပိုင်ခင် ဖြစ်ချင်တာဖြစ်ဖို့ မလုပ်ချင်တာကိုလဲ လုပ်။ ဘဝကိုကိုယ်ပိုင်လာတဲ့အခါလုပ်ချင်တာလုပ်။ ဖြစ်ချင်တာဖြစ်လိမ့်မယ်။ လုပ်ချင်တာကြီးပဲ လုပ်လာတာတော်တော်ကြီး ကြာပြီ။ Phyo Paing @ Derek
ဘဝဆိုတာ တိုတိုလေး။ Read More »
ဘဝကို ကိုယ်မပိုင်ခင် ဖြစ်ချင်တာဖြစ်ဖို့ မလုပ်ချင်တာကိုလဲ လုပ်။ ဘဝကိုကိုယ်ပိုင်လာတဲ့အခါလုပ်ချင်တာလုပ်။ ဖြစ်ချင်တာဖြစ်လိမ့်မယ်။ လုပ်ချင်တာကြီးပဲ လုပ်လာတာတော်တော်ကြီး ကြာပြီ။ Phyo Paing @ Derek
ဘဝဆိုတာ တိုတိုလေး။ Read More »
အသက် ၈၀ ထိနေရရင်ရက်ပေါင်း ၂၉၂၂၀ ပဲ နေရမှာ။ အသက် ၇၀ ထိဆိုရက်ပေါင်း ၂၅၅၆၈ ပဲ။ အသက် ၃၀ ရောက်ပြီဆိုရက်ပေါင်း ၁၀၉၅၇ ကုန်ပြီ။ ၃၅ ဆို ၁၂၇၇၅ ကုန်ပြီ။၄၀ ဆို ၁၄၆၀၀ ကုန်ပြီ။ အသက်သာ ၈၀ ထိနေရမယ်ဆိုကိုယ့်ကျန်တဲ့ ရက်ပေါင်း ၁၀၀၀၀ ကျော်အတွက်ကိုယ်ဖြစ်ချင်တာတွေ၊လုပ်ချင်တာတွေလုပ်သွားဖို့ဂိမ်းပလန် game plan လိုတယ်။ ဘဝကို ဒီလိုပဲနေ ဒီလိုပဲသေသွားတော့မှာလား။ နိုး။ အလိုလိုပေါက်တာ မြက်ပင်ပဲများတယ်။ပန်းကောင်းပန်းမံစိုက်ပျိုးဖို့သေချာဂရုပြု စိုက်ပျိုးဖို့လိုတယ်။ Phyo Paing @ Derek
ဘဝကို ဒီလိုပဲနေ ဒီလိုပဲသေသွားတော့မှာလား Read More »
ဆရာတစ်ယောက်ရဲ့ တာဝန်ကကိုယ်သင်ကြားပြသလိုက်တဲ့သူတွေကိုယ့်ထက် တော်သွားဖို့ပဲ။ ကိုယ်က ထိပ်မှာ လမ်းပိတ်ပြီးကိုယ့်ကို ပါရမီဖြည့်ဖို့မဟုတ်ဘူး။လှေကားထစ်လို အထက်ကိုတင်ပေးဖို့။ ဘဝမှာ ဆရာတွေ အများကြီးရှိခဲ့တယ်။ငါ့ကိုပဲ တစ်သက်လုံးကိုးကွယ်။ငါက တစ်သက်လုံးဆရာဆိုတဲ့ဆရာနဲ့။ကိုယ့်ရဲ့အောင်မြင်မှုကို တခြားမှာလဲရှာဖွေအုံးဆိုတဲ့ ဆရာ။ ဂိုဏ်းတွေကို မကိုးကွယ်နဲ့။ကိုယ်ဖြစ်ချင်တာကိုယ်လုပ်။ ကိုယ်လေ့လာနေတဲ့ သင်တန်း၊ဆရာဆိုတာ ကိုယ့်ဘဝမှာလှေကားထစ်တစ်ခုပဲလို့ယူဆ။ ကြာလေလေ ဒီထက်မြင့်တဲ့နေရာရောက်လေလေလမ်းပြသူ၊ လေ့လာရမည့်သူအသစ်တွေ တွေ့လေလေပဲ။ Phyo Paing @ Derek
လူသားဖြစ်တဲ့ အတွေ့အကြုံကိုအပြည့်အဝ ယူနိုင်ဖို့လိုတယ်လို့ထင်တယ်။ ခန္ဓာကိုယ်အထိအတွေ့ အာရုံငါးပါးကြောင့်သာယာမှု။ လိုချင်တာရလိုက်တဲ့အတွက်ပျော်ရွင်မှု။ မထင်မှတ်ထားပဲ အံ့အားသင့်စေတဲ့အရာကြောင့်ဖြစ်တဲ့ပီတိ။ အာရုံကို အာဏာကုန်တစ်ခုတည်းမှာပဲ စိုက်ထားနိုင်တဲ့သမာဓိ။ စိတ်ကို မပျံ့လွင့်ပဲ ခန္ဓာကိုယ်ရဲ့လုပ်ရှားမှုတိုင်း အဖြစ်အပျက်တိုင်းကိုသိနေတဲ့ သတိပဋ္ဌာန်။ စာချင်တာစား၊ သွားချင်တာသွားပြီးအာရုံငါးပါးကိုလှုံ့ဆော်ပြီး တဒင်္ဂကောင်းမွန်မှုဟာသာယာမှုအတွေ့အကြုံ။ လိုချင်တာတွေရအောင်လုပ်တာပျော်ရွင်မှု။ရထားတာတွေ ပြန်လိုချင်အောင်တင်းတိမ်အောင်လုပ်တာစိတ်ပြီးပြည့်စုံချင်မှု။ ကိုယ်ကြိုးစား အားထုတ်မှု၊ လုပ်ရပ်ကြောင့်မထင်မှတ်ထားတဲ့ ရလဒ်၊ အကြောင်းဖြစ်တဲ့အခါခံစားရတဲ့ ပီတိ။ အလုပ်ကို စျာန်ဝင်ပြီးလုပ်နိုင်တာ၊တစ်ခုတည်းအာရုံစိုက် လုပ်ဆောင်တဲ့အခါသမာဓိ။ အမြဲ အိမ်ဆိုတဲ့ ခန္ဓာကိုယ်ကြီးကတခြားနေရာတွေကို အလည်သွားနေတဲ့စိတ်ကို အိမ်ကိုပြန်ခေါ်ပြီးသတိနဲ့ အဖြစ်အပျက်တွေကိုရှုနိုင်တာသတိပဋ္ဌာန်။ ကိုယ့်အနေနဲ့ လူဖြစ်တုန်းလူသားအတွေ့အကြုံကိုအပြည့်ခံစားသွားဖို့ လိုတယ်လို့ထင်တယ်။ Phyo Paing @ Derek
ဘဝဆိုတာ အတွေ့အကြုံတစ်ခုပဲ။ Read More »
လူ့ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့တချို့”အယူအဆ” တွေကို လက်မခံပဲကိုယ်တိုင် ဥပဒေသထုတ်နေထိုင်တဲ့အခါဘဝမှာ တခါမှ မခံစားဖူးတဲ့ခံစားမှုတွေ နိစ္စဓူဝ ခံစားရလိမ့်မယ်။ အလုပ်နဲ့ ပတ်သက်တဲ့ အယူအဆ၊စီးပွားရေးတဲ့ပတ်သက်တဲ့ အယူအဆ၊ကျန်းမာရေးနဲ့ ပတ်သတ်တဲ့အယူအဆ၊ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့အယူအဆ၊စိတ်ငြိမ်းချမ်းမှု ဘဝအတွက် စိတ်ကျေနပ်မှုspirituality နဲ့ ပတ်သက်တဲ့ အယူအဆ၊ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်တဲ့အယူအဆ၊ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်တဲ့အယူ။ ဒီအယူအဆတွေကို update လုပ်ပြီးတဲ့လောကကြီးကိုမြင်တဲ့ မှန်ဘီလူးကရှင်းလင်းနေပြီး ဘဝကြီးက မိုက်နေတယ်။ Phyo Paing @ Derek
ကိုယ်နေထိုင်ချင်တဲ့ ဘဝနေထိုင်မှုက”ရွေးချယ်မှု” ပဲ။ Read More »
ကိုယ့်ဘဝရဲ့ မဟာဗျူဟာကတော့”ကိုယ်စိတ်ချမ်းသာရေး” ပဲ။ဒါထက် ဘာမှ အရေးမကြီးဘူး။ ကိုယ်ဘယ်မချိန် စိတ်ချမ်းသာလဲစဉ်းစားကြည့်ရင် “တိုးတက်”နေရင်စိတ်ချမ်းသာတယ်။ကျန်းမာရေး၊ အလုပ်အကိုင်၊ ဝင်ငွေ၊စိတ်ငြိမ်းချမ်းမှု၊ ဥာဏ်ပညာ၊အသစ်တွေ စွန့်စားမှု ဒီအပိုင်းတွေတိုးတက်နေရင် စိတ်ချမ်းသာတယ်။ ဒီတော့ တိုးတက်နေဖို့ ဘာလိုလဲ။ဥာဏ်ရှိရှိနဲ့ အလုပ်လုပ်နေဖို့လိုတယ်။အလုပ်လုပ်လေလေ အင်အားပိုကြီးလေ။ဘဝရဲ့ ပြဿနာလေးတွေသေးသွားလေ။ ဥာဏ်မပါရင် ကံကြမ္မာက ရန်ရှာတဲ့အခါဒဏ်ရာတွေပဲ ကျန်နေမယ်။ ဥာဏ်ပါတဲ့ အလုပ်တွေလုပ်ရမယ်။ဒါမှ တိုးတက်မယ်။ဒါမှ စိတ်ချမ်းသာမယ်။ Phyo Paing @ Derek
ကိုယ့်ဘဝရဲ့ မဟာဗျူဟာကတော့ Read More »
Negative vibe နဲ့Positive life တည်ဆောက်ဖို့မလွယ်ဘူးအားတီ၊ အားမေတို့။ Phyo Paing @ Derek
Positive life တည်ဆောက်ဖို့မလွယ်ဘူး Read More »
မွေးကတည်းက တစ်ယောက်နဲ့တစ်ယောက်ဘဝပေးထားချက် မတူကြဘူး။ဘဝမှာ အရေးအကြီးဆုံးက”ကိုယ့်ရဲ့အကောင်းဆုံးပုံစံBest Version ဖြစ်အောင် တည်ဆောက်ဖို့ပဲ။” Phyo Paing @ Derek
ဘဝမှာ အရေးအကြီးဆုံးက Read More »