Life

ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းနိုင်ဖို့

ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းနိုင်ဖို့ ၁။ ကိုယ့်ကိုယ့်ကို နားလည်အောင်လေ့လာ။ ၂။ ကိုယ်ချစ်တဲ့အလုပ်ကိုရွေးချယ်။၃။ ကိုယ်အစွမ်းအစဘယ်လောက်ရှိလဲ စမ်းကြည့်။၄။ ဒီနေ့လုပ်တဲ့အလုပ် အနာဂတ်အချိန်ကိုခြွေတာပေးဖို့ လုပ်ဆောင်။၅။ ကိုယ်မကြိုက်တာ သူများကိုမလုပ်နဲ့။၆။ အရာရာမှာ အကန့်လေးတွေထား။၇။ မလုပ်ဖူးတဲ့ အသစ်အစမ်းတွေစမ်းကြည့်ရမှာ အရမ်းမကြောက်နဲ့။အရှုံးတွေကို ကန့်သတ်ထား။၈။ ကိုယ်သေသွားရင်တော့ကိုယ့်လိုဝါသနာတူ လူတချို့အတွက်တချို့အရာတွေ ချန်သွားနိုင်ဖို့လိုတယ်။ To live a meaningful life: 1. Understand yourself through self-study.2. Choose a job or career you love.3. Test your limits and capabilities.4. Allocate today’s tasks for the future.5. Don’t do things you […]

ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းနိုင်ဖို့ Read More »

အပြောင်းအလဲ လုပ်ပေးနိုင်ရမယ်

ဘဝမှာ ဖြစ်ချင်တာတော့များများစားစားမရှိပါဘူး။တောင်ပေါ်မြို့မှာမွေးနယ်မြို့လေး စျေးရောင်းပြီးကြီးဘဝရဲ့ အတက်အကျကြားမှာဆရာကောင်းတချို့နဲ့တွေ့ပြီးပညာရဲ့အရေးပါပုံကိုနားလည်လာပြီးကိုယ့်ရဲ့ အစွမ်းအစဘယ်လောက်ရှိလဲသိချင်တဲ့ လူတစ်ယောက်ပါ။ ဘဝကို အပြောင်းအလဲလုပ်ပေးခဲ့တဲ့ဆရာတိုင်းကို ကျေးဇူးတင်တယ်။ ကိုးတန်းမှာ ဆရာဂျွန်ဆိုတဲ့ မြန်မာလူမျိုးအင်ဒီယန်ဆရာကြောင့် အင်္ဂလိပ်စာ ဖတ်တတ်ရေးတတ်လာတယ်။ ဆရာကျော်ဇော်လင်း Apex Business School ကြောင့်စီးပွားရေးပညာကို ကောင်းကောင်းလေ့လာခဲ့ရတယ်။ သူတို့ကြောင့်ဘဝ တစ်ဆစ်ချိုးပြောင်းလာတဲ့အတွက်ကိုယ်သိထားတာကိုလဲ မခြွင်းမချန် ပြန်လည်မျှဝေပေးဖို့ကသမိုင်းပေးတာဝန်ဖြစ်လာခဲ့တယ်။ လူသားတွေရဲ့ ဘဝကို ပညာရေးနဲ့ နည်းပညာအသုံးပြုပြီးအပြောင်းအလဲ လုပ်ပေးနိုင်ရမယ်။ Phyo Paing @ Derek

အပြောင်းအလဲ လုပ်ပေးနိုင်ရမယ် Read More »

ဘဝရဲ့ ဥပဒေသတစ်ခု

ပျော်စေတဲ့အရာတွေထဲမှာ မတူညီတဲ့ အမြင်နဲ့လောကကို မြင်ကြည့်နိုင်ဖို့နဲ့ မတူညီတဲ့ ပုံစံနဲ့ အလုပ်တွေ လုပ်ကြည့်နိုင်ဖို့ပဲ။ ဒါကြောင့် ဘဝရဲ့ ဥပဒေသတစ်ခုထဲမှာ Always find new ways of seeing and doing thingsလို့ရေးထားလိုက်တယ်။ Phyo Paing @ Derek

ဘဝရဲ့ ဥပဒေသတစ်ခု Read More »

နောက်တစ်ဆင့်မချဲ့နိုင်

လူတွေရဲ့အလုပ်ပြီးတဲ့အဆင့်က မတူဘူး။ တချို့က ထလုပ်ဖို့ပျင်းအချိန်ဆွဲတဲ့အဆင့်။ တချို့က ထလုပ်တယ်အလုပ်မဖြစ်ဘူး။ တချို့က အလုပ်ဖြစ်တယ်။သက်ရောက်မှုမကြီးဘူး။ တချို့က သက်ရောက်မှုကြီးတယ်။ဒါကို နောက်တစ်ဆင့်မချဲ့နိုင်တယ်။ Phyo Paing @ Derek

နောက်တစ်ဆင့်မချဲ့နိုင် Read More »

ရည်မှန်းချက်မရှိရင်

ဘဝက အဓိပ္ပာယ်မရှိသလို ခံစားရတဲ့သူတွေရှိတယ်။ ဒါက execution လို့ခေါ်တဲ့အကောင်အထည်ဖော်တဲ့အပိုင်းကိုစွဲလမ်းတဲ့သူတွေမှာ အထူးသဖြင့်ဖြစ်တယ်။ လိုချင်တာရဖို့ ၁။ မဟာဗျူဟာ Strategy ၂။ လွှမ်းမိုးမှု Influence၃။ ပေါင်းသင်းဆက်ဆံရေး Relationship ၄။ အကောင်အထည်ဖော်သေသပ်မှု Execution ဒီလေးခုကို ကောင်းကောင်းမွန်မွန်ရောစပ်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek

ရည်မှန်းချက်မရှိရင် Read More »

ဘဝက တိုတိုလေး၊
ပျော်တာလုပ်၊
ပိုက်ဆံရတာလုပ်၊
တိုးတက်တာလုပ်၊
ဂုဏ်ယူရတာလုပ်။

ကိုယ့်အခြေပြု စီးပွားရေးမော်ဒယ်။ ကိုယ့်ကိုယ်ကို ဖောက်သည်တစ်ယောက်လို စဥ်းစားပြီးကိုယ့်အတွက် လိုအပ်တဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေရှာဖွေဖန်တီးရင်းလုပ်ငန်းဖန်တီးလို့ရပါတယ်။ ဆေးကျောင်းပြီး career change ဖို့လုပ်ရင်းABE UK Graduate Diploma တက်ဖြစ်ပြီးစာသင်တာကို ဒီထက်ပိုကောင်းအောင်လုပ်လို့ရတယ်ဆိုတာ နားလည်လာပြီးYEC Learning Center လုပ်ဖြစ်တယ်။ ဒီက New Next University ဖြစ်လာတယ်။ ၂၀၀၈ နှစ်ကုန်လောက်မှာ iPhone 2G သူငယ်ချင်း ယူအက်ကပြန်လာတော့မိုက်တာနဲ့ ဝယ်လိုက်တယ်။ App အတွက် ကလိရင်းနဲ့ ကျွမ်းသွားတယ်။ အဲ့အချိန် ဖုန်းဆော့ဝဲတွေပြန်လုပ်ပေးရင်းနဲ့ဖုန်းဆိုင်ဖွင့်ဖြစ်သွားတယ်။ ဆိုင်ဖွင့်တော့ တိုင်ပတ်။ တိုင်ပတ်တာကို အဖြေရှာရင်းစီးပွားရေး စီမံခန့်ခွဲမှုလေ့လာဖြစ်တယ်။နောက်မားကတ်တင်း လေ့လာဖြစ်တယ်။နောက်ပိုင်း သင်တန်းဆရာဖြစ်လာတယ်။နောက် အကြံပေးဖြစ်ရင်းနဲ့ Covid-19 နောက်ပိုင်း Virtual Consultant ဖြစ်လာတယ်။ ကိုယ့်သင်တန်းတွေအတွက် website လုပ်learning management

ဘဝက တိုတိုလေး၊
ပျော်တာလုပ်၊
ပိုက်ဆံရတာလုပ်၊
တိုးတက်တာလုပ်၊
ဂုဏ်ယူရတာလုပ်။
Read More »

စိတ်ခံစားမှု

ရုပ်ဝတ္ထုတွေကပေးတဲ့ပျော်ရွင်မှုကခဏပဲ။ ပျော်ရွင်ငြိမ်းချမ်းချင်ရင် အပြင်ထက် အတွင်းကိုပြင်ဖို့လိုတယ်။ လောကကိုမြင်တဲ့ အမြင်နဲ့ ဇီဝကမ္မဖြစ်စဥ်ကို သေချာလွမ်းမိုးနိုင်ရင်စိတ်ခံစားမှုကို လွမ်းမိုးလို့ရတယ်။ စိတ်ခံစားမှုက အတွေးကိုပြန်လွမ်းမိုးတယ်။အတွေးက အကြံ၊ အကြံက အလုပ်။ အတွေး၊ အကြံ၊ အလုပ်ကို လွမ်းမိုးတယ်လို့စဥ်းစားကြည့်မိတယ်။ Phyo Paing @ Derek

စိတ်ခံစားမှု Read More »

တဏှာက ဝေဒနာဘဲ

ဘဝရှိရင် ခန္ဓာရှိတယ်။ ခန္ဓာရှိရင် တဏှာရှိတယ်။ တဏှာက ဝေဒနာပဲ။ ဝေဒနာကို‌ အဖြေရှာဖို့ဘဝရဲ့ပေးထားတဲ့ ဒေတာတွေကိုနားလည်ဖို့ ပညာရှာကြတယ်။ Phyo Paing @ Derek

တဏှာက ဝေဒနာဘဲ Read More »

ဘဝဆိုတာ ပြဿနာတွေ ဖြေရှင်းတဲ့ နေရာတစ်ခုပဲ။

လိုချင်တာမရရင် ပြဿနာ၊လိုအပ်တာ မရရင် ပြဿနာ၊ပြဿနာကို ခံစားချက်ထည့်ရင် ဒုက္ခ။ပြဿနာကို ရင်ခုန်ခုန်နဲ့ဖြေရှင်းနိုင်ရင်စွဲလမ်းမှု။ အဆင့်ပိုတက်လာလေလေပြဿနာကြီးကြီးပိုကြုံလေ။ဒါတွေကို မတွေးပဲအေးရာအေးကြောင်း ပစ္စုပ္ပန်မှာနေတာကိုဝူးဝေ (无为) တဲ့။ Phyo Paing @ Derek

ဘဝဆိုတာ ပြဿနာတွေ ဖြေရှင်းတဲ့ နေရာတစ်ခုပဲ။ Read More »