Life

ဘဝဆိုတာ အရေးပေါ်မဟုတ်ဘူး။

သေချာခေါင်းအေးအေးထားမဟာဗျူဟာချပြီးစိတ်ရှည်ရှည်နဲ့ ဆုံးဖြတ်ချက်ချလို့ရတယ်။ဘာအလုပ်လုပ်မယ်။ဘယ်မှာနေမယ် အေးဆေးဆုံးဖြတ်လို့ရတယ်။အရေးပေါ် အရေးပေါ်ဆိုပြီးလုပ်လိုက်ကာမှ အလျော်ပေးပေးနေရတာ များနေတတ်တယ်။ဘဝဆိုတာ အရေးပေါ်မဟုတ်ဘူး။စိတ်ရှည်ရှည်ထားဖို့လိုတယ်။ Phyo Paing @ Derek

ဘဝဆိုတာ အရေးပေါ်မဟုတ်ဘူး။ Read More »

ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။

သံသရာက မတူညီတဲ့ကံကြမ္မာတွေနဲ့ လူတွေကို အကဲစမ်းလိမ့်မယ်။ဒါကြောင့် ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။ ကိုယ်ကို သံသရာက ပြဿနာ ပုစ္ဆာတွေ တစ်ခုပြီးတစ်ခုပေးပြီး စမ်းတယ်။ ဒီလိုစမ်းလို့ရအောင်လဲ အဝိဇ္ဇာနဲ့ တဏှာ ကို မွေးကတည်းကဘဝ Operating System မှာ တခါတည်း ကြိုတင်တပ်ဆင် preinstalledလုပ်ပေးထားတယ်။ ဒီ preinstalled လုပ်ထားတဲ့ အဝိဇ္ဇာနဲ့ တဏှာကို ဖယ်နိုင်ရင် သံသရာက ရန်ရှာတာတွေ၊အဖန်တရာပြဿနာနဲ့စမ်းသပ်တာတွေကုန်သွားနိုင်တယ်။ ကိုယ်တိုင်က preinstalled လုပ်ထားတဲ့အဝိဇ္ဇာနဲ့ တဏှာကို မဖယ်နိုင်သေးရင်သတိလေးကပ် note လေးမှတ်ပြီးတရားလဲထိုင်၊ bar လဲထိုင်ပေမယ့်ငါတို့ကို သံသရာက စမ်းနေတာဆိုတဲ့အသိနဲ့ဘဝ သင်ခန်းစာတွေ ယူရမှာပဲ။ Phyo Paing @ Derek

ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။ Read More »

ကိုယ့်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့အလုပ်

Laptop Lifestyleကွန်ပြူတာ တစ်လုံး၊အိတ်တစ်လုံးနဲ့တစ်ကိုယ်တော်လေလွင့်လို့ရတဲ့ဘဝနေထိုင်မှု ပုံစံ။ လူတွေက ပိုက်ဆံတွေပဲ ကုန်းရှာပြီးသေတော့လဲ အိမ်ထောင်ဇာတ်ကားထဲကလိုအငယ်လေးအတွက်ဖြစ်သွားတာပဲမဟုတ်လား။ ဒါကြောင့် ဘဝမှာနေ့တိုင်းပျော်ရွင်လွတ်လပ်နေဖို့ကိုယ့်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့အလုပ်ကိုအသက်မွေးဝမ်းကြောင်းအလုပ်အဖြစ်ပြောင်းဖို့လိုတယ်။ဒီလို vocation (အသက်မွေးဝမ်းကြောင်းအလုပ်)ကvacation (အနားယူသလိုခံစားရရင်)ဘဝမှာနေရတာ တန်သွားပြီ။ မဟုတ်လဲ ကိုယ်ဘယ်နေ့သေမလဲမှမသိတာ။ Phyo Paing @ Derek

ကိုယ့်ရဲ့ အချစ်တွေနဲ့ပြည့်နေတဲ့အလုပ် Read More »

ဘဝရဲ့ ပေးထားချက်ပြဿနာတွေကို

မသိချင်ယောင်ဆောင်၊ ရှောင်ပြေးဖို့ထက်ပြေးတွေ့၊ ဖြေရှင်း၊ အနိုင်ယူရင်ဘဝအကျဥ်းစားဘဝကလွတ်မြောက်သွားမှာပဲ။ Phyo Paing @ Derek

ဘဝရဲ့ ပေးထားချက်ပြဿနာတွေကို Read More »

ဘဝကို ဘာကြောင့် အထာကျကျ
ဖြတ်သန်းဖို့ အချက် ၁၅ ချက်

၁။ ဘူကောင်တွေကိုရှောင်။၂။ လိုချင်တာတွေကိုပဲ အာရုံစိုက်။၃။ ကိုယ့်ကို စိတ်ဒုက္ခပေးနိုင်မည့်သူတွေရဲ့ အဝေးမှာနေ။၄။ ဖြစ်ချင်တာဖြစ်ဖို့ မလုပ်ချင်တဲ့အလုပ်ကို စိတ်ပါပါမပါပါ လုပ်။၅။ နေ့စဥ် ကိုယ့်ကိုကိုယ် ပိုကောင်းအောင်ပဲတည်ဆောက်။၆။ စိတ်ရှည်။၇။ စိတ်မှတ်ရှိ။၈။ ကိုယ့်အတွက် အရေးမပါတဲ့လူတွေရဲ့အထင်အမြင်ကို အရာမပေးနဲ့။၉။ အတွေးအခေါ်တွေကို ဂရုစိုက်။၁၀။ အကြွေး personal debt မယူနဲ့။၁၁။ ပိုက်ဆံကို လျှောက်မသုံးနဲ့။ အကုန်လုံးမရင်းနှီးလိုက်နဲ့။ ငွေဆိုတာ စွမ်းအင်ဆိုတာ သတိပြု။ သူ့ကိုချစ်မှ သူပြန်ချစ်မှာ။ ၁၂။ နေ့စဥ် ကိုယ်သွားနေတဲ့ ပန်းတိုင်နဲ့ ပိုနီးအောင်လုပ်။ ငွေတစ်ခုတည်းအတွက် အလုပ်မလုပ်နဲ့။ ငွေထက်ပိုအရေးကြီးတာ အချိန်။ ၁၃။ အချိန်မဆွဲနဲ့။၁၄။ စိတ်ညစ်စရာရှိရင် ဖြေရှင်း။ Feel ခံမနေနဲ့။ ၁၅။ အခြေအနေကို ပြောင်းလို့မရရင် အတွေးအခေါ်ကိုပြောင်း။ Phyo Paing @

ဘဝကို ဘာကြောင့် အထာကျကျ
ဖြတ်သန်းဖို့ အချက် ၁၅ ချက်
Read More »

ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။

လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကပေါ့။ မှတ်မှတ်ရရ HIV လူနာကို ဆေးသွင်းပေးနေရင်းအိုင်ဒီယာ တစ်ခုရလာတယ်။ဆေးရုံမှာ အလုပ်သင်ဆရာဝန်လုပ်တဲ့အချိန်တုန်းကပေါ့။အိုင်ဒီယာကတော့ တရုတ်က ဒီ စာဖတ်တဲ့ Linux tablet တွေများများမှာပြီးရောင်းဖို့လုပ်တယ်။ 2011 ဆိုတော့ ဖေ့ဘုတ်သုံးတဲ့လူက အရမ်းမများသေးဘူး။ ဆေးကျောင်းတစ်လျှောက် ဂိုက်သင်လိုက်၊တရုတ်က ဘွန်စိုင်းအပင်တွေ သူငယ်ချင်းနဲ့ပေါင်းတင်သွင်းလိုက်။ရတဲ့ငွေ စုကြေးစုလိုက်။အတိုးချေးလိုက် အလိမ်ခံလိုက်ရကနေစုထားတဲ့ ငွေနဲ့ Mebook ဆိုပြီး ကစ်ပလိုက်တယ်။ ပစ္စည်းတွေ မရောင်းရ၊consignment တွေတင်၊ ငွေခေါင်းတွေကွဲ၊ အပြတ်ပြတ်နဲ့ နာခေါင်းသွေးထွက်ခဲ့တယ်။ တော်တော်လေး တင်းသွားတယ်။ လူတွေ လိုအပ်နေပြီးမလိုအပ်ဘူးထင်တဲ့ကုန်ပစ္စည်းကို လူတွေလိုအပ်တယ်၊ဝယ်အောင် ဘယ်လိုလုပ်မလဲ အဖြေရှာတယ်။ UK နောက်ဆုံးနှစ်နဲ့ညီတဲ့ စီးပွားရေး diploma ကို ခတ်တည်တည်နဲ့ဝင်တက်ပြီး လေးလလောက် အိမ်တွင်းအောင်း ရှယ်ဝုန်းလိုက်တယ်။Part-time စာပြန်သင်တယ်။နိုင်ငံတကာဆေးကုမ္ပဏီမှာလုပ်တယ်။နောက် MBA တက်တယ်။ အဖြေက

ဘဝဆိုတာ စမ်းသပ်မှုတစ်ခုပဲ။ Read More »

ဘဝဂိမ်းကစားပွဲကို
ဘယ်နေရာကဆော့နေလဲ။

ဘဝပေးထားချက်တွေထဲမှာ အကန့်အသတ်နဲ့လုပ်ဆောင်နေရတာ User mode ဒီအကန့်အသတ်တွေကြားထဲမှာလိမ်မာပါးနပ်ဆရာကျလာတာ Super user mode ဆရာကျပြီး စီမံနိုင်လာတာ Admin mode ကိုယ့်ဘဝ ကိုယ်လိုသလို စိတ်ကြိုက်ပုံဖော် ဒီဇိုင်းလုပ်လို့ရလာတာ God mode ဘဝဂိမ်းကစားပွဲကို ဘယ်နေရာကဆော့နေလဲ။ ကိုယ်က play နေတာလား၊အ play ခံနေရသလား။ Phyo Paing @ Derek

ဘဝဂိမ်းကစားပွဲကို
ဘယ်နေရာကဆော့နေလဲ။
Read More »