ဘဝက ပို အေးချမ်းလာတယ်။
ကိုယ်ဖက်က လုပ်စရာရှိတာအကောင်းဆုံးလုပ်ပေးလိုက်။ ကျန်တာ ဘယ်လိုပုံစံကိုယ့်ကို ပြန်ဆက်ဆံရမယ်သိပ်မမျှော်မှန်းနဲ့။ အဲ့ဒါက လိပ်ပြာသန့်တယ်။ ဘဝမှာ အဲ့ဒီဥပဒေသထည့်ပြီးကတည်းကဘဝက ပို အေးချမ်းလာတယ်။ Phyo Paing @ Derek
ကိုယ်ဖက်က လုပ်စရာရှိတာအကောင်းဆုံးလုပ်ပေးလိုက်။ ကျန်တာ ဘယ်လိုပုံစံကိုယ့်ကို ပြန်ဆက်ဆံရမယ်သိပ်မမျှော်မှန်းနဲ့။ အဲ့ဒါက လိပ်ပြာသန့်တယ်။ ဘဝမှာ အဲ့ဒီဥပဒေသထည့်ပြီးကတည်းကဘဝက ပို အေးချမ်းလာတယ်။ Phyo Paing @ Derek
အကြောက်တရား နည်းသွားတာ။ ကိုယ့်ရဲ့ တစ်ကိုယ်ရည်ဘဝ၊ အလုပ်အကိုင်နဲ့ စီးပွားရေးမှာ အဆင်မပြေတာတွေကို ထိုင်စိတ်ညစ်နေမည့်အစားနောက်တစ်ကြိမ် အသစ်စဖို့စဥ်းစား လုပ်ဆောင်မိတာအကောင်းဆုံးအချက်တစ်ချက်ပဲ။ Personal Life မှာဆိုအချစ်ရေး၊ အိမ်ထောင်ရေး၊ ဘဝနေထိုင်မှုပုံစံ။ Professional Life မှာဆို ယူတဲ့ဘွဲ့၊ တတ်ခဲ့တဲ့ အတတ်ပညာ၊ အသက်မွေးဝမ်းကြောင်းပြုတဲ့အရာတွေ။ Business Life မှာဆို စတင်ခဲ့တဲ့အလုပ်၊ အသုံးချချင်တဲ့ စီးပွားရေးမော်ဒယ်ပုံစံ၊ဝန်ဆောင်မှုပေးချင်တဲ့ ဖောက်သည်ပုံစံ၊လုပ်ငန်းတည်ဆောက်မှုပုံစံ။ အသစ်တဖန် အစက ပြန်စဖို့ကြောက်နေလို့မရနိင်ဘူး။ ဘဝဆိုတာ iterative process တစ်ခုပဲ။ အဆင်မပြေရင် ထပ်ခါထပ်ခါပြန်လည်မွမ်းမံ ပြုပြင်ရတာပဲ။ လိုအပ်ရင် လမ်းကြောင်းပြောင်း၊ဘဝကို နောက်တဖန် ပြန်ဖန်တီးReinvention လုပ်ဖို့လိုတတ်တယ်။ ကိုယ့်ရဲ့ အကောင်းဆုံး ဗားရှင်းမတည်ဆောက်နိုင်ရင်တခြားသူတွေကိုလဲ အကောင်းဆုံးဗားရှင်းတည်ဆောက်ရေးမှာကူညီပေးနိုင်ဖို့မလွယ်ဘူး။ Phyo Paing @ Derek
ဘဝကို နောက်တစ်ကြိမ်
စရမှာ မကြောက်တာ
ကောင်းတဲ့အချက်ရှိတယ်။ Read More »
ငွေ အရင်းအနှီး။ဥာဏ်ပညာအရင်းအနှီး။ကိုယ်ကာယကျန်းမာမှု အရင်းအနှီး။အသိမိတ်ဆွေ အရင်းအနှီး။ဂုဏ်သိက္ခာ အရင်းအနှီး။နည်းပညာ အရင်းအနှီး။ နေ့စဥ် အရင်းအနှီးတွေတည်ဆောက်တိုးပွားနေဖို့ အသက်ရှင်နေတယ်။ Phyo Paing @ Derek
ကိုယ်မကြိုက်တဲ့အလုပ်ကိုလုပ်ငွေရှာပြီး ကိုယ်မကြိုက်တဲ့သူတွေကိုအထင်ကြီးအောင်လုပ်ပြီးရလာတဲ့ငွေနဲ့ ကိုယ်ကြိုက်တဲ့အလုပ်တွေပြန်လုပ်တဲ့ looping ကြီးအစား ကိုယ်ကြိုက်တဲ့အလုပ်ကိုကျွမ်းကျင်အောင်လုပ်ပြီးကိုယ်မျှဝေပေးချင်တဲ့သူတွေကိုမျှဝေပေးပြီး လုပ်နေလဲပျော်ငွေဝင်လဲပျော်တိုးတက်လဲပျော် ပိုမကောင်းဘူးလား။ ဘဝဖြတ်သန်းမှုမှာ ကိုယ့်အတွေးအခေါ်နဲ့ကိုယ်ပဲ။ Phyo Paing @ Derek
ဒီနေ့လုပ်နေတဲ့အရာတွေကဒီဘဝမှာ အရာမထင်ခဲ့ရင်တောင်သံသရာ ကားပိုင်းရှည်ထဲကနောက်အဖြတ်တွေမှာ အကျိုးပေးနိုင်တယ်။ ဒါကြောင့် ဗုဒ္ဓက မှန်ကန်တဲ့အမြင်အရေးကြီးတယ်လို့ ဟောကြားခဲ့တယ်လို့ဖတ်မှတ်မိတယ်။ မြန်မာစကားမှာ “ငါကံမကောင်းဘူး” ဆိုတာ“ငါ့ ကံရဲ့အကျိုးကောင်း မလာသေးဘူး” လို့ဆိုလို့ရနိုင်တယ်။ ကံ ကံ၏ အကျိုးဆိုတာ ဗုဒ္ဓအဆုံးအမအရသက်ဝင်ယုံကြည်ထားတယ်။ လောကီရေးရာအတွက် ကံသုံးပါးဖြစ်တဲ့မနောကံ ကို အသုံးပြုပြီးအနာဂတ်ကိုစိတ်ကူးပုံဖော်တဲ့Creative visualization ကျင့်သုံးတယ်။ ဝဇီကံကို အသုံးပြုပြီးကိုယ်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့အနာဂတ်အမြင်ကို ခဏခဏပြောတယ်။Public announcement လုပ်တယ်။ ကာယကံကို အသုံးပြုပြီးကိုယ်ဖြစ်ချင်တာတွေဖြစ်လာဖို့နေ့စဉ်ဖြစ်မြောက်အောင် လုပ်ဆောင်တယ်။အကောင်အထည်ကို မြန်မြန်ဖော်တယ်။အလုပ်မဖြစ်တာတွေကို ထားခဲ့တယ်။အလုပ်ဖြစ်တာတွေကို ဆက်လုပ်တယ်။ကံအကျိုးမြန်မြန်ပေးအောင်အကောင်အထည်ဖော်တဲ့ မြန်နှုန်းSpeed of implementation ကိုတင်တယ်။ Phyo Paing @ Derek
ကိုယ်ရဲ့ အခြေစိုက်စခန်း base ကိုသေချာရွေးချယ်ရမှာပဲ။ နောက် ကိုယ့်ရဲ့အားသာချက်တွေကိုအခြေပြု မဟာဗျူဟာရေးဆွဲရမှာပဲ။ Game plan ရှိရမှာပဲ။ပြတ်သားတဲ့ အနာဂတ်အမြင်ရှိရမှာပဲ။ နောက် စိတ်ရှည်ရမှာပဲ။နေ့စဥ် လေ့ကျင့်နေရမှာပဲ။နေ့စဥ် လေ့လာရမှာပဲ။ နေ့စဥ်ကိုယ့်ကိုအောင်မြင်မှုတွေဆွတ်ခူးပေးမည့် team ကိုတည်ဆောက်ရမှာပဲ။ စိတ်ဓာတ်ရေးရာကြံ့ခိုင်ရမှာပဲ။ Phyo Paing @ Derek
ကိုယ်မစဉ်းစားပဲ မနေနိုင်တဲ့အရာတွေကိုအသက်မွေးဝမ်းကြောင်းအနေနဲ့ဥာဏ်ရှိသလို ပြောင်း။ Phyo Paing @ Derek
ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုပြောနေတဲ့ ပုံပြင်ကောင်းတွေရှိတယ်။ ဒီပုံပြင်တွေနဲ့ အနာဂတ်အတွက်အသက်ရှင်ကြတယ်။ကြိုးစားမှုတွေ လုပ်ကြတယ်။ ကိုယ့်ပုံပြင်လာပြောင်းတာကိုအပြောင်းအလဲမခံပါနဲ့။ Phyo Paing @ Derek
ဘဝဆိုတာ ခဏပါ။ ခန္ဓာကိုယ်ဆိုတာလဲ ခဏအငှါးရထားတာပါ။မထိန်းသိမ်းရင် ယိုယွင်းပျက်စီးတာမြန်မယ်။ ဘဝခဏမှာ ကိုယ်ဖန်တီးချင်တာတွေဖန်တီး၊လုပ်ချင်တာတွေ ဖြစ်အောင်လုပ်ခဲ့ဖို့လိုတယ်။ Phyo Paing @ Derek
ဘဝကို ကိုယ်မပိုင်ခင် ဖြစ်ချင်တာဖြစ်ဖို့ မလုပ်ချင်တာကိုလဲ လုပ်။ ဘဝကိုကိုယ်ပိုင်လာတဲ့အခါလုပ်ချင်တာလုပ်။ ဖြစ်ချင်တာဖြစ်လိမ့်မယ်။ လုပ်ချင်တာကြီးပဲ လုပ်လာတာတော်တော်ကြီး ကြာပြီ။ Phyo Paing @ Derek