Life

“ဘဝမှာ ဖြစ်ချင်ပြီး
မဖြစ်သေးတဲ့ အရာရှိသလား?”

ဒီမေးခွန်းမေးကြည့်။ လူအများစုက ပြုံးပြီးတချို့က သက်ပျင်းချပြီးသူ့အိမ်မက်တွေ အကြောင်းပြောလိမ့်မယ်။ မြန်မာပြည်ရဲ့ ပျမ်းမျှ သက်တမ်းက67.36 နှစ်ရှိတယ်။ 24586 ရက်။ တကယ်လို့ ကိုယ်ကအသက်သုံးဆယ်ဆို 10950 ရက်သုံးပြီးသွားပြီ။ ဘဝဆိုတာ တကယ့်ကို တိုတိုလေး။ ကိုယ့်အတွက် မလိုတဲ့အရာတွေကို ဖက်တွယ်ထားနေတာဟာ ကိုယ့်ကို next level ရောက်ဖို့ ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဘဝမှာ မရောက်ဖူးတဲ့နေရာတွေရှိရင်ရှိမယ်။ အကောင်အထည်ဖော်ချင်တဲ့အလုပ်တွေရှိရင်ရှိမယ်။ ငယ်ငယ်တုန်းက ကိုယ့်ကိုကိုယ်ကတိပေးခဲ့တဲ့ လုပ်မယ်ဆိုတဲ့အိမ်မက် dream list တွေရှိမယ်။ ဒါတွေ ဖြစ်လာဖို့က ဆုတောင်းနေရုံနဲ့ မရဘူး။ စဥ်းစားကြည့်ကြည့် ကိုယ်သွားချင်တဲ့နေရာတွေ မသွားဖူးပဲTV ထဲမှာပဲ မြင်ဖူးပြီးသေသွားမှာလား။ ကိုယ့်ဘဝမှာ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတွေကို ချရေးထားတဲ့ dream list လိုတယ်။ ဒါက ကိုယ့်ဘဝသွားရမည့် လမ်းပဲ။ Phyo […]

“ဘဝမှာ ဖြစ်ချင်ပြီး
မဖြစ်သေးတဲ့ အရာရှိသလား?”
Read More »

ဘဝမှာ ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်တိုင်ပတ်ဘူပိတ်တဲ့
အချိန်တွေရှိတတ်တယ်။

တခါတလေကျရင်လဲ ဘားမှသိပ်မလုပ်ပဲထိုင်နေရင်းနဲ့ကို ကံက ကောင်းနေတာမျိုးအဲ့လို အခိုက်အတန့်တွေ လူတိုင်းကြုံဖူးလိမ့်မယ်။ ကိုယ်က ဖုန်းခေါ်ပြီးဆို ခေါ်လိုက်တဲ့သူတိုင်းက ဖုန်းမကိုင်တာမျိုးကြုံဖူးလိမ့်မယ်။တခါတလေလဲ ကိုယ့်ကို တစ်ယောက်ပြီးတစ်ယောက် ဖုန်းခေါ်နေတာမျိုး။ တခါတလေ ငွေဝင်ပြီဆို မထင်ထားတဲ့နေရာတွေက ဝင်တာမျိုး၊တခါတလေကျရင်လဲ ထွက်ပြီဟေ့ဆိုမထင်ထားတဲ့အပေါက်က ထွက်တာမျိုး။ အရေးကြီးတာကတော့ ကံကောင်းတဲ့အချိန်ပဲထိုင်စောင့်နေလို့မရဘူး။ ကံဆိုးတဲ့အချိန်မှာ ဒူပေဒါပေခံဖို့လိုတယ်။ ငယ်ငယ်ကဆို numerology နဲ့ အခါတော်ပေးအချိန်တွေလုပ်ပြီးသတ်မှတ်တဲ့အချိန်မှာ သတ်မှတ်တဲ့အရောင်ဝတ်တာပြီး ကံကောင်းအောင်လုပ်တာတို့။လောင်းကစားလုပ်တာ၊ Russian roulette ဆော့တာမျိုးစုံစမ်းသပ်ခဲ့ဖူးတယ်။မင်းသိင်္ခခြံလဲ မော်ဘီထိ bus ကားစီးသွားခဲ့ဖူးတယ်။ ဘုရားရဲ့တောင်ပိုင်းသွားပြီးဘယ်ပန်းကပ်၊ ဘာဖယောင်းတိုင်ထွန်းတာလုပ်ခဲ့ဖူးတယ်။တစ်လအတွင်း ထောင်ကျမယ်ဆိုပြီးယတြာချေ ခိုင်းတယ်။ပြောတဲ့ ၃၄ လမ်းက ပုဏ္ဏားကို မကျခဲ့ရင်ခင်ဗျာ ဘာပြန်လျော်မလဲဆိုမှသူအတွက်မှားတာတွေ ဘာတွေဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်း အဲ့ဒါတွေ မလုပ်တော့ဘူး။တချို့အရာတွေက probability ကြောင့်လားလူတွေရဲ့ superstitious ဖြစ်တဲ့ Daniel Kahneman ပြောတဲ့

ဘဝမှာ ဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်တိုင်ပတ်ဘူပိတ်တဲ့
အချိန်တွေရှိတတ်တယ်။
Read More »

ကိုယ်ဖြစ်ချင်တယ်လို့ ထင်တာနဲ့
တကယ်ဖြစ်ချင်တာနဲ့ကြား
ကွာဟမှုတွေ ရှိနိုင်တယ်။

တောင်ပေါ်မြို့လေးမှာ ဘဝကိုအေးဆေးဖြတ်သန်းဖို့ စဉ်းစားဖူးတယ်။တကယ်သွားနေတော့တစ်ပတ်တောင် မနေနိုင်တာတွေ့ရတယ်။ဘဝမှာ ကိုယ်ဖြစ်ချင်တယ်လို့ ထင်တာနဲ့တကယ်ဖြစ်ချင်တာနဲ့ကြားကွာဟမှုတွေ ရှိနိုင်တယ်။ အကောင်းဆုံးနည်းလမ်းကtrial period တစ်ခုပေးပြီး စမ်းတာပဲ။တစ်ဘဝစာအတွက် ဆုံးဖြတ်ချက်ကိုခဏတာပဲရှိတဲ့ data ပေါ်မှာမူတည်ပြီးချလိုက်ရင်ရေရှည်မှာ ဝေဒနာပေါ်မယ်။ Phyo Paing @ Derek

ကိုယ်ဖြစ်ချင်တယ်လို့ ထင်တာနဲ့
တကယ်ဖြစ်ချင်တာနဲ့ကြား
ကွာဟမှုတွေ ရှိနိုင်တယ်။
Read More »

တဒင်္ဂစိတ်ခံစားမှုတွေက
လူတွေကို လမ်းပျောက်စေနိုင်တယ်

တခါတလေ ကိုယ့်ဘဝမှာဘာလုပ်လို့လုပ်ရမှန်းမသိတဲ့အချိန်တွေ ရှိတတ်တယ်။ ဘယ်လမ်းကို ရွေးချယ်ရမယ်ရေရေရာရာ မဖြစ်တဲ့အချိန်။ အဲ့အချိိန်မျိုးမှာ ကိုယ့်ဘဝမှာမသေခင်လုပ်ချင်တဲ့ အရေးကြီးတဲ့ dream list တွေချရေးကြည့်ကြည့်။ ဘယ်နှစ်ခုပြီးပြီလဲ၊ဘယ်နှစ်ခုကျန်နေသေးလဲ။ လမ်းကြောင်းကို အဲ့ပေါ်မူတည်ပြီးစဥ်းစားကြည့်ကြည့်။ တဒင်္ဂစိတ်ခံစားမှုတွေက လူတွေကို လမ်းပျောက်စေနိုင်တယ်။ Phyo Paing @ Derek

တဒင်္ဂစိတ်ခံစားမှုတွေက
လူတွေကို လမ်းပျောက်စေနိုင်တယ်
Read More »

ကိုယ့်ကိုကိုယ် နောက်တရမည့်
အလုပ်တွေ ဘယ်တော့မလုပ်နဲ့

2013 စာစသင်တော့ အမေက ဘယ်လောက်ရသလဲတဲ့။အခမဲ့သင်ပေးတာ။ ဒါဆို နင်က အလကားဆရာလားတဲ့။ LOLမဟုတ်ဘူး။ အတွေ့အကြုံမရှိသေးလို့လို့။ 2021 Sep လောက်က www.ToeTet.com/insidernoteInsider Note စတော့Studio ဖို့၊ Camera နဲ့ စနစ်ဖိုးOriginal file တွေသိမ်းဖို့ Network-attached storage (NAS) ဖိုးVideo file တွေ အင်တာနက်မှာ သိမ်းဖို့Hosting ဖိုးနဲ့ ဆရာရှုံးမယ်နော်တဲ့။ စဥ်းစားမနေနဲ့ လုပ်ချင်တာရှိရင်လုပ်သာလုပ်လိုက်လို့။ အဲ့လို လုပ်ချင်တာတွေ လုပ်လုပ်ခဲ့တာဘဝကို ပြန်ကြည့်ရင် နောင်တရစရာတော့ မရှိပါဘူး။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နောက်တရမည့်
အလုပ်တွေ ဘယ်တော့မလုပ်နဲ့
Read More »

High-value man

လူတွေ အသက်ကြီးရင်ဘာအရာကို နောင်တရမယ်လို့ထင်သလဲ အားတီတို့။ အသက် ၆၀၊ ၇၀၊ ၈၀ ရောက်တဲ့အခါ သန်တုန်းမြန်တုန်းက ကိုယ့်အစွမ်းအစကို အလဟသဖြုန်းတီးခဲ့တာကိုတွေးပြီး နောင်တပြန်ရကြတယ်။ ကိုယ်အကောင်အထည်ဖော်ချင်တဲ့idea ရှိရင် အုံ့ပုံးထားမနေနဲ့။ လုပ်သာလုပ်ချလိုက်။ အချိန်တွေ ဖြုန်းနေရင်high-value man ဖြစ်ဖို့မလွယ်ဘူး။ Phyo Paing @ Derek

High-value man Read More »

လူတွေရဲ့ ဘဝဆိုတာ

သူတို့ရွေးချယ်မှုအားလုံးရဲ့စုစုပေါင်းပဲလို့ပြောကြတယ်။ ရွေးချယ်မှုပြုလုပ်ဖို့ ဆုံးဖြတ်ရတယ်။ဆုံးဖြတ်ဖို့ decision-making model လိုတယ်အားတီတို့။ ဆုံးဖြတ်ချက်ချတော့မယ်ဆို ကိုယ်လက်ကိုင်ထားတဲ့ framework မရှိရင်သောက်တလွဲတွေ ဖြစ်တတ်တယ်။ ၁။ ရှုံးနေခြေသတ်မှတ်ခြင်းDownside risk ဘယ်လောက်ရှိမလဲ။ Upside potential ဘယ်လောက်ရှိမလဲ။ ဘယ်လောက်ရှုံးပြီး ဘယ်လောက်ထိအမြတ်ရနိုင်လဲဆိုတဲ့ model ပေါ့။ တစ်ခုခု ဆုံးဖြတ်ချက်ချရတော့မယ်ဆိုတိုင်းဘယ်လောက် ဆုံးရှုံးမယ်၊ဘယ်လောက်ထိတော့ အောင်မြင်နိုင်တယ်။ကြိုတင် စိတ်ပိုင်းဖြတ်ထားဖို့လိုတယ်။ ၂။ နောက်ပြန်လမ်းရှိသလား။ ဝယ်ယူမှုတစ်ခုဖြစ်လုပ်တဲ့အခါဖြစ်ဖြစ်မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခု ချမိတဲ့အခါပဲဖြစ်ဖြစ် နောက်ပြန်လမ်းရှိလား။ reversible ရှိသလား စဥ်းစားဖို့လိုတယ်။ ဒီအချက်ကို အသုံးပြုပြီး မားကတ်တင်သမားတွေက ရက်သုံးဆယ်မကြိုက်ရင် ပြန်ပေးလို့ရတာတွေ အသုံးပြုကြတယ်။ ၃။ သတင်းအချက် ဆုံးဖြတ်ချက် မချရင် သတင်းအချက်များနိုင်သမျှ များအောင်စုဆောင်းပြီးရွေးချယ်လို့ရနိုင်တဲ့ options တွေများများ ရှိထားဖို့လိုတယ်။ ရွေးချယ်စရာရှိခြင်းသည် မရှိခြင်းထက်ပိုကောင်းတယ်။ ၄။ အချိန်အလိုက် စဥ်းစားဒီဆုံးဖြတ်ချက်ကို

လူတွေရဲ့ ဘဝဆိုတာ Read More »

ကိုယ့်ကိုကိုယ် နေ့စဉ် train နေဖို့လိုတယ်

စိတ်ဓာတ်ရေးရာ၊ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေး၊ကိုယ့်အသက်မွေးဝမ်းကျောင်းအလုပ်။ Train မလုပ်ရင် Drain နေမယ်။ စာဖတ်တာဆိုတဲ့အစားကိုယ့်ကိုကိုယ် train တာ။အားကစားဆော့တာ အစားကိုယ့်ကိုကိုယ် train တာ။ စာသင်နေတယ်ဆိုတဲ့ စိတ်အစားကိုယ့်ရဲ့သင်ကြားမှုစွမ်းရည်ပိုမြင့်အောင် train နေတာ။Content တွေဖန်တီးပြီးလူအထင်ကြီးခံရတာထက်ကိုယ့်ရဲ့ ဆက်သွယ်မှုစွမ်းရည်မြင့်အောင်Train နေတာ။ ကိုယ့်ကိုကိုယ် မ train ရင်လောကကြီးက ပေးတဲ့အလေးတုံးကြီးတွေက ကိုယ့်အတွက် heavy ဖြစ်နေတတ်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နေ့စဉ် train နေဖို့လိုတယ် Read More »

လူတိုင်း၊ နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်း၊
အဖွဲ့အစည်းတိုင်းမှာ self-interest
အနည်းနဲ့ အများရှိကြတာကြီးပဲ။

အစကတည်းက လောကကြီးကိုမမျှတဘူးလို့ လက်ခံထားတယ်။ကျောင်းမှာတောင် သူဌေးသားနဲ့မျက်နှာမွဲကို ဆရာမဆက်ဆံတာမတူတာမျိုး လူတိုင်းကြုံဖူးမှာပဲ။ Life is not fair — get used to it!ဆိုတဲ့ rule အမြဲထားထားတယ်။ဒီအချက်က အရှိကို အရှိအတိုင်းမြင်စေတယ်။ လူတိုင်း၊ နိုင်ငံတိုင်းက resource competition တွေလုပ်နေကြရတာပဲ။ဘယ်သူမှ ကိုယ့်အတွက် အကျိုးမရှိပဲကိုယ့်ကို သူရဲကောင်းလုပ်လာမကူဘူး။ လူတိုင်း၊ နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်း၊အဖွဲ့အစည်းတိုင်းမှာ self-interestအနည်းနဲ့ အများရှိကြတာကြီးပဲ။ ဒီ stakeholder တွေကို သူတို့ဘာလိုချင်တာလဲငါဘာလိုချင်တာလဲ။ကိုယ်လိုချင်တာကို အလွယ်ဆုံး၊အမြန်ဆုံး၊ အထိရောက်ဆုံး၊ဆုံးရှုံးနိုင်ခြေအနည်းဆုံးနဲ့ဘယ်လိုအကောင်အထည်ဖော်မလဲဒီမေးခွန်းအဓိက မေးရမှာပဲ။ လောကမှာ လူတွေက အားနည်းတဲ့တိရစ္ဆာန်တွေကိုစားတယ်။အသားစားသတ္တဝါ၊ အစုံစားသတ္တဝါ၊အရွက်စား သတ္တဝါကြားမှာပါဝါချိန်ခွင်တွေကြား လောကကြီးလည်ပတ်နေတယ်။ ကိုယ့်တာဝန်က ကိုယ့်ကိုကိုယ်ကာကွယ်နိုင်အောင်၊ကိုယ်ချစ်တဲ့သူတွေကို ကာကွယ်နိုင်အောင်ကိုယ့်ကိုကိုယ် ပျိုးထောင်ရမှာလို့ထင်တာပဲ။ကယ်တင်ရှင်ရှာနေလို့ မရဘူး။ Phyo Paing @ Derek

လူတိုင်း၊ နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်း၊
အဖွဲ့အစည်းတိုင်းမှာ self-interest
အနည်းနဲ့ အများရှိကြတာကြီးပဲ။
Read More »

ပြဿနာမရှိရင် တိုးတက်မှုမရှိနိုင်ဘူး။

လူတွေက ပြဿနာမရှိအောင်ဆုတောင်းကြတယ်။ ပြဿနာမရှိရင် တိုးတက်မှုမရှိနိုင်ဘူး။ ကျောင်းတွေမှာ ဒါမေးဒါကျက်ဒါဖြေနဲ့ ကြီးလာပြိး ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့အတွေးအခေါ် ကျွမ်းကျင်မှုထည့်မပေးလိုက်ဘူး။ ဒါကြောင့်လူအများစုဟာ စိတ်ခံစားမှုပေါ်မူတည်ပြီးဆုံးဖြတ်ကြရင် လမ်းကြောင်းတွေလွဲသွားခဲ့ကြရတယ်။ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ဖို့flexibility လိုတယ်။ကိုယ်လိုချင်တာရဖို့ တစ်ဖက်လူဘာလိုချင်တာလဲဆိုတာ သိရမယ်။အဓိက အရင်းအမြစ်ကဘာလဲroot cause analysis လုပ်ရမယ်။ပြဿနာဖြေရှင်းနိုင်တဲ့option တွေကို ဆွဲထုတ်ပြီးလိုချင်တာရအောင် အားထုတ်ရမှာဒါ သဘာဝပဲ မဟုတ်လား။ ပညာသင်တယ်ဆိုတာ စဥ်းစားတတ်အောင်ပြဿနာတွေ ဖြေရှင်းတတ်အောင်သင်ပေးခြင်းတစ်မျိုးပဲ မဟုတ်လား။ Phyo Paing @ Derek

ပြဿနာမရှိရင် တိုးတက်မှုမရှိနိုင်ဘူး။ Read More »