ဘဝရဲ့ အဓိပ္ပါယ်ကို
နေရာ လေးခုက ရတယ်တဲ့။
၁။ အလုပ် Work or Creative activity၂။ ဆက်ဆံရေး Human Relationships၃။ ဒူပေဒါပေခံမှု Attitude toward unavoidable sufferings၄။ အတ္တရဲ့အလွန် Transcendence Phyo Paing @ Derek
၁။ အလုပ် Work or Creative activity၂။ ဆက်ဆံရေး Human Relationships၃။ ဒူပေဒါပေခံမှု Attitude toward unavoidable sufferings၄။ အတ္တရဲ့အလွန် Transcendence Phyo Paing @ Derek
ကိုယ့်မိသားစုအတွက်သားအကြီးဖြစ်တဲ့အတွက်ခါးဆီးခံပြီး အိမ်တာဝန်ထမ်းတာ။သားသမီးတွေအတွက်ဘဝကို စွန့်လွတ်လိုက်တာ။ နိိုင်ငံအတွက် ကိုယ့်ဘဝရဲ့အကောင်းဆုံးအချိန်တွေကိုစတေးလိုက်တာ။ဒုက္ခထဲမှာ ဘဝအဓိပ္ပာယ်ရှိတယ်။ဒါကို meaning from suffering လို့ခေါ်တယ်။ လီကွန်းယူက သူလုပ်ချင်တဲ့ရှေ့နေအလုပ်ကို စွန့်လွတ်ပြီးသူ့လူတွေအတွက် နိုင်ငံရေးသမားလုပ်ရမယ်ဆိုပြီးဘဝတစ်ခုလုံးမြုပ်နှံခဲ့တယ်။ အလားတူပဲ။ ဘဝမှာ စွန့်လွတ်အနစ်နာခံခြင်းတွေကဘဝ အဓိပ္ပာယ်ရှိတယ်။ Phyo Paing @ Derek
ဘဝမှာနေပျော်ချင်ရင်ဒီ A သုံးလုံးကို လျော့ရမယ်။ ၁။ Attachment တွယ်တာတတ်တာတွေ။၂။ Anger ဒေါသ။၃။ Arrogant မောက်မာတာ။ Phyo Paing @ Derek
ငယ်ငယ်တည်းက အမျိုးတွေကြားမိသားစုတွေကြားက ပြဿနာကြားမှာပါဝင်ဖြေရှင်းပေးပေမယ့်နောက်ဆုံးစိတ်ပျက်စရာနဲ့ပဲ အဆုံးသတ်တဲ့အတွက်လျစ်လျူရှုမှု အတတ်ပညာနဲ့ အသက်ရှင်နေတဲ့သူတွေရှိတယ်။ လမ်းမှာ စက်ဘီးလဲသွားတာကူညီဖူးတာတွေ၊မိုးရွာကြီးထဲ ဒုက္ခရောက်နေရင်မနေနိုင် ကူညီပေးတဲ့သူကနေလောကမှာ ကိုယ့်အလှည့်ကျ ဂျင်းထည့်တဲ့ လောကသားများကြောင့်ဘေးပတ်ဝန်းကျင်နဲ့ လွတ်နေတဲ့ကိုယ့်ကမ္ဘာနဲ့ ကိုယ်ရှင်သန်နေသူတွေရှိတတ်တယ်။ Phyo Paing @ Derek
ဘဝမှာ လမ်းပျောက်တယ်ဆိုတဲ့လူတိုင်းမှာ တူညီတဲ့အရာတစ်ခုရှိတယ်။ “တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ကျွမ်းကျင်မှု mastery” မရှိလို့ပဲ။ ကိုယ့်ရဲ့ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ အလုပ်ကဘာလဲ။ ဒါမရှိရင် တခြားလူတွေထက်နယ်ပယ်တစ်ခုမှာ တော်နေတယ်ဆိုတဲ့superiority ခံစားချက်မရဘူး။ ဒါမရရင် မပျော်ဘူး။ Phyo Paing @ Derek
Frank Abagnale ဆိုရင်ချက်လက်မှတ်တွေရဲ့ အားနည်းချက်ကိုတွေ့ခဲ့ပြီး con artist လုပ်တယ်။ဆရာဝန်၊ ရှေ့နေ၊ လေယဥ်မောင်းအမျိုးမျိုးဟန်ဆောင်ပြီးနောက်ဆုံး အဖမ်းခံရပြီးနောက်ပိုင်း FBI အတွက်အလုပ်လုပ်သလိုSecurity consultant အနေနဲ့ နေသွားတာကို ဇာတ်ကားအနေနဲ့ရိုက်ထားတဲ့လီယိုနာဒို သရုပ်ဆောင်ထားတဲ့Catch me if you can ဇာတ်ကားရှိတယ်။ နောက် တလွဲအမြဲလုပ်တဲ့ လူမုန်းများတဲ့လူ့ဂွစာ Kanye West ဆိုရင်လဲProducer လုပ်တယ်။နောက် Jesus walks လိုသီချင်းနဲ့နာမည်ကြီးလာတယ်။ မတူညီတဲ့ version တွေဖြစ်တဲ့ စိုင်းစိုင်း ကော်ပီကူးထားတဲ့ “ဟေးကောင်မလေးရင်ထဲမှာ ပဲ့ကြွေ အော်နေခဲ့ဆိုလား ဘာလားမသိတဲ့” Kanye West ရဲ့ Bittersweet လိုသီချင်း၊နောက် Stronger တို့၊ Power တို့ versionနောက် Taylor Swift နဲ့ ပွဲအပြီး
ဘဝကို မတူညီတဲ့ version နဲ့
နေတဲ့သူတွေကို သဘောကျတယ်။ Read More »
ကိုယ်နဲ့မထိုက်တန်တဲ့အရာတွေကို အိန္ဒြေရရ ဘယ်လိုစွန့်လွတ်ခဲ့လဲဆိုတာပဲ။ Phyo Paing @ Derek
ဘဝမှာ သာယာမှုကိုခံစားဖို့အနှုတ်နဲ့ အပေါင်းနှစ်ခုရှိတယ်။ သာမာန်အခြေအနေမှာနေရင်းထိုင်ရင်း သာယာနေဖို့ အနှုတ်အမူအကျင့်တွေလုပ်လို့ရတယ်။ဥပမာ လေ့ကျင့်ခန်းလုပ်တာ၊ဥပုဒ်စောင့်သလို အစာကို ၁၆ နာရီအထက်မစားပဲနေတဲ့ fasting လုပ်တာ။ ဒီလို အနှုတ်တဲ့ပတ်သက်တဲ့ အလုပ်တွေလုပ်ပြီးတဲ့အခါသာမာန်နေရင်းထိုင်ရင်း နေလို့ကောင်းနေတယ်။ သာမာန်အခြေအနေကိုနေလို့ထိုင်လို့ကောင်း သာယာအောင်ပေါင်းထည့်လို့ရတာတွေရှိတယ်။အရက်သေစာ၊ ဆေးဝါးတွေသုံးတာ။လက်ရှိအခြေအနေသာယာဖို့ အပြင်ကပေါင်းထည့်တဲ့အရာတွေ။ သူကတော့ အာနိသင်ကုန်ရင်မသာယာတော့ဘူး။ ဒဏ်ခံရတာမျိုးဖြစ်နိုင်တယ်။ ဘဝမှာ ဒီအပေါင်းနဲ့အနှုတ်နှစ်ခုကို သေချာသိိဖို့လိုတယ်လို့ထင်တယ်။ Phyo Paing @ Derek
ဘဝမှာ ဒီအပေါင်းနဲ့အနှုတ်
နှစ်ခုကို သေချာသိိဖို့လိုတယ်လို့ထင်တယ်။ Read More »
လွန်ခဲ့တဲ့ဆယ့်နှစ်နှစ်လောက်ကလဲကြိုက်တယ်။ဒီနေ့လဲ ပြန်တွေ့တဲ့ အကြိုက်ဆုံးစကားတစ်ခွန်းကDr. Viktor Frankl ရဲ့“သင့်ဘဝမှာ ပထမတစ်ကြိမ်တလွဲပေါင်းများစွာ လုပ်ပြီးပြီလို့စဥ်းစားကြည့်။ဘဝကို ဒုတိယတစ်ကြိမ်ပြန်နေမယ်ဆိုဘယ်လိုပုံစံမျိုးနဲ့ နေမလဲ” တဲ့။ “So live as if you were living already for the second time and as if you had acted the first time as wrongly as you are about to act now!” Phyo Paing @ Derek
ဘဝမှာ လူတွေကို အလကားတွေ့တာတော့မဟုတ်ဘူးလို့ခံယူထားတယ်။အရာရာပိုကောင်းဖို့ ဖြစ်လာတာလို့ထင်တာပဲ။ Phyo Paing @ Derek