Life

ဒီနှစ်ပေါင်း ၃၀ အတွင်းမှာ
ဘဝရဲ့ အနိမ့်အမြင့်
အတက်မကျတွေကြားထဲဖြတ်သန်းရင်း

မနက်နိုးလာတိုင်းအသက်ရှင်နေသေးတာ၊အသက်ရှူဝနေသေးတာ၊ကိုယ်ချစ်တဲ့သူတွေကျန်းကျန်းမာမာရှိနေသေးတာကိုယ့်အိမ်မက်တွေအတွက်အကောင်အထည်ဖော်ခွင့်ရှိနေသေးတာကျေးဇူးတင်ရမည့်အရာတွေဖြစ်ကောင်းဖြစ်မယ်။ ကိုယ်သိထားတာတွေမျှဝေပေးရင်းအပြောင်းအလဲတွေဖြစ်တယ်ပြန်ကြားရတာဒါကလဲ ဝမ်းသာစရာတစ်ခုပဲ။ အားလုံး မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။ Phyo Paing @ Derek

ဒီနှစ်ပေါင်း ၃၀ အတွင်းမှာ
ဘဝရဲ့ အနိမ့်အမြင့်
အတက်မကျတွေကြားထဲဖြတ်သန်းရင်း
Read More »

ဘဝဆိုတာ ခရီးသွားတာနဲ့တူတယ်။

မသွားခင် စဉ်းစားရင်းရင်ခုန်နေတာမျိုး။သွားဖို့ ပြင်ဆင်ရင်း ပျော်နေတာမျိုး။ခရီးစဉ်အတွင်းမှာ တွေ့ရသမျှစူးစမ်းလေ့လာနေရတာမျိုး။ပန်းတိုင်ရောက်မှ ပျော်ရတာမဟုတ်ဘူး။ခရီးမသွားခင်၊ သွားနေရင်းလဲ ပျော်လို့ရတာ တချို့လူတွေမေ့နေတတ်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ ခရီးသွားတာနဲ့တူတယ်။ Read More »

တချို့လူတွေက သတ်မှတ်ချက်
ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်

ဆယ်ကျော်သက်အရွယ်မှာကျတော့မြင်မြင်သမျှ အသစ်ပဲ။Fresh ဖြစ်နေတယ်။လောက ကြီးကစူးစမ်းချင်စရာကြီး။ နှစ်ဆယ်၊ နှစ်ဆယ့်ငါးကျော်လာတော့သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းမှာအံဝင်ဂွင်ကျဖြစ်အောင် လုပ်လာရပြီ။ အဲ့ဒီသတ်မှတ်ချက် လှေကားထစ်ကိုတစ်ဆင့်ချင်းတတ်ဖို့ နည်းလမ်းရှာကြရပြီ။ သုံးဆယ်ကျော်လာတဲ့အခါကျဗိုက်ကလေးက ပူလာပြီ။စူပါ၊ မနေနေဂျာဖြစ်လာပြီ။လုပ်ငန်းလုပ်တော့မယ်ဆိုရင်လည်းနှစ်ဆယ်ကျော်လောက်က ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ တစ်ခုခုဆို မျက်စိမှိတ် ယုံကြည် ချမယ်ဆိုတဲ့စိတ်ပျောက်လာပြီ။ အသက်လေးဆယ်ကျော်တဲ့အခါကိုယ့်နယ်ပယ်မှာ လူတော်တော်များများနဲ့လည်းသိလာပြီ။အိုးနဲ့ အိမ်နဲ့ သားရေး၊ မယားရေးနဲ့လူရိုသေရှင်ရိုသေ နေရာလေးလည်းရလာတတ်တဲ့အချိန်။ လောလောပြီးကနေရတာ လောကထဲ။ တချို့လူတွေက အဲ့ဒီသတ်မှတ်ချက်ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်။အမြဲတမ်းစူးစမ်းပြီးကိုယ့်ဘဝရဲ့ အတန်းသင်ခန်းစာဘဝ curriculum ကိုကိုယ်တိုင်တည်ဆောက်ကြတယ်။ အဲ့ဒီ ဘောင်တွေက လူတွေကိုသိုးတစ်ကောင်လိုဖြစ်အောင်ထိန်းချုပ်ထားတာမျိုးဖြစ်စေတယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲမှုကဘောင်ထဲမှာနေပြီး ဖြစ်လာဖို့မလွယ်ဘူး။ Phyo Paing @ Derek

တချို့လူတွေက သတ်မှတ်ချက်
ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်
Read More »

လူတွေကို ပြဿနာပေးတာ
အတွေးအခေါ်ပဲ

မွေးကတည်းက ပေးထားချက်တွေမတူဘူး။ဒါက အရေးမကြီးဘူး။ အရေးကြီးတာ ပေးထားချက်ပေါ်မှာဘဝကို ဘယ်လိုတည်ဆောက်သွားလဲဆိုတာပဲ မဟုတ်လား။ လူတွေကို ပြဿနာပေးတာ အတွေးအခေါ်ပဲ။ အတွေးအခေါ် မရှင်းရင်ဘဝကလဲ မရှင်းဘူး။ ဘဝမှာ ဘယ်ကစလဲ အရေးသိပ်မကြီးတော့ဘူး။ ဘယ်ကို သွားမလဲဘယ်ကို ရောက်နေပြီလဲဘယ်ဆက်သွားမလဲဒါပဲ အရေးကြီးတယ်။ တစ်ခုခု ဖြစ်လာဖို့ သူများအားကိုးရမည့်အလုပ်စိတ်ကို မဝင်စားဘူး။ ကိုယ်လုပ်နိုင်တာကို ကိုယ်လုပ်ကိုယ့်ဘဝနဲ့ ကိုယ်ပဲ လို့ ခံယူထားတယ်။ လူတိုင်းက ကိုယ့်အတွက်ကိုယ်ကြည့်ပြီးမှသူများအတွက် ကြည့်ပေးနိုင်မှာပဲ။ ကိုယ်က အဆင်မပြေရင်သူများကို အဆင်ပြေအောင်ကူညီပေးဖို့ ထင်သလောက်မလွယ်နိုင်ဘူး။ ဒီနေ့လို distraction တွေကြားမှာကိုယ်သွားနေတဲ့လမ်းကြောင်းမပျောက်သွားဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

လူတွေကို ပြဿနာပေးတာ
အတွေးအခေါ်ပဲ
Read More »

ဘဝရဲ့ ရင်ခုန်မှုဆိုတာ
တိုးတက်မှုကလာတာများတယ်

တစ်ရက်တစ်ရက်သာကုန်သွားတယ်။မနေ့ကနဲ့ ဘာမှ မကွာခြားဘူး။ ဒါမျိုးကြုံဖူးတတ်ကြတယ်။ ဘဝရဲ့ ရင်ခုန်မှုဆိုတာ တိုးတက်မှုက လာတာများတယ်။ ဒါကြောင့် တစ်ရက်တာအတွက်မနက်အခါက တစ်ရက်တာစစ်ပွဲကိုတိုက်ဖို့ ပြင်ရမည့်အချိန်ပဲ။ လျှောက်လုပ်နေလို့ မရဘူး။ စည်းကမ်းလိုတယ်။ ကြာကြာနေမှ တစ်ခါထလုပ်တဲ့အလုပ်တွေက ဘဝကို အပြောင်းအလဲ ဖြစ်စေတာထက်စွဲစွဲမြဲမြဲ မှန်မှန်လုပ်တဲ့အလုပ်တွေကကိုယ့်ဘဝကို ပြောင်းလဲ စေတာများတယ်။ ဒီနေ့ည အိပ်ယာဝင်တဲ့အခါ မင်းဒီတစ်ရက်မှာ လုပ်တဲ့အလုပ်ထဲကဂုဏ်အယူဆုံးအရာတစ်ခုဆိုဘာများဖြစ်မလဲ ဆိုတဲ့အခါဘာများပြန်ဖြေဖြစ်မလဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ရတဲ့အချိန်တွေလိုကောင်းလိုနိုင်တယ်။ Phyo Paing @ Derek

ဘဝရဲ့ ရင်ခုန်မှုဆိုတာ
တိုးတက်မှုကလာတာများတယ်
Read More »

ဘဝမှာ ယုံကြည်မှုတစ်ခုအပေါ်
ဘဝကို ပုံအပ် အလောင်းအစားလုပ်ရတဲ့အခါတွေ
လူတိုင်းမှာ ရှိတတ်ကြတယ်။

အပြောင်းအလဲ ကြီးကြီးတစ်ခုဖြစ်ချင်ရင်ဘဝမှာ တစ်ခုခုအပေါ်အလောင်းအစားလုပ်ထားဖို့လိုတယ်။အဲ့ဒီအတွက် ပြင်ဆင်မှုကဆယ်စုနှစ်တစ်ခု ကြာနိုင်သလို၊သူ့ထက်လဲ​ ကြာကောင်းကြာလိမ့်မယ်။ဒါပေမယ့် အဲ့ဒီ အချိန်တကယ်ရောက်လာတဲ့အခါကိုယ်နဲ့ လုပ်ငန်းတူ၊ နယ်ပယ်တူတွေဘယ်လိုမှ မလိုက်နိုင်တော့တဲ့အခြေနေတစ်ခု ရောက်သွားလိမ့်မယ်။ ဘဝမှာ ယုံကြည်မှုတစ်ခုအပေါ်ဘဝကို ပုံအပ် အလောင်းအစားလုပ်ရတဲ့အခါတွေလူတိုင်းမှာ ရှိတတ်ကြတယ်။ Phyo Paing @ Derek

ဘဝမှာ ယုံကြည်မှုတစ်ခုအပေါ်
ဘဝကို ပုံအပ် အလောင်းအစားလုပ်ရတဲ့အခါတွေ
လူတိုင်းမှာ ရှိတတ်ကြတယ်။
Read More »

ကိုယ်မတွေးပဲ မနေနိုင်တဲ့
အလုပ်ကိုလုပ်။

နယ်ပယ်တိုင်းမှာအောင်မြင်နေတဲ့သူတွေဘာအလုပ်လုပ်လဲ? ကိုယ်မတွေးပဲ မနေနိုင်တဲ့ အလုပ်ကိုလုပ်ကြတာများတယ်။ တွေးဖို့ သီးသန့်အချိန်ပေးနေစရာမလိုဘူး။သိစိတ်၊ မသိစိတ် နှစ်ခုလုံးအလုပ်လုပ်နေတယ်။ Phyo Paing @ Derek

ကိုယ်မတွေးပဲ မနေနိုင်တဲ့
အလုပ်ကိုလုပ်။
Read More »

ပြဿနာဆိုတဲ့ အိမ်က
လူတွေရဲ့ ဦးနှောက်ပဲ။

အမှန်တော့ တကယ်ပြဿနာအစစ်ကကိုယ် ကိုယ်တိုင်ဖြစ်နေတတ်တယ်။ ဘာကြောင့်လဲဆိုတော့ ပြဿနာဆိုတဲ့ အိမ်ကလူတွေရဲ့ ဦးနှောက်ပဲ။ အတွေးတွေ မရှင်းရင်ပြဿနာတွေနဲ့ တိုင်ပတ်မယ်။ စဥ်းစားတာ မရှင်းရင်ပြဿနာတွေနဲ့ တိုင်ပတ်မယ်။ ကိုယ်လိုချင်တာ ပြတ်ပြတ်သားသားမသိရင် ပြဿနာတွေနဲ့ တိုင်ပတ်မယ်။ ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ကိုယ့်ကိုကိုယ် မတည်ဆောက်ရင်ပြဿနာက ပြီးတော့မှာ မဟုတ်ဘူး။ Phyo Paing @ Derek

ပြဿနာဆိုတဲ့ အိမ်က
လူတွေရဲ့ ဦးနှောက်ပဲ။
Read More »

ပြဿနာတွေရဲ့ အထက်ကိုသွားပါ။

တခါတလေပြဿနာဆိုတာ ရေနဲ့တူတတ်တယ်။လူဖြစ်ပြီးရေနစ်ရင် မွန်းကြပ်တတ်တယ်။ ရေပေါ်မှာ ရေလှိုင်းစီးတတ်ရင်သူ့အထာနဲ့တူ ဘဝက ညင်ညင်သာသာ နဲ့ လိုရာခရီးရောက်တယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့လူအများစုက frequency 12.5 and 30 Hz ကြားရှိတဲ့Beta Brain Wave တွေပဲ အသုံးများကြတယ်။Beta ဆိုတာ သတိပြုမိတဲ့ ယုတ္တိကျကျ စဥ်းစားတဲ့အခါ ဖြစ်တဲ့ ဖြစ်တဲ့ ဦးနှောက်လှိုင်း။ Frequency 8 နဲ့ 12 Hz ကြားရှိတဲ့Alpha Brain Wave ကျတော့တည်ငြိမ်ပြီး တီထွင်ဆန်းသစ်မှုရှိတဲ့Calm, Creative and Capturing information လို့ခေါ်တဲ့ မြန်နှုန်းမြင့် သင်ယူမှုမှာ အသုံးပြုလို့ရတယ်။ လူအများစုက သာမာန် beta brain wave တွေနဲ့သမရိုးကျ ပြဿနာတွေနဲ့ တိုင်ပတ်နေတယ်။ ဆေးလိပ်ဖြတ်လို့

ပြဿနာတွေရဲ့ အထက်ကိုသွားပါ။ Read More »

လူတွေက ကိုယ့်အတွေးအခေါ်
Pattern တွေရဲ့ သားကောင်ပဲ။

တချို့တွေ မသိသေးတဲ့သူအပေါ်ဆိုအရမ်းကောင်းတတ်၊ အားနာတတ်ပြီးကိုယ်နဲ့သိတဲ့သူတွေအပေါ်ဆို မညာတာတတ်တာ တွေ့ဖူးလိမ့်မယ်။ တချို့လူတွေက တစ်ခုခု လုပ်တော့မယ်ဆိုအရမ်းတတ်ကြွ ရင်ခုန်ပြီးအချိန်တစ်ခုကြာရင် ပျင်းသွားတတ်တာတွေ့ဖူးကြလိမ့်မယ်။ လူတွေက ကိုယ့်အတွေးအခေါ်Pattern တွေရဲ့ သားကောင်ပဲ။ ကိုယ့်မှာရှိတဲ့ ကိုယ့် pattern တွေကိုသိမှ လိုချင်သလို ဘဝကို program လုပ်လို့ရမှာ။ ကိုယ်နဲ့ ပေါင်းသင်းတဲ့သူရဲ့အတွေးအခေါ် pattern သိမှလဲcommunication က အောင်မြင်မှာ။ ဒီ pattern သိမှ ကျန်တာတွေပြင်လို့ရမှာလေ။ Phyo Paing @ Derek

လူတွေက ကိုယ့်အတွေးအခေါ်
Pattern တွေရဲ့ သားကောင်ပဲ။
Read More »