လျစ်လျူရှုတတ်အောင် လေ့ကျင့်ပါ။
တစ်နေ့တစ်နေ့ စိတ်ကသိကအောင့်လာဖြစ်စေတဲ့အရာကတော့အလိုက်မသိ၊ လူလုပ်နည်းမသိတဲ့သူတွေကြောင့်ဖြစ်တတ်ကြတယ်။ ကိုယ်နဲ့မဆိုင်ဝင်ပါတတ်တဲ့သူတွေဖြစ်တတ်ကြသလိုလောကကြီးကို စိတ်တိုင်းမကျကိုယ့်မှာရှိတဲ့အမှိုက်ကို သူများဆီလာပစ်ချင်တဲ့သူတွေဖြစ်တတ်ကြတယ်။ ပြဿနာသေးသေးလေးကိုပုံကြီးချဲ့ပြောတတ်ကြသလို၊တခါတခါ ကိုယ်မကြိုက်တဲ့စကားကိုမှထပ်ခါထပ်ခါပြောတတ်ကြတယ်။ အဲ့လိုလူတွေက သူစိမ်းတွေဖြစ်တတ်ကြသလို၊အရင်းနီးဆုံးသူတွေလဲဖြစ်နိုင်တယ်။ မဆီမဆိုင် ကိုယ်နဲ့လဲမသိကိုယ့်အကြောင်းဖြစ်ရပ်မှန်လဲနားမလည်ကိုယ့်ကိုကောက်ချက်ချ စိတ်အနှောက်အယှက်ပေးချင်သူလဲဖြစ်နိုင်တယ်။ ဒီလိုလူတွေနဲ့ အကောင်းဆုံးထိုက်တန်တာကကိုယ့်ရဲ့ အာရုံ attention မဟုတ်ပါဘူး။သူတို့နဲ့ထိုက်တန်တာ ကိုယ့်ရဲ့လျစ်လျူရှုမှုပါ။ The only way to win with a toxic person, isnot to play. ဒါလေးကြားဖူးကောင်းကြားဖူးလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုလာဘူစေမည့်သူToxic person တွေကို ban/block လုပ်လို့ရသလိုမကောင်းတတ်တဲ့သူတွေဆို unfollow လုပ်တာအကောင်းဆုံးရွေးချယ်မှုဖြစ်ကောင်းဖြစ်မယ်။ အရင်းအနှီးဆုံးနေ့စဉ်တွေ့နေရတဲ့သူတွေဆိုသူတို့ရဲ့ ထောက်ပံ့မှုက လွတ်မြောက်ဖို့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်လုပ်ပါ။ ကိုယ်တာဝန်ယူထားရတဲ့သူဆိုရင်တော့လစဉ်ထောက်ပံ့ပေးနိုင်တဲ့ငွေအစီအရင်လုပ်ပြီးငြိနှိုင်းမှုတစ်ခုပြုလုပ် ထားခဲ့တာမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။ Phyo Paing @ Derek
