Life

ဒီနေ့ကို အကောင်းဆုံး
အသုံးချဖို့လိုတယ်။

တချို့သူတွေအတွက်ပြန်မသွားချင်ဆုံးအရပ်ကတော့အတိတ်ပဲ။သတိရလားဆို ရတယ်။ဘယ်တော့မှတော့ ပြန်မသွားချင်ဘူး။နေ့ရက်တိုင်းကိုလဲ အကောင်းဆုံးအသုံးချခဲ့တယ်။အနာဂတ်က ပိုကောင်းမယ်လို့အမြဲယုံကြည်ထားတယ်။မသေခင်ထိပေါ့။အဲ့နောက်မှာဘာရှိလဲကိုယ်လဲမမြင်နိုင်ဘူး။ဒီနေ့ကို အကောင်းဆုံးအသုံးချဖို့လိုတယ်။ Phyo Paing @ Derek

ဒီနေ့ကို အကောင်းဆုံး
အသုံးချဖို့လိုတယ်။
Read More »

အရေးမပါတာကို အရာမပေးဖြစ်တော့ဘူး။

တန်ရဲ့လား။ အသက်ကြီးလာလို့လားမသိဘူးနောက်ပိုင်း တစ်ခုခုဆိုတန်ရဲ့လားစဥ်းစားမိတယ်။ တစ်ခုခုကို အာရုံစိုက်တော့မယ်။ငါအာရုံစိုက်ရမှာနဲ့ တန်ရဲ့လား။​ စိတ်ကသိကအောင့်ဖြစ်တော့မယ်။ငါဒီလိုခံစားရမှာနဲ့ တန်ရဲ့လား။​ တစ်ခုခုကို ခေါင်းစားရတော့မယ်။ငါ ခေါင်းစားဖို့တန်ရဲ့လား။​ အလုပ်အသစ်အခွင့်အလမ်းတွေလာပြောတယ်။ငါပေးရမည့် ငွေ၊ အချိန်၊ အာရုံနဲ့ပြန်ရမှာနဲ့ တန်ရဲ့လား။ ဒီတန်ရဲ့လားနဲ့ တွက်ချက်တတ်လာတော့ဘဝက ပိုပြီး အေးဆေးလာတယ်။ အရေးမပါတာကို အရာမပေးဖြစ်တော့ဘူး။ Phyo Paing @ Derek

အရေးမပါတာကို အရာမပေးဖြစ်တော့ဘူး။ Read More »

အသက်ရှင်ပြီး အသက်ဝင်ဖို့
ကိုယ့်အသက်မွေးမှုအလုပ်ကို
သေချာရွေးချယ်ဖို့လိုတယ်။

ကိုယ်မစဥ်းစားပဲမနေနိုင်အရာကိုအလုပ်အဖြစ်ပြောင်း။ကိုယ်ကမ္ဘာကို အခါ ၂၀ ပတ်ပြီးရင်တောင်ဆက်လုပ်နေမည့်အလုပ်တွေကိုလုပ်။ကိုယ်ငွေဘယ်လောက်ရှိရှိဆက်လုပ်နေမည့်အလုပ်တွေကိုလုပ်။​ ဘဝဆိုတာ တိုတိုလေးပဲ။အသက်ရှင်ပြီး အသက်ဝင်ဖို့ကိုယ့်အသက်မွေးမှုအလုပ်ကိုသေချာရွေးချယ်ဖို့လိုတယ်။ ဒီလိုရွေးချယ်နိုင်ဖို့အခြေခံအုတ်မြစ်ခိုင်မာအောင်အချိန်တစ်ခုပေး တည်ဆောက်ဖို့လိုတယ်။ Phyo Paing @ Derek

အသက်ရှင်ပြီး အသက်ဝင်ဖို့
ကိုယ့်အသက်မွေးမှုအလုပ်ကို
သေချာရွေးချယ်ဖို့လိုတယ်။
Read More »

ဒီလိုကြုံဖူးလား။

ဒီလိုကြုံဖူးလား။ငါအခုပဲ ဒါစဥ်းစားနေတာဒီစာက Facebook ကနေကိုယ့်ရှေ့ရောက်လာတာမျိုး။ မတွေ့တာ ကြာတဲ့ သူငယ်ချင်းတစ်ယောက်ကိုစဥ်းစားနေတုန်း၊သူ့ဆီက မက်ဆေ့ဝင်လာတာမျိုး။တခါတလေ အိပ်မက်မက်တဲ့အတိုင်းအပြင်မှာဖြစ်နေသလိုမျိုး။ ထူးခြားတဲ့တိုက်ဆိုင်မှုပေါ့။စိတ်ပညာရှင်ကြီး Carl Jung ကာယွန်းကဒါကို Synchronicity စန်ခရိုနီစတီလို့ခေါ်တယ်။ လူတွေရဲ့ စိတ်အတွင်းကမ္ဘာနဲ့ရုပ်ဝတ္ထုအပြင်ကမ္ဘာက ချိပ်ဆက်နေတယ်။လူတွေရဲ့သဘောတရားကပက်တန် pattern တွေကို အဓိပ္ပာယ်ဖွင့်တဲ့သတ္တဝါဖြစ်တဲ့အတွက်တခြားကိုယ့်ပက်တန်ထဲမဝင်တဲ့အရာတွေကိုကျော်သွားတတ်တယ်။ လူတွေအကုန်လုံးရဲ့အခြေခံအားလုံးကိုချိပ်ဆက်ပေးနေတဲ့Unus Mundus – The One ဆိုတာရှိတယ်လို့Carl Jung က ဆိုတယ်။ဥပမာ အပေါ်ယံမှာတွေ့နေရတဲ့သမုဒ္ဒရာရေလိုင်းတစ်ခုချင်းစီအောက်မှာသမုဒ္ဒရာရေကြီးရှိတယ်။အကုန်လုံးက တစ်ခုတည်းကလာတယ်။ချိပ်ဆက်နေတယ်။ တိုက်ဆိုင်မှု coincidence မှာကဘာတစ်ကိုယ်ရည်ခံစားချက်မှမရှိဘူး။ဖြစ်တော့မယ်ဆိုတာ အလိုလိုသိနေတာဒါက Intuition ဖြစ်ပြီးငါတွေးလိုက်မိသလိုအဓိပ္ပာယ်ရှိရှိဖြစ်လာတာမျိုးဒါကို Synchronicity လို့ခေါ်တယ်။ ကိုယ့်ဘဝမှာ အဓိပ္ပာယ်အရမ်းရှိတဲ့အချိန်တွေကြုံဖူးလိမ့်မယ်။ ဥပမာကျွန်တော့်ဘဝမှာဆိုလူတစ်ယောက်နဲ့တွေ့ပြီး၂၀၁၅ August တုန်းကတစ်ခါ၂၀၂၁ နှစ်ကုန်မှာတစ်ခါအချိန်တွေကိုခဏလောက်ရပ်တန့်ချင်စိတ်ဖြစ်တယ်။ဒီလိုဖြစ်တိုင်း ဘဝက ပြန်လည်စတင်restart လုပ်ပြီး ပိုကောင်းဖို့ဖြစ်လာမည့် အချိန်မျိုး။အဲ့လိုပဲ ကားမောင်းနေရင်းနဲ့မီးပွိုင့်စောင့်နေတုန်းမှာငါလမ်းသစ်ပြန်စရတော့မယ်ဆိုတဲ့ခံစားချက်နဲ့ထူးထူးခြားခြား ဒါလေးလုပ်ဖို့လိုတယ်ဆိုတဲ့အတွေးရောက်ရောက်လာတယ်။အဲ့ဒါတွေထလုပ်တိုင်းဘဝက နောက်တစ်ဆင့်ရောက်ရောက်သွားတယ်။​ ဘဝရဲ့အဓိပ္ပာယ်ရှိတဲ့တိုက်ဆိုင်မှုတွေကိုသိဖို့ကိုယ့်ရဲ့အသိ

ဒီလိုကြုံဖူးလား။ Read More »

ပညာရှိ ၊ လူတော် ၊ လူကောင်း ၊ လူယုတ်မာ

ကိုယ်ဘာတကယ်လိုချင်လဲရှင်းရှင်းသိတာ ပညာရှိ။ကိုယ်လိုချင်တာရအောင်ဖန်တီးနိုင်တာလူတော်။ကိုယ့်ကြောင့်သူတပါးကို မနစ်နာစေပဲအကျိုးပြုတာ လူကောင်း။ကိုယ်ချင်တာကို သူတပါးကိုဒုက္ခပေးပြီးရအောင်ယူတာ လူယုတ်မာ။ Phyo Paing @ Derek

ပညာရှိ ၊ လူတော် ၊ လူကောင်း ၊ လူယုတ်မာ Read More »

စိတ်ကသိကအောင့်ဖြစ်စရာ
ဒဏ်ရာတွေအတွက်
ဖြေဆေးတစ်ခု

စိတ်ကသိကအောင့်ဖြစ်စရာဒဏ်ရာတွေအတွက်ဖြေဆေးတစ်ခုကကျေးဇူးတင်စိတ်နဲ့လွတ်ချတတ်တဲ့စိတ်ပဲ။ Phyo Paing @ Derek

စိတ်ကသိကအောင့်ဖြစ်စရာ
ဒဏ်ရာတွေအတွက်
ဖြေဆေးတစ်ခု
Read More »

ပျက်နေရင်ပြင်။
ဒရွတ်တိုက်မသွားနဲ့။

ပျက်နေရင်ပြင်။ဒရွတ်တိုက်မသွားနဲ့။ ကိုယ်တစ်ယောက်တည်းမဟုတ်တဲ့အခါပြင်လို့မရတဲ့အရာတွေရှိတယ်။ အမြင်သာဆုံးကတော့အချစ်ရေးမှာ relationshipစီးပွားရေးမှာ partnership သွားနေတဲ့လမ်းကြောင်းကကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရေရှည်မရောက်စေနိုင်လောက်ဘူးဆိုရင်၁။ တစ်ဖက်လူကိုပြင်၂။ ပြင်လို့မရရင်ပြောင်း၃။​ ပြောင်းလိုမရတော့ရင် ကိုယ့်အတွေးကိုယ်ပြင်၄။ ဒီသုံးခုမဟုတ်ဘဲ ဒရွတ်တိုက်သွားတာကအကောင်းဆုံးရလဒ်ကိုရဖို့ခက်နိုင်တယ်။ Phyo Paing @ Derek

ပျက်နေရင်ပြင်။
ဒရွတ်တိုက်မသွားနဲ့။
Read More »

ဘဝမှာ ပြဿနာတွေအဖြေရှာဖို့
စဥ်းစားနည်းသိဖို့လိုတယ်။

အပျော်ရွင်ဆုံးအရာတစ်ခုက ပြဿနာတွေ ဖြေရှင်းတာ။ အထူးသဖြင့်စဥ်းစားသုံးသပ်ပြီးပြဿနာဖြေရှင်းရတဲ့အရသာက ဘာနဲ့မှ လဲလို့မရဘူး။ ပြဿနာဖြေရှင်းဖို့ စဥ်းစားတတ်ဖို့လိုတယ်။ စဥ်းစားနည်းတွေအများကြီးရှိတယ်။ ၁။ ပေါင်းစုတွေးခေါ်မှု (Convergent Thinking) ဥပမာ: သင်္ချာဆရာက သင့်ကို “2+2” ကို တွက်ခိုင်းတဲ့အခါ အဖြေမှန်တစ်ခုတည်းက “4” ဆိုတာ သင်သိပါတယ်။ တခြားအဖြေမှန် မရှိနိုင်ပါဘူး။ ၂။ ကွဲပြားတွေးခေါ်မှု (Divergent Thinking) ဥပမာ: ဒီဇိုင်နာတစ်ယောက်က ခုံအမျိုးအစားအသစ်တစ်ခုကို ဖန်တီးချင်တဲ့အခါ၊ သူတို့က ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ခုံ၊ မျက်နှာကျက်ကနေ ဆွဲထားတဲ့ခုံ၊ ဒါမှမဟုတ် စပီကာပါတဲ့ခုံ စသဖြင့် စိတ်ကူးအမျိုးမျိုးကို ထုတ်နိုင်ပါတယ်။ ၃။ ဝေဖန်ပိုင်းခြားတွေးခေါ်မှု (Critical Thinking) ဥပမာ: သတင်းဆောင်းပါးတစ်ခုမှာ အစားအသောက်အသစ်တစ်ခုက တစ်ပတ်အတွင်း ပေါင် ၁၀ ပေါင်ကျစေတယ်လို့

ဘဝမှာ ပြဿနာတွေအဖြေရှာဖို့
စဥ်းစားနည်းသိဖို့လိုတယ်။
Read More »

အလွယ်တကူ အရသာမခံပါနဲ့။

အလွယ်တကူ အရသာမခံပါနဲ့။ ဦးနှောက်မှာ ဆုပေးတဲ့ရသာခံအာရုံတွေရှိတယ်။တနည်းအားဖြင့်ဦးနှောက်ဆဲလ်အချင်းချင်းစကားပြောဆက်သွယ်သလိုဖြစ်တဲ့neurotransmitter တွေပေါ့။ လုပ်ရပ်တွေနဲ့ဆက်စပ်ပြီးဒီ ဦးနှောက်ဆက်သွယ်ရေးမက်ဆန်ဂျာတွေထွက်တယ်။​ ရည်မှန်းချက်ပန်းတိုင်အပေါ်အာရုံစူးစိုက်တဲ့အခါ၊​နားလည်မှုတစ်ခုကြောင့်သဘောပေါက်တဲ့အခါဒိုပါမင်း Dopamine ထွက်တယ်။​လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ၊အန်ဒေါ်ဖင် Endorphins ထွက်တယ်။ပေါင်းသင်းဆက်ဆံရေးလုပ်တဲ့အခါသဘောကျကျေနပ်တဲ့အခါဆီလိုတိုနင် Serotonin ထွက်တယ်။​ချစ်ကျွမ်းဝင်တဲ့အခါ၊ ချစ်ခြင်းမေတ္တာအတွက်အောက်ဆီဒိုစင် Oxytocin ထွက်တယ်။​ တရားစထိုင်တဲ့အခါ အာရုံစူးစိုက်မှုဖြစ်ပြီးဒိုပါမင်းအဓိက dopamine-driven ကနေပီတိကိုဖြစ်စေတဲ့serotonin, GABA, melatonin, and anandamideထွက်ပေါ်စေပြီး အေးချမ်းစေတယ်။ ဒီ neurotransmitter တွေကကောင်းမွန်တဲ့လုပ်ရပ်တွေအတွက်ဆုပေးတဲ့ ဖြစ်စဥ်တွေဖြစ်တယ်။ ဒါတွေကို မကောင်းတဲ့လုပ်ရပ်နဲ့သွားချိပ်ဆက်မိတဲ့အခါဘဝရဲ့ ပြဿနာတွေဖြစ်နိုင်တယ်။ ဥပမာ လူမှုကွန်ယက်ကိုစွဲလမ်းတာcheap dopamine နဲ့လဲလိုက်မိတာမျိုး။ဆေးဝါးသုံးစွဲပြီးကိုယ့်ဦးနှောက်ရဲ့ reward mechanismဆုချတဲ့စနစ်ကို ဖျက်စီးလိုက်တာမျိုး။ တချို့ ပြင်ပလှုံ့ဆော်မှုတွေကအားပျော့တယ်။​တချို့က နောက်ဆက်တွဲခံစားရတယ်။​ ဥပမာ ကော်ဖီဆိုရင်ညနေစွမ်းအင်ကို ကြိုသုံးပြီးလေးနာရီ ခွန်အားကိုမြန်မြန်ယူထားတယ်။တချို့ဆေးဝါးတွေကနောက်တစ်နေ့မှာ ပြန်ပေးဆပ်ရတယ်။တချို့က အနာဂတ်မှာ ပြန်ပေးဆပ်ရတယ်။ တချို့ cheap dopamineTik Tok တို့၊

အလွယ်တကူ အရသာမခံပါနဲ့။ Read More »

ကျွန်တော်တို့ထင်ထားတဲ့သူတွေက
ကျွန်တော်တို့ထင်ထားတဲ့သူတွေ
ဟုတ်ချင်မှ ဟုတ်မယ်။

ကျွန်တော်တို့ထင်ထားတဲ့သူတွေကကျွန်တော်တို့ထင်ထားတဲ့သူတွေဟုတ်ချင်မှ ဟုတ်မယ်။ အချိန်နဲ့အမျှပြောင်းလဲနေတတ်တယ်။မတူတဲ့နေရာ၊ ပတ်ဝန်းကျင်၊မတူတဲ့သူတွေနဲ့တွေ့ပြီး၊မတူညီတဲ့အိုင်ဒီယာနဲ့မတူညီတဲ့ပုံစံတွေတွေးပြီး၊မတူညီတဲ့ယုံကြည်မှုနဲ့ ဆန္ဒဖြစ်ပေါ်ပြီးမတူညီတဲ့လုပ်ရပ်တွေလုပ်တတ်ပြီးမတူညီတဲ့သူတစ်ယောက်အဖြစ်မြင်ရနိုင်တယ်။ ကျွန်တော်တို့ရဲ့အနီးဆုံးလူတွေကထင်ထားတဲ့ လူတစ်ယောက်တည်းကိုယ်ရည်ကိုယ်သွေးတစ်ခုတည်းမဟုတ်ဘူး။ Phyo Paing @ Derek

ကျွန်တော်တို့ထင်ထားတဲ့သူတွေက
ကျွန်တော်တို့ထင်ထားတဲ့သူတွေ
ဟုတ်ချင်မှ ဟုတ်မယ်။
Read More »