Life

အသက်ငယ်တုန်းက အချစ်ကိုကိုးကွယ်တယ်။

အသက်ကြီးလာတော့အဿပြာကို ကိုးကွယ်တယ်။ ပိုက်ဆံမရတဲ့အလုပ် မလုပ်ဘူး။ကိုယ့်အချိန်နဲ့ ပြန်ရတာ မတန်တဲ့အလုပ်မလုပ်ဘူး။ကိုယ့်အတွက် အကျိုးမရှိတဲ့သူမပေါင်းဘူး။ အဲ့လို ခပ်ကြမ်းကြမ်းနဲ့ဘဝကိုဖြတ်သန်းတယ်။ လူတိုင်းက၁။ ငွေ၂။ ဂုဏ်၃။ တရား ဒီသုံးခုလိုချင်ကြတာပဲ။ အခြေခံကတော့ ငွေ။ ငွေပေးနိုင်တဲ့ပေါ်မူတည်ပြီးလေယာဉ်စီးရင်တောင်ထိုင်တဲ့နေရာမတူ၊ဆက်ဆံပုံမတူဘူးမဟုတ်လား။ အချစ်က ပြောင်းလဲတတ်တယ်။ပိုက်ဆံက မပြောင်းလဲဘူး။လူတိုင်း ပိုက်ဆံကြိုက်တယ်။ အဲ့လို ခပ်ကြမ်းကြမ်းရေးချင်တာ။ကောင်းမကောင်းမသိ။ Phyo Paing @ Derek

အသက်ငယ်တုန်းက အချစ်ကိုကိုးကွယ်တယ်။ Read More »

အခုရေတွင်းတူးအခုရေကြည်သောက်ဖို့ဆိုတာရာခိုင်နှုန်းနည်းတယ်။

လုပ်ချင်တာလုပ်ပြီးရချင်တာရနေတဲ့ဘဝဖြစ်ဖို့မလုပ်ချင်တာလုပ်ပြီးရချင်တာရလာဖို့အထောက်အပံ့ကာလတည်ဆောက်ရတယ်။ Phyo Paing @ Derek

အခုရေတွင်းတူးအခုရေကြည်သောက်ဖို့ဆိုတာရာခိုင်နှုန်းနည်းတယ်။ Read More »

“ဇ” မရှိတဲ့ သူတွေကတွေဝေမှုတွေနဲ့ ဘဝကို ဖြတ်သန်းနေမိမှာပဲ။

ဘဝကို အကြီးအကျယ်အပြောင်းအလဲဖြစ်ဖို့က“ဇ” ရှိဖို့လိုတယ်။ လူမှုကွန်ယက်ကို အားကုန်ထည့်ဝုန်းဖို့ဘေးလူစကားတွေ လျစ်လျူရှုပြီးစတင်နိုင်တဲ့ “ဇ” လိုတယ်။ လစာကောင်းတဲ့ အလုပ်ကိုထွက်ပြီးကိုယ်ယုံကြည်တဲ့ ကိုယ်ပိုင်အလုပ်ကိုလုပ်ဖို့“ဇ” လိုတယ်။​ စကားမပီ၊ လူရှေ့စကားမပြောရဲရာကဘာပဲဖြစ်ဖြစ် ငါ ဒီ အတတ်ပညာကိုတတ်ရမယ်ဆိုပြီးလူရှေ့စကားပြောခြင်းအတတ်ပညာကိုလေ့လာတကယ်လုပ်ဆောင်တဲ့ “ဇ” လိုတယ်။ ကိုယ်သွားနေတဲ့လမ်းက မမှန်ဘူး။ဒါကို သိတယ်။သိနေတာကို ပြောင်းရဲတဲ့ “ဇ” လိုတယ်။ နေရာတစ်ခုက ပိုကောင်းတာသိရင်ကြိုက်တယ်၊ မကြိုက်တယ်၊ပျော်တယ် မပျော်တယ်နောက်ထားပြောင်းရဲတဲ့ “ဇ” လိုတယ်။ ကိုယ်မကျွမ်းကျင်တာကို လေ့လာပြီးကျွမ်းကျင်တဲ့အခါ ခြေစုံပစ်ဝင်ရဲတဲ့“ဇ” လိုတယ်။ All-in လုပ်နိုင်ဖို့ “ဇ” လိုတယ်။ဒါမှပဲ ရလဒ်ရရင် ခပ်ကြီးကြီးရမယ်။Downside risk ကျဆုံးနိုင်ခြေကို ကန့်သတ် limit လုပ်၊Upside potential ကြီးပွါးနိုင်ခြေကို maximize လုပ်။ဒါတွေလုပ်ဖို့ “ဇ” လိုတယ်။ Phyo Paing @

“ဇ” မရှိတဲ့ သူတွေကတွေဝေမှုတွေနဲ့ ဘဝကို ဖြတ်သန်းနေမိမှာပဲ။ Read More »

ဘဝရဲ့လွတ်လပ်မှုရချင်ရင်အင်တာနက်က ငွေရှာ။

အင်တာနက်က ငွေရှာတတ်လာရင်ဘယ်နေရာမှာ နေနေနေလို့ရတဲ့ location independent ရမယ်။ အင်တာနက်က ငွေရှာဖို့အင်တာနက် မားကတ်တင်းနဲ့အင်တာနက် စီးပွါးရေးကိုလေ့လာ။ အင်တာနက်က ငွေမရှာဘဲလာဖို့အင်တာနက်အသုံးပြုလုပ်ငန်းနဲ့ လူ အမှတ်တံဆိပ်တည်ဆောက်နည်းပညာကို လေ့လာ။ Phyo Paing @ Derek

ဘဝရဲ့လွတ်လပ်မှုရချင်ရင်အင်တာနက်က ငွေရှာ။ Read More »

ဒီတစ်ခုကိုပြောင်းတာနဲ့ဘဝကြီးတစ်ခုလုံးပေါင်းတယ်။

ဒါကတော့ တခြားမဟုတ်ဘူး။ပစ္စုပ္ပန်ပဲ။ ပစ္စုပ္ပန်မှာ အသိ၊ သတိကိုတစ်နေရာထဲအာရုံစိုက်သမာဓိနဲ့ပညာပေါ်မူတည်ပြီးမှန်ကန်တဲ့အတွေး၊ အကြံ၊ အလုပ်လုပ်ရင်ဘဝကြီးက မပေါင်းလဲစရာမရှိဘူး။ အတိတ်ကိုလဲ အစိုးမရဘူး။အနာဂတ်ကိုလဲ အစိုးမရဘူး။လူတွေအစိုးရတာ ပစ္စုပ္ပန်။အခု။ Phyo Paing @ Derek

ဒီတစ်ခုကိုပြောင်းတာနဲ့ဘဝကြီးတစ်ခုလုံးပေါင်းတယ်။ Read More »

ဒီအချက်ကို နားလည်သွားတဲ့နေ့ကစလို့
ဘဝအကြီးအကျယ်အပြောင်းအလဲဖြစ်လာတယ်။

အောက်ကြေးပဲ နှိုက်တတ်သူကလဲအောက်ကြေးထုတ်ကုန်ပဲရောင်းရတတ်တယ်။တန်ဖိုးမြင့် စျေးကြီးထုတ်ကုန်ကိုလူကုံထံတွေကို ဘယ်လိုရောင်းရမလဲနားလည်သဘောပေါက်ဖို့ ခက်တတ်တယ်။ အလကားပဲရချင်သူကအဲ့လိုလူတွေနဲ့ ပြန်ပြန်ကြုံဆုံရတတ်တယ်။ ဘဝမှာ တန်ရာတန်ကြေးပေးတတ်ဖို့လိုတယ်။ အချောင်လိုစိတ် ဖျောက်တတ်ဖို့လိုတယ်။ ဒီအချက်ကို နားလည်သွားတဲ့နေ့ကစလို့ဘဝအကြီးအကျယ်အပြောင်းအလဲဖြစ်လာတယ်။ လူတစ်ယောက်က ဥာဏ်အရမ်းကောင်းလို့ရတယ်။ဥာဏ်မြင့်ပြီး စိတ်ဓာတ်မမြင့်ရင်လဲ အမြင့်မရောက်ဘူး။ Phyo Paing @ Derek

ဒီအချက်ကို နားလည်သွားတဲ့နေ့ကစလို့
ဘဝအကြီးအကျယ်အပြောင်းအလဲဖြစ်လာတယ်။
Read More »

ကောင်းမွန်တဲ့ဘဝဖန်တီးဖို့
နှစ်ခုစလုံးလိုတယ်။

အိမ်မက်တွေပဲရှိရင်အစွမ်းအစမရှိရင်ဘဝကို အလိုမကျဖြစ်တတ်တယ်။ အစွမ်းအစရှိပြီးအိမ်မက်တွေမရှိရင်ကိုယ်နဲ့အထိုက်တန်ဆုံးအကောင်းဆုံးကိုယ် ဖန်တီးနိုင်ဖို့မလွယ်ဘူး။ ကောင်းမွန်တဲ့ဘဝဖန်တီးဖို့နှစ်ခုစလုံးလိုတယ်။ Phyo Paing @ Derek

ကောင်းမွန်တဲ့ဘဝဖန်တီးဖို့
နှစ်ခုစလုံးလိုတယ်။
Read More »

ဒါက အရေးအကြီးဆုံးပဲ။

ကျွမ်းကျင်တဲ့အရာကြီးကို ပိုက်ဆံတစ်ခုအတွက်ထပ်ခါထပ်ခါလုပ်ပြရတာအဓိပ္ပာယ်မရှိဘူးလို့ခံစားရတယ်။ ဘဝက ပိုက်ဆံတစ်ခုတည်းအတွက်ပိုတယ်။ ဘဝရဲ့ရည်ရွယ်ချက်က ကိုယ့်ရဲ့အစွမ်းအစ ဘယ်လောက်ရှိလဲဆိုတာသိချင်တယ်။ ကိုယ့်ရဲ့အစွမ်းအစသိဖို့ကို ၁။ ကျန်းမာကြံ့ခိုင်ရေး၂။ အလုပ်အကိုင်၊ စီးပွါး၃။ ငွေရေးကြေးရေး၄။ အချစ်ရေး၅။ ကျင်လည်တဲ့အသိုင်းအဝိုင်း၆။ အတွေးအခေါ်၊ စိတ်ပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာတိုးတက်ရေး ဒီခြောက်ခုနဲ့တိုင်းတာတယ်။ လူတိုင်းက မွေးရာပါအခွင့်အရေးနဲ့ပေးထားချက်တွေမတူဘူး။ဒါကိုတော့ ကြည့်မနေတော့ဘူး။ အရေးကြီးတာ ကိုယ်စတင်ခဲ့တဲ့မွေးဖွားခဲ့တဲ့အချိန်နဲ့သေဆုံးတဲ့အချိန် ဘာတွေကွာခြားသွားသလဲဒါက အရေးအကြီးဆုံးပဲ။ Phyo Paing @ Derek

ဒါက အရေးအကြီးဆုံးပဲ။ Read More »

ဘဝဆိုတာ ရွေးချယ်မှုတွေလုပ်ရတဲ့
ခရီးရှည်တစ်ခုပဲ။

ဘဝထဲမှာ ဘာရလဒ်တွေရသွားချင်လဲ။ဒီပေါ်မူတည်ပြီး ရွေးချယ်မှုတွေပြုလုပ်ရတယ်။ ဘာရလဒ်ရချင်လဲဆိုတာ ပညာနဲ့ဆိုင်ပြီး၊ ဘယ်လိုရွေးချယ်မှုတွေပြုလုပ်ရမလဲဆိုတာဥာဏ်နဲ့ဆိုင်တယ်။ ကျွန်တော်ကတော့ ဒီဘဝမှာ အချုပ်အနှောင်ကင်းကင်းနဲ့ ဘဝမှာ လေ့လာချင်တာကိုလေ့လာပြီး၊ကမ္ဘာကြီးရဲ့ ကိုယ်ကြိုက်တဲ့ဘယ်နေရာမှာမဆို အခြေချနိုင်တဲ့သူဖြစ်ချင်တယ်။ ဘဝရဲ့ဖြတ်သန်းမှုတွေကို မှတ်တမ်းတစ်ခုတင်ခဲ့ချင်တယ်။ စွန့်ဦးတီထွင်တစ်ယောက်၊စွန်းဆောင်ရည်မြင့်၊ ဥာဏ်ရည်မြင့်တဲ့ကိုယ်လုပ်တဲ့အလုပ်မှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့သူတစ်ယောက်နှစ်အလိုက်  မတူညီတဲ့အတွေ့အကြုံတွေကို စုစည်းသူတစ်ယောက်အဖြစ်ဘဝကြီးကို အသက်မွေးချင်တယ်။ သမာအာဇီဝနဲ့ မတူညီတဲ့နည်းလမ်းတွေနဲ့ဝင်ငွေတွေအများကြီးရှာချင်တယ်။ နောက် သဘာဝတရားရဲ့ဖြစ်တည်မှုကိုသိပြီးသံသရာက လွတ်မြောက်ချင်တယ်။ ဘဝရဲ့ရွေးချယ်မှုအနေနဲ့အရင်းနှီးဆုံးသူ၊ နေတဲ့နေရာ၊ လုပ်တဲ့အလုပ်၊ ပေါင်းသင်းတဲ့အပေါင်းအသင်း၊ကျင်လည်မည့်စျေးကွက်၊ နေ့စဥ်ဘဝဖြတ်သန်းမည့်ပုံစံ၊ နှစ်အလိုက်ဖြတ်သန်းမည့်ပုံစံ၊ဆယ်စုနှစ်တစ်ခုအလိုက်ဖြတ်သန်းမည့်အကြမ်းပုံစံကိုစဥ်းစားကြံဆရပြန်တယ်။ ဘဝဆိုတာ လိုချင်တဲ့ရလဒ်အတွက်နေ့စဥ်၊ အပတ်စဥ်၊ လစဥ်၊ နှစ်စဥ်ရွေးချယ်မှုကောင်းတွေကို ပြုလုပ်ရတဲ့နေရာတစ်ခုလို့စဥ်းစားမိတယ်။ အထူးသဖြင့် နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေသွားချင်ရင်ပေါ့။ Phyo Paing @ Derek

ဘဝဆိုတာ ရွေးချယ်မှုတွေလုပ်ရတဲ့
ခရီးရှည်တစ်ခုပဲ။
Read More »