Life

ဒီနေ့အတွက် အလုပ်လုပ်နေတာမဟုတ်ဘူး။

တခါတခါ အမျိုးတွေနဲ့တွေ့လို့ဘာလုပ်နေလဲမေးရင် တော်တော်ရှင်းပြရခက်တယ်။Business Trainer, Consultant ပေါ့။YEC Learning Center သင်တန်းကျောင်းဖွင့်ထားတယ်ပေါ့။ ToeTet, DreamLab, Akyanpay,Sapwar, Nyan Htet, Mindmax, Dr Thuta, Thukha, DanaDaily ဒါတွေနဲ့ နောက်ထပ်လုပ်မည့်ဆယ့်ငါးခုလောက်ထိုင်ပြောနေရင်ပိုရှုပ်ကုန်မယ်။ဒါတွေအကုန်လုံးက Niche Brand တွေလည်လဲလည်ပတ်နေပြီ။ Paid users လူ ၂၀၀၀၀ လောက်ပဲ target ထားတာအပြင်ကလူတွေကို ရှင်းပြရသိပ်မလွယ်ဘူး။ > 60 Lakh အထက်ပဲ လက်ခံပြီးWebsite ပေါင်းများစွာလုပ်ပေးခဲ့တဲ့ ပူးတွဲတည်ထောင်ထားတဲ့DigitalSeed Agency နောက် ကူညီပေးနေတဲ့ Australiaအခြေစိုက် ကလေး coding school CIY Club တခြား Business Model သေချာမစဉ်းစားရသေးတဲ့ထဲမှာDigitalZay, Eainshar ပါတယ်။Intern တွေနဲ့ချိတ်ပေးမယ့် […]

ဒီနေ့အတွက် အလုပ်လုပ်နေတာမဟုတ်ဘူး။ Read More »

မှားတာ ပြဿနာမဟုတ်ဘူး။

လူတိုင်းက စိတ်ဓာတ်တိုက်ပွဲနေ့စဉ် တိုက်နေရတယ်ဗျာ။စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာ၊တခါတလေ အဝေးတစ်နေရာကိုထွက်ပြေးသွားချင်တာ၊ကိုယ့် Facebook account ကို Deactivate လုပ်ပြီးနေလိုက်ချင်တာ။ ဘဝမှာ အကြည်ဓာတ်ဆိုတာရဖို့ခက်တယ်။အထူးသဖြင့် ကျွန်တော်တို့နေထိုင်တဲ့ ယဉ်ကျေးမှု Culture မှာပေါ့။ဒီနိုင်ငံရေး၊ ဒီစီးပွါးရေး၊ ဒီလိုခိုးဆိုးလုဝှက်တွေ များနေတဲ့နေရာမျိုးမှာပေါ့။ဒါက ဘယ်လိုဖြစ်လာလဲဆိုတာ အားလုံးသိပြီးသားပဲလေ။ တစ်ခုလုပ်လို့ရတာကတော့ Cultural escape လုပ်တာပဲ။တခြားသူတွေရဲ့အထင်အမြင်တွေကိုယ့်စိတ်ခံစားချက်ပေါ်လွမ်းမိုးမှုမရှိအောင်အာရုံအရေးကြီးတယ်။ ဒီအာရုံက ကိုယ်ပျော်ပြီးငွေရတဲ့အလုပ်မှာ ၁၀၀% ထားဖို့လိုတယ်။ဒီအလုပ်မရှိသေးရင် လေ့လာရမှာကိုယ့်တာဝန်ပဲ။ ပေါင်းသင်းတဲ့လူတွေ ဂရုစိုက်ဖို့လိုတယ်။ ကိုယ့်ရဲ့ အကောင်းဆုံးပုံစံနဲ့ မိနစ်တိုင်းနေသွားဖို့ကိုယ်ထိန်းချုပ်မရတာတွေအစားထိန်းချုပ်နိုင်တာတွေကိုပဲ အာရုံစိုက်လုပ်ဆောင်ဖို့။ ဘာပဲဖြစ်ဖြစ် ၁၀၀% ကိုယ့်ကိုကိုယ်တာဝန်ယူဖို့။အစွမ်းကုန် ရိုးသားဖို့၊သစ္စာရှိ commitment ရှိဖို့။ဒါတွေကတော့ ၂၀၂၂ Limitless Stoic Goal ပဲ။ လူတိုင်းက perfect မဖြစ်ဘူး။Childhood Trauma တစ်ပုံကြီးပါခဲ့နိုင်တယ်။Healing မလုပ်တတ်ရင်တစ်ဘဝလုံး လူဖြစ်ရှုံးသွားနိုင်တယ်။ မှားတာ

မှားတာ ပြဿနာမဟုတ်ဘူး။ Read More »

လူတွေက အခြေအနေတစ်ခုကို
ထိန်းချုပ်နိုင်ရင် ပျော်တယ်။
ကိုယ့်ထိန်းချုပ်မှုအောက်မရှိရင်
သွေးပျက်တတ်ကြတယ်။

နေ့တိုင်း Schedule ရှိဖို့လိုတယ်။ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတဲ့အချိန်ဇယားက ဘဝကိုစနစ်တစ်ခုပေးတယ်။ရည်ရွယ်ချက်တစ်ခု၊ ထိန်းချုပ်မှုတစ်ခု၊တာဝန်တစ်ခု၊ အာရုံစိုက်လုပ်ဆောင်စရာတစ်ခု၊စိတ်ကျက်စားရာတစ်ခု ပေးတယ်။ ဒီ schedule ရှိနေခြင်းအားဖြင့်ဘဝရဲ့ အခြေနေဘယ်လောက်ဆိုးဆိုးငါဒါကို မဖြစ်ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့အသိတစ်ခုဖြစ်စေတဲ့အတွက် ကိုယ့်ဘဝ ကိုယ့်လက်ထဲမှာဆိုတဲ့အသိတစ်ခုရစေတယ်။ လူတွေက အခြေအနေတစ်ခုကိုထိန်းချုပ်နိုင်ရင် ပျော်တယ်။ကိုယ့်ထိန်းချုပ်မှုအောက်မရှိရင်သွေးပျက်တတ်ကြတယ်။ ဒီနေ့လို ဆီစျေး၊ နိုင်ငံရေး၊စီးပွါးရေး၊ လျှပ်စစ်မီးအရေးထိန်းမရတဲ့ ပြဿနာပေါင်းစုံကြားမှာကိုယ့်ထိန်းချုပ်လို့ရတာ နေ့စဉ်အမူအကျင့်နဲ့နေ့စဉ် ဘာလုပ်မယ်ဆိုတဲ့ အချိန်ဇယားနဲ့ အကောင်အထည်ဖော်မှုပဲ။ Phyo Paing @ Derek

လူတွေက အခြေအနေတစ်ခုကို
ထိန်းချုပ်နိုင်ရင် ပျော်တယ်။
ကိုယ့်ထိန်းချုပ်မှုအောက်မရှိရင်
သွေးပျက်တတ်ကြတယ်။
Read More »

ကိုယ့်စိတ်ကို မအောင်ရင်
တခြားအရာတွေကို
အောင်မြင်အောင် လုပ်ဖို့ခက်တတ်ပါတယ်။

စစ်ဆင်ရေးမှာ အရေးအကြီးဆုံးက စိတ်ဓာတ်စစ်ဆင်ရေးပဲ။ Vietnam စစ်ပွဲမှာ အမေရိကန်လို စစ်အင်အားကြီးတဲ့ နိုင်ငံကိုပြန်တိုက်နိုင်ဖို့စိတ်ဓာတ်စစ်ဆင်ရေးဟာ အရေးပါတဲ့အပိုင်းမှာ ပါဝင်ခဲ့တယ်။ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးနိုင်ရင် သူ့ကို ထိန်းချုပ်လို့ရပြီ။ ထိန်းချုပ်ဖို့အလွယ်ဆုံး စိတ်ခံစားချက်ကအကြောက်တရားပဲ။ အကြောက်တရားဖြစ်ဖို့ မသေချာမရေရာမှုတွေမျှော်လင့်ချက်မဲ့အောင် ပြုလုပ်မှုတွေဖြစ်အောင်လုပ်ကြတယ်။ဒါကို နာဇီ concentration camp တွေမှာဂျူးတွေကို ညင်းဆဲခဲ့တဲ့ပုံကြည့်ရင် သိနိုင်တယ်။ စိတ်ဓာတ်စစ်ဆင်ရေးကို အောင်နိုင်ဖို့ပထမဆုံးဖယ်ရှားရမှာ မျှော်လင့်ချက် Hope ပဲဖြစ်တယ်။ဟစ်တလာလက်ထက်က ဒီ Christmas မှာလွတ်တော့မယ်ဆိုတဲ့ သတင်းလွင့်တယ်။လူတွေက မျှော်လင့်ချက်တွေရှိလာတယ်။စောင့်ကြတယ် မလွတ်ဘူး။ ဘယ်နေ့မှာ လွတ်မယ်ကြားတယ်။မလွတ်ပြန်ဘူး။ ဒီလို အချိန်ပေါင်းများစွာဖြစ်လာတဲ့အခါမျှော်လင့်ချက်တွေ မဲ့လာကြတယ်။ စိတ်ဓာတ်တွေ ကျလာတယ်။ အနာဂတ်တွေ ပျောက်လာတယ်။ တချို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်တယ်။ ဒါကို သတိထားမိတဲ့ စိတ်ပညာရှင်Viktor Franklr က မျှော်လင့်ချက်အစားဘဝအဓိပ္ပာယ်ကို

ကိုယ့်စိတ်ကို မအောင်ရင်
တခြားအရာတွေကို
အောင်မြင်အောင် လုပ်ဖို့ခက်တတ်ပါတယ်။
Read More »

စိတ်ညစ်နေရင် Identity
အသစ်ပြန်တည်ဆောက်ပါ။

စိတ်ဒုက္ခရောက်မှာ အများစုက ကိုယ်ဘယ်သူလဲဆိုတဲ့ Identity ပျောက်ရာက လာတယ်။ ဘဝမှာ ပထမဆုံးဖြစ်တဲ့Identity crisis က ခြောက်နှစ်လောက်သင်ယူခဲ့တဲ့ ပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းမပြုဘူးလို့စိတ်ဒုံးဒုံးချပြီး ကိုယ်ဘယ်သူလဲသေချာမသိတော့တဲ့ Identity crisis ဖြစ်တဲ့ အချိန်။ ဒုတိယက မိဘတွေ သူငယ်ချင်းတွေသိထားတဲ့ နှစ်ယောက်ပေါင်းဖြစ်တဲ့ relationship identity ကနေ breakup ဖြစ်ပြီး ငါတို့ဆိုတဲ့နေရာကနေငါဘယ်သူလဲလို့ပြန်မေးရတဲ့Identity crisis ဖြစ်တဲ့အချိန်။ ကိုယ်ဘယ်သူလဲ၊ ကိုယ်ဘယ်သူမဟုတ်ဘူးလဲ။ဘာတွေကို တန်ဖိုးထားသလဲ။ဒီမေးခွန်းတွေ ဖြေနိုင်ဖို့လိုသလိုကိုယ့်ကိုကိုယ် သိဖို့အရေးကြီးသလိုကိုယ့် identity နဲ့ တခြားသူနဲ့မရောလိုက်ဖို့ အရေးကြီးတယ်။ ရောလိုက်လို့ တခြားသူကကိုယ်တွေးထားသလို မဟုတ်တဲ့အခါနာကျင်လိမ့်မယ်။ ကျွန်တော့် identity ကတော့လူတွေနဲ့ လုပ်ငန်းတွေရဲ့ Productivity နဲ့ Profit ကို တိုးတက်အောင်ကူညီပေးတဲ့Entrepreneur, Marketing Trainer and Consultant.

စိတ်ညစ်နေရင် Identity
အသစ်ပြန်တည်ဆောက်ပါ။
Read More »

ဘဝကို သေချာ design မလုပ်ရင်
distraction တွေကြားမှာ
အကြည်ဓာတ်တွေ တည်ဆောက်နိုင်မှာ
မဟုတ်ဘူး။

ကျောင်းပြီးတဲ့အခါ အလုပ်မရတာဖြစ်နိုင်တယ်။စိတ်ဓာတ်တွေ ခဏခဏ ကျတာဖြစ်နိုင်တယ်။ လုပ်ငန်းလုပ်တဲ့အခါကျဆုံးတဲ့ပြဿနာတွေဖြစ်နိုင်တယ်။လုပ်ငန်းထဲကထွက်မရတဲ့ပြဿနာတွေဖြစ်နိုင်တယ်။ နာမကျန်းဖြစ်နိုင်တယ်။ အိမ်ထောင်ကျတဲ့အခါ အဆင်မပြေတာဖြစ်နိုင်တယ်။ အသက်ကြီးတဲ့အခါ ကိုယ့်ကလေးက ကိုယ်ဖြစ်စေချင်သလိုမဖြစ်တာ ဖြစ်နိုင်တယ်။ အသက်ကြီးတဲ့အခါ အထီးကျန်တာဖြစ်နိုင်တယ်။ သေတဲ့အခါ ညင်ညင်သာသာမသေတာ ဖြစ်နိုင်တယ်။ လောကမှာ ဖြစ်နိုင်တဲ့ မကောင်းတာတွေကိုကြိုတင် list လုပ်ထားတယ်။ ဒါတွေဖြစ်လာတဲ့အခါ ဖြေရှင်းဖို့ အဖြေတွေကြိုရှာထားတယ်။ ဒါကြောင့် တက္ကသိုလ်ပြီးပြီးချင်းအလုပ်လုပ်လို့ရခဲ့သလို အကုန်လုံးအချိပ်အဆက်မိမိနဲ့ခရီးဆက်ခဲ့နိုင်တယ်။ ဘဝမှာ ဖြစ်သလိုနေရင်ဖြစ်သလို ရလဒ်ပဲရလာမယ်။ဒါကြောင့် သေချာ design လုပ်ဖို့လိုတယ်။ ဒီနေ့ နေရာမရွေးပဲ အလုပ်လုပ်လို့ရလာတယ်။location independent ဖြစ်ဖို့ လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းက ကြိုတင်စီမံခဲ့တယ်။ ဒီနေ့ခေတ် ပို့စရာမလိုတဲ့digital products တွေနဲ့စီးပွားရေးတည်ဆောက်နိုင်တယ်။ ဒါကလဲ လွန်ခဲ့တဲ့နှစ်တွေက ကြိုတင်ပြင်ဆင်ထားလို့။ Client တွေကိုလိုက်မရှာရပဲကိုယ့်ကိုလာရှာကြတယ်။ တချို့တွေက ဒီလျှို့ဝှက်ချက်ကိုလာလာမေးတယ်။ ဒါလဲ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကကြိုတင်ပြင်ဆင်ခဲ့လို့။

ဘဝကို သေချာ design မလုပ်ရင်
distraction တွေကြားမှာ
အကြည်ဓာတ်တွေ တည်ဆောက်နိုင်မှာ
မဟုတ်ဘူး။
Read More »

စည်းတားပါ

ဦးနှောက်တွေရပ်မတတ်ချောင်းတွေဆိုး အကြီးအကျယ်ဖျားဖူးတယ်။Covid-19 လဲဖြစ်ဖူးတယ်။ Coup ကြောင့်လုပ်ငန်းတွေလချီပြီး ရပ်သွားဖူးတယ်။ လုပ်ဖို့ရည်ရွယ်ထားတဲ့လမ်းကြောင်းတွေကမောက်ကမ ဖြစ်ရုံမကလမ်းကြောင်းတွေပြောင်းလဲနောက်ကျသွားတယ်။ အမျိုးထဲက ဆန္ဒပြရင်း တိုင်းသိပြည်သိတစ်ယောက်သေနတ်မှန်ဆုံးသွားတယ်။ အဖွားအရင်း Covid-19 နဲ့ဆုံးသွားတယ်။ လူမသိသေးတဲ့ ဘဝအချိုးအကွေ့ကြီးတစ်ခုCovid-19 စ ဖြစ်ဖြစ်ခြင်း March 2020 မှ ဖြစ်ခဲ့တယ်။ လူတွေမသိတဲ့ ပြဿနာပေါင်းတစ်သောင်းခြောက်ထောင်ကိုတည်တည်ငြိမ်ငြိမ် အိန္ဒြေမပျက်ကျော်လွားနိုင်ဖို့ “စည်း” လိုတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ကျန်းမာရေး ဘယ်လောက်ဆိုးဆိုးကိုယ့်ရဲ့အတွင်းစည်းကို မကျော်နိုင်ဘူး။ဘာကြောင့်လဲဆို ဒီထဲဝင်ခွင့်ရှိတဲ့Authorized person က ကိုယ်ပဲ။ ကိုယ့်ရဲ့ spouse လဲမဟုတ်ဘူး။မအလလဲ မဟုတ်ဘူး။ပူတင်လဲ မဟုတ်ဘူး။Covid-19 လဲ မဟုတ်ဘူး။ကုန်စျေးနှုန်းတွေလဲ မဟုတ်ဘူး။ ကိုယ့်ကိုဘယ်လောက် စိတ်ညစ်အောင်လုပ်လုပ်ဘယ်လောက် အကြည်ဓာတ်ပျက်အောင်လုပ်လုပ်ခေါင်းအေးအေး၊ စိတ်ဓာတ်ခိုင်ခိုင်မာမာဒူပေဒါပေခံခံနဲ့ ကိုယ်ဂုဏ်ယူတဲ့အလုပ်ကိုပိုးစိုးပက်စက်ဆက်လုပ်နေနိုင်တာ စည်းတားထားလို့။ ကိုယ့်ရဲ့ လောကအမြင်၊အတွေးအခေါ်၊ ခံစားချက်တွေကို၁၀၀% ထိန်းရချုပ်တဲ့သူက ကိုယ်ပဲ။

စည်းတားပါ Read More »

နေ့စဉ်မဖြစ်မနေ လုပ်တဲ့
Routine ၃ ခုက ၁၀ ခုရှိရမယ်။

ဒီနေ့စဉ်မဖြစ်မနေလုပ်တဲ့အရာတွေကဘဝကို စနစ်တစ်ခုဖန်တီးပေးတယ်။ပြဿနာတွေရှိရင်တောင် လဲပြိုမသွားအောင်ပုံစံခွက်တစ်ခုတည်ဆောက်ပေးထားတယ်။တစ်နှစ်လောက်ပုံမှန်လုပ်သွားရင်ဘဝတွေ ကွာသွားတယ်။ မနက်မှာ တရားထိုင်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ် စာရေးတာဖြစ်ရင်ဖြစ်မယ်။နေ့စဉ် ဘာသာစကားတစ်ခု၊ နှစ်ခုလေ့လာတာဖြစ်ရင်ဖြစ်မယ်။နေ့စဉ်စာတစ်အုပ်ဖတ်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ်လေ့ကျင့်ခန်းတွေလုပ်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ် fasting လုပ်တာဖြစ်ရင်ဖြစ်မယ်။နေ့စဉ်အလုပ်အတွက်အချိန်ပေးစဉ်းစားတာ ဖြစ်ရင်ဖြစ်မယ်။ Phyo Paing @ Derek

နေ့စဉ်မဖြစ်မနေ လုပ်တဲ့
Routine ၃ ခုက ၁၀ ခုရှိရမယ်။
Read More »

နေ့ရက်တိုင်း အဓိပ္ပာယ်ရှိဖို့
နေ့ရက်တိုင်းကို စုဗူးတစ်ခုလို
စဥ်းစားကြည့်ပါ။

နေ့ရက်တိုင်းက ကိုယ့်အတွက်စုဗူးပဲ။ ပညာစုတယ်။ ငွေစုတယ်။ Asset စုတယ်။ ကုသိုလ်စုတယ်။ Relationship အတွက်စုတယ်။ ကျန်းမာရေးစုတယ်။ နေ့ရက်တိုင်းက အဓိပ္ပာယ်ရှိဖို့နေ့ရက်တိုင်းကို စုဗူးတစ်ခုလိုစဥ်းစားကြည့်ပါ။ Phyo Paing @ Derek

နေ့ရက်တိုင်း အဓိပ္ပာယ်ရှိဖို့
နေ့ရက်တိုင်းကို စုဗူးတစ်ခုလို
စဥ်းစားကြည့်ပါ။
Read More »

ဒုက္ခရောက်တဲ့အချိန် ကိုယ်ကပြဿနာကို ဘယ်လို တုန့်ပြန်လဲပေါ်မူတည်ပြီး ဘဝရဲ့ trajectory တွေကွာသွားတယ်။

လူတွေကို အပြောင်းအလဲဖြစ်စေတာ ပျော်တဲ့အချိန်မဟုတ်ဘူး။ စိတ်ညစ်တဲ့အချိန်။ ဒုက္ခရောက်တဲ့အချိန် ဖြစ်တယ်။ အဲ့ဒီအချိန်မှာ ကိုယ်ကပြဿနာကိုဘယ်လို တုန့်ပြန်လဲပေါ်မူတည်ပြီးဘဝရဲ့ trajectory တွေကွာသွားတယ်။ကိုယ်ဒုက္ခလှလှတွေ့ပြီဆို ဒုက္ခကိုအရင်ရှင်းပြီး ဘဝထဲ လှလှကို ခေါ်သွားဖို့လိုတာပဲ။ Phyo Paing @ Derek

ဒုက္ခရောက်တဲ့အချိန် ကိုယ်ကပြဿနာကို ဘယ်လို တုန့်ပြန်လဲပေါ်မူတည်ပြီး ဘဝရဲ့ trajectory တွေကွာသွားတယ်။ Read More »