Life

တစ်ရက်တာ ကုန်သွားတိုင်း
ပြန်မေးကြည့်ကြည့်။

ငါဒီနေ့ကို ကိုယ့်ရဲ့ အကောင်းဆုံး version ဖြစ်အောင်စွမ်းဆောင်ခဲ့ရဲ့လား? ကိုယ့်ကိုကိုယ် ဂုဏ်ယူရတာဘာတွေ လုပ်ခဲ့သလဲ? ဘာသင်ခန်းစာတွေရခဲ့သလဲ။ Phyo Paing @ Derek

တစ်ရက်တာ ကုန်သွားတိုင်း
ပြန်မေးကြည့်ကြည့်။
Read More »

ဘဝရဲ့ ပျော်ရွင်မှုက
လိုအပ်မှုတွေ အနည်းဆုံး
ဖြစ်အောင် နေတာပဲ။

တကယ်တမ်းစီးပွားရေးကိုနဖူးတွေ့ ဒူးတွေ့လုပ်ရတဲ့အခါကုန်ကျစရိတ်ဆိုတာရှိတယ်။လည်ပတ်စရိတ် ကျေဖို့လုပ်ရတယ်။နောက်ပြီးမှ အမြတ်ပေါ့။ လူရယ်လို့ဖြစ်လာတဲ့အခါလဲလူရာဝင်အောင်လဲလုပ်ရသလို၊နောက်တစ်ဆင့် လူရိုသေ ရှင်ရိုသေလေးလဲဖြစ်အောင်ကြိုးစားရပြန်တယ်။ တခါတလေ လိုချင်တာတွေကိုယ့်ကို ဆွဲခေါ်တဲ့အတွက် ဒီဇောနဲ့ အလုပ်တွေလုပ်စင်ပေါ်ရောက်တဲ့အခါတွေလဲရှိတတ်တယ်။ တခါတလေ လိုအပ်တာတွေကြောင့်ငြင်းပယ်လို့မရပဲကိုယ်မလုပ်ချင်တဲ့ အလုပ်တွေလုပ်ခဲ့ရတဲ့ အချိန်တွေလဲလူတိုင်းမှာ တခါမဟုတ်တခါ ရှိခဲ့တတ်တယ်။ တခါတလေ သူကငါ့ဘယ်လို ထင်နေမလဲဆိုတဲ့လူတွေ အထင်အမြင်ကိုအာရုံစိုက်ပြီး ဗျာများတဲ့အချိန်တွေလဲ ရှိတတ်တယ်။ လိုချင်တာတွေရှိတဲ့အတွက်အကောင်အထည်ဖော်ရတာကအရသာရှိတယ်။လိုအပ်မှုတွေရှိတဲ့အတွက် ဖြည့်ဆည်းရတာကတော့ အရသာ သိပ်မရှိလှဘူး။ ဒါကြောင့် ကိုယ့်ဘဝမှာလိုအပ်နိုင်တဲ့အရာတွေအတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ အခြေခံဖြစ်တဲ့ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ ချစ်ခြင်းမေတ္တာ၊ အခြေခံပျော်ရွင်မှုလေးတွေ။ လိုအပ်တာတွေ ဖြည့်ဆည်းပြီးမှလိုချင်တာတွေ ဖြည့်ဆည်းလို့ရမယ်။ ကိုယ့်ရဲ့ အခြေခံ ပျော်ရွင်မှုအတွက်လိုအပ်တဲ့ ငွေ၊ ကား၊ ချစ်ခြင်းမေတ္တာ၊ အသိမှတ်ပြုခံရမှုကများလေလေ ဘဝဖြတ်သန်းမှုမှာ ခက်လေလေဖြစ်တတ်တဲ့အတွက် လိုအပ်တာတွေ နည်းလေကောင်းလေ။ Phyo Paing @ Derek

ဘဝရဲ့ ပျော်ရွင်မှုက
လိုအပ်မှုတွေ အနည်းဆုံး
ဖြစ်အောင် နေတာပဲ။
Read More »

Easy life မလိုဘူး။
Good life ပဲလိုတာ။

လွန်ခဲ့တဲ့ ဆယ်နှစ်ကဘဝမှာ အဲ့လိုအချိန်တွေရှိခဲ့ဖူးတယ်။ ဘဝဆိုတာ $ပြဿနာတွေကိုအပြုံးမပျက် fix လုပ်တဲ့နေရာ။ ကိုယ်က ကိုယ့်ပြဿနာထက်ပိုကြီးပြီး ဆရာကျနေဖို့နေ့စဉ် တိုးတက်နေဖို့လိုတယ်။ Easy life မလိုဘူး။Good life ပဲလိုတာ။ ဒါကြောင့် စိတ်ဓာတ်ကျစရာမလိုဘူးအမျိုးတို့။ နေ့စဉ် နည်းနည်းစီ တိုးတက်နေဖို့ပဲလိုတာ။ Phyo Paing @ Derek

Easy life မလိုဘူး။
Good life ပဲလိုတာ။
Read More »

ဒီနေ့ ဘယ်လောက် ဆင်းရဲရဲ
သည်းခံနိုင်တယ်။

မနက်ဖြန်ကတော့ ဒီနေ့ထက်ပိုကောင်းရမယ်။ဒီစိတ်နဲ့ပဲ အရာရာကို ဖြတ်ကျော်လာတာ။စျေးကွက်မှာ ဝုန်းတိုင်းကျဲကြော်ငြာHype ဖြစ်ပြီး ပြန်ငြိမ်သွားတာထက်Predictable ဖြစ်တဲ့ ဝင်ငွေနဲ့တိုးတက်မှုကိုပဲ ပိုခုံမင်တယ်။ Phyo Paing @ Derek

ဒီနေ့ ဘယ်လောက် ဆင်းရဲရဲ
သည်းခံနိုင်တယ်။
Read More »

ဘာလို့ နေ့တိုင်းစာဖတ်သင့်သလဲ။

ခေါင်းထဲအတွေးအခေါ်အသစ်ဝင်လာတာနဲ့စဥ်းစားတာ မတူတော့ဘူး။ စဥ်းစားတာမတူရင် အမြင်မတူတော့ဘူး။အမြင်မတူရင် လုပ်ရပ်မတူတော့ဘူး။လုပ်ရပ်မတူရင် ရလဒ်မတူတော့ဘူး။ Thinking -> Perception -> Action -> Result Phyo Paing @ Derek

ဘာလို့ နေ့တိုင်းစာဖတ်သင့်သလဲ။ Read More »

ကိုယ့်စိတ်နဲ့ခန္ဓာကို သေချာ
နားလည်ဖို့ အရေးကြီးတယ်။

ဘယ်လိုဖြစ်ဖြစ် သင်သေမှာပဲ။စောစောသေမလားနောက်ကျသေမလားပဲ မသိတာ။သေတာက သေမှာပဲ။သင်သေတဲ့နေ့ တစ်ပတ်လောက်လူတွေ ဝမ်းနည်းကောင်းဝမ်းနည်းမယ်။ မသေခင်တော့ စိတ်နဲ့ ခန္ဓာရှိနေသမျှဒီနှစ်ခုအလိုကို ဖြည့်ဆည်းပေးနေရတယ်။ ကိုယ်စိတ်နဲ့ ခန္ဓာကို မနိုင်ရင် တိုင်ပတ်တယ်။ဒီနှစ်ခုကို နားလည်သတိပြုမိတာကိုSelf-awareness လို့ခေါ်တယ်။ Self-awareness မရှိရင် ကိုယ့်ကိုကိုယ်နားမလည်ဘူး။နားမလည်ရင် Self-discipline ရှိဖို့မလွယ်ဘူး။Strategy လဲ ချလို့မလွယ်ဘူး။ Self-awareness အရေးကြီးတယ်။ ကိုယ့်စိတ်နဲ့ခန္ဓာကို သေချာနားလည်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ့်စိတ်နဲ့ခန္ဓာကို သေချာ
နားလည်ဖို့ အရေးကြီးတယ်။
Read More »

မွေးကတည်းက သန်မာတာရှားတယ်။
ကိုယ့်ကို မသေစေတဲ့အရာက
သန်မာစေတဲ့အရာတွေဆိုတာ မှန်တယ်။

နှစ်ပေါင်းများစွာ စိတ်ညစ်ခဲ့ဖူးတယ်။စိတ်ဓာတ်ကျခဲ့ဖူးတယ်။ ကိုယ့်ကိုကိုယ် အပစ်တင်ခဲ့ဖူးတယ်။ ပြဿနာတစ်ခုခုကြုံလာတိုင်းဘယ်သူ့ပြေးအားကိုးရမှန်းမသိအကြိမ်ပေါင်းမနည်းဖြစ်ခဲ့ဖူးတယ်။ လုပ်နေတဲ့အလုပ်ကို ရပ်ပစ်ဖို့အကြိမ်တစ်ရာမက စဉ်းစားခဲ့ဖူးတယ်။ ငါလုပ်နေတာ ဟုတ်မှဟုတ်ရဲ့လား၊မှန်မှမှန်ရဲ့လား တွေဝေဒွိဟတွေအကြီးကြီးဖြစ်ခဲ့ဖူးတယ်။ ဝန်ထမ်းတွေ ကိုယ့်စကားနားမထောင်လို့စိတ်ညစ်တဲ့ရက်တွေ အများကြီးရှိခဲ့ဖူးတယ်။ ဆိုင်က အခိုးခံရတဲ့ CCTV ကိုပြန်ကြည့်ပြီး တော်တော်ဒေါသထွက်ခဲ့ဖူးတယ်။ အသည်းတွေ အကြီးအကျယ်ကွဲဖူးတယ်။အရက်ကို ရေလိုသောက်ဖူးတယ်။ လောင်းကစားကို ရေရေလည်လည်စွဲဖူးတယ်။ဘဝမှာ လမ်းတွေ အကြိမ်ကြိမ်ပျောက်ဖူးတယ်။ သေမလို ဆေးရုံနှစ်ခါတက်ဖူးသလိုဆေးမှားသောက်လို့ မျက်စိခြောက်လလောက်ကုခဲ့ဖူးတယ်။နားသိပ်မကြားရလို့ မန္တလေးက ဆရာဝန်ဦးကန်ညွန့်နဲ့ နှစ်နှစ်ကျော်ပြခဲ့ဖူးတယ်။ ငြိမ်းချမ်းခြင်းကိုလိုက်ရှာပြီးစမ်းချောင်းက Church ကျောင်း library မှာခြောက်လ လောက်နေဖူးတယ်။ ငွေအတိုးချေးပေးပြီး အလိမ်ခံရဖူးတယ်။စပ်တူလုပ်ပြီး ခွါပြဲဖူးတယ်။Social media ကို မသုံးတော့ဘူးဆိုပြီးအကြိမ်ကြိမ်စဉ်းစားခဲ့ဖူးတယ်။ မဖတ်တတ်တဲ့ စကားလုံးတွေများတော့dictionary နဲ့တစ်လုံးချင်းလိုက်ရှာစိတ်တွေ အကြိမ်ကြိမ်ညစ်ဖူးတယ်။ အတွေးအခေါ်မတူပဲ အမြဲစိတ်ညစ်ရလို့အသက်ကြီးရင် အမေနဲ့အတူမနေဖူးလို့ပြောပြီး အိမ်နဲ့ သုံးလလောက်အဆက်အသွယ် မလုပ်နေခဲ့ဖူးတယ်။ အဒေါ်တွေအိမ်ကပ်နေဖူးတယ်။အစ်ကို

မွေးကတည်းက သန်မာတာရှားတယ်။
ကိုယ့်ကို မသေစေတဲ့အရာက
သန်မာစေတဲ့အရာတွေဆိုတာ မှန်တယ်။
Read More »

ကျွန်တော့်ဘဝကို design လုပ်တဲ့
ပုံစံတစ်ခုရှိတယ်။

EACT လို့ အတိုကောက်မှတ်လို့ရတယ်။ 1. Emotion ဒါကတော့ နေ့စဉ် ဘယ်လို စိတ်ခံစားမှုတွေနဲ့ နေချင်လဲဆိုတာကိုအရင် စဉ်းစားသတ်မှတ်တာပဲဖြစ်တယ်။ နေ့စဉ် တိုးတက်မှု၊ ရင်ခုန်မှု၊အလုပ်ထဲစျာန်ဝင်မှု၊ အလုပ်အပေါ်ရူးသွပ်မှု၊တက်ကြွမှု၊ ပျော်ရွင်မှု၊ လွတ်လပ်မှုတွေနဲ့နေ့စဉ် ဖြတ်သန်းချင်တယ်။ ဒါကို habitual emotion လို့ခေါ်လို့ရတယ်။ 2. Activities ဒီ စိတ်ခံစားမှုတွေ နေ့စဉ်ခံစားရဖို့ ဘယ်လို အရာမျိုးတွေလုပ်နေမလဲစဉ်းစားကြည့်တယ်။ ဒီ activities တွေကိုချရေးတယ်။ လေ့လာမှုတွေလုပ်နေရရင်အတွေးအခေါ်အသစ်၊စမ်းသပ်မှုအသစ်၊ဖန်တီးမှုအသစ် ဒါတွေလုပ်နေရရင်ကို ပျော်နေတယ်။ 3. Creation ဒါဆို ဒီလုပ်ဆောင်မှုတွေပေါ်မူတည်ပြီး ဘယ်လို ဝန်ဆောင်မှုတွေ၊ ကုန်ပစ္စည်းတွေဖန်တီးမလဲ စဉ်းစားကြည့်တယ်။ဒီ product, service တွေကိုဖန်တီးတယ်။ 4. Target Customer နောက်တစ်ဆင့်က ဒီ ကုန်ပစ္စည်း၊ဝန်ဆောင်မှုတွေက ဘယ်သူတွေရဲ့ ပြဿနာကိုအကောင်းဆုံးဖြေရှင်းပေးနိုင်မလဲ၊ဒါမှမဟုတ် ဘယ်သူတွေကိုအကောင်းဆုံးအကျိုးပြုမလဲစဉ်းစားတယ်။

ကျွန်တော့်ဘဝကို design လုပ်တဲ့
ပုံစံတစ်ခုရှိတယ်။
Read More »

စည်းကမ်းရှိဖို့လိုတယ်။

ငယ်ငယ်က မနက် ၅ နာရီဆိုထ၅ ခွဲဆို ဖယောင်းတိုင်လေးကိုင်တရုတ်ကျောင်းသွားရတယ်။ ၈ နာရီကျောင်းဆင်းရင်အပြေးအလွှားမြန်မာကျောင်းကူးရပြန်တယ်။ လေးတန်းလောက်ရောက်တော့အဖေလဲမရှိတော့တဲ့အခါ ကိုယ့်ကို ဘေးကကြည့်ပေးတဲ့သူမရှိတော့ကျောင်းပြေးပြီး လုပ်ချင်တာလုပ်တယ်။ ဒါ ၈ တန်းရောက်တဲ့အထိပဲ။ ၉ တန်းဘော်ဒါဆောင်ရောက်သွားတော့စာကျက််ချိန်စာကျက်ရတဲ့စည်းကမ်းနဲ့ သွားရတယ်။ နောက်ပိုင်း ဘဝမှာ သတိထားမိလာတာကိုယ့်ဘဝ တည့်တည့်မှတ်မှတ်တိုးတက်နေဖို့ ဘယ်လိုအခြေအနေဖြစ်ဖြစ်စည်းကမ်းရှိဖို့လိုတယ်။ နေ့တိုင်း စာဖတ်မယ်ဆိုတဲ့ စည်းကမ်း။နေ့တိုင်း ဘာတွေလုပ်မယ်၊ဘာတွေ မလုပ်ဘူးဆိုတဲ့ စည်းကမ်း။ကိုယ့်စည်းကမ်းကိုယ်ထုတ် ကိုယ်တိုင် လိုက်နာဖို့လိုတယ်။ ကိုယ်တိုင်ကျ စည်းကမ်းမရှိပဲသူများကို ဝေဖန်နေတာ ဥာဏ်နည်းရာ ကျနိုင်တယ်။ Phyo Paing @ Derek

စည်းကမ်းရှိဖို့လိုတယ်။ Read More »

အခြေခိုင်ဖို့
အခြေခံတွေကို သေချာလုပ်ရမယ်။

ကိုယ့်မှာ သတ်မှတ်ထားတဲ့လိုအပ်တဲ့ အခြေခံ ငွေကြေးမဖူလုံရင်ထိန်းချုပ်ခံရမှာပဲ။ ငွေလိုနေရင် ကိုယ် service မပေးချင်တဲ့ဖောက်သည်မျိုးကိုလဲ ပေးရမှာပဲ။မကြိုက်တဲ့ အလုပ်မျိုးလဲလုပ်ရမှာပဲ။ရွေးချယ်စရာ များများစားစားမရှိဘူး။ တကယ်လို့ ကိုယ့်လုပ်ငန်းကBudgeting သေချာလုပ်ထားတယ်။စိုးရိမ်ပူပန်စရာမလိုရင်ကိုယ်သွားချင်တဲ့ လမ်းကြောင်းအေးအေးဆေးဆေး သွားလို့ရတယ်။ ဒါကြောင့် အခြေခိုင်ဖို့အခြေခံတွေကို သေချာလုပ်ရမယ်။ Phyo Paing @ Derek

အခြေခိုင်ဖို့
အခြေခံတွေကို သေချာလုပ်ရမယ်။
Read More »