ဘ၀ဆိုတာ သင်္ချာပုစ္ဆာနဲ့တူတယ်။
တွက်နည်းမှန်ပြီး အဖြေမှားတာတွေရှိသလို တွက်နည်းမှားပြီး အဖြေမှန်သွားတာလည်းရှိတယ်။ တွက်နည်းမျိုးစုံနဲ့ အဖြေမှန်ရနိုင်သလို ကိုယ့်တွက်နည်းနဲ့မတူလို့ အပစ်ဝိုင်းရှာတာလည်း ခံရနိုင်တယ်။ တချို့ကတော့ တိုက်ရိုက် ကော်ပီကူးချသလို တချို့ကလည်း ကိုယ်ပိုင်တွက်နည်းနဲ့ တွက်ကြတယ်။ တချို့ကျတော့လည်း ဘ၀ကို ဒီပုစ္ဆာတစ်ပုဒ်တည်းနဲ့ အမှတ်ပေးမယ်ထင်တယ်။ အမှန်တော့ ဘ၀မှာ သင်္ချာပုစ္ဆာ အခန်းရှည်ကြီးဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ မေးခွန်းကိုရွေးပြီး ဖြေရှင်းနေဖို့ အရေးကြီးတယ်။ အဖြေမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ အချိန်တန်ခေါင်းလောင်းထိုးချိန်တွင် အိမ်ပြန်ရမှာဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ သင်္ချာပုစ္ဆာကို ဖြေရှင်းရင်း ခေါင်းလောင်းထိုးချိန်ကို စောင့်ကြတာပေါ့။ Phyo Paing @ Derek
ဘ၀ဆိုတာ သင်္ချာပုစ္ဆာနဲ့တူတယ်။ Read More »