Life

အမြင့်ရောက်ဖို့ အမြင်အရင်ပြောင်းဖို့လိုတယ်။

Goalကိုရောက်ဖို့ Growth လိုတယ်။ တိုးတက်နေဖို့ ၁.ကိုယ်အတော်ဆုံးဖြစ်နေတဲ့ အသိုင်းအဝိုင်းကို  ရှောင်ပါ။၂.အမြဲ ကိုယ့်အရည်အချင်းကို challenge လုပ်ပါ။၃.အရှုံးတွေကို ရင်ဆိုင်နိုင်အောင် အသင့်ပြင်ထားပါ။၄.တိုးတက်မှုရှိနေတဲ့ ပတ်ဝန်းကျင်ကိုရွေးပါ။၅.ကိုယ့်ကိုဆွဲတင်ပေးမည့်သူတွေရှိတဲ့နေရာမှာနေပါ။၆.ဆရာတင်ရမှာ မရှက်ပါနဲ့။ (လူတိုင်းအကုန်မသိနိုင်ပါ။) Phyo Paing @ Derek

အမြင့်ရောက်ဖို့ အမြင်အရင်ပြောင်းဖို့လိုတယ်။ Read More »

ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။

သင်္ချာပုစ္ဆာတစ်ပုဒ်ကို နားမလည်ပဲတွက်တဲ့အခါ မှားတတ်ပါတယ်။ နားလည်ပြီးတွက်ရင်တောင်မှ မှားနိုင်ပါသေးတယ်။ တွက်ဖူးတဲ့ပုစ္ဆာထပ်တွက်တဲ့အခါ သတိမထားမိရင်လည်းမှားတတ်ပါသေးတယ်။ ဒါပေမယ့် ဒီ ပုစ္ဆာနဲ့ ရင်းနှီးလာတဲ့အခါ အမှန်တွေများလာပါမယ်။ ဘဝမှာ ဘယ်ပုစ္ဆာတွေ၊ ဘယ်ပြဿနာတွေကို အဓိကဖြေရှင်းမလဲစဉ်းစားပါ။ ဒီပြဿနာတွေဖြေရှင်းစဉ်မှာ အမှားလုပ်မိတာတွေကို အပြစ်မတင်ပါနဲ့။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ Read More »

လူတွေအထင်ကြီးဖို့ အလုပ်မလုပ်ပါနဲ့။

သင့်ကိုအထင်မကြီးတဲ့သူတွေကဘာလုပ်လုပ်အထင်ကြီးမှာမဟုတ်ဘူး။ကိုယ့်အိမ်မက်တွေအတွက် အလုပ်လုပ်ပါ။Phyo Paing @ Derek

လူတွေအထင်ကြီးဖို့ အလုပ်မလုပ်ပါနဲ့။ Read More »

ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ အသက်ရှင်ပါ။

ကျွန်တော်တို့ ဘာကြောင့်မပျော်သလဲ? ကိုယ့်ထက် ပိုကောင်းတဲ့ ဘဝတစ်ခုကို တခြားသူတစ်ယောက်က ပိုင်ဆိုင်ထားတယ်လို့ ယူဆတဲ့အခါ ကိုယ့်ကိုကိုယ် ဂုဏ်မယူနိုင်တော့ဘူး။ ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ မနေနိုင်တော့ဘူး။ ဒီအချိန်မှာ စိတ်မထားတတ်ရင် Virus လေးခုဝင်လာလိမ့်မယ်။ -Negative Thinking -Negative Emotion-Limiting Belief-Inner Conflicts ဘဝက ကျေးဇူးတင်စရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဥပမာ သင်အသက်ရှင်နေတယ်။သင့်မိဘ သို့ မိသားစုရှိမယ်။ ဘဝက သာသာယာယာ စီးဆင်းနေတယ်။ ဒီနေ့သုံးနေရတဲ့ အင်တာနက်ဆိုတာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အိမ်မက်ပဲ။ မိတ်ဆွေတို့ ဘဝမှာ ကျေးဇူးတင်တဲ့ အကြောင်းအရာတွေထဲက တစ်ခုဟာ ဘာများဖြစ်မလဲ? Phyo Paing @ Derek

ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ အသက်ရှင်ပါ။ Read More »

ခွင့်မလွှတ်တတ်ရင်

ရှေ့ဆက်ဖို့လမ်းတွေမှာအမှိုက်ထုတ်ကြီး သယ်သွားရသလိုဖြစ်တတ်တယ်။ဒီတော့ တပါးသူကိုပဲဖြစ်ဖြစ်၊မိမိကိုယ်ကိုဖြစ်ဖြစ်ခွင့်လွှတ်ပေးလိုက်ပါ။Phyo Paing @ Derek

ခွင့်မလွှတ်တတ်ရင် Read More »

အရာရာ ပိုကောင်းဖို့ဖြစ်လာတာ

ဘဝမှာ အားမရစရာ၊စိတ်ပျက်စရာ၊ကျရှုံးမှုနဲ့ ယူကျုံးမရစရာ ဖြစ်လာတိုင်းအမြဲပြောနေကျ စကားလေးတစ်ခွန်းရှိတယ်။“အရာရာ ပိုကောင်းဖို့ ဖြစ်လာတာပါကွာ”Phyo Paing @ Derek

အရာရာ ပိုကောင်းဖို့ဖြစ်လာတာ Read More »

လုပ်ချင်တာနဲ့ လုပ်သင့်တာ။

လုပ်နိုင်တာနဲ့ လုပ်ဖြစ်သွားရင်အဆင်ပြေသွားတာပဲ။ပြဿာနာအများစုက လုပ်သင့်ပေမယ့်မလုပ်ချင်တဲ့အတွက် ဖြစ်လာတယ်။Phyo Paing @ Derek

လုပ်ချင်တာနဲ့ လုပ်သင့်တာ။ Read More »