ဆိုင်ကယ်ကို ဘရိတ်အုပ်တွန်းနေပြီး
ဆိုင်ကယ်ကို ဘရိတ်အုပ်တွန်းနေပြီးကြိုးစားတယ်လို့ ပြောလို့မရဘူး။ စက်မနှိုးဘဲတွန်းပြီး အရမ်းကြိုးစားတာကိုဂုဏ်ယူနေလို့မရဘူး။ Phyo Paing @ Derek
ဆိုင်ကယ်ကို ဘရိတ်အုပ်တွန်းနေပြီးကြိုးစားတယ်လို့ ပြောလို့မရဘူး။ စက်မနှိုးဘဲတွန်းပြီး အရမ်းကြိုးစားတာကိုဂုဏ်ယူနေလို့မရဘူး။ Phyo Paing @ Derek
Digital device တွေ ကျွန်တော်တို့ behavior ကို control လုပ်ထားတဲ့ပုံစံမတူကြဘူး။ ဥပမာ Phone ကိုဖွင့်လိုက်ရင် Facebook လို app ကို အရင်နှိပ်မိတာမျိုး။ ကျွန်တော်တို့ marketer တွေကတော့ လူတွေရဲ့ behavior ကိုလေ့လာပြီး marketing လုပ်ကြတာပေါ့။ ဥပမာ website တစ်ခုကိုဝင်လာတယ်ဆို ဘယ်ခလုပ်ကိုဘယ်လိုနှိပ်ပြီး ဘယ်နားမှာရပ်သွားသလဲ။ ဒီအပေါ်မူတည်ပြီး website design ကို optimize ပြန်လုပ်ကြတယ်။ ဒီနေ့ခေတ်မှာ marketing တင်မကတော့ပဲ product design မှာပါ လူတွေဒီ product နဲ့မခွာနိုင်အောင် စဥ်းစားလာကြတယ်။ ဒီလို Habit-forming products တွေကိုတည်ဆောက်ဖို့ လူတွေရဲ့ psychology ကိုလေ့လာခဲ့ကြတယ်။ မကြာခင်က Netflix မှာ
တော်တော်အံမဝင်တဲ့သူတွေ အများနဲ့အံဝင်ဂွင်မကျသူတွေရှိတယ်။အများစုက Drama တွေနဲ့ရှုပ်နေချိန်မှာသူတို့က သူတို့ Dream တွေနဲ့ ရှုပ်နေတယ်။ အများစုက တခြားသူတွေအကြောင်းGossip လုပ်နေချိန်မှာသူတို့က အိမ်မက်တွေကိုGoal တွေအဖြစ် ပြောင်းနေကြတယ်။ အများစုက ပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့ပယောဂတွေကြောင့် Stress တွေများနေချိန်သူတို့က ရည်မှန်းချက်တွေရောက်အောင်Strategy တွေ ချနေကြတယ်။ လူအများစုက တခြားသူတွေရဲ့အမှားMistakes တွေကို လက်ညှိုးထိုးအရသာခံရယ်မော ပြောဆိုနေကြချိန်မှာသူတို့က Massive Action တွေနဲ့မဟာဗျူဟာတွေ အကောင်ထည်ဖော်နေတယ်။ လူအများစုက အရာရာကိုBlame ပြီး ဘဝကြီးမှောင်မှိက်နေချိန်မှာသူတို့က ဘဝဟာ Blessing ပဲဆိုပြီးကျေးဇူးတင်စိတ်တွေနဲ့ နေနေကြတယ်။ တော်တော် အံမဝင်တဲ့သူတွေဗျာ။ Phyo Paing @ Derek
Growth တိုးတက်မှုကိုအာရုံစိုက်ရင်စိုက်မဟုတ်ရင် Contribution ပေးဆပ်မှုပရဟိတ ကိုအာရုံစိုက်တဲ့။ ရှင်သန်ရတာအဓိပ္ပာယ်မရှိဘူးခံစားနေရတာဟာအသိမှတ်ပြုခံရမှုကိုအာရုံစိုက်နေလို့တခြားသူကိုယ့်ကိုဘယ်လိုထင်နေလဲ စိုးရိမ်နေလို့ဒါမှမဟုတ် တပါးသူရဲ့ချစ်ခြင်းမေတ္တာကိုရှာဖွေနေလို့ဒါမှမဟုတ် တပါးသူနဲ့နှိုင်းယှဥ်နေလို့ဖြစ်နိုင်တယ်။ Phyo Paing @ Derek
လူတိုင်းသဘောကျဖို့ မရည်ရွယ်ပါနဲ့။ပင်ပန်းလိမ့်မယ်။လုပ်စရာရှိတာကိုလုပ်။ Phyo Paing @ Derek
ဓာတ်ပုံတစ်ပုံရိုက်တဲ့ ရှုထောင့်ကွာရင်ရုပ်ထွက်မတူသလိုပဲဘာကို ကြည့်တဲ့ရှူထောင့်ပေါ်မူတည်ပြီး ကံကြမ္မာကွာလိမ့်မယ်။ Phyo Paing @ Derek
ဒီရာထူး၊ ဒီလစာ၊ ဒီအရည်အချင်းနဲ့အခုလဲ ဒီလိုပဲဆိုရင်ဘဝက ပျော်စရာကောင်းမှာမဟုတ်ဘူး။တိုးတက်မှုမရှိတဲ့ ဘဝက ပျော်စရာမကောင်းဘူး။ လူတွေ ပျော်ရွှင်ဖို့ တိုးတက်နေဖို့လိုတယ်။အိမ်မက်တွေဘယ်လောက်ကြီးကြီးတိုးတက်မှုမရှိရင် ပန်းတိုင်ရောက်မှာမဟုတ်ဘူး။သေချာတာတစ်ခုက တိုးတက်မှုဆိုတာသဘာဝ အလျောက်ဖြစ်လာတာမဟုတ်ဘူး။လေ့ကျင့်နေရတယ်။ နေ့စဉ်လုပ်ယူရတာမျိုးပါ။အမြဲတိုးတက်မှုမရှိတဲ့ ဘဝက ပျော်စရာမကောင်းဘူး။ Phyo Paing @ Derek
ဒီအတွက် milestone တွေတည်ဆောက်ဖို့အချိန်၊ ငွေ၊ ကြိုးစားမှုတွေရင်းနှီးခဲ့တယ်။အရေးကြီးတာ post-metriculation exam ပါ။ကိုယ့်ရဲ့ next 7 moves ကဘာလဲကြိုတင်စဉ်းစားထားရမယ်။ နောက်လှမ်းမည့် ခြေလှမ်း၇ လှမ်းကို ကြိုတင်စဉ်းစားပုံဖော်ထားပါ။ ဥပမာ ၁။ တက္ကသိုလ်တက်မယ်။၂။ Internship ဆင်းမယ်။၃။ ___ မှာဆရာကျအောင်ကြိုးစားမယ်။၄။ ကုမ္ပဏီမှာ ဝင်လုပ်မယ်။၅။ Mentor သို့ လမ်းပြပေးနိုင်တဲ့သူတွေနဲ့ သိကျွမ်းအောင်လုပ်မယ်။၆။ ကိုယ်တိုင်လုပ်ငန်းလုပ်ရင် သိသင့်သိထိုက်တာတွေလေ့လာမယ်။၇။ ကိုယ်တိုင် ပထမဆုံးလုပ်ငန်းစမယ်။ မိတ်ဆွေရဲ့ ရှေ့ဆက်မည့် ခြေလှမ်း ၇ လှမ်းက ဘာတွေလဲ? Phyo Paing @ Derek
ဆယ်တန်းဆိုတာ လူတော်တော်များများ
အရေးကြီးတယ်လို့ သတ်မှတ်ထားကြတယ်။ Read More »
ကျော်ဟိန်းအနေနဲ့ ဘဝကို admin modeနဲ့ နေခဲ့တယ်။ အဆိုတော်၊ သရုပ်ဆောင်လုပ်ခဲ့သလို၊ဒွေးတို့လို သရုပ်ဆောင်တွေကို တင်ပေးနိုင်ခဲ့တယ်။နောက်ဆုံး သာသနဘောင်ဝင်နိုင်ခဲ့တယ်။ လူငယ်ဘဝမှာ ဘယ်လောက်ဆိုးခဲ့ဆိုးခဲ့ကိုယ်လုပ်ချင်တာကို စိတ်ကြိုက်တည်ဆောက်ခဲ့တယ်။ လူဖြစ်တုန်း guest mode မှာပဲနေမနေပါနဲ့။ ဘဝကို admin mode မှာနေပြီးခံစားကြည့်ပါ။ Phyo Paing @ Derek