“အနာဂတ် ပြဿနာတွေအတွက်
ကြိုတင် အဖြေရှာပါ။”
ငယ်ကတည်းက မိဘကိုပဲအကုန်အားကိုးလို့မရဘူးဆိုတာနားလည်ထားတာနဲ့အမျှကိုယ့်ဘဝအနာဂတ်ကိုယ်ကြိုတင်စိုးရိမ်ရတယ်။ ကျောင်းမပြီးသေးဘူးဘွဲ့ရတဲ့အခါ အလုပ်ရဖို့ စိုးရိမ်ရတယ်။အလုပ်ရတဲ့အခါနောက်လာမည့် အနာဂတ်မှာလက်ရှိရှိထားတဲ့ ဘဝထက်လူနေမှုအဆင့်အတန်း မကျသွားရေးစိုးရိမ်ရတယ်။ ဒီတော့ အနာဂတ်ပြဿနာတွေကိုကြိုတင်အဖြေရှာရမယ်ဆိုတဲ့အသိစဝင်လာတယ်။ ဒီနေ့ပြဿနာတွေပဲ ဖြေရှင်းနေလို့မရဘူး။နောက်အနာဂတ် သုံးလေးငါးနှစ်ကစလို့ဆယ်နှစ်အတွင်းလာမည့်ပြဿနာကြိုတင်တွက်ချက်ရပြန်တယ်။ ပြဿနာတွေကြိုတင် အဖြေမရှာထားရင်နဖူးတွေ့ဒူးတွေ့ဖြစ်တဲ့အခါခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်တယ်။ “အနာဂတ် ပြဿနာတွေအတွက်ကြိုတင် အဖြေရှာပါ။” Phyo Paing @ Derek
“အနာဂတ် ပြဿနာတွေအတွက်
ကြိုတင် အဖြေရှာပါ။” Read More »