Lifestyle

ချောင်ပိတ်မိတဲ့အခါရွေးချယ်စရာမဲ့တတ်တယ်

ထွက်ပေါက်တွေလိုတတ်တယ်။ဘဝမှာ နေရာတစ်ခုတည်းမှာပိတ်မိမှာ စိုးတဲ့အတွက်အလုပ်လုပ်တဲ့အခါဒုတိယ အလုပ်ကိုထားဖို့လိုတယ်။စီးပွားရေးမှာလဲဒုတိယ ဝင်ငွေကိုထားဖို့လိုတတ်တယ်။ဘဝမှာ အရာရာကိုပြန်ထွက်လို့ရတဲ့ ထွက်ပေါက်ကိုမထားထားရင်ချောင်ပိတ်မိတဲ့အခါရွေးချယ်စရာမဲ့တတ်တယ်။ Phyo Paing @ Derek

ချောင်ပိတ်မိတဲ့အခါရွေးချယ်စရာမဲ့တတ်တယ် Read More »

အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့

ကိုယ်ထိန်းချုပ်မရတဲ့ အရာတွေလောကမှာ ဘယ်လိုပဲဖြစ်နေမှာပဲ အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့အရေးအကြီးဆုံးပဲ။ အကြည်ဓာတ်ဆိုတာ ဗုဒ္ဓဟောကြားခဲ့တဲ့ကောင်းမွန်တဲ့ စေတသိက်တွေစိတ်ကို ခြယ်လှယ်နေဖို့လိုတယ်။ ဒီလို ဖြစ်ဖို့ လောကရဲ့ “မာယာ” ကိုသိဖို့၊ လောဘ၊ ဒေါသ၊ မောဟကို ကိုင်တွယ်တတ်ဖို့ လိုတယ်။ အသက်ကြီးလာလေ ဒီ လောကရဲ့ မာယာကို နားလည်စပြုလာလေ၊ လောဘ၊ ဒေါသ၊ မောဟက လူဆိုတော့ မရှိပဲမနေဘူး။ ကိုင်တွယ်တတ်ဖို့ပဲလိုတယ်။ဒါကို နေ့စဥ် ကျင့်ယူနေဖို့က ကိုယ့်တာဝန်ပဲ။ Phyo Paing @ Derek

အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ Read More »

So good they can’t ignore you

လောကကို ခပ်ချေချေနေချင်ရင်ချေလို့ ရတဲ့ စကေးလိုနိုင်တယ်။ မဟုတ်ရင် ကိုယ်ကကြီးအချေခံနေရတာ။ အခြေခံ စကေးပြီးရင်ပြန်ချေနိုင်ဖို့ အချေပြန်စကေးကျွမ်းကျင်မှရမယ်။Cal Newport ကတော့So good they can’t ignore you တဲ့။ 😀

So good they can’t ignore you Read More »

ကမ္ဘာကြီးကို မြင်တဲ့ အမြင်တွေ

တချို့က ထင်ပေါ်တာကို ကြိုက်တယ်။တချို့က စင်ပေါ်မှာပဲ နေရတာကိုကြိုက်တယ်။တချို့က အမြင်မတော်တာကိုထင်ပေါ်အောင် ထောက်ပြရတာကြိုက်တယ်။ တချို့က ဖန်တီးရတာကြိုက်တယ်။တချို့က မာန်ဖီးရတာကို ကြိုက်တယ်။တချို့က အကြံကြီးပြီး သေချာစီမံကိန်းချအကောင်အထည်ဖော်ရတာကြိုက်တယ်။ တချို့က ပြင်ပေးချင်တယ်။တချို့က ဆင်ပေးချင်တယ်။တချို့က သူများတွေမမြင်တာကိုမြင်ပေးစေချင်တယ်။ လူတွေက မတူကြဘူး။ကမ္ဘာကြီးကို မြင်တဲ့ အမြင်တွေမတူကြသလို၊ကိုယ်ဘယ်သူလဲ၊ဘာကိုယုံကြည်လဲ၊ဘာတွေလုပ်နေလဲ ခံယူချက်တွေ၊ခံစားချက်တွေ၊သတ်မှတ်ထားတဲ့ ပုဂ္ဂလိက အောင်မြင်မှုတွေမတူကြဘူး။ Phyo Paing @ Derek

ကမ္ဘာကြီးကို မြင်တဲ့ အမြင်တွေ Read More »

ကိုယ့်ဘဝ ကိုယ့်တာဝန်ပဲ။

ဘဝ ခက်ခဲတယ်ဆိုတာ ကျွမ်းကျင်မှုက လုပ်ချင်တာ၊ ဖြစ်ချင်တာထက် နည်းလို့။ ဒါကြောင့် နေ့တိုင်း ကိုယ့်ရဲ့ တစ်ကိုယ်ရည်စွမ်းဆောင်ရည်မြင့်ဖို့အချိန်စီမံခန့်ခွဲမှု၊ စွမ်းအင်စီမံခန့်ခွဲမှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ လေ့ကျင့်ခန်း၊ အစားအသောက်၊ အိပ်ချိန်၊တစ်ကိုယ်ရည်ငွေရေးကြေးရေး စီမံခန့်ခွဲမှု၊ဘာသာရေးနဲ့ စိတ်ငြိမ်းချမ်းမှု၊အပေါင်းအသင်းနဲ့ ပတ်သက်တဲ့အပိုင်းစီမံခန့်ခွဲနိုင်တဲ့Personal Development ကောင်းအောင်လုပ်ဖို့လိုတယ်။ ကိုယ့်ကို ထမင်းကျွေးတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်Professional development ကျွမ်းကျင်ဖို့လိုတယ်။ ကိုယ့်ကို ချမ်းသာစေမည့်လူတွေစီမံခန့်ခွဲတာ၊ စီးပွားရေး စနစ်ချတတ်တာ၊ စီးပွားရေးမှာ လူမှန်၊ နေရာမှန် နေရာချတတ်တာ၊ ဦးဆောင်နိုင်တဲ့စွမ်းရည်၊ စျေးကွက်ရှာအတတ်ပညာ၊ လုပ်ငန်းငွေကြေးစီမံခန့်ခွဲမှု၊ စွန့်ဦးတီထွင်မှု အစရှိတဲ့စီးပွားရေးစွမ်းရည်တိုးတက်မှု Business Development အတွက်နေ့တိုင်းဖြည့်နေဖို့လိုတယ်။ ဒါကတော့ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ။ Toe Tet Philosophy ရဲ့ တိုးတက်မှု သုံးဆင့်ဖြစ်တယ်။ Personal, Professional နဲ့ Business

ကိုယ့်ဘဝ ကိုယ့်တာဝန်ပဲ။ Read More »

အကောင်းဆုံးလုပ်နိုင်တဲ့ဇုန်ကို
Goldilocks Zone လို့ခေါ်တယ်။

၂၄ နာရီရှိပေမည့် ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းရှိတယ်။ အကောင်းဆုံးလုပ်နိုင်တဲ့ဇုန်ကိုGoldilocks Zone လို့ခေါ်တယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ ဥာဏလုပ်သားတစ်ယောက်ဆိုရင်ဒီဦးနှောက်ကို ပိုအလုပ်လုပ်နိုင်အောင် စီမံမှုတွေ စနစ်တကျပြုလုပ်ရတယ်။ စာဖတ်တဲ့အခါ မပင်ပန်းဖို့၊ လေ့လာတဲ့အခါ မပင်ပန်းဖို့၊ စဥ်းစားတဲ့အခါ မပင်ပန်းဖို့၊ဆုံးဖြတ်ချက်တွေ ချတဲ့အခါမပင်ပန်းဖို့။ အစားအသောက်၊ လေ့ကျင့်ခန်း၊ဘဝနေထိုင်မှုပုံစံတော်တော်လေး အနေအထိုင်ဆင်ခြင်ရတယ်။ Phyo Paing @ Derek

အကောင်းဆုံးလုပ်နိုင်တဲ့ဇုန်ကို
Goldilocks Zone လို့ခေါ်တယ်။
Read More »

လူတွေက ဘာလို့ အချစ်လိုအပ်သလဲ?

လူတစ်ယောက်မှာရှိတဲ့လိုအပ်ချက် ငါးခုစလုံးကိုအချစ်က ရနိုင်လို့ဆိုတဲ့အယူအဆတစ်ခု စဥ်းစားကြည့်တယ်။ ၁။ Physiological Needဇီဝကမ္မဖြစ်စဥ် လိုအပ်မှု ၂။ Safety Needလှုံခြုံမှု (ကိုယ်၊ စိတ်ပိုင်းဆိုင်ရာ) ၃။ Belongingness Needအထီးမကျန်ချင်တာ၊ပြောဆိုဆက်ဆံမှု ၄။ Self-esteem Needဂုဏ်ယူဖို့ ၅။ Self-actualization Needကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေမှုတိုးတက်မှု။​ ဒီငါးခုစလုံးကို ပြည့်စေရင်ခိုင်မြဲတာပဲ။ Just a thought experimentဒါကတော့ Maslow’s Hierarchy of Needs ကလူတွေရဲ့ လိုအပ်ချက် ငါးခု။​ Phyo Paing @ Derek

လူတွေက ဘာလို့ အချစ်လိုအပ်သလဲ? Read More »

နေ့တိုင်းက holiday ပဲ။

နေ့တိုင်းက holiday ပဲ။ ကြိုက်တဲ့နေရာမှာနေပြီးကြိုက်တဲ့ အလုပ်တွေ လုပ်နေလို့ရတယ်။ဘဝကို ဒီဇိုင်းချဖို့လိုတယ်။ပိုက်ဆံချမ်းသာကြွယ်ဝတာလဲအရေးကြီးတယ်။နေ့စဥ် ဘဝကို စိတ်ကြိုက်ဖြတ်သန်းနိုင်ရေးကအရေးအကြီးဆုံးတကာ့ အရေးအကြီးဆုံးပဲ။ Phyo Paing @ Derek

နေ့တိုင်းက holiday ပဲ။ Read More »

စည်းခြားထားဖို့လိုတယ်။
ဒါကို boundaries လို့လဲခေါ်တယ်။

လူတွေက မတူညီတဲ့ ကမ္ဘာတွေထဲမှာနေနေကြတယ်။အတွေး၊ အကြံ၊ အလုပ်တွေ၊ခံယူချက်တွေ မတူကြဘူး။ ကိုယ့်ကမ္ဘာနဲ့ ကိုယ်နေဖို့စည်းခြားထားဖို့လိုတယ်။ ဒါကို boundaries လို့လဲခေါ်တယ်။ ကိုယ်မဆက်ဆံချင်တဲ့သူ၊ကိုယ့်အတွက် အသုံးမဝင်တဲ့သူကိုယ်ကလဲ သူ့အတွက်တန်ဖိုးမပေးနိုင်ရင်ကိုယ့်ဘဝစာမျက်နှာထဲထားပြီးဘာလုပ်နေမလဲ။ Phyo Paing @ Derek

စည်းခြားထားဖို့လိုတယ်။
ဒါကို boundaries လို့လဲခေါ်တယ်။
Read More »

ကိုယ့်ဘဝကို စိတ်ကြိုက်ဖြတ်သန်းနိုင်ဖို့
Lifestyle design လိုတယ်။

ကိုယ့် Youtube video လေး play တိုင်းဝင်ငွေရနေမယ်။နောက် Website တွေ၊ App တွေကနေလဲ နေ့စဥ် ဝင်ငွေရနေမယ်။ နေ့စဥ် အလုပ်ကလဲ ဝင်ငွေရနေမယ်။နောက် ပြန်လည်မျှဝေမှုတွေကလဲရနေမယ်။ နောက် ရေတိုရင်းနှီးမြုပ်နှံမှုတွေကနေလဲလစဥ်ဝင်ငွေရနေမယ်။ နောက် ရေရှည်အတွက် ရင်းနှီးမြုပ်နှံမှုကနေနောက်ဆယ်နှစ်၊ ဆယ့်ငါးနှစ်နေရင်ပေါက်ကွဲမှုကြီးကြီးတွေလာမယ်။ အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း၊ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းနဲ့Financial Freedom တစ်ခုရတယ်ဆိုတာအရမ်းကောင်းတယ် အချက်မဟုတ်လား။ ကိုယ့်အသုံးစရိတ်က $100 ဖြစ်ဖြစ်၊ $3000 ဖြစ်ဖြစ်ဒါကို Passive income က cover ဖြစ်တာFinancial freedom ပဲ။ ငွေကြေးလွတ်မြောက်မှုက ပြောသလောက်မခက်ဘူး။ ဘယ်လိုပုံစံနေထိုင်ပြီးငွေရှာမလဲ lifestyle design ကအဓိက ကျတယ်။ ဘဝအရေအသွေး အရေးကြီးတယ်။ အရမ်းကြီးချမ်းသာတာက တစ်ပိုင်း။ဘဝကို ကိုယ်ကြိုက်တဲ့အလုပ်တွေလုပ်နိုင်ဖို့ကိုယ့်ဘဝကို စိတ်ကြိုက်ဖြတ်သန်းနိုင်ဖို့Lifestyle design လိုတယ်။

ကိုယ့်ဘဝကို စိတ်ကြိုက်ဖြတ်သန်းနိုင်ဖို့
Lifestyle design လိုတယ်။
Read More »