မြန်မာပြည်မှာ ကယ်တင်ရှင်ရောဂါရှိကြတယ်
ကယ်တင်ရှင်ကြီးမလုပ်ချင်နဲ့။လူတိုင်း သူ့ဘဝသူ ကယ်တင်နိုင်တဲ့အသိဥာဏ်ရှိတယ်ဆိုတာ နားလည်ထားဖို့လိုတယ်။ (Savior) မြန်မာပြည်မှာ ကယ်တင်ရှင်ရောဂါရှိကြတယ်။ဘယ်ကလာလဲဆိုရင် စိတ်ပညာမှာSuperiority လို့ခေါ်တဲ့ ငါပိုမြင့်မြတ်တယ်ဆိုတဲ့စိတ်ကနေလာတယ်။ ဒီလို ကယ်တင်ချင်တဲ့အခါအကြံတွေ ပေးကြတယ်။တခြားသူရဲ့ဘဝကို သေချာမသိပဲကိုယ့်စိတ်ထဲကဖြစ်စေချင်တဲ့အတိုင်းအကြံတွေပေးကြတယ်။ “သနားပါတယ်။” ဒါနဲ့လာတယ်။“ငါကစေတနာနဲ့ပြောတာ။” ဒါနဲ့လာတယ်။နောက်အလှူအတန်းလုပ်တဲ့အခါpoverty porn တွေလုပ်ကြတယ်။ဆင်းရဲတာကို အမြတ်ထုတ်မျက်ရည်ချူပြီးလူထုအချစ်ခံယူဖို့ ကြိုးစားကြတယ်။ အမှန်တော့ ဒါဟာ ငါပိုမြတ်မြတ်တယ်ဆိုတဲ့Superiority လုပ်ချင်တဲ့ စိတ်ကလာတယ်လို့Adlerian Psychology က ဆိုတယ်။ Phyo Oaing @ Derek
မြန်မာပြည်မှာ ကယ်တင်ရှင်ရောဂါရှိကြတယ် Read More »