Mindset

သင်္ချာဆိုတာ ပြဿနာဖြေရှင်းတတ်အောင်
သင်ပေးတဲ့ ပညာရပ်

သင်္ချာပုစ္ဆာကို အလွတ်ကျက်ဖြေပြီးunseen ဆိုရင် ဖင်တုန်အောင်ကြောက်ပြီးပညာရေးစနစ်နဲ့ကြီးလာတဲ့ကျွန်တော်တို့ ဂျင်နရေးရှင်းကကိုယ်နဲ့မတူတဲ့အရာတွေနဲ့ အသားမကျတာ၊အိုင်ဒီယာအသစ်တွေကို အကြောက်အကန်ငြင်းတာဒါက သဘာဝပဲ။ သင်္ချာဆိုတာ ပြဿနာဖြေရှင်းတတ်အောင်သင်ပေးတဲ့ ပညာရပ်။သူ့မှာ conditional တွေရှိတယ်။အကယ်လို့ If တွေကြားမှာမသိသေးတဲ့ တန်ဖိုးတွေဖြစ်တဲ့x တို့ y တို့ကို အဖြေရှာတယ်။ ပေးထားချက်ကို မသိပဲ၊ပုစ္ဆာကို နားမလည်သ၍ဘယ်လောက်ကြိုးစားတွက်တွက်ခေါင်းခြောက်တာပဲ အဖတ်တင်မယ်။ ခေါင်းသုံးရမည့်နေရာမှာလက်အား၊ ခြေထောက်အားသုံးရုံနဲ့အဖြေရဖို့ လွယ်ချင်မှ လွယ်လိမ့်မယ်။ Phyo Paing @ Derek

သင်္ချာဆိုတာ ပြဿနာဖြေရှင်းတတ်အောင်
သင်ပေးတဲ့ ပညာရပ်
Read More »

ဒီလို လာမည့်အရေးကို ခန့်မှန်းနိုင်စွမ်းကို
anticipation လို့ခေါ်တယ်။

ကိုယ်ဆော့နေကျ game တစ်ခုလိုပဲ။ဘာပြီး ဘာလာမယ်သိနေပြီးဘယ်နေရာဆို ဘာဖြစ်တတ်တယ်။ဘယ်အချိန်ဆို ဘာလာတတ်တယ်ကြိုတင်ခန့်မှန်းလို့ရနေတာမျိုးကြုံဖူးလိမ့်မယ်။ စီးပွားရေးလုပ်ရင်လဲ အလားတူပဲ။ ခေတ်ကောင်းလို့ ဝင်လာတဲ့အခါခေတ်ထနေတုန်းသာ အဆင်ပြေသာ၊ခေတ်ပြီးသွားရင်နောက်ဆုံးအရှုံးကမြတ်ခဲ့တာတွေအကုန်လုံးကိုပြန်ယူသွားနိုင်တယ်။ ဒီလို လာမည့်အရေးကို ခန့်မှန်းနိုင်စွမ်းကိုanticipation လို့ခေါ်တယ်။ မဟာဗျူဟာချမှတ်တဲ့သူတစ်ယောက်ဟာကိုယ်ဆော့တဲ့ game အသွားအလာကိုအနီးစပ်ဆုံးခန့်မှန်းနိုင်ဖို့အခြေအနေအစစ်အမှန်ကိုအနီးစပ်ဆုံးမြင်နိုင်ဖို့ အရေးကြီးတယ်။ စိတ်ခံစားမှုတွေ၊ ရင်ခုန်မှုတွေ၊အိမ်မက်တွေ၊ အတွေးအခေါ်အယူအဆတွေဘေးမှာ ခဏချပြီး စဥ်းစားကြည့်ခု ရလဒ်က ဘာပြောတုန်း ပြန်မေးကြည့်။ လုပ်ငန်းတစ်ခုစဖို့ idea ရှိရင်အိမ်မက်ကြီးတွေ မက်ပြီးဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်လုပ်ကြတာပဲ။နောက်ဆုံးစျေးကွက်က ရေခဲရေနဲ့မျက်နှာလှမ်းပက်တော့အလှန့်တကြား အိမ်မက်က လှန့်နှိုးလာရော။ အိမ်မက်တွေ အရေးကြီးတာမှန်တယ်။အိမ်မက်တွေ အကောင်အထည်ဖော်ဖို့အိမ်စာက လဲ လုပ်ရသလိုအခြေအနေလေးကိုလဲ အရှိအရှိအတိုင်းမြင်နိုင်ဖို့ စိတ်ခံစားမှုတွေ ခဏဘေးချထားဖို့လိုတယ်။ Phyo Paing @ Derek

ဒီလို လာမည့်အရေးကို ခန့်မှန်းနိုင်စွမ်းကို
anticipation လို့ခေါ်တယ်။
Read More »

လူမှန်ရင် ပြဿနာရှိတယ်။

ပြဿနာမရှိတဲ့သူတွေက သင်္ချိုင်း မှာရှိတယ်တဲ့။ လူမှန်ရင် ပြဿနာရှိတယ်။ဒီပြဿာနာတွေက ကိုယ့်ကိုနောက်တစ်ဆင့်တက်စေမည့်လှေကားထစ်တွေပဲ။ ကျွန်တော်စဥ်းစားတာကတော့ပြဿနာမရှိရင်ဒါပြဿနာရှိနေပြီ။ ပိုနေမြဲ ကျားနေမြဲဖြစ်နေတဲ့ပြဿနာလဲ ဖြစ်နိုင်တယ်။ ရည်မှန်းချက်မြင့်သင့်သလောက်မမြင့်တဲ့ ပြဿနာလဲ ဖြစ်နိုင်တယ်။ ပြဿနာဆိုတာ ဖြေရှင်းဖို့။ ငြီးပြီး ဟိုလူ့အပြစ်တင်ဒီလူ့အပြစ်တင်ဖို့ မဟုတ်ဘူး။ Phyo Paing @ Derek

လူမှန်ရင် ပြဿနာရှိတယ်။ Read More »

စိတ်ဓာတ်ရေးရာသန်မာသူတွေမလုပ်တဲ့
အမူအကျင့် ၁၃ ချက်

Don’t Waste time feeling sorry for themselvesသူတို့က ကိုယ့်ကိုကိုယ် သနားပြီးအချိန်ကုန်မနေဘူး။ Don’t Give away their powerတခြားသူတွေရဲ့အထင်အမြင်နဲ့အသက်မရှင်ဘူး Don’t Shy away from changeအပြောင်းအလဲလုပ်ရမှာမကြောက်ဘူး Don’t Focus on things they can’t controlသူထိန်းချုပ်လို့မရတဲ့အရာတွေအပေါ်အာရုံစိုက်မနေဘူး Don’t Worry about pleasing everyoneလူတိုင်းစိတ်ကျေနပ်အောင် လုပ်မနေဘူးအရမ်းအားနာမနေဘူး Don’t Fear taking calculated risksတွက်ချက်စွန့်စားရမှာမကြောက်ဘူး Don’t Dwell on the pastအတိတ်မှာပဲ အသက်ရှင်မနေဘူး Don’t Make the same mistakes over and overလုပ်ပြီးသားအမှားတွေ ထပ်ခါထပ်ခါလုပ်မနေဘူး Don’t Resent other

စိတ်ဓာတ်ရေးရာသန်မာသူတွေမလုပ်တဲ့
အမူအကျင့် ၁၃ ချက်
Read More »

ဘဝမှာ ကိုယ်ဘာဖြစ်ဖြစ်
အရှိကို အရှိအတိုင်းလက်ခံတဲ့သူတွေနဲ့
တွေ့ဆုံရတာ ဘဝရဲ့ ကောင်းချီးပဲ။

မဆင်းရဲဖူးရင်လူတွေအကြောင်းမသိနိုင်ဘူး။မကျဆုံးဖူးရင်လဲ လူတွေရဲ့မျက်နှာဖုံးတွေကို ဖယ်ပြီးမမြင်နိုင်ဘူး။ တချို့လူတွေကသင့်ကိုအရှိကိုအရှိအတိုင်းလက်ခံတယ်။တချို့က အတိတ်ကသင့်ကိုလက်ခံတယ်။တချို့က အနာဂတ်မှာဖြစ်မယ့်သင့်အတွက်စောင့်စားမျှော်လင့်တယ်။ ဘဝမှာ ကိုယ်ဘာဖြစ်ဖြစ်အရှိကို အရှိအတိုင်းလက်ခံတဲ့သူတွေနဲ့တွေ့ဆုံရတာ ဘဝရဲ့ ကောင်းချီးပဲ။ Phyo Paing @ Derek

ဘဝမှာ ကိုယ်ဘာဖြစ်ဖြစ်
အရှိကို အရှိအတိုင်းလက်ခံတဲ့သူတွေနဲ့
တွေ့ဆုံရတာ ဘဝရဲ့ ကောင်းချီးပဲ။
Read More »

စည်းကမ်းသည် လူ၏တန်ဖိုး
ဆိုတာ အမှန်ပဲ

ကိုယ့်ကိုကိုယ် ချမှတ်ပြီးတဲ့စည်းကမ်းတော့ ဖြစ်အောင်လုပ်ရမယ်။ သူများချထားတဲ့ စည်းကမ်းကတော့လိုက်နာချင်မှ လိုက်နာမယ်။ကျောင်းကတည်းက အဲ့လိုလုပ်တဲ့သူတွေရှိတတ်တယ်။ ဒါက အရေးသိပ်မကြီးဘူး။ ကိုယ့်ကိုကိုယ် ချမှတ်ထားတဲ့စည်းကမ်းကတော့ ဖြစ်အောင်လုပ်မှ ရမယ်။ကိုယ်နဲ့တစ်သက်လုံး အတူတူနေမှာကိုယ်ပဲလေ။ Phyo Paing @ Derek

စည်းကမ်းသည် လူ၏တန်ဖိုး
ဆိုတာ အမှန်ပဲ
Read More »

ဘာလုပ်လုပ် စဥ်းစား၊
စွန့်လွှတ််၊ စွန့်စား

ကြုံဖူးလားတော့ မသိဘူးတချို့လူတွေထွက်ပြေးလို့ မလွယ်တဲ့ အရာက ကိုယ့်အနီးနားဆုံးက toxic ဖြစ်တဲ့ သူတွေပဲဖြစ်တယ်။ ဒါက အဖေလဲဖြစ်နိုင်သလို၊ အမေလဲဖြစ်နိုင်တယ်ဆို အံ့သြသလို ဖြစ်လိမ့်မယ်။ဒါမှ မဟုတ်အမျိုးလဲဖြစ်နိုင်သလို၊တခါတလေ ကိုယ်တိုင်လဲဖြစ်နေနိုင်တယ်။ ဒါကြောင့် ဘာလုပ်လုပ် စဥ်းစား၊ စွန့်လွှတ််၊ စွန့်စား။ Phyo Paing @ Derek

ဘာလုပ်လုပ် စဥ်းစား၊
စွန့်လွှတ််၊ စွန့်စား
Read More »

ကိုယ့်ရဲ့ မကောင်းတဲ့ဆန္ဒတွေကို

ထိန်းချုပ်နိုင်ဖို့အတွက်ယောကျာ်းတိုင်းအတွက် အရေးကြီးတယ်။ တခါတလေ ကိုယ်သွားတဲ့လမ်းကြောင်းမှာလမ်းလွဲသွားနိုင်စေတဲ့ မာန်နတ်ရဲ့ စေခိုင်းမှုတွေရှိတတ်တယ်။ဒီ စေခိုင်းမှုတွေကို တွန်းလှန်ဖို့စိတ်စွမ်းအားလိုတယ်။ ဒီအဖျက်စွမ်းအားကို ဓမ္မဓိဋ္ဌာန်ကျကျ ကြည့်ပြီးဒါက ငါသွားတဲ့လမ်းနဲ့လွဲသွားနိုင်၊ ငါ့ဘဝအတွက်ရေရှည်မှာ အဖျက်ပဲဆိုတာသိပြီးကျော်လွှားနိုင်ဖို့ သတ္တိလိုတယ်။ ဒီ courage ဆိုတာ stoicism ရဲ့four cardinal virtues ထဲကတစ်ခုဖြစ်တယ်။ ကိုယ့်ရဲ့ bodily sensation တွေနောက်သာယာမှုတွေကြောင့် ကိုယ့်ရဲ့အတွေးတွေကို အဆိပ်မခတ်မိဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ မကောင်းတဲ့ဆန္ဒတွေကို Read More »

လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်

ပြိုင်ပွဲတစ်ခုကို မပြိုင်ခင်သေချာစဉ်းစား။လိုအပ်တဲ့ အိမ်စာသေချာလုပ်။တကယ်ပြိုင်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့လမ်းဆုံးထိသာသွားတော့။လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်မဟုတ်ရင် အကျင့်ပါတယ်။နောက်ပြီး နိုင်နိုင်ခြေမရှိတဲ့ပြိုင်ပွဲကို မပြိုင်နဲ့။ Phyo Paing @ Derek

လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ် Read More »