advice

နည်းပညာအသစ်တွေ
လေ့လာအသုံးချဖို့ မေ့နေတတ်ကြတယ်။

သစ်တစ်ပင်ခုတ်လို့ ၈ နာရီကြာမယ်ဆို၆ နာရီကို ပုဆိန်သွေးပြီး၂ နာရီကို သစ်ခုတ်မယ်တဲ့။ ဒါက လင်ကွန်းပြောခဲ့တာလေး။ လူတွေက တစ်နေ့တစ်နေ့သစ်ပင်တွေ ခတ်နေကြတယ်။ဓားတွေဖို့၊ ပုဆိန်သွေးဖို့၊နည်းပညာအသစ်တွေလေ့လာအသုံးချဖို့ မေ့နေတတ်ကြတယ်။ Phyo Paing @ Derek

နည်းပညာအသစ်တွေ
လေ့လာအသုံးချဖို့ မေ့နေတတ်ကြတယ်။
Read More »

ငါသည် ငါမဟုတ်ဘူး။

ငါသည် ငါမဟုတ်ဘူး။ မိခင်ဝမ်းဗိုက်ထဲမှာရှိတဲ့ ကိုယ့်ပုံစံလေးကိုပြန်စဥ်းစားကြည့်ကြည့်ဘယ်လို ပုံစံလေးဖြစ်နေမလဲ။ နောက် ငါးနှစ်အရွယ်ကလေးငယ်အချိန်က ပုံလေးကို စဥ်းစားကြည့်ကြည့်။ နောက် ၁၈ နှစ်သားအရွယ်လေးကို စဥ်းစားကြည့်ကြည့်။ နောက် အခုရွယ်ကို ပြန်စဥ်းစားကြည့်ကြည့်။ တူမလိုလိုနဲ့ မတူတော့ဘူး။ ပုံပန်းသဏ္ဏန်၊ အတွေးအခေါ်၊ ကျွမ်းကျင်မှု၊တန်ဖိုးထား၊ ယုံကြည်မှု။ ဂရိအတွေးအခေါ်ပညာတစ်ခုမှာThe ship of Theseus ဆိုတာရှိတယ်။ဘုရင် Theseus ရဲ့ လှေကြီးကို ပြုပြင်ဖို့ ပစ္စည်းတွေ အစားထိုးမယ်။အစားထိုးလိုက်ရင် ဒီလှေကြီးက အရင် The ship of Theseus ပဲလား။ ဒါမှမဟုတ် လှေမှာပါတဲ့ပစ္စည်းတွေအကုန်လုံးကို ဟောင်းနွမ်းတဲ့အတွက် အသစ်နဲ့အကုန်အစားထိုးလိုက်ရင်ဒါက အရင်လှေကြီးပဲလား။ လှေအသစ်လား။ဒါက အတွေးအခေါ်စမ်းသပ်မှုတစ်ခုဖြစ်တယ်။ လူတွေမှာ အမြဲအသစ်ဖြစ်နေတယ်။အရေပြားဆဲလ်တွေဆိုရင်နှစ်ပတ်နဲ့ သုံးပတ်ကြားမှာ အသစ်ပြန်ဖြစ်နေတယ်။ ခန္ဓာကိုယ်ထဲကသွေးနီဥဆို ရက် ၁၂၀ နေရင်

ငါသည် ငါမဟုတ်ဘူး။ Read More »

တစ်ကိုယ်ရည် ငွေကြေးစီမံခန့်ခွဲမှု
Personal Finance မှာ
ကိုယ့်သီအိုရီနဲ့ ကိုယ်ပဲ။

ငယ်ငယ်က ရောဘတ်ကီရိုစာကီစာအုပ်ဖတ်ပြီး လစဥ်ဝင်ငွေဆိုတဲ့cash flow ပဲ အဓိကတည်ဆောက်လာတာ။ ရသမျှငွေကို အနာဂတ်လစဥ်ဝင်ငွေအဖြစ်ပဲပြောင်းလဲလာရာက ပြောင်းပြန်လုပ်ကြည့်မယ်ဆိုပြီးcapital gain ကိုအဓိကထားပြီးလစဥ်ဝင်ငွေမရချင်နေ ဝယ်ထားလိုက်ဆိုပြီးစမ်းကြည့်တယ်။ အဲ့မှ နားလည်သွားတယ်။ နိုင်ငံရေး၊ စီးပွားရေး အခြေအနေကောင်းရင်လစဥ်ဝင်ငွေရှာပေးတဲ့ စီးပွားရေးတွေကောင်းတယ်။မကောင်းရင် capital gainအရင်းအနှီးအမြတ် သွားတာတွေကပိုကောင်းတတ်တယ်။ နှစ်ခုစလုံးက အရေးကြီးတယ်လို့ထင်တယ်။ တစ်ကိုယ်ရည် ငွေကြေးစီမံခန့်ခွဲမှုPersonal Finance မှာ ကိုယ့်သီအိုရီနဲ့ ကိုယ်ပဲ။ အလုပ်ဖြစ်ဖို့တော့လိုတယ်။ Phyo Paing @ Derek

တစ်ကိုယ်ရည် ငွေကြေးစီမံခန့်ခွဲမှု
Personal Finance မှာ
ကိုယ့်သီအိုရီနဲ့ ကိုယ်ပဲ။
Read More »

လိုက်နာရမည့် ဥပဒေသတွေ
ထုတ်ထားတယ်။

ထပ်ခါထပ်ခါ ဆုံးဖြတ်ချက်ချရမည့်အလုပ်တွေကို စနစ်ချတဲ့အနေနဲ့ လိုက်နာရမည့် ဥပဒေသတွေထုတ်ထားတယ်။ ၁။ ဘူကောင်တွေကိုရှောင် ၂။ ငွေရှာပေးမည့်အရာမှာ ငွေသုံးရမှာ မနှေမြောနဲ့ ၃။ အရိုးများ၊ ချီးခါးနေရင် ပလစ် (လိုချင်တာ ပွင့်ပွင့်လင်းလင်းပြောအိညောင် အိညောင်မလုပ်နဲ့။ဒရာမာတွေခင်းပြီး trauma ထရာမာတွေဖြစ်တာ စိတ်မဝင်စား။) ၄။ ဘူစမာတွေရှောင် ၅။ နေ့စဥ် လုပ်တဲ့အလုပ်တိုင်းက လွတ်လပ်မှု၊ ရင်ခုန်မှု၊ တိုးတက်မှုရှိဖို့လုပ်။ ၆။ ကျန်းမာရေးအတွက် လက်မနှေးနဲ့။ဒါက အရေးအကြီးဆုံးပဲ။ ၇။ အဟောင်းကြီးတွေပဲ မလုပ်နဲ့ ၈။ ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ် ၉။ ကိုယ့်ကို ယုံကြည်တဲ့သူကို အကောင်းဆုံးပေး ၁၀။ အလုပ်လုပ်တိုင်း ဆပွားနိုင်အောင် စဥ်းစား ၁၁။ နေ့စဥ် ဒီနေ့ဝင်ငွေ၊ အနာဂတ်ဝင်ငွေနှစ်ခုတိုးပွားနေဖို့ အလုပ်လုပ် ၁၂။ အရေးကြီးတာ ကိုယ်စိတ်ချမ်းသာဖို့

လိုက်နာရမည့် ဥပဒေသတွေ
ထုတ်ထားတယ်။
Read More »

ဒီနေ့ခေတ် လုပ်ငန်းရှင်က
MBD ဖြစ်ဖို့လိုလာတယ်။

ဒီနေ့ခေတ် လုပ်ငန်းရှင်ကMBD ဖြစ်ဖို့လိုလာတယ်။ MBD ဆိုတာ Master of Business Design.ဒီစကားလုံးကို စထွင်ခဲ့တဲ့သူကမိုက်ကယ်ကာဗာ။ ဒီနေ့ခေတ် laptop တစ်လုံးနဲ့လူတစ်ယောက်ရှာတဲ့ငွေက လူအယောက် ၄၀၊ ၅၀ ထက်ဝင်ငွေပိုကောင်းနေတာဖြစ်နိုင်တယ်။ လုပ်ငန်းအတွက် သန်းချီရင်းနှီးပြီးမရှုံးရုံတစ်မယ်လုပ်နေရသလိုအရှံပယ်ကြွယ်ဝနေတာလဲဖြစ်နိုင်တယ်။ အရေးကြီးတာ ဒီနေ့လို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊နည်းပညာ အပြောင်းအလဲများတဲ့ကာလမှာခေတ်ကာလ အခြေအနေနဲ့ ပုံကို ပြောင်းလွယ်ပြင်လွယ်ဖြစ်တဲ့ဒီဇိုင်းတည်ဆောက်ထားဖို့ အရေးကြီးတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဒီနေ့ခေတ် လုပ်ငန်းရှင်က
MBD ဖြစ်ဖို့လိုလာတယ်။
Read More »

Content is king.

တချို့တွေက စျေးရောင်းတယ်။တချို့တွေက အတွေးရောင်းတယ်။တချို့တွေက စျေးကောင်းသလိုတချို့တွေက တခြားသူတွေလုပ်တာငေးကောင်းဆဲပဲ။ Content is cash. Content is king. AKyanPay – အကြံပေးPhyo Paing @ Derek

Content is king. Read More »

မေးခွန်းပြန်မေးပါ။
အမြင်ချဲ့ပေးပါ။
အတွေးပြောင်းလာလိမ့်မယ်။

သူများရေးထားတဲ့စာအုပ်အကြောင်းပြန်ပြောပြရင် copyright နဲ့ မငြိဘူးလား။ သူများအိုင်ဒီယာကို ခိုးသလိုမဖြစ်ဘူးလား? ဟုတ်။ Copyright ဆိုတာ ဘယ်လောက်လေ့လားဖူးလဲ သိပါရစေ။ Copyright နဲ့ Patent နဲ့ Trademark နဲ့ကွာခြားချက်တော့သိမှာပေါ့။ Copyright မှာ fair use ဆိုတာလေးကြားဖူးလား။ ပြောထားတဲ့စာသားကို သူပြောတိုင်းအတိုင်းမဟုတ်ပဲ ကိုယ်နားလည်တဲ့အတိုင်းပြန်ပြောရင်fair use ဖြစ်တယ်လို့ထင်သလား? ဒါမှ မဟုတ် ကိုယ့်အထင်အမြင်နဲ့ သူရေးထားတာနဲ့ ပေါင်းပြီးတခြားသူတွေအတွက် ပိုကောင်းအောင်ဖန်တီးရင် fair use ဖြစ်တယ်ထင်သလား။ Youtube ပေါ်က စာအုပ်တွေအကြောင်းပြန်ပြောပြတာ၊ review လုပ်တာကfair use ဖြစ်သလား။ အမှန်တော့ လူတွေအကဲဖြတ်တယ်ဆိုတာသူ့ရဲ့လောကအမြင်က ကျဥ်းနေတတ်ပြီးသူ့အမြင်နဲ့ အကဲဖြတ်လိုက်လို့ဖြစ်ပါတယ်။ အဲ့အချိန်မှာ ကိုယ်ကစိတ်နည်းနည်းရှည်ပြီးမေးခွန်းပြန်မေး၊ အမြင်ဖွင့်ပေးတဲ့အခါ သင်ယူမှုကို လက်ခံသူဆို သူ့အမြင်ကျယ်လာနိုင်မယ်။ Phyo Paing

မေးခွန်းပြန်မေးပါ။
အမြင်ချဲ့ပေးပါ။
အတွေးပြောင်းလာလိမ့်မယ်။
Read More »

Stop, Slow down, Start

ကိုယ့်ကိုယ်ကို ဖျက်စီးနေတဲ့သူက မှန်ထဲမှာ မြင်တဲ့ ကိုယ်တိုင်ပဲ။ လူတွေက ဆန္ဒတွေရှိနေလို့ လောကီမှာ နေနေကြတာပေါ့။ ကိုယ့်ဆန္ဒ ရည်မှန်းချက်ပန်းတိုင်တွေပြည့်ဖို့၁။ ဘယ်အရာတွေက ရပ်တန်းကရပ်ရမယ်။Stop လုပ်ရမည့်အရာတွေကို သိရမယ်။ ၂။ ဘယ်အရာတွေကို လျော့ရမယ်။ Slow down လုပ်ရမည့်အရာတွေကိုသိရမယ်။ ၃။ ဘယ်အရာတွေကို စတင်လုပ်ဆောင်ရမယ်။Start ရမည့်အရာတွေကို သိဖို့လိုတယ်။ Phyo Paing @ Derek

Stop, Slow down, Start Read More »

လူတွေကို သိစေချင်တာသုံးချက်ရှိတယ်။

အဲလက်ဆန်းဒါး ဒဂရိတ်ကစစ်မဟာဗျူဟာပိုင်းမှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အပြင်နယ်မြေသစ်ပေါင်းများစွာကိုအောင်နိုင်တယ်။တနေ့ နေမြေသစ်တွေကို အောင်နိုင်ပြီးအိမ်အပြန်လမ်းမှာ နာမကျန်းဖြစ်ပြီးသေခြင်းတရားနဲ့ ရင်ဆိုင်ရတယ်။ အဲ့အခါမှာ သူတွေ့ချင်တဲ့ သူအမေကို နောက်ဆုံးအနေနဲ့လဲမတွေ့နိုင်တော့ဘူး။ ဒါနဲ့ သူ့ဗိုလ်ချုပ်ကြီးကိုခေါ်တယ်။ ငါမသေခင် သုံးခုလုပ်ပေးကွာတဲ့။ ၁။ ငါသေရင် ငါ့အလောင်းကို ဆရာဝန်ကိုယ်တိုင်ပဲသယ်ရမယ်။၂။ ငါ့ကိုသဂြိုလ်တဲ့အခါ အသုဘချတဲ့လမ်းမှာ ငါ့ဘဝမှာ ရှာဖွေအောင်နိုင်ရရှိခဲ့တဲ့ကျောက်သံ၊ ရွှေငွေ၊ ရတနာတွေနဲ့ ခင်းကြင်းထားရမယ်။၃။ ငါ့လက်နှစ်ဖက်ကို အခေါင်းအပြင်ကိုထုတ်ထားပေးတဲ့။ လူတွေကို သိစေချင်တာသုံးချက်ရှိတယ်။ ပထမတစ်ချက်ကဘယ်လောက်ပဲအောင်မြင်အောင်မြင်ဘယ်လို ဘုရင်ကြီးဖြစ်နေပါစေမင်းအသက်ကို ဆရာဝန်ကအကုန်လုံးကုနိုင်မှာ မဟုတ်ဘူး။ဘဝဆိုတာ တိုတယ်။ ဘဝမှာ ကိုယ်ဖြစ်ချင်တာကိုယ်လုပ်ပါ။သာမာန်သမရိုးကျဘဝနဲ့ မသေပါနဲ့။ ဘဝမှာ တရားသေပြောလို့မရဘူး။ အချိန်မဖြုန်းနဲ့။ ဒုတိယတစ်ချက်က မင်းဘာတွေ ဘယ်လောက်ရှာခဲ့ရှာခဲ့နောက်ဆုံးထားခဲ့ရမှာပဲ။ ချမ်းသာကြွယ်ဝမှုတစ်ခုနောက်ပဲလိုက်ပြီး ဘဝကို အဆုံးမသတ်ပါနဲ့။ တတိယအချက်က လူတိုင်းက လက်ဗလာနဲ့လောကထဲလာတယ်။လက်ဗလာနဲ့ ပြန်တယ်။ကမ္ဘာကြီးမှာ မင်းဘယ်သူ့ကို ဘယ်လို အနိုင်ယူခဲ့ယူခဲ့နောက်ဆုံးလက်ဗလာနဲ့ပဲပြန်လည်ထွက်ခွာရမယ်ဆိုတာ သိတယ်တဲ့။ Phyo

လူတွေကို သိစေချင်တာသုံးချက်ရှိတယ်။ Read More »