advice

ပေါင်းသင်းဆက်ဆံရေးညံ့တာ
မဟုတ်ပါဘူး။
နည်းစနစ်မသိသေးတာပါ။

Milton’s Model ဆိုတာ NLP ထဲကTools တစ်ခုပေါ့။20 ရာစုက စိတ်ညှို့ပညာရင်Milton Erickson ဆိုတဲ့ ပုဂ္ဂိုလ်တီထွင်ထားတာ။လူတွေကို လွမ်းမိုးချင်ရင်သုံးတယ်။ ဥပမာဗျာ ခင်ဗျားလဲ သိတဲ့အတိုင်း ကျွန်တော်ဘာပြောချင်လဲဆိုတာ။ စဉ်းစားကြည့် မသိလဲသိသလိုလိုဖြစ်သွားတယ်။ ကိုယ့်ကို ပြဿနာလာရှာ လာရစ်ရင်အစ်ကိုလဲ သိပါတယ်။ဒါက ပြောစရာလိုတဲ့ကိစ္စမှ မဟုတ်တာ။ဟုတ်တယ်ဟုတ်? ဟုတ်ဟုတ် မဟုတ်ဟုတ်ဟုတ်သလိုလို ဖြစ်သွားရော။ အဲ့လို Milton’s Model သုံးတာကပြဿနာတော်တော်များများကိုကာကွယ်ပေးနိုင်တယ်။ ဒါပေမယ့် idea တစ်ခုကိုတိတိကျကျ ပြောတဲ့အခါတစ်ဖက်ဖက်မှာရပ်တည်တဲ့အခါအခက်အခဲရှိနိုင်တယ်။ Milton’s model ကအရောင်းသမားတွေအသုံးပြုတယ်။လူတွေလွမ်းမိုးချင်တဲ့သူတွေအသုံးပြုတယ်။နိုင်ငံရေးသမားတွေ အသုံးပြုတယ်။မားကတ်တင်းသမားတွေသုံးတယ်။ သိထားတာတော့ မမှားဘူး။ ပေါင်းသင်းဆက်ဆံရေးညံ့တာမဟုတ်ပါဘူး။နည်းစနစ်မသိသေးတာပါ။ Phyo Paing @ Derek

ပေါင်းသင်းဆက်ဆံရေးညံ့တာ
မဟုတ်ပါဘူး။
နည်းစနစ်မသိသေးတာပါ။
Read More »

စမ်းသပ်ရမှာ မကြောက်ပါနဲ့။

ကိုယ့်ကိုကိုယ် အစမ်းသပ်ခံတဲ့လူတစ်ယောက်လိုပဲ စဉ်းစားတယ်။ စိတ်ညစ်မရာတွေ မရှိသလောက်နဲ့ဘဝကို အရသာရှိရှိဖြတ်သန်းဖို့ဖြစ်နိုင်မလား စမ်းသပ်ကြည့်တယ်။ ဥာဏ်မကောင်းဘူးလို့ ကိုယ့်ကိုကိုယ်ထင်နေတဲ့ သူတစ်ယောက်ကနည်းစနစ်မှန်မှန်လေ့ကျင့်ရင်ဥာဏ်ကောင်းတာ၊ စာဖတ်မြန်တာလုပ်လို့ရသလား စမ်းသပ်ကြည့်တယ်။ ၄၊၅ နှစ်အတွင်း ပညာတစ်ခုလေ့လာပြီး ဆရာကျအောင်လုပ်လို့ရမလား စမ်းသပ်ကြည့်တယ်။ ကိုယ်မပါပဲ ကိုယ့်ကို passive incomeပုံစံမျိုးရှာပေးလို့ရတဲ့ လုပ်ငန်းတည်ဆောက်လို့မရလား စမ်းကြည့်တယ်။ မြန်မာစကားပီအောင်မပြောတတ်လဲTrainer တို့၊ Public Speaker တို့လုပ်လို့ရမလား စမ်းသပ်ကြည့်တယ်။ Content Marketing ကနေ Content Inc လို Business တည်ဆောက်လို့ရမလားစမ်းသပ်ကြည့်တယ်။ စာကောင်းကောင်းမရေးတတ်ပဲစားလုံးပေါင်းအမှားမှား၊စကားမကြွယ်ပဲ blogging မှာနေရာတစ်ခုရနိုင်မလား စမ်းကြည့်တယ်။ ဖက်တီးပုတ် ကနေ fit ဖြစ်အောင်အချိန်တိုအတွင်း ဝိတ်ချပြီးFit ဖြစ်အောင် strength တက်အောင်လုပ်လို့ရမလား စမ်းသပ်ကြည့်တယ်။ မြန်မာပြည်မှာ Zoom တစ်ခုတည်းနဲ့တစ်ပတ်ကို ကိုယ် Coach

စမ်းသပ်ရမှာ မကြောက်ပါနဲ့။ Read More »

နယ်ပယ်တစ်ခုခုမှာ
expert ဖြစ်နေဖို့တော့လိုတယ်။

ဒီနေ့ခေတ်က ပေးထားတဲ့ JD နဲ့ပဲအလုပ်လုပ်ရင် automation က တစ်နေ့ ကိုယ့်ကို replace လုပ်သွားမှာပဲ။ ဒီနေ့ခေတ်က Attendance-based compensation (ABC) ကနေResult-oriented work environment (ROWE) ကိုပြောင်းလာပြီ။ အရင်က ဒါခိုင်း ဒါလုပ်Instruction လိုက်နာတဲ့ခေတ်ကနေဦးနှောက်သုံးတဲ့ Insight ပိုသိဖို့လိုလာတဲ့ခေတ်ဖြစ်တယ်။ Phyo Paing @ Derek

နယ်ပယ်တစ်ခုခုမှာ
expert ဖြစ်နေဖို့တော့လိုတယ်။
Read More »

Business တွေသင်ယူလို့ရတဲ့ Buddha ရဲ့ အယူအဆ

၁. သတ္တဝါတွေကို ကယ်တင်ဖို့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့တယ်။ လုပ်ငန်းတွေမှာ လုပ်ငန်းရှင်အတွက်သာမဟုတ်ပဲ ဝန်ထမ်းတွေ သို့ ဖောက်သည်တွေ (တပါးသူတွေအတွက်) အကျိုးပြုစေမည့် Mission ရှိရမည်။ Google ရဲ့ Mission သည် ကမ္ဘာပေါ်မှာရှိသည့် သတင်းအချက်အလက်များကို လူအများအား အလွယ်တကူရရှိစေနိုင်ဖို့ဖြစ်သည်။ ၂. ဂေါတမ မြတ်စွာဘုရားဖြစ်ရန် ရည်မှန်းချက်ပန်တိုင်ထားခဲ့ပါတယ်။ လုပ်ငန်းတွေမှာလည်း တစ်ချိန် ဘယ်ရောက်အောင်သွားမလဲ Vision လိုပါတယ်။ ဥပမာ Microsoft ရဲ့ Vision သည် အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပျူတာ တစ်လုံးစီရှိရမယ်။ ကွန်ပျူတာတိုင်းမှာ Microsoft Windows တပ်ဆင်ထားရမယ် လို့ထားခဲ့ပါတယ်။ ၃. မ​လျော့မတင်း ​စောင်းကြိုးညှင်း လမ်းစဉ်ကျင့်သုံးခဲ့ပါသည်။ မဇ္ဇိမ လမ်းစဉ်ကို အသုံးပြုပြီး အလယ်အလတ်လမ်းစဉ်အတိုင်း ကြိုးစားခဲ့တယ်။ Vision

Business တွေသင်ယူလို့ရတဲ့ Buddha ရဲ့ အယူအဆ Read More »

ဒါကြောင့် ကိုယ့်ကိုဝေဖန်
အပြစ်ပြောတဲ့သူတွေကို ဝေးဝေးရှောင်ပါ။

ကိုယ့်ကိုကိုယ် ဘယ်တော့မှ မပြစ်မတင်နဲ့။ကိုယ့်ကို အမြဲအပြစ်တင်တတ်တဲ့သူတွေနဲ့လဲဘယ်တော့မှ အပေါင်းအသင်မလုပ်နဲ့။သမီးရည်းစားမလုပ်နဲ့။ ဒီအတွေးအခေါ်က radical နည်းနည်းဆန်တယ်။လူတွေဘဝဘာကြောင့်အပြောင်းအလဲဖြစ်လဲ?ကိုယ့်ကို နားလည်ပေးတဲ့သူတွေကြောင့်ပဲ။ ဒါကြောင့် ကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ကိုကိုယ် ဂုဏ်ယူပြီးကိုယ်ဘာပဲလုပ်လုပ် ခွင့်လွတ်နားလည်အားပေးတဲ့ အသိုင်းအဝိုင်းတစ်ခုရှိတဲ့အခါကိုယ်ပိုတိုးတက်တယ်။ပိုအောင်မြင်တယ်။ တချို့သားသမီးတွေမအောင်မြင်တာမိဘတွေက toxic ဖြစ်လို့။ ကိုယ့်သားသမီး ဘာလိုဖြစ်ဖြစ်ချစ်နေမယ်ဆိုတဲ့ စိတ်မထားပဲသားသမီးကို ခိုင်းစားစရာ၊ကိုယ့်ဂုဏ်အတွက် ကြွားစရာစဉ်းစားပြီး သူတို့ပေတံနဲ့တိုင်းသူတို့ဖြစ်စေချင်တဲ့အတိုင်းဖြစ်အောင်လုပ်မဖြစ်တဲ့အခါ စိတ်ဆိုး၊ analyze လုပ်ဝေဖန်တဲ့အတွက် တချို့ကလေးတွေခမျာဒုက္ခခဏခဏ ရောက်တတ်ကြတယ်။ ဒါကြောင့် ကိုယ့်ကိုဝေဖန် အပြစ်ပြောတဲ့သူတွေကို ဝေးဝေးရှောင်ပါ။ Phyo Paing @ Derek

ဒါကြောင့် ကိုယ့်ကိုဝေဖန်
အပြစ်ပြောတဲ့သူတွေကို ဝေးဝေးရှောင်ပါ။
Read More »

ကျွန်တော့်မှာ ယုံကြည်မှု ၇ ခုရှိတယ်။

ပိုရယူ သိလူကစား ဖြစ်အောင်လုပ်လို့ အတိုကောက်မှတ်လို့ရတယ်။ ၁။ အရာရာ ပိုကောင်းဖို့ဖြစ်လာတာပါ။ (ပို)၂။ အရှုံးဆိုတာမရှိဘူး။ ရလဒ်တွေပဲရှိတယ်။လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။(ရ)၃။ ဘာပဲဖြစ်ဖြစ် တာဝန်ယူပါ။ (ယူ)၄။ တစ်ခုခုအသုံးချဖို့အတွက် အကုန်သိနေစရာမလိုဘူး။ (သိ)၅။ လူကြောဆိုတာ ရွှေကြော။ (လူ)ကိုယ့်ကိုအောင်မြင်အောင်ကူညီပေးနိုင်တာလူတွေပဲ။ ၆။ အလုပ်ဆိုတာ ကစားတာ။ (ကစား)Game တစ်ခုလို စွဲစွဲလမ်းလမ်းလုပ်။၇။ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်ဖြစ်အောင်လုပ်။ (ဖြစ်အောင်လုပ်) လိုက်နာတဲ့ rule or guiding principles ကတော့ ၁။ ဘူကောင်တွေကို ရှောင်၂။ ကိုယ့်ကိုကိုယ် ဂုဏ်ယူရတဲ့အလုပ်တွေ နေ့စဉ်လုပ်၃။ အလုပ်ကို ပိုးစိုးပက်စက်လုပ်၄။ ဒူပဒေါပခေံ၅။ မယူခင်အရင်ပေး၆။ ယူတာထက်ပိုပေး၇။ ရှုံးနိုင်ခြေနဲ့ ဖြစ်နိုင်ခြေကို အမြဲတွက်၈။ ထွက်ငွေကိုဝင်ငွေအနေနဲ့ ပြန်ပြောင်း၉။ ကိုယ့်ကိုငွေရှာပေးမည့်အရာတွေမှာ ငွေသုံးဖို့ မနှမြောနဲ့။၁၀။ ကိုယ်နဲ့အလုပ်လုပ်တဲ့သူတိုင်း တိုးတက်သွားရမယ်။

ကျွန်တော့်မှာ ယုံကြည်မှု ၇ ခုရှိတယ်။ Read More »

လုပ်ငန်းစတင်ချိန် ဖောက်သည်ကောင်းရှာ။

လုပ်ငန်းကြီးထွားချိန် ဝန်ထမ်းကောင်းရှာ။လုပ်ငန်းစနစ်ချတဲ့အချိန် အကြံပေးကောင်းရှာ။လုပ်ငန်းချဲ့ထွင်တဲ့အချိန် ရင်းနှီးမြုပ်နှံသူကောင်းရှာ။ Phyo Paing @ Derek

လုပ်ငန်းစတင်ချိန် ဖောက်သည်ကောင်းရှာ။ Read More »

လောကဓံကို ကြံ့ကြံ့ခံဖို့
နေ့စဉ် training ဆင်းနေဖို့လိုတယ်။

တချို့တွေက တရားထိုင်ပြီးသေဖို့ ပြင်ဆင်ကြတယ်။တချို့တွေ ငွေကြေးလွတ်မြောက်မှုအတွက်ပြင်ဆင်ကြတယ်။ တချို့တွေက အသက် ၁၀၀ လောက်ထိနေဖို့ ပြင်ဆင်ကြတယ်။တချို့တွေ အလုပ်က retire ယူဖို့ပြင်ဆင်ကြတယ်။ အနာဂတ်အတွက် နေ့စဉ်training ဆင်းနေဖို့လိုတယ်။ Phyo Paing @ Derek

လောကဓံကို ကြံ့ကြံ့ခံဖို့
နေ့စဉ် training ဆင်းနေဖို့လိုတယ်။
Read More »

ကိုယ်ကိုးကွယ်နေတဲ့
motivational speaker လဲ

ဒီကာလမှာ ကြိတ်ပြီး စိတ်ဓာတ်မကျနေဘူးလို့မပြောနိုင်ဘူး။ ဒါကြောင့် ဗုဒ္ဓဟောကြားတဲ့အတိုင်းမိမိကိုယ်သာ ကိုးကွယ်ရာပါ။ Phyo Paing @ Derek

ကိုယ်ကိုးကွယ်နေတဲ့
motivational speaker လဲ
Read More »

အခြေခိုင်ဖို့ အခြေခံလိုတယ်။

သင်တန်းလေး လေးငါးရက်တက်ပြီးTrainer တွေ၊ Coach တွေ၊ Consultantတွေလုပ်လို့ရမယ်ထင်ကြတယ်။စင်ပေါ်မှာ စကားပြောတဲ့သူတွေကြည့်ပြီးသူတို့လို လုပ်ချင်တယ်။ဓာတ်ပုံရိုက်တင်ချင်တယ်။ Certificate တစ်တွဲကြီး Facebook မှာအဆုံးမရှိတင်ချင်တယ်။ ရေရှည် Professional ကျကျ လုပ်နိုင်ဖို့ကအခြေခိုင်ဖို့လိုတယ်။ မဟုတ်ရင် လေတစ်ချက်ဝေ့ရင်အကုန်ပြိုလဲ ကုန်မယ်။ ဘာပဲလုပ်လုပ် အခြေခိုင်မှရတယ်။ အခြေခိုင်ဖို့ အခြေခံလိုတယ်။ Fundamentals တွေသေချာလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

အခြေခိုင်ဖို့ အခြေခံလိုတယ်။ Read More »