advice

ဖြစ်ချင်တာ နဲ့ ဖြစ်သင့်တာ
ဘာလုပ်ရမလဲ။

ဖြစ်ချင်တာဖြစ်ဖို့ လုပ်ဖို့လိုတာ၊ မလုပ်ချင်ပေမည့် လုပ်ရမည့်အရာတွေကိုလဲဇွဲရှိရှိနဲ့ လုပ်ဖို့လို့ရင် လုပ်ရမှာပဲ။ Phyo Paing @ Derek

ဖြစ်ချင်တာ နဲ့ ဖြစ်သင့်တာ
ဘာလုပ်ရမလဲ။
Read More »

Follow your heart

နှလုံးသားခိုင်းစေရာလုပ်ဖို့ကိုယ့်နှလုံးသားအသံနားထောင်တတ်ဖို့လဲလိုတတ်တယ်။ကိုယ့်နှလုံးသားအသံ inner voice ကအပြင်က ဆူညံသံ noise တွေဖုံးနေတာကြောင့် နားထောင်ဖို့ခက်တတ်တယ်။ နေ့စဥ် ပြန်မေးကြည့်ကြည့်ကိုယ့်နှလုံးသားက ဒီနေ့ဘာလုပ်လိုက်လို့ပြောနေသလဲ။ဒါက ရူးကြောင်ကြောင်နိုင်ပေမယ့်ဒီ မက်ဆေ့ကနေ ဘဝရဲ့အကောင်းဆုံးအကြံဥာဏ် လမ်းညွှန်မှုတွေရတတ်တယ်။ တချို့က ဒါကို higher power တဲ့။ တချို့က ဒါကို spirituality တဲ့။ တချို့ကလဲ intuition တဲ့။ ဒါနဲ့ ကိုယ့်နှလုံးသားအသံကိုနားမထောင်တာ ဘယ်လောက်ကြာပြီလဲ။ Phyo Paing @ Derek

Follow your heart Read More »

ငယ်တုန်းမှာ ဖြစ်ချင်တာတွေ
ဖြစ်အောင် မြန်မြန်အကောင်အထည်ဖော်။

လောကီမှာလိုချင်တဲ့ စိတ်ဆန္ဒ၊ တပ်မက်မှု၊ တဏှာတွေကိုဖြည့်ဆည်းရင်းစိတ်ကျေနပ်မှုကိုရှာဖွေကြတယ်။ ကိုယ်ဖြစ်ချင်တာဖြစ်လာတော့ပျော်တယ်။ကိုယ်ဖြစ်ချင်စေချင်တာဖြစ်မလာတော့ ဝမ်းနည်းတယ်။ မဖြစ်စေချင်တာ ဖြစ်လာတော့ဒေါသထွက်တယ်။ ချစ်တယ်။ ကြိုက်တယ်။လိုချင်တယ်။ တောင်းတတယ်။လူတွေအထင်ကြီးစေချင်တယ်။လူတွေအထင်အမြင်သေးရင်စိတ်ညစ်မယ်။ ကိုယ်ကသာနေရင်ပျော်မယ်။နောက်ကောက်ကျနေရင်အားငယ်မယ်။ လောကုတ္တရာကျတော့ကိုယ့်ရဲ့ဖြစ်တည်မှု ပကတိအခြေအနေမှာပစ္စုပ္ပာန်တည့်တည့်ကိုရှုတဏှာနဲ့ တပ်မက်မှုတွေကကိုယ့်စိတ်ကိုလာရောက်နှိုးဆွတာကိုဥာဏ်နဲ့ရှုတယ်။ ဆင်ခြင်တယ်။ သုံးသပ်တယ်။ ငယ်တုန်းမှာ ဖြစ်ချင်တာတွေဖြစ်အောင် မြန်မြန်အကောင်အထည်ဖော်။နောက် စိတ်ထားတတ်အောင်လေ့ကျင့်။ Phyo Paing @ Derek

ငယ်တုန်းမှာ ဖြစ်ချင်တာတွေ
ဖြစ်အောင် မြန်မြန်အကောင်အထည်ဖော်။
Read More »

ကျွန်တော်တို့လုပ်ရပ်တိုင်းရဲ့
နောက်ကွယ်မှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။

လုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။ ဒါကသိပ်လက်မခံချင်လဲ သေချာနှလုံးသွင်းနိုင်ရင်ဘဝကိုနေပျော်စေနိုင်တဲ့ အယူအဆတစ်ခုပဲ။ NLP မှာတော့Every behaviour has a positive intentionလို့ဆိုတယ်။ အချိန်ဆွဲ Procrastination တဲ့ရည်ရွယ်ချက်ကရှုံးနိမ့်မှာကြောက်တဲ့စိတ်၊ တခြားသူတွေထားတဲ့မျှော်မှန်းချက်အတိုင်းမလုပ်နိုင်မှာစိုးတဲ့အတွက်စိတ်ဖိစီးမှုများပြီး အချိန်ဆွဲတာဖြစ်ကောင်းဖြစ်မယ်။ အစားအစာအများကြီးစားဖြစ်တဲ့ overeating ကစိတ်ဖိဆီးမှုများတာတွေကို ဖြေဖျောက်ဖို့ကြိုးစားတာဖြစ်ကောင်းဖြစ်မယ်။ လူတွေကို အားနာတတ်တာဟာ သူ့ကိုသဘောကျစေလိုတဲ့စိတ်ကြောင့်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်တော်တို့လုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။ အပြောကြမ်းတာဟာ ကိုယ့်ကိုမနိုင်စားအောင် ကာကွယ်တာဖြစ်ကောင်းဖြစ်မယ်။ ကိုယ့်ရဲ့မကောင်းတဲ့အပြုအမူတွေရှိရင်ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်လိုက်ပါနဲ့။အရင်းအမြစ်ကို သေချာစဥ်းစားကြည့်ပြီးဖြေရှင်းကြည့်ပါ။ တခြားသူတွေကို စာနာပေးသလိုကိုယ့်ကိုကိုယ် စာနာပေးကြည့်ပါ။ Phyo Paing @ Derek

ကျွန်တော်တို့လုပ်ရပ်တိုင်းရဲ့
နောက်ကွယ်မှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။
Read More »

ဘဝမှာ အာရုံနဲ့ လုပ်ရပ်ကို
ဘယ်မှာထားမလဲ အရေးကြီးတယ်

ကိုယ့်ဘဝမှာဖြစ်ချင်တဲ့အရာDream list တွေကိုချရေးလိုက်။အာရုံကို အဲ့အပေါ်မှာ အပြည့်စိုက်။တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်သွား။ လူတိုင်းက ပေးထားချက်မတူဘူး။တချို့အတွက် ဒီ Dream list ကကိုယ်ပိုင်အိမ်ကားဝယ်ဖို့ဖြစ်ရင်ဖြစ်မယ်။တချို့အတွက်က တခြားတစ်နေရာမှာအခြေချဖို့ ဖြစ်ရင်ဖြစ်မယ်။ ဘဝမှာ အာရုံနဲ့ လုပ်ရပ်ကိုဘယ်မှာထားမလဲ အရေးကြီးတယ်။ Phyo Paing @ Derek

ဘဝမှာ အာရုံနဲ့ လုပ်ရပ်ကို
ဘယ်မှာထားမလဲ အရေးကြီးတယ်
Read More »

ဘဝအပြောင်းအလဲလုပ်ချင်ရင်
အရောင်းပညာသာ သင်

ဘဝအပြောင်းအလဲလုပ်ချင်ရင်အရောင်းပညာသာ သင်။ကျောင်းပြီးတော့ အရောင်းလောကထဲပြန်ရောက်လာတယ်။အရောင်းလောကထဲရောက်လာတဲ့အခါမာန်မာနလေးတွေ ဘေးနားမှာချno လို့ပြောတာတွေကိုnext opportunity လို့ယူဆပြီးABC ဖြစ်အောင်လုပ်ရတယ်။ABC ဆိုတာ always be closingအဓိပ္ပာယ်က ကိုယ်နဲ့တွေ့လို့မှမရောင်းလိုက်ရင်ဒါရာဇဝတ်မှု ကျူးလွန်တာပဲ။ အရောင်းသမားလုပ်ပြီးသကာလလူတွေကိုယ့်ကို အထင်သေးမှာတွေဘာတွေပျောက်သွားတယ်။ငြင်းပယ်မှုတွေကို ခံနိုင်သွားတယ်။​ နောက်ပိုင်း တစ်ရောက်ချင်းရောင်းနေရတာအချိန် ကုန်တယ်။​လူအများရှေ့မှာ ရောင်းဖို့presentation စင်မြင့်ပေါ်က စျေးရောင်းနည်းလေ့ကျင့်မှရမယ်ဆိုပြီးStage-selling လေ့ကျင့်တယ်။​ နောက်ပိုင်း ကုန်ပစ္စည်းရောင်းရတာဝယ်ရမှာ၊ ပြန်ရောင်းရတာ၊ ကုန်ပစ္စည်းကျန်တာနဲ့အလုပရှုပ်တယ်။​ဒါဆို ဘာရောင်းမလဲဆိုတော့knowledge product ရောင်းလို့မရဘူးလားစဥ်းစားကြည့်တယ်​။ ဒါနဲ့ knowledge product တွေရောင်းဖို့marketing ဆိုတာကို လေ့ကျင့်ရတယ်။​ Sales တစ်ကြိမ်မှာ လူရာဂဏန်းလောက်ကိုပဲလွမ်းမိုး နိုင်ရင်၊Marketing က သန်းဂဏန်းကိုကိုယ့်ပေးချင်တဲ့ သတင်းရောက်အောင်လုပ်လို့ရတယ်။ ကိုယ်ပေးချင်တဲ့ message ကိုတစ်လတစ်လ လူသန်းပေါင်းများစွာကိုတွေ့ပြီး ယုံကြည်မှုတည်ဆောက်နိုင်တာမားကတ်တင်း။ယုံကြည်မှုတွေကို အရောင်းအနေနဲ့ပြောင်းလဲနိုင်တာ အရောင်း။ထပ်ခါထပ်ခါ ပြန်လာအောင်လုပ်နိုင်တာဖောက်သည်ဝန်ဆောင်မှု။ Phyo Paing @

ဘဝအပြောင်းအလဲလုပ်ချင်ရင်
အရောင်းပညာသာ သင်
Read More »

Relationship မှာ
ပထမဆုံးစတွေ့တဲ့အခါ

အရင်ကတည်းက ရင်းနှီးနေသလိုပဲ။ ဒါကို phenomenon of recognition တဲ့။ နောက် သိတာမှမကြာသေးဘူး။နှစ်ရှည်လများ သိနေသလိုပဲ။ ဒါကို phenomenon of timelessness တဲ့။ တတိယအဆင့်က အချိန်ကြာလာလေပိုရင်းနှီးလာလေ၊ ပိုယုံကြည်လာလေ။ ပိုစာနာပြီး တစ်ဖက်လူဖက်ကခံစားပေးလေတဲ့။ နောက်တစ်ဆင့်ကျတော့ illusion ထင်ယောင်ထင်မှားဖြစ်တဲ့အဆင့်တဲ့။ ကိုယ့် partner ရဲ့ စိတ်ကူးထဲက ideal ဖြစ်တဲ့ပုံစံအတိုင်းပြုမူတတ်တဲ့အတွက်ဒါက ငါ့စိတ်ကူးထဲက relationship ပဲဆိုတဲ့ကမ်းမမြင်လမ်းမမြင်အဆင့်။ နောက်ကျတော့ အရင်သဘောကျတဲ့အဆင့်တွေကစိတ်ညစ်စရာဖြစ်တဲ့အဆင့်။ အရင် အနေအေးလိုက်တာ၊ စကားနည်းတာကောင်းတယ်ဆိုတဲ့ အထင်အမြင်ကနေအချိန်ကြာလာတော့ ပျင်းစရာကောင်းလိုက်တာ၊ငြီးငွေ့စရာ အထီးကျန်စရာကောင်းလိုက်တာဆိုတဲ့အဆင့်။ နောက် power struggle တစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုး၊ စိတ်ကောက်၊ အနာကို ဒုတ်နဲ့ဆွမိတဲ့အဆင့်။တစ်ယောက်နဲ့တစ်ယောက် ဝေဖန်မိရင်းဒဏ်ရာတွေနဲ့ ဒေါသ ဒါမှမဟုတ်တော်ပါပြီ နောက်ဆုံးငါပဲနာကျင်ရတယ်ဆိုတဲ့အကြောက်နဲ့ ဆုံးတဲ့အဆင့်။ နောက်အတတ်နိုင်ဆုံး ရှောင်ဖယ်တဲ့အဆင့်။ခပ်ခွာခွာနေတဲ့အဆင့်။ ဒီအဆင့်တွေအကုန်လုံးက

Relationship မှာ
ပထမဆုံးစတွေ့တဲ့အခါ
Read More »

ဘဝကို ပျော်ပျော်ရွင်ရွင်နေနိုင်ဖို့

၁။ လူတွေအပေါ်မျှော်လင့်ချက်တွေအများကြီးမထားနဲ့။ (expectations) ၂။ ပျော်ဖို့ တခြားသူတွေရဲ့ ခွင့်ပြုချက်တွေတောင်းခံမနေနဲ့။ (approval) ၃။ အတိတ်မှာဖြစ်ခဲ့တာတွေထားခဲ့တော့။အတိတ်ဆိုတာ အနာဂတ်နဲ့မတူဘူး။ (The past ≠ The future) ၄။ ကိုယ့်ဘဝနဲ့ ကိုယ်၊ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံဖို့ သတ္တိရှိ။ (The courage to be myself) ၅။ သူများနဲ့ နှိုင်းယှဥ်ပြီးစိတ်မညစ်နဲ့။ (competition) ၆။ ကယ်တင်ရှင်ကြီးမလုပ်ချင်နဲ့။လူတိုင်း သူ့ဘဝသူ ကယ်တင်နိုင်တဲ့အသိဥာဏ်ရှိတယ်ဆိုတာ နားလည်ထား။ (Savior) ၇။ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်ကိုတစ်ခုခု ပြန်အကျိုးပြု (community feeling) ၈။ ကိုယ့်ရဲ့ သမိုင်းပေးတာဝန်ကိုယ်သိ (life task)ကိုယ်တစ်ယောက်ထဲ အကုန်လုပ်မရဘူး။ဖျားရင်ဆရာဝန်ဆီသွားရမယ်။အမှုဖြစ်ရင် ရှေ့နေ။အိမ်ဆောက်ရင် အင်ဂျင်နီယာ။ကိုယ့်ရဲ့ တာဝန်ကိုယ်သိ။ ၉။ လူတွေကို နားလည်အောင်ကြိုးစား (understanding) ၁၀။

ဘဝကို ပျော်ပျော်ရွင်ရွင်နေနိုင်ဖို့ Read More »

၃၀ မတိုင်ခင် ကိုယ်စိတ်ဝင်စားတဲ့
အလုပ်နယ်ပယ် အကုန်စမ်းကြည့်။

လူတိုင်း နေရာတိုင်းမှာ မတော်နိုင်ဘူး။အရေးအကြီးဆုံးကကိုယ့်ရဲ့ superpower ကို ရှာဖွေပြီးဒီ superpower ပေါ်အခြေခံပြီးအလုပ်နဲ့ ဘဝကို တည်ဆောက်ဖို့ပဲ။ နေ့စဥ် ဒီ superpower ကိုအားကောင်းအောင်တည်ဆောက်ရမှာ။ ဘဝမှာ အသက် ၃၀ လောက်ထိကဟိုဟာစမ်း၊ ဒီဟာစမ်းရတယ်။​သုံးဆယ်ရောက်ရင်ဗျာများလို့ မရတော့ဘူး။ဒီ superpower တစ်ခုထဲကိုပဲအာရုံစိုက်ဖို့ အချိန်တန်ပြီ။ ၃၀ မတိုင်ခင် ကိုယ်စိတ်ဝင်စားတဲ့အလုပ်နယ်ပယ် အကုန်စမ်းကြည့်။တစ်နေရာထဲ အငြိမ်မနေနဲ့။၃၀ ကျော်ရင် ဖင်ငြိမ်ရမည့်အရွယ်ရောက်ပြီ။ Phyo Paing @ Derek

၃၀ မတိုင်ခင် ကိုယ်စိတ်ဝင်စားတဲ့
အလုပ်နယ်ပယ် အကုန်စမ်းကြည့်။
Read More »

ပညာနဲ့ ဥစ္စာမရှိရင်
ဘဝခရီး ထင်သလောက်မလွယ်လှဘူး။

ကျွန်တော်ထင်တာနောက်နှစ်နှစ်အတွင်းကို English လိုမတတ်ထားရင် တော်တော်လေးနောက်ကျကျန်ခဲ့တော့မယ်။AI ခေတ်မှာ English လိုဖတ်တတ်တဲ့သူကလိုချင်တဲ့ သတင်းအချက်အလက်ရှာဖွေဖော်ထုတ် “အသုံးပြု”နိုင်တဲ့အချိန်မှာကိုယ်က ဘယ်ဆရာပြောတယ်ဆိုတဲ့လွန်ခဲ့တဲ့ နှစ်ဆယ်ရာစုအတိုင်းသွားနေသေးရင်ပိုပိုဝေးသွားလိမ့်မယ်။ တချို့က ပညာကို ဥစ္စာနဲ့လဲတယ်။တချို့က ဥစ္စာကို ပညာနဲ့လဲတယ်။တချို့က အချိန်ကို ဥစ္စာနဲ့လဲတယ်။ ပညာနဲ့ ဥစ္စာမရှိရင်ဘဝခရီး ထင်သလောက်မလွယ်လှဘူး။ Phyo Paing @ Derek

ပညာနဲ့ ဥစ္စာမရှိရင်
ဘဝခရီး ထင်သလောက်မလွယ်လှဘူး။
Read More »