advice

သဘာရင့်ဝါရင့်ဖြစ်လာရင် Work wisely ဖြစ်သွားမယ်။

လုပ်စရာမလိုတာကို မလုပ်တာက“ပညာ”။လုပ်စရာကို အထိရောက်ဆုံးလုပ်နိုင်တာက“ဥာဏ်”။လုပ်စရာရှိတာ လုပ်တာက“တာဝန်”။ Work hard ဆိုတာ “တာဝန်ကျေဖို့ အလုပ်ကြိုးစားတာ”။Work smart ဆိုတာ “ဥာဏ်” ရှိတာ။ Work wisely ဆိုတာ “ပညာ” ရှိတာ။ Work hard အရင်လုပ်။နောက်တစ်ဆင့်ရောက်ရင် Work smart ဖြစ်လာမယ်။သဘာရင့်ဝါရင့်ဖြစ်လာရင် Work wisely ဖြစ်သွားမယ်။ Phyo Paing @ Derek

သဘာရင့်ဝါရင့်ဖြစ်လာရင် Work wisely ဖြစ်သွားမယ်။ Read More »

ကိုယ့်အတွက် တန်ဖိုးမရှိရင်
ဘဝထဲက ထုတ်ဖို့ ဝန်မလေးပါနဲ့။

တစ်ရက်တစ်ရက် ကိုယ့်ရဲ့ ၂၄ နာရီမှာအာရုံ၊ အင်နာဂျီ၊ အတွေး၊ အကြံ၊ အလုပ်ဒီ “အ” ငါးလုံးကို ဘယ်မှာစုစည်းရမလဲတော်တော် အရေးကြီးတယ်။ အရေးမပါတာကို အရာပေးရင်အရေးမပါတဲ့သူ ဖြစ်လာမယ်။ အရေးပါတာကို အရာပေးမှအရေးပါအရာရောက်တဲ့သူဖြစ်လာမယ်။ ဒါကြောင့် အရေးမပါတာအရာမပေးမိဖို့လိုတယ်။ ကိုယ့်အတွက် တန်ဖိုးမရှိရင်ဘဝထဲက ထုတ်ဖို့ ဝန်မလေးပါနဲ့။ Phyo Paing @ Derek

ကိုယ့်အတွက် တန်ဖိုးမရှိရင်
ဘဝထဲက ထုတ်ဖို့ ဝန်မလေးပါနဲ့။
Read More »

ရွေးချယ်မှုတွေမှန်ဖို့လိုတယ်

ရွေးချယ်မှုက ကြိုးစားမှုထက်အရေးပိုကြီးတယ်။အရှေ့အရပ်သွားချင်ပြီးအနောက်အရပ်ကိုပြေးနေရင်ခရီးတွင်မှာ မဟုတ်ဘူး။ နေတဲ့နေရာ၊လုပ်တဲ့အလုပ်၊အပေါင်းအသင်း၊ခေါင်းထဲထည့်တဲ့အတွေး၊ အကြံ၊နေ့စဉ်လုပ်တဲ့အလုပ်ရွေးချယ်မှုတွေမှန်ဖို့လိုတယ်။ Phyo Paing @ Derek

ရွေးချယ်မှုတွေမှန်ဖို့လိုတယ် Read More »

လိုချင်တာရဖို့
ကိုယ်တိုင် ဖန်တီးယူဖို့လိုတာပဲ။

ကိုယ်ဘာတွေလိုချင်တာလဲ။ဘာကြောင့် ဒါတွေကိုလိုချင်သလဲ။လိုချင်တာရဖို့ ဘာတွေလုပ်ရမလဲ။ဘာတွေလုပ်နေတာရပ်ရမလဲ။ဘယ်အရာတွေက အတားအဆီးတွေလဲ။ဒါတွေကို ဘယ်လိုကျော်ဖြတ်မလဲ။ လိုချင်တာရဖို့ ကိုယ်တိုင် ဖန်တီးယူဖို့လိုတာပဲ။ Phyo Paing @ Derek

လိုချင်တာရဖို့
ကိုယ်တိုင် ဖန်တီးယူဖို့လိုတာပဲ။
Read More »

ဥာဏ်နဲ့ ပညာ နှစ်ခုစလုံးလိုတယ်။

ဥာဏ်ရှိပြီး ပညာမရှိရင်လိုချင်တာ ရအောင်ယူနိုင်ပြီးရထားတာ လိုချင်အောင်လုပ်ဖို့ ခက်နိုင်တယ်။ ဥာဏ်ရည်မြင့်ပြီး စိတ်မထိန်းနိုင်သူတွေအများကြီးတွေ့ဖူးလိမ့်မယ်။ ပညာရှိပြီး ဥာဏ်မရှိရင်ဘဝမှာ နေတတ်မယ်။ ရောင့်ရဲတတ်မယ်။ ပျော်တတ်မယ်။ ကြီးကျယ်တဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားဖန်တီးနိုင်ဖို့ အခက်အခဲဖြစ်နိုင်တယ်။ ဥာဏ်နဲ့ ပညာ နှစ်ခုစလုံးလိုတယ်။ Phyo Paing @ Derek

ဥာဏ်နဲ့ ပညာ နှစ်ခုစလုံးလိုတယ်။ Read More »

ဘောင်ပြင်ထွက်ဖို့က
အရင်ဘောင်ဝင်ဖို့လိုတယ်။

ဘောင်ဝင်ပြီးမှ ဘောင်ပြင်ထွက်။ ဘဝမှာ ဘောင်ဝင်ဖို့ငယ်စဥ်ကလေးဘဝကတည်းကတတ်သိပညာသင်ရတယ်။ အသက်လေးရလာတော့လူ့ဘောင်ဝင်ဖို့ အသက်မွေးမှုအလုပ်နဲ့ ငွေကြေးရှာဖွေအသိုင်းအဝိုင်းထဲဘောင်ဝင်ဖို့လုပ်ရတယ်။ ဘောင်ပြင်ထွက်ဖို့က အရင်ဘောင်ဝင်ဖို့လိုတယ်။ စနစ်တစ်ခု ဘယ်လိုအလုပ်လုပ်လဲမသိဘဲဒီစနစ်ကို မတူအောင်ဖန်တီးနိုင်ဖို့မလွယ်ဘူး။ Phyo Paing @ Derek

ဘောင်ပြင်ထွက်ဖို့က
အရင်ဘောင်ဝင်ဖို့လိုတယ်။
Read More »

မနက်စောစောထခြင်းအကျိုးကျေးဇူး ၅ ခု

၁။ Cortisol နဲ့ ခန္ဓာကိုယ် နိုးကြားမှု မနက် ၅-၆ နာရီမှာ cortisol အမြင့်ဆုံးထွက်တာမို့ သဘာဝအတိုင်း နိုးထလာစေပါတယ်ဒီအချိန်မှာ နိုးထရင် ခန္ဓာကိုယ်က လန်းဆန်းပြီး၊ တက်ကြွမှု ပိုရှိစေပါတယ်နောက်ကျမှ နိုးထရင် cortisol cycle ပျက်ပြီး နေ့ခင်းဘက် မောပန်းနိုင်ပါတယ် ၂။ Serotonin နဲ့ စိတ်ခံစားမှု မနက်စောစော နေရောင်နဲ့ထိတွေ့တဲ့အခါ serotonin ပိုထွက်ပါတယ်စိတ်ကျန်းမာရေး ကောင်းမွန်စေပြီး၊ တစ်နေ့တာလုံး စိတ်ရွှင်လန်းစေပါတယ်အိပ်ရေးဝခြင်းကြောင့် စိတ်တည်ငြိမ်မှု ပိုရှိစေပါတယ် ၃။ Dopamine နဲ့ လုပ်ငန်းဆောင်တာများ မနက်စောထပြီး လုပ်ငန်းတွေပြီးမြောက်တဲ့အခါ dopamine ပိုထွက်ပါတယ်ရည်မှန်းချက်တွေ ပြည့်မီဖို့ စိတ်အားထက်သန်မှု ပိုရှိလာစေပါတယ်နေ့စဉ်လုပ်ငန်းတွေမှာ ပိုပြီး အာရုံစူးစိုက်နိုင်စွမ်း မြင့်မားလာစေပါတယ် ၄။ Norepinephrine နဲ့ ဦးနှောက်လုပ်ဆောင်ချက် မနက်စောစော

မနက်စောစောထခြင်းအကျိုးကျေးဇူး ၅ ခု Read More »

Personal Development က စတင်ပါ။

လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ။ တွေးနိုင်ရင် လုပ်နိုင်ဖို့ပိုသေချာသွားပြီ။ဒီလိုလုပ်ဆောင်ဖို့မိမိကိုယ်ကိုတိုးတက်မှုPersonal Development က စတင်ပါ။နောက်နှစ်ခုကိုလဲ ယူကျု့ဗီဒီယိုလေးမှာမျှဝေထားပေးပါတယ်။ ကောမန့်မှာကြည့်ပါ။ Phyo Paing @ Derek

Personal Development က စတင်ပါ။ Read More »

ဘာသာစကားကို ဆက်သွယ်မှုတစ်ခုလိုလေ့လာ။

ကလေးတွေက ဘာသာစကားလေ့လာတာမြန်ပြီးလူကြီးတွေက ဘာကြောင့် ကြာနေသလဲ။ ကျွန်တော့် အမြင်အရဆို ကလေးတွေက တုန့်ပြန်မှုတွေကလေ့လာတယ်။ဥပမာ ဒီစကားလုံးတစ်လုံးကိုတတ်တယ်။လိုအပ်တော့ ချက်ချင်းသုံးတယ်။တစ်ဖက်လူ တုန့်ပြန်မှုကို ပြန်ကြည့်တယ်။နားမလည်ရင် တစ်ဖက်က ပြင်ပေးတယ်။ပြင်ပေးတဲ့အပေါ်မှာ မူတည်ပြီးအသုံးပြုသွားတယ်။ ကလေးတွေက ရှင်သန်မှုအတွက်“ဆက်သွယ်မှု communication” တစ်ခုအနေနဲ့သုံးတယ်။သူတို့နားလည်တာက ကိုယ်ပြောတာ နားလည်ရမယ်။ လူကြီးတွေကျတော့ ဘာသာစကားတစ်ခုကို “ပညာရပ် subject” တစ်ခုလိုလေ့လာတတ်ကြတယ်။ငါ အင်္ဂလိပ်စာ လေ့လာရင် အချိန်ဘယ်လောက်ပေးရမလဲ ဒီမေးခွန်းနဲ့အရင်စတယ်။ ကလေးတွေက ဒီမေးခွန်းကို ဘယ်တော့မှ မပေးတတ်ကြဘူး။သူတို့က ဒါသိရင် ဒါသုံးမယ်။မသိသေးတာကိုလဲ အများကြီးစဥ်းစားခေါင်းရှုပ်ခံမနေဘူး။ သဘောတရားအရ use it or lose itသုံးရင်သုံးမသုံးရင် ရှုံးမေ့သွားတတ်တဲ့သဘောပဲ။ ဘာသာစကားကို ဘာသာရပ်ကိုမလေ့လာနဲ့။ တစ်ခုခုသိပြီး သုံးဖို့ အောင်းမထားနဲ့။ဘယ်လောက်ကြာမလဲ မမေးနဲ့။ ဒီအစား ဘာသာစကားကို ဆက်သွယ်မှုတစ်ခုလိုလေ့လာ။ခုသိ ခုသုံး။ ဘာသာစကားတတ်တာကို

ဘာသာစကားကို ဆက်သွယ်မှုတစ်ခုလိုလေ့လာ။ Read More »