ရေနစ်နေတဲ့သူ အချင်းချင်း
ကယ်တင်လို့မရဘူး။
ကိုယ့်ကိုကိုယ် အသက်ရှင်အောင်အရင်လုပ်ဖို့လိုတယ်။ Phyo Paing @ Derek
ရေနစ်နေတဲ့သူ အချင်းချင်း
ကယ်တင်လို့မရဘူး။ Read More »
ကိုယ့်ကိုကိုယ် အသက်ရှင်အောင်အရင်လုပ်ဖို့လိုတယ်။ Phyo Paing @ Derek
ရေနစ်နေတဲ့သူ အချင်းချင်း
ကယ်တင်လို့မရဘူး။ Read More »
မနက်ဖြန် အလုပ်ဖြစ်ချင်မှဖြစ်တော့မယ်။ဒါကြောင့် အရာရာကို အတင်းဖက်တွယ်မထားပဲ လွတ်ချသင့်ရင်လွတ်ချရမည့်အရာတွေ ရှိတယ်။ Phyo Paing @ Derek
မနေ့က အလုပ်ဖြစ်ခဲ့တဲ့အရာက Read More »
ပျော်ရွင်မှုအတွက် အရေးအကြီးဆုံးကတိုးတက်မှုလို့ ယူဆတယ်။ ဘဝရဲ့ ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေး၊ အလုပ်အကိုင်ဘယ်အပိုင်းမှာမဆို တိုးတက်နေရင် ပျော်တယ်။ဆုတ်ယုတ်နေရင် မပျော်ဘူး။ တန့်နေရင် ပုံမှန်ပဲဖြစ်နေတတ်တယ်။ တိုးတက်မှုရှိနေဖို့ တချို့အရာတွေကို ဘဝထဲကအပြီးထုတ်ပစ်ရတယ်။ (Eliminate)တချို့အရာတွေကို ထပ်ခါထပ်ခါလုပ်စရာမလိုအောင် စီမံရတယ်။ (Automate)တချို့အရာတွေကို ကိုယ်တိုင်လုပ်စရာမလိုပဲလက်လွဲသင့်ရင်လွဲရတယ်။ (Transfer)တချို့မလုပ်ဖူးတဲ့အရာတွေကို စမ်းသပ်လုပ်ကိုင်သင့်ရင် လုပ်ရတယ်။ (Experiment)တချို့လုပ်နေတဲ့အရာတွေက အပြီးရပ်လိုက်လို့မရရင်လျော့သင့်ရင် လျော့ရတယ်။ (Reduce) ဒါကိုတော့ အတိုကောက်တိုးတက်မှုအတွက် EATER လို့ပေးထားတယ်။ Phyo Paing @ Derek
ဘဝမှာ အရေးအကြီးဆုံးက
ပျော်ရွင်မှု။ Read More »
ဒီနေ့အလုပ်ဖြစ်တဲ့အရာတွေကနောက်နေ့မှာ အလုပ်ဖြစ်ချင်မှာဖြစ်တော့မယ်။ ဒီနေ့ ကိုယ့်ကို ဝင်ငွေသောက်သောက်လဲရှာပေးနေတဲ့အရာတွေကနောက်နေ့မှာ ရှာပေးချင်မှ ရှာပေးလိမ့်မယ်။ ဒီတော့ ဒီနေ့မှာ အရောင်ပြောင်ပြီးစင်ပေါ်ရောက်နေလို့လဲ စမာန်တက်ပြီး အနာဂါတ်အတွက်အပြင်ဆင်ပဲ မနေလိုက်နဲ့။အရာရာအဆင်မပြေလို့လဲ စိတ်မညစ်သွားနဲ့။ ဂိမ်းရဲ့ ဥပဒေသတွေ အမြဲပြောင်းနေတဲ့အတွက်မျက်စိနားဖွင့်ပြီး အပြောင်းအလဲကြားဒူပေဒါပေခံ ရှင်သန်နိုင်ဖို့ အရေးကြီးတယ်။ အပြောင်းအလဲများတဲ့ကာလမှာတစ်ကြောင်းဆွဲ စိတ်နဲ့မရဘူး။ဖြစ်နိုင်ခြေတွေထဲကမှ အကောင်းဆုံးလမ်းကို ရွေးရမှာပဲ။ Phyo Paing @ Derek
ဒီနေ့မှာ စင်ပေါ်ရောက်နေတဲ့သူတွေက
နောက်နေ့တွေ စင်ပေါ်မှာရှိချင်မှ
ရှိတော့မယ်။ Read More »
စိတ်ပါပါ မပါပါ လုပ်စရာရှိအောင်သတ်မှတ်အချိန်တွင်းအဆင်ပြေချောမွေ့ပြီးအောင် လုပ်တာ professional ပဲ။ မပြုံးပြချင်လဲ အချိုသာဆုံးအပြုံး ပြုံးပြတာ လေယဥ်မယ်ရဲ့ တာဝန်။ စိတ်မပါဘူးဆိုပြီး မလုပ်လို့မရဘူး။ကိုယ့်တာဝန် ကိုယ်ကျေဖို့လိုတယ်။ Phyo Paing @ Derek
စိတ်မပါဘူးဆိုပြီး မလုပ်လို့မရဘူး။
ကိုယ့်တာဝန် ကိုယ်ကျေဖို့လိုတယ်။ Read More »
လူတွေက သိုင်းမကျင့်ကြဘူး။ဒီတော့ လူဇိုးပြဿနာတွေနဲ့ကြုံတော့ရင်ဆိုင်အနိုင်ယူဖို့ မစွမ်းနိုင်ကြဘူး။ စိတ်ပညာပိုင်း သိုင်းကျမ်းနဲ့ရုပ်ပညာပိုင်း သိုင်းကျမ်းနှစ်ပိုင်းရှိတယ်။ လောကဓံကို ကြံ့ကြံ့ခံဖို့ သိုင်းသင်ထားပါ။ လေ့ကျင့်အသုံးချပါ။ Phyo Paing @ Derek
လောကဓံကို ကြံ့ကြံ့ခံဖို့
သိုင်းသင်ထားပါ။
လေ့ကျင့်အသုံးချပါ။ Read More »
တစ်ခုခုလုပ်တော့မယ်အခါအရာရာ perfect ဖြစ်လိုစိတ်များတဲ့အခါကိုယ့်ကိုကိုယ် စိတ်တိုင်းမကျဖြစ်လာမယ်။နောက်ပြီး စတင်ဖို့ အခက်အခဲဖြစ်လာမယ်။ ကိုယ့်စိတ်ကူးထဲက perfect နဲ့ လက်ရှိ အခြေအနေနဲ့ တော်တော်လေးကွာနေတဲ့အခါ အားမလိုအားမရဖြစ်လာမယ်။စတင်မည့်အလုပ်တွေ မစဖြစ်တော့ဘူး။ ဒါနဲ့ အချိန်ဆွဲမယ်။အရေးမကြီးတဲ့ အလုပ်တွေနဲ့ အာရုံလွဲမယ်။အချိန်ဆွဲတော့ ကိုယ့်ကိုကိုယ် ပိုအားမရဘူး။အားမရလေလေ ဒီအလုပ်နဲ့အဝေးကိုပြေးဖို့ ကြိုးစားလေလေ။ နောက်ဆုံး လက်လျော့လိုက်တဲ့အခါ လက်လျော့တဲ့အကျင့်ကြီးပါသွားတတ်တယ်။ ဒီတော့ Perfect ဖြစ်စဥ်စိတ်အစား၊ Progress တိုးတက်မှုအသားပေးစိတ်ထားကြည့်ကြည့်။ ဒါက ပထမ version ဖြစ်တဲ့အတွက် တိုးတက်ဖို့တော့ ထပ်လိုအုံးမယ်။ဒုတိယ version မှာ ပိုကောင်းလာလိမ့်မယ်။ ဒီလို Perfect ဖြစ်ဖို့ထက် တိုးတက်မှုအသားပေး Progress ကိုအာရုံစိုက်တဲ့စိတ်က အလုပ်ပိုပြီး မြောက်စေတယ်။ ဒါကြောင့် Progress > Perfect Perfectionist ဖြစ်တာကောင်းတယ်။Perfect ဖြစ်ချင်တဲ့စိတ်နဲ့ အလုပ်မလုပ်ဖြစ်တာ
Perfect ဖြစ်ချင်စိတ်က
အလုပ်ပြီးမြောက်ဖို့အတွက်
အတားအဆီးပဲ။ Read More »
တစ်ခုခု မလုပ်ချင်ပေမယ့်မဖြစ်မနေလုပ်ရတဲ့အခါ အချိန်ဆွဲတတ်ကြတယ်။Social Media ပွတ်သလိုလိုခြေကုန်လက်ပန်းချ ပင်ပန်းသလိုသလိုဒီလို အဖြစ်အပျက်တွေ လူတိုင်းတစ်ခါမဟုတ် တစ်ခါ ဖြစ်တတ်ကြတယ်။ အလုပ်က မလုပ်လို့ကလဲ မရဘူး။ လုပ်လဲ မလုပ်ချင်ဘူး။ မလုပ်ပြန်ရင်လဲ စိတ်က မဖြောင့်ပြန်ဘူး။အဲ့အခြေအနေမျိုးမှာ ကျွန်တော်ကျင့်သုံးဖြစ်တာကတော့ ၅ မိနစ် ဥပဒေသပဲ။ ငါးမိနစ်အရင် အာရုံစိုက်လိုက်မယ်။ alarm ပေးလိုက်တယ်။ လုပ်ရင်း စျန်ဝင်သွားတဲ့အချိန်တွေရှိတတ်တယ်။ ပထမဆုံး ငါးမိနစ် အရေးကြီးတယ်။ Phyo Paing @ Derek
စိတ်ပါမှ စာကျက်မယ်ဆိုဆယ်တန်းတောင် အောင်ခဲ့မှာ မဟုတ်ဘူး။လောကမှာ ဆေးခါးသောက်ရတဲ့အချိန်တွေ ရှိတယ်။ ကိုယ်ဖြစ်ချင်တဲ့ နောက်တစ်ဆင့်ရောက်ဖို့စိတ်မပါပေမယ့်၊ စိတ်ဖိစီးမှု များပေမယ့်၊ လုပ်ချင်ကိုင်ချင်စိတ်မရှိပေမယ့် လုပ်ရတဲ့ အချိန်တွေ လူတိုင်းမှာရှိတယ်။ ဒီအရာတွေက လူတွေရဲ့ဘဝကို ကွာခြားသွားစေတယ်။ Phyo Paing @ Derek
ဖြစ်ချင်တာ ဖြစ်ဖို့
လုပ်ချင်တာပဲ လုပ်လို့မရဘူး။ Read More »