advice

Professional မှာ ကိုယ်ပေးတဲ့
ကတိတည်ရမယ်

အသိ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ရင်းနှီးမိတ်ဆွေ၊စီးပွါးရေးပါတနာ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှု အတိုင်းအတာမတူသလိုဝင်ပါလို့ရတဲ့ စည်းမတူဘူး။ဒါကို နားလည်ဖို့လိုတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာစေတနာဆိုတဲ့စကားနဲ့ ကိုယ်နဲ့မဆိုင် ဝင်ပါချင်ကြတာသတိထားရမည့် အပိုင်းပဲ။ Personal, Professional နဲ့ Business ကိုမရောမိဖို့လိုတယ်။ကိုယ့်စည်းနဲ့ ကိုယ်ပဲ။သူများပိုက်ဆံယူပြီးရင်Professional မှာ ကိုယ်ပေးတဲ့ ကတိတည်ရမယ်။စိတ်ပါတာ မပါတာ အရေးမကြီးဘူး။ကိုယ့်စည်း ကိုယ်စောင့်ဖို့အရေးကြီးတယ်။ ℙ𝕙𝕪𝕠 Paing @ Derek

Professional မှာ ကိုယ်ပေးတဲ့
ကတိတည်ရမယ်
Read More »

မပြစ်မှားမိသင့်တဲ့သူကို
သွားမပြစ်မှားနဲ့

အသက်ကြီးလာတော့ လက်ကိုင်ထားတာPower ဥပဒေသပဲ။သူ့ကကိုယ့်ကို လိုတာထက်ကိုယ်က သူ့ကိုပိုလိုရင်ကိုယ်က အလျော့ပေးရမှာပဲ။သူက ကိုယ့်ကို ဒုက္ခပေးနိုင်တာကကိုယ်က သူ့ကို ဒုက္ခပေးနိုင်တာထက်နည်းနေရင် နောက်ဆုံး ကိုယ်ပိုဒုက္ခရောက်မှာပဲ။Power law 19 မှာလိုမပြစ်မှားမိသင့်တဲ့သူကိုသွားမပြစ်မှားနဲ့။ ℙ𝕙𝕪𝕠 Paing @ Derek

မပြစ်မှားမိသင့်တဲ့သူကို
သွားမပြစ်မှားနဲ့
Read More »

ဘဝမှာ နေ့စဉ်အကြည်ဓာတ်အပြည့်နဲ့
ဖြတ်သန်းနိုင်ဖို့

၁။ အကြွေးမထားနဲ့ (personal debt)၂။ ဘူကောင်တွေရှောင် (association) ၃။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ပြီး အစားအသောက်ဂရုစိုက် (health) ၄။ နေ့စဉ်ငွေဝင်တဲ့ စနစ်သို့ လုပ်ငန်းဖန်တီးထား (income)၅။ နေ့စဉ်တစ်ခုခု ဖန်တီးနေ (impact)၆။ အပေါင်းအသင်း သို့ ချစ်သူရည်းစား၊ လင်မယား နဲ့ ပုံမှန်စကားပြော (social needs)၇။ နေ့စဉ်တိုးတက်နေအောင် အချိန်တစ်ခုထားပြီး ကိုယ့်ကိုကိုယ် လေ့ကျင့်နေ (progress) Phyo Paing @ Derek

ဘဝမှာ နေ့စဉ်အကြည်ဓာတ်အပြည့်နဲ့
ဖြတ်သန်းနိုင်ဖို့
Read More »

ဘဝမှာ အရေးကြီးတာ
ကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံ
နေနိုင်ဖို့ပဲ။

မနက်ဖြန်သေမယ်ဆိုရင်လူဖြစ်ရတာ တန်ပြီလား။ ကမ္ဘာ့ဘိတ်ချီးနိုင်ငံမှာမွေးလာတယ်။ဒါပေမယ့် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံဒုက္ခိတအနေနဲ့ မွေးလာတာထက်ပိုကောင်းတယ်လို့ ယူဆတယ်။ လည်ချင်တဲ့နိုင်ငံကို လည်ဖူးရမယ်။ကိုယ်တကယ်လိုချင်တဲ့အရာတွေကိုရအောင် လုပ်နိုင်ရမယ်။ လူတိုင်းက ကိုယ့်ရဲ့ creative forceဖန်တီးနိုင်စွမ်းကို အသုံးပြုနိုင်ဖို့လိုတယ်။ တစ်ကိုယ်ကောင်းဆန်တယ်ပြောရင်ပြော။ဂရုဓာတ်ပုံရိုက်ပြီးရင်တောင်ကိုယ့်ပုံလှမလှ အရင်ကြည့်ကြတာမဟုတ်လား။ ဘဝမှာ အရေးကြီးတာကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံနေနိုင်ဖို့ပဲ။ ကိုယ့်ရဲ့ အကောင်းဆုံးဗားရှင်းကိုဖန်တီးမယ်။ဘဝမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မှုရှိရမယ်။ကိုယ်ဂုဏ်ယူတဲ့အလုပ်ကို နေ့စဉ်ပိုးစိုးပက်စက်လုပ်မယ်။ Phyo Paing @ Derek

ဘဝမှာ အရေးကြီးတာ
ကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံ
နေနိုင်ဖို့ပဲ။
Read More »

ကိုယ့်ကိုကိုယ် လက်ခံလာနိုင်သလို

ကိုယ့်ဘဝ တစ်ကွေ့မှာကိုယ့်ရဲ့ဖြစ်တည်မှုကိုဂုဏ်ယူစေတဲ့ သူတွေနဲ့တွေ့တဲ့အခါကိုယ့်ကိုကိုယ် လက်ခံလာနိုင်သလိုကိုယ့်ကိုကိုယ် မြင်တဲ့အမြင်ပြောင်းလာတယ်။ဘဝသွားနေတဲ့ လမ်းကြောင်းလဲ ပြောင်းသွားတယ်။ကိုယ့်ရဲ့ ဖြစ်တည်မှုကိုဂုဏ်ယူစေတဲ့သူတွေကိုတန်ဖိုးထားဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် လက်ခံလာနိုင်သလို Read More »

လူတွေဆီက ယူတာထက်
ပိုပေးဖို့ ကြိုးစားကြည့်ပါ။

လူတွေကို ကူညီပါ။ ဒါက အောင်မြင်ရေး formula ပဲ။ လူတွေဆီက ပိုယူဖို့ထက်ကိုယ့်ဖက်က ပိုပေးဖို့စဥ်းစားတဲ့အခါလူတွေက ကိုယ့်ကို ပိုယုံကြည်မယ်။ ဒီတော့ ကိုယ့် service ကိုကိုယ့်မျက်နှာကြီးနဲ့ Facebook မှာ boost လုပ်စရာမလိုတော့ဘူး။ အကြံပေး service နဲ့ ပတ်သက်လို့Facebook မှာ ဘယ်တုန်းကမှBoost လုပ်ပြီး မကြော်ငြာဖူးဘူး။ကြော်ငြာမရေးဖူးဘူး။ ဒါပေမယ့် အမြဲပြည့်နေတယ်။ ဘာကြောင့်လဲ ကိုယ့်ကိုကိုယ် ပြန်စဥ်းစားကြည့်တော့ အဖြေက စေတနာဆိုတာ သွားတွေ့တယ်။ လူတွေဆီက ယူတာထက် ပိုပေးဖို့ ကြိုးစားကြည့်ပါ။ ကိုယ့်ရဲ့ အလုပ်အကိုင် ပိုတိုးတက်လာလိမ့်မယ်။ Phyo Paing @ Derek

လူတွေဆီက ယူတာထက်
ပိုပေးဖို့ ကြိုးစားကြည့်ပါ။
Read More »

ငယ်ငယ်တုန်းက ကျောင်းတွေမှာ
စဥ်းစားတတ်အောင်မသင်ပေးလိုက်ဘူး။

ဒါကြောင့် စိတ်ခံစားမှု၊ ယုံကြည်မှုနဲ့ဆုံးဖြတ်ချက်ချ လုပ်ဆောင်တတ်ကြတယ်။ဒီ ပုံလေး share လို့ငွေဝင်မယ်ဆို ယုံကြည်မှုပေါ့ဆိုတဲ့ စိတ်နဲ့ share တဲ့လူ့အဖွဲ့အစည်းက တက်လာဖို့ အများကြီး ကြိုးစားကြရအုံးမယ်။ စဥ်းစားဆုံးဖြတ်ချက်ချတဲ့အခါ ခွဲခြမ်းစိတ်ဖြာ စဥ်းစားတတ်ခြင်းကစိတ်ခံစားမှု အခြေခံစဥ်းစားခြင်းထက်တာသွားတယ်။ဒီလို Analytical thinking ကို convergent thinking လို့လဲခေါ်တယ်။ ပြဿနာတစ်ခုကို အစိတ်အပိုင်းတွေခွဲချပြီးတစ်ခုခြင်းသုံးသပ် ယူဆချက်တွေထုတ်အချက်အလက်တွေရယူပြီးဖြေရှင်းချက်တွေထုတ်တာကို Analytical thinking လို့ခေါ်တယ်။PHFAS ဆိုတဲ့ cycle ရှိတယ်။Problem-> Hypothesis -> Fact -> Analysis -> Solution တကယ်လို့ကိုယ်က အကြံပေးတစ်ယောက်ဆိုရင်client ရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ပြဿနာကို တစ်စချင်းဆွဲထုတ်ဖို့လိုလာပြီ။ တခါတလေ ပြဿနာမဟုတ်တာကို ပြဿနာ မထင်မိဖို့လိုတယ်။ဒါကြောင့် ယူဆချက် hypothesis တွေကိုမှန်မမှန်ပြန်သုံးသပ် validate

ငယ်ငယ်တုန်းက ကျောင်းတွေမှာ
စဥ်းစားတတ်အောင်မသင်ပေးလိုက်ဘူး။
Read More »

ဒါကတော့ subjective experience ပေါ့

လူတွေမှာ energy တွေရှိတယ်။ဒါကို ဖုန်းရွှေနဲ့ ရှေးတရုတ်တွေကframework တွေထုတ်ကြသလို၊မြန်မာမှာဆို ဓမ္မ၊သောက၊အင်း၀၊ရာဇာဒီလို အယူအဆမျိုးရှိကြတယ်။ ဒါဟာ လူတွေရဲ့ pattern-makingသဘောတရားကြောင့်Thinking fast and slow ရေးတဲ့စာရေးဆရာ Daniel Kahneman ပြောတဲ့System I အလုပ်လုပ်တာကြောင့်လဲဖြစ်နိုင်တယ်။ ကျွန်တော်ကတော့ ဒီ pattern ကိုတဖြည်းဖြည်းနားလည်လာတယ်။တချို့လူတွေနဲ့ တွေ့တဲ့အခါလောဘကြီးလာတတ်တယ်။တချို့လူတွေနဲ့တွေ့တဲ့အခါစိတ်ငြိမ်းချမ်းတာမျိုးဖြစ်တယ်။တချို့လူတွေနဲ့တွေ့တဲ့အခါလွတ်လပ်ပြီး တီထွင်ဆန်းသစ်မှုရှိလာတာမျိုးဖြစ်တယ်။ ဘဝမှာ ကြုံဆုံတဲ့သူတိုင်းနဲ့စကားပြောပြီးတဲ့အခါတိုင်းခံစားရတဲ့ energy နဲ့ကိုယ့်ကိုဖြစ်ပေါ်စေတဲ့အတွေးရသွားတဲ့ ရလဒ်နဲ့ ဒါတွေကိုအမြဲ မှတ်ထားတယ်။ အိုင်ဒီယာအသစ်တွေလိုနေရင်ဘယ်သူနဲ့ စကားပြောဖို့လိုတယ်၊လောဘကြီးချင်ရင်ဘယ်သူနဲ့ ဆက်သွယ်ဖို့လိုတယ်။ ဘယ်သူ့ကိုတော့ ဘယ်အချိိန်မှာမှဆက်သွယ်မယ်။ဒီလို သတ်မှတ်ထားတယ်။ ဥပမာ အမေ့ကို ဖုန်းဆက်ရင်အလုပ်တွေ အကုန်ပြီးတဲ့ညနေပိုင်းအချိန်မှာ ဆက်တယ်။အဓိက အကြောင်းအရင်းကအမေရဲ့ personality အရစိုးရိမ်တတ်ပြီး security-oriented ဖြစ်တဲ့energy ဖြစ်တဲ့အတွက်စွမ်းအင်တွေ စုပ်ယူသွားသလိုခံစားရတယ်။သူကတော့ ငါ့သားနဲ့စကားပြောပြီးရင်တက်ကြွလာတယ်တဲ့ 😀 နှစ်ပေါင်းများစွာကြာလာတဲ့အခါကိုယ့်ဘေးနားရှိတဲ့လူတွေရဲ့အားသာချက်နဲ့ energy

ဒါကတော့ subjective experience ပေါ့ Read More »

ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင်လုပ်တာရပ်။

အစားတွေတဖြဲနှစ်ဖြဲစားပြီးမကျန်းမာအောင်လုပ်တာရပ်။အဟာရမရှိတာတွေစားပြီးကိုယ့်ကိုကိုယ်ဒုက္ခပေးတာရပ်။ အပေါင်းအသင်းတွေနဲ့တွေ့ပြီးသဒင်္ဂသာယာမှုအတွက်ကိုယ့်ကိုကိုယ် ရေရှည်မှာဒုက္ခပေးမည့်အရာတွေလုပ်တာရပ်။ အပျင်းထူပြီး မလှုပ်မရှားနေတဲ့အမူအကျင့်ကိုရပ်။ကိုယ့်ကို ထမင်းကျွေးတဲ့အလုပ်ကိုမလေ့လာပဲနေတာရပ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင်လုပ်တာရပ်။ Read More »

ဘဝကို အထာကျကျဖြတ်သန်းဖို့
structure လိုတယ်။

လူတွေက လိုချင်တာရတာမဟုတ်ဘူး။ကိုယ်နဲ့ ထိုက်တန်တာပဲရတာ။ကိုယ်နဲ့မထိုက်တန်တဲ့အချိန်ရှိထားတာတွေတောင်အဝေးရောက်သွားမှာပဲ။ ကိုယ်လိုချင်တာတွေနဲ့ ထိုက်သန်သူဖြစ်ဖို့ကိုယ့်ဖက်က လုပ်သင့်တာတွေလုပ်နေလားပြန်မေးကြည့်ဖို့လိုတဲ့အချိန်တွေရှိတယ်။ အလုပ်အကိုင်၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊အချစ်ရေး၊ အပေါင်းအသင်း အကုန်လုံးပဲ။ကိုယ် IQ ပုရင် ပုတဲ့သူနဲ့ပဲတွေ့မှာပဲ။ ကိုယ်က အရာရာကိုဆွဲငင်နေတဲ့သံလိုက်တုံးကြီးပဲ။ဘာတွေကို ဘဝထဲရောက်လာစေချင်လဲ။အဲ့ဒါတွေ ဘဝထဲရောက်လာဖို့တစ်ရက်တာကို ဘယ်လိုပြုမူနေထိုင်လဲဒါကို ပြန်သုံးသပ်ရမယ်။​ နေသလိုဖြစ်တဲ့ ဘဝမှာဖြစ်သလိုနေရင်ဖြစ်သလိုပဲ ဖြစ်နေမှာပဲ။ ဘဝကို အထာကျကျဖြတ်သန်းဖို့structure လိုတယ်။ လူ့အဖွဲ့အစည်းတစ်ခု မယိုင်လဲသွားအောင်monogamy တစ်လင်တစ်မယားစနစ်၊အလုပ်အကိုင်တွေအတွက်skill level classification နဲ့life cycle segmentation နဲ့political system တွေနဲ့social structure ကြီးတည်ဆောက်ထားတာ။ ဗရမ်းဗတာ structure အတွင်းမှာဗရမ်းဗတာ ရလဒ်ပဲရတာပဲ။ ဒီ structure ရှိမှာဘဝကို ဖြတ်သန်းမည့် strategy ကိုစဥွးစားရတာ။ လူအများစုက တစ်ရက်တာကိုဘယ်လို ဖြစ်သန်းမလဲ structureမတည်ဆောက်ထားကြဘူး။အမူအကျင့်ဆိုတာ structure ပဲ။Habit

ဘဝကို အထာကျကျဖြတ်သန်းဖို့
structure လိုတယ်။
Read More »