advice

5 Minutes Rule

Social Media သုံးတဲ့အခါလူတွေရဲ့ Monkey brainမျောက်ဦးနှောက်ကိုသွားနိုးဆွတယ်။ကုတင်ပေါ်ရောက်နေပြီးဖုန်းကြည့်နေရင်းညဥ့်နက်မှန်းမသိ နက်သွားတာမျိုးကြုံဖူးကြလိမ့်မယ်။ လူ့ဦးနှောက်ကို အကြမ်းဖျင်းMonkey Brain, Robot Brain နဲ့Sage Brain ဆိုပြီး ယေဘူယျသုံးခုခွဲချလိုက်လို့ရတယ်။Productivity hacking အတွက်အလွယ်တကူခွဲလိုက်ကြတယ်။ လူတွေမှာ နှစ်သန်းပေါင်းများစွာရှိခဲ့ပြီဖြစ်တဲ့ Old Brain (Lizard Brain)ဆိုတာ ရှိတယ်။​သူကတော့ကိုယ့်ရှင်သန်မှုဖြစ်စဥ်အတွက်ကာကွယ်ပေးဖို့ repetitive tasks တွေထပ်ခါထပ်ခါ လုပ်တဲ့လုပ်ငန်းဆောင်တာတွေအတွက်အလွန်အရေးပါတယ်။Habit formation အတွက်အလွန်အရေးကြီး။ နောက်တစ်ခုက Evolution ဖြစ်စဥ်အရအသစ်ဖြစ်ပေါ်လာတဲ့ Monkey BrainNoti တက်ရင်ကြည့်ချင်တာ။ဒီ Brain နေရာကို နှိုးဆွခံရတဲ့အခါတခြားအလုပ်တွေ မလုပ်နိုင်ပဲsocial media ထဲ တစ်ဝဲလည်လည်ဖြစ်နေတဲ့ အချိန်မျိုးလူတိုင်း တစ်ခါမဟုတ်တစ်ခါကြုံဖူးကြလိမ့်မယ်။ ကျွန်တော့်အနေနဲ့ ဒီလို hookedဖြစ်သွားတာကို ကျော်လွှားတဲ့နည်းကalarm ငါးမိနစ်ပေးတဲ့နည်းပဲ။အလုပ်တစ်ခုကို ငါးမိနစ်fully focus ထားပြီးလုပ်တယ်။ဒါပြီးမှ social media […]

5 Minutes Rule Read More »

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက် အချိန်အများကြီး ခြွေတာပေးရမယ်။ အချိန်မဖြုန်းပါနဲ့။

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက်အချိန်အများကြီး ခြွေတာပေးရမယ်။ဒါက ကျွန်တော့်ရဲ့ အချိန်စီမံခန့်ခွဲမှုအတွေးအခေါ် philosophy ပဲ။ ပြန်မရနိုင်တော့တာ အချိန်ပဲ။လူတွေမှာရှိတဲ့ အဖိုးအတန်ဆုံးအရင်းအမြစ်ကလဲ အချိန်ပဲ။နာရီလက်တံက အချိန်နဲ့အမျှလည်ပတ်နေတယ်။ ကျောင်းပြီး ဆေးမကုတော့နှမြောစရာကြီးလို့ လာပြောကြတယ်။ဟုတ်တယ်လို့ပဲ ပြန်ပြောလိုက်တယ်။အများကြီး မရှင်းပြချင်လို့။သာမာန်လူတွေက ဖြစ်နိုင်ခြေOption တစ်ခုပဲမြင်တာဖြစ်နိုင်တယ်။ရွေးချယ်လို့ရတဲ့ လမ်းကြောင်းအခု ၁၀၀ လောက် ချပြလို့ရတယ်။ ကိုယ့် strength ကMaximizer ဖြစ်တဲ့အတွက်ရှိပြီးသားအရာတွေရဲ့ ဖြစ်နိုင်တဲ့အလားအလာတွေကို ရှင်းရှင်းလင်းလင်းမြင်သလိုကောင်းပြီးသားအရာတွေကိုပိုကောင်းအောင် လုပ်ပေးချင်တယ်။ လူတွေရဲ့ဦးနှောက်ကို limitless ထဲကBradley Cooper လို LSD မလိုပဲဦးနှောက်စွမ်းပကားကို လှုပ်နှိုးနိုင်အောင်၊မသိစိတ်စွမ်းပကားကို အသုံးချနိုင်အောင်ကိုယ့်ရဲ့ best version ဖြစ်အောင်ပုံဖော်နိုင်အောင်ဒါတွေလုပ်ဖို့အတွက် လေ့လာခဲ့တဲ့English, Burmese, Chemistry, Physics အပြင်Zoology နဲ့ Botany က တော်တော်လေးအထောက်အကူပြုသလိုဒုတိယနှစ်မှာလေ့လာခဲ့တဲ့ Anatomy ကဘယ် muscle

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက် အချိန်အများကြီး ခြွေတာပေးရမယ်။ အချိန်မဖြုန်းပါနဲ့။ Read More »

လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။

အစားအသောက်နဲ့ လေ့ကျင့်ခန်းပေါ်မူတည်ပြီးခန္ဓာကိုယ်ပုံစံကွာသွားသလို၊ ခေါင်းထဲထည့်တဲ့ အတွေးအခေါ်နဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘဝတွေကွာသွားတယ်။ Phyo Paing @ Derek

လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။ Read More »

ဘဝမှာ အလုပ်ဖြစ်တဲ့ Formula တွေ လိုတယ်။

ဆယ်တန်းတုန်းက စာမကျက်အလေလိုက်ပြီး နေလာတာစာမေးပွဲဖြေဖို့ နှစ်လလောက်နေတော့စဥ်းစားမိတယ်။တကယ်လို့သာ ဆယ်တန်းရလဒ်မကောင်းခဲ့ရင် ကိုယ့်ဘဝဘာဖြစ်မလဲ။ ဒါနဲ့ နှစ်လလောက်အတွင်းမှာဘာသာရပ်တိုင်းအတွက် Formula ထုတ်တယ်။သင်္ချာဆို အချိန်း ၈ circle ထိနောက် အခန်း ၁၂ differentiation တွေကျLearner’s Choice ထဲကMultiple Choice တွေလုပ်တယ်။Biology ကိုလဲအပင်အကြောင်းတွေကျော်ပြီးRabbit အခန်းက စလေ့လာတယ်။​ဒီလိုဆေးကျောင်းရောက်သွားတယ်။​ ကိုယ်ကစီးပွားရေးလုပ်ချင်တာဒါပေမယ့် ဘွဲ့ကမရလို့ကမဖြစ်ဘူး။ဒီတော့ တစ်နှစ်တစ်တန်းမှန်မှန်အောင်အောင်နည်းလမ်းရှာရပြန်တယ်။​ ဒီလို နည်းလမ်းရှာကနေ သူငယ်ချင်းတွေကကျွန်တော့်ကို Formula Man လို့ခေါ်လာကြတယ်။ Formula Man လိို့ခေါ်တာတစ်ခုခုလုပ်တော့မယ်ဆို လေ့လာပြီးအလွယ်ကူဆုံး Formula ထုတ်လို့လို့ပြောတယ်။ ကမ္ဘာပေါ်ကိုရောက်ရှိလာတာ ဒီနေ့ဆိုရက်ပေါင်း ၁၂၁၁၁ ရက်ရှိပြီဆိုတော့သင်ခန်းစာတွေလဲ တော်တော်များများရနေပြီးပြီလို့ယူဆတယ်။ ဘဝရဲ့ မတူညီတဲ့အစိတ်အပိုင်းတွေအတွက်Formula အချို့လဲ ရှိနေတယ်။ဒီ Formula တွေကို ပိုကောင်းအောင်လုပ်သွားရမယ်။ ကိုယ့်ဘဝမှာ အလုပ်ဖြစ်တာတွေထပ်ခါထပ်ခါ ဖြစ်နေတဲ့Formula

ဘဝမှာ အလုပ်ဖြစ်တဲ့ Formula တွေ လိုတယ်။ Read More »

ကိုယ်မကြိုက်ရင် အများကြီးမစဉ်းစားနဲ့ BTA ပဲ။

ကျွန်တော့်ရဲ့ social mediainfluencing strategy တစ်ခုကတော့Ban them all (BTA) ပဲ။ ကိုယ့်ဖောက်သည်က ကိုယ်ပဲ။ကိုယ်ပျော်မှ တခြားသူကိုပျော်အောင်ထားနိုင်မှာ။ ကိုယ့်ဆီအမှိုက်ထုပ်လာအပစ်မခံနိုင်ဘူး။ ကိုယ်မကြိုက်ရင်အများကြီးမစဉ်းစားနဲ့BTA ပဲ။ ဒီလို Ban လို့ရတဲ့အခွင့်အရေးကို သာမာန်Facebook user တွေ မရထားဘူး။Page ပိုင်ရှင်ပဲရထားတယ်။ ဒါကြောင့် ကိုယ့် Page ပေါင်းများစွာမှာဘူကောင်ကင်းစင်နေတာ။ Phyo Paing @ Derek

ကိုယ်မကြိုက်ရင် အများကြီးမစဉ်းစားနဲ့ BTA ပဲ။ Read More »

Differentiate or Die

သာမန် လူတွေကို ရောင်းဖို့သာမန် ကုန်ပစ္စည်းတွေ မထုတ်ပါနဲ့။ဒါဒီနေ့ခေတ်ရဲ့ မားကတ်တင်းအတွေးအခေါ်ဖြစ်တယ်။ သာမန်လူတွေအတွက်သာမန်ကုန်ပစ္စည်းတွေထုတ်ခြင်းဟာရှုံးနိမ့်မှုရဲ့ ရှေ့ပြေးပဲလို့ဆိုကြတယ်။ သာမန် ဖုန်းဆိုင်၊ သာမန်လက်ဖက်ရည်ဆိုင်သာမန်စားသောက်ဆိုင်၊ သာမန်အထည်ဆိုင်သာမန် လက်ဝတ်ရတနာဆိုင်ဒီသာမန် ကုန်ပစ္စည်းရောင်းတဲ့သာမန်ဆိုင်တွေက ပုံစံတူတွေဖြစ်နေတယ်။ စီးပွါးရေးလုပ်ငန်းမှာ ထူးရင်ထူးမထူးရင်း အဆင်မပြေလို့မျက်စံပြူးမယ်။Differentiate or Die ပဲ။ ထူးဖို့ ကိုယ်လုပ်တဲ့အလုပ်ကိုရူးသွပ်ဖို့လိုတယ်။ဆရာကျအောင် လေ့လာနေဖို့လိုတယ်။တီထွင်ဆန်းသစ်ဖို့လိုတယ်။ Business Model နဲ့ထူးအောင်လုပ်မှာလား။ကုန်ပစ္စည်းနဲ့လား၊ဝန်ဆောင်မှုနဲ့လား၊စျေးနှုန်းနဲ့လား၊Marketing လုပ်တဲ့ပုံစံနဲ့လား။ Phyo Paing @ Derek

Differentiate or Die Read More »

ကိုယ့်ကိုကိုယ်ပြောနေတဲ့
စကားလုံးတွေ၊ အတွေးအခေါ်တွေကို ဂရုပြုရမယ်။

လူ့ဘဝရဲ့ အရည်အသွေးကRelationship ပဲလို့ဆိုကြတယ်။ သမီးရည်းစား လင်မယားသားသမီး မိသားစု relationship ကအရေးကြီးတယ်။ ဒီထက် အရေးကြီးတဲ့ relationship ကကိုယ့်ကိုကိုယ် ဆက်ဆံရေးပဲ။ကိုယ့်စိတ်နဲ့ ခန္ဓာ relationshipကောင်းဖို့လိုတယ်။ ကိုယ့်ကိုကိုယ်ပြောနေတဲ့စကားလုံးတွေ၊ အတွေးအခေါ်တွေကိုဂရုပြုရမယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ်ပြောနေတဲ့
စကားလုံးတွေ၊ အတွေးအခေါ်တွေကို ဂရုပြုရမယ်။
Read More »

ကိုယ့်ကိုကိုယ် ဂုဏ်ယူရမည့်အလုပ်တွေ နေ့တိုင်းလုပ်ပါ။

Content as a service စမယ်ဆိုတာထက်ကိုယ့်ကိုကိုယ် challenge ခေါ်တဲ့အနေနဲ့တစ်ရက်တစ်အုပ် စာဖတ်မယ်။Note ထုတ်မယ်။Video ရိုက်ပြန်ပြောပြမယ်။ကိုယ်လဲပိုမှတ်မိမယ်။တခြားသူတွေလဲ လေ့လာလို့ရမယ်။ကိုယ်ဖတ်ချင်တဲ့စာအုပ်ဖတ်မယ်။ဘယ်လောက်ထိသွားနိုင်မလဲကြည့်မယ်ဆိုပြီး စခဲ့တယ်။ ကြားထဲ Omicron ဖြစ်တဲ့အချိန်မနည်းရုန်ကန်ထရတယ်။ခေါင်းတွေမူး၊ အားမရှိ၊အသံမထွက်တဲ့ ဒဏ်တွေကြားRoutine ကို မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုပြီးကျော်ဖြတ်ခဲ့တယ်။ ဒီနေ့တော့ ရက်ပေါင်း ၁၅၀ ပြည့်ပြီ။ကိုယ့်ကိုကိုယ် ဂုဏ်ယူရမည့်အလုပ်တွေနေ့တိုင်းလုပ်ပါ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဂုဏ်ယူရမည့်အလုပ်တွေ နေ့တိုင်းလုပ်ပါ။ Read More »

သာမာန် ၈၀% သောအချိန်က ပြင်ဆင်မှုပဲ။

အခွင့်အရေးလာရင် ready ဖြစ်အောင်ဘာသာစကား၊ ကျွမ်းကျင်အသက်မွေးမှုပညာ၊လူကြောနပ်ဖို့၊ network တည်ဆောက်ရေးစီးပွါးရေးပညာတွေ ပြင်ဆင်ရတယ်။၂၀%က အခွင့်အရေးလာတဲ့အခါအမိအရဖမ်းဆုပ်ကြတယ်။မေးခွန်းက ခင်ဗျာက စိတ်ရှည်တဲ့သူလား။ဆယ်နှစ်၊ နှစ် နှစ်ဆယ်time frame စောင့်နိုင်သူလား။ခဏတာကိစ္စတွေနဲ့ ယောင်နေတတ်တဲ့သူလား။ Phyo Paing @ Derek

သာမာန် ၈၀% သောအချိန်က ပြင်ဆင်မှုပဲ။ Read More »

ငွေရေးကြေးရေးနဲ့ပတ်သတ်လို့ အရေးကြီးတဲ့ အချက် (၃) ချက်

၀င်ငွေရဲ့ 10% အနည်းဆုံးစုပါ။ ၀င်ငွေကိုပြန်ပွားပါ။ ကိုယ်နားမလည်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ပါနဲ့။

ငွေရေးကြေးရေးနဲ့ပတ်သတ်လို့ အရေးကြီးတဲ့ အချက် (၃) ချက် Read More »