advice

ကိုယ့်ထက်အဆ တစ်ရာချမ်းသာတဲ့သူက
ကိုယ့်လို ပျော်နေချင်မှ ပျော်နေမှာ။

ကိုယ်လုပ်တဲ့အလုပ်မှာ စျာန်ဝင်ပြီးပျော်နေတာ ဘဝရဲ့ နိဗ္ဗာန်တစ်ခုပဲ။သူများနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျစရာမလိုဘူး။ Phyo Paing @ Derek

ကိုယ့်ထက်အဆ တစ်ရာချမ်းသာတဲ့သူက
ကိုယ့်လို ပျော်နေချင်မှ ပျော်နေမှာ။
Read More »

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး။

ကိုယ်ရှိထား၊ ပိုင်ဆိုင်ထားတာကိုကျေးဇူးတင်စိတ်နဲ့ နေထိုင်ဖြတ်သန်းနိုင်ဖို့လိုတယ်။ နောက်တစ်ခုက relationship လို့ဆိုလိုက်ရင်လူတိုင်းက ကိုယ်လိုချင်တာကိုပဲ စဉ်းစားကြတယ်။ဘယ်လိုပုံစံ၊ ဘာအရည်အချင်း၊ချမ်းသာကြွယ်ဝမှုဘယ်လို၊ငါ့အပေါ်ဘာတွေလုပ်ပေးရမယ်။Relationship ဆိုတာကိုယ်သွားယူရတဲ့အရာမဟုတ်ဘူး။လူတစ်ယောက်ကိုချစ်ရင်ပေးဆပ်ဖို့စဉ်းစားတဲ့နေရာ။ တိုနီပြောတာ သဘောကျလို့။Relationship is not a place you go and take.It’s a place you go and give တဲ့။ Phyo Paing @ Derek

Relationship တစ်ခုမှာ ကျေးဇူးတင်တတ်တဲ့စိတ်မထားတတ်ရင် ရေရှည်အဆင်မပြေနိုင်ဘူး။
Read More »

လူတွေဘာလို့ဝယ်သလဲ?

လူတိုင်းဟာ ဝယ်ယူမှုကိုကြိုက်ကြတယ်။ဒါကြောင့် အကြောင်းပြချက်တွေလိုက်ရှာကြတယ်။ ပထမအဆင့်ကတော့ ငွေပိုရှာနိုင်ဖို့၊ ငွေခြွေတာပေးဖို့၊ အချိန်ခြွေတာပေးဖို့ ပြဿနာတွေဖြေရှင်းဖို့ စိတ်ဆင်းရဲဒဏ်ကိုယ်ဆင်းရဲဒဏ် ကိုဖြေရှင်းဖို့ဝယ်ယူကြတယ်။ ဒုတိယအဆင့်က ကျန်းမာဖို့ဇိမ်ကျဖို့လူအထင်ကြီးဖို့လူချစ်လူခင်ပေါများ၊ အချစ်ခံရဖို့ ဝယ်ယူကြတယ်။ တကယ်လို့ ကိုယ်ရောင်းတဲ့ပစ္စည်းဒီထဲမှာ မပါရင်ပဲဖြစ်ဖြစ်၊ ကြော်ငြာရေးတဲ့အခါ သေချာ မရေးမိရင်ပဲ ဖြစ်ဖြစ် ရောင်းရသင့်သလောက် ရောင်းရဖို့ မလွယ်ဘူး။ Phyo Paing @ Derek

လူတွေဘာလို့ဝယ်သလဲ? Read More »

ကိုယ်လုပ်သမျှက အလကားဖြစ်သွားတယ်တော့မရှိဘူး။

You can only connect the dots looking backwards ဆိုတာ အတော်မှန်တဲ့စကားဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ကြုံတွေ့နေတဲ့ အတွေ့အကြုံတွေက အနာဂတ်အတွက် ပြင်ဆင်မှုကောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်။ Covid-19 တတိယလှိုင်းကို ရှင်သန်နိုင်ခဲ့တယ်။ Coup ကြားမှာ ဖြတ်သန်းနိုင်ခဲ့တယ်။ဒီအတွေ့အကြုံတွေက အလကားဖြစ်မသွားဘူး။ 2016 လောက်မှာဖြစ်ချင်ပြီး မဖြစ်နိုင်သေးတဲ့အရာတချို့က 2019 မှာ ဖြစ်လာတယ်။ တချို့အရာတွေက စိတ်ရှည်ဖို့အရေးကြီးတယ်။ တန်ဖိုးရှိတဲ့အရာတော်တော်များများရဖို့ အချိန်ပေးရတယ်။ Phyo Paing @ Derek

ကိုယ်လုပ်သမျှက အလကားဖြစ်သွားတယ်တော့မရှိဘူး။ Read More »

ကိုယ့်ကိုကိုယ် မကူညီနိုင်ပဲ
သူတပါးကို ကူညီလို့မလွယ်ဘူး။

ဒီအယူအဆကို အမြဲလက်ခံထားတယ်။ ကိုယ်၊ ကိုယ့်ဝန်ထမ်း၊ ကိုယ့်မိသားစု၊ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်မြို့၊ ကိုယ့်နိုင်ငံဒီလို တစ်ဆင့်ချင်းစီသွားတယ်။ ကိုယ့်ကိုကိုယ် ကောင်းအောင်မလုပ်ပဲဘယ်အရာကို ကောင်းအောင်သွားလုပ်နိုင်မလဲ? ကိုယ်ကမှ ပိုက်ဆံမရှိရင်၊ ဝန်ထမ်းတွေကိုလစာမပေးနိုင်ရင် ဘယ်လိုသွားလှူမလဲ။ ကိုယ်ကမှ စိတ်ဓာတ်ကျနေရင်တခြားသူတွေကို ဘယ်လိုသွားကူမလဲ? အရာရာ ကိုယ်က စတင်တာပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် မကူညီနိုင်ပဲ
သူတပါးကို ကူညီလို့မလွယ်ဘူး။
Read More »

အိမ်စောင့်တာ၊ Covid-19 တတိယလှိုင်းနဲ့၊လူတွေကြွေလွင့်ကြတဲ့အကြောင်းတွေနဲ့
စိတ်မထားတတ်ရင် မလွယ်တဲ့အခါသမယဖြစ်တယ်။

အပြစ်ပြောစရာတွေ၊စိတ်ညစ်မယ်ဆို ညစ်စရာများလှတဲ့ လူ့လောကမှာဘဝမှာ နေပျော်ချင်ရင် ကျေးဇူးတင်တတ်တဲ့စိတ်နဲ့အသက်ရှင်ဖို့ အရေးကြီးတယ်။ ဒီလိုအခြေအနေမျိုးမှာ လူသားအချင်းချင်း စာနာထောက်ထားကူညီပေးနေတဲ့ လူတွေရှိနေသေးတယ်။ကိုယ်ချစ်ရတဲ့သူတစ်ချို့ ကျန်းမာနေသေးတယ်။ အသက်ကို ဝဝရှူနိုင်နေသေးတယ်။ စားဝတ်နေရေးအတွက် ပူစရာမလိုဘူး။အနည်းဆုံး ဒီစာဖတ်နေသူကFacebook သုံးနိုင်နေသေးတယ်။ ဒါတွေက ကျေးဇူးတင်မယ်ဆိုကျေးဇူးတင်စရာတွေပဲ။ ကျေးဇူးတင်စိတ်ဟာ ကိုယ့်မှာမရှိတာတွေထက်ရှိတာတွေကို focus လုပ်စေတဲ့အတွက်Stress လဲ ပိုနည်းသွားမယ်။ Gratitude နဲ့ well-being လုပ်ထားတဲ့သုသေတနတွေက တွေ့ရှိချက်တွေမတူကြပေမယ့်ကျေးဇူးတင်စိတ်ထားခြင်းဖြင့်အများစုဟာ ကိုယ့်ကိုကိုယ်နဲ့ ပေါင်းသင်းဆက်ဆံရေးမှာ တိုးတက်လာတာကတော့တော်တော်များများ သုသေတနတွေမှာတွေ့ရတယ်။ Phyo Paing @ Derek

အိမ်စောင့်တာ၊ Covid-19 တတိယလှိုင်းနဲ့၊လူတွေကြွေလွင့်ကြတဲ့အကြောင်းတွေနဲ့
စိတ်မထားတတ်ရင် မလွယ်တဲ့အခါသမယဖြစ်တယ်။
Read More »

Covid-19 က သေခြင်းတရားနဲ့
ကျွန်တော်တို့ ဘယ်လောက်နီးလဲဆိုတာ
သင်ပေးနေတယ်။

အခြေအနေဆိုတာ သေရင်တောင်ကိုယ့် အသုဘကိုလိုက်ပို့ချင်ရင်တောင်လိုက်ပို့်ပေးလို့မရတဲ့ အခြေအနေတွေကိုယ်မထင်ထားလောက်တဲ့ အခြေအနေတွေရှိသေးတယ်ဆိုတာ သင်ပေးနေတယ်။ ကိုယ်ချစ်တဲ့သူတွေကို ရှိတုန်းဂရုစိုက်ဖို့ သင်ပေးနေတယ်။ ကျန်းမာရေးဆိုတာ ချမ်းသာရေးပဲဆိုတာ သင်ပေးနေတယ်။ Oxygen ဆိုတာ အလကားရပေမယ့်အခမဲ့ရှူလို့မရတဲ့ အခြေအနေတွေလဲရှိသေးတယ်။ မေတ္တာတရားတွေထားပေမယ့်လက်ခံနိုင်တဲ့ စွမ်းအားမရှိတဲ့သူတွေရှိသေးတယ်ဆိုတာ Covid-19 က သင်ပေးနေတယ်။ Covid-19 က ပေးတဲ့ သင်ခန်းစာတွေတော်တော်များတယ်ဗျာ။ Phyo Paing @ Derek

Covid-19 က သေခြင်းတရားနဲ့
ကျွန်တော်တို့ ဘယ်လောက်နီးလဲဆိုတာ
သင်ပေးနေတယ်။
Read More »

လူတွေအသက်ရှင်ဖို့ ဝင်ငွေလိုတယ်။

ဝင်ငွေရှိဖို့ အလုပ်လိုတယ်။ အလုပ်တွေရှိဖို့ လုပ်ငန်းတွေလည်ပတ်ဖို့လိုတယ်။လုပ်ငန်းတွေရပ်တည်ဖို့ နိုင်ငံရေး၊ သဘာဝ ပတ်ဝန်းကျင်ဘေးအန္တရာယ်၊ရောဂါဘယ အန္တရာယ်တွေကို ကျော်လွှားနိုင်ဖို့လိုတယ်။ အလုပ်တွင်တဲ့ အလုပ်ခွင်ယဥ်ကျေးမှုတည်ဆောက်ဖို့ဆိုတာ အချိန်တော်တော်ပေးရတဲ့အလုပ်ပါ။ ကိုယ်မသိသေးတဲ့အမှားတွေကို ပြင်ဆင်ရတာရယ်ကိုယ်သွားချင်တဲ့လမ်းကြောင်းနဲ့ကိုက်တဲ့လူတော်၊ လူကောင်းတွေ recruit လုပ်နိုင်ဖို့ရယ်အတွက် အချိန်တော်တော်ပေးရပါတယ်။ နောက်လုပ်ငန်းအရှိန်ရဖို့ ရှိထားတဲ့ momentum ကိုလျော့မသွားဖို့အများကြီးစဉ်းစားရပြန်တယ်။ လုပ်ထားတဲ့ product/ service တွေထဲမှာ တချို့တွေက 50% – 70% လောက်ထိရပ်တန့်နေတယ်။ Project အသစ်တွေကတော့ grow ဖြစ်လာတဲ့အတွက် တောင်ထိပ်ကို ဆက်ခရီးနှင်လို့ရတာဖြစ်တယ်။ အခုအချိန်မှာ အလုပ်မဖြစ်တော့တဲ့ product/ service တွေကို ဇွတ်အတင်း တွန်းတင်မည့်အစားလုပ်ငန်းရှင်တွေအနေနဲ့ တခြားနည်းလမ်းကိုစဥ်းစားကြည့်တာ ဖြစ်နိုင်ချေပိုများနိုင်ပါတယ်။ လုပ်ငန်းဆိုတာ ဖောက်သည်တွေရဲ့ပြဿနာတွေဖြေရှင်းပေးတာဖြစ်တဲ့အတွက် ပေါ်ပေါက်လာတဲ့ပြဿနာအသစ်တွေကို ဆက်လက်ဖြေရှင်းနေဖို့ အရေးကြီးပါတယ်။ Phyo Paing @ Derek

လူတွေအသက်ရှင်ဖို့ ဝင်ငွေလိုတယ်။ Read More »

လူသုံးယောက် စတိုးဆိုင်ထဲဝင်လာတယ်။

တစ်ယောက်က discount ချထားတာတွေကိုအာရုံလာပြီး ဝယ်တယ်။ တစ်ယောက်က တခြားသူတွေကိုပြုံပြပြီးမိတ်ဖွဲ့တယ်။ တစ်ယောက်က ဒီဆိုင်ထက်ပိုကောင်းအောင်ဖွင့်ဖို့ စဉ်းစားတယ်။လူတိုင်းက သူ့အာရုံနဲ့သူ။ သူသတ်မှတ်ထားတဲ့ reality ထဲမှာသူ့အမြင်နဲ့သူ၊ သူ့အတွေးထဲမှာ အသက်ရှင်ကြတယ်။အတွေးတွေကို ဂရုစိုက်ရမယ်။ Phyo Paing @ Derek (P.S. The opportunity ဖတ်ရင်းရတဲ့ ဥပမာကောင်းလေးတစ်ခု)

လူသုံးယောက် စတိုးဆိုင်ထဲဝင်လာတယ်။ Read More »

လေမုန်တိုင်းထဲကထွက်လာနိုင်တဲ့အခါ
လေမုန်တိုင်းထဲမဝင်ခင် “သင်” မဟုတ်တော့ဘူး။ဒါဟာ မုန်တိုင်းရဲ့အဓိပ္ပာယ်ပဲ။

And once the storm is over, you won’t remember how you made it through, how you managed to survive. You won’t even be sure, whether the storm is really over. But one thing is certain. When you come out of the storm, you won’t be the same person who walked in. That’s what this storm’s

လေမုန်တိုင်းထဲကထွက်လာနိုင်တဲ့အခါ
လေမုန်တိုင်းထဲမဝင်ခင် “သင်” မဟုတ်တော့ဘူး။ဒါဟာ မုန်တိုင်းရဲ့အဓိပ္ပာယ်ပဲ။
Read More »