Social Media Marketing အကြောင်း
အကြံသုံးခုပေးရမယ်ဆို
၁။ တင်ခြင်းသည် မတင်ခြင်းထက်ကောင်းတယ်။ ကိုယ်က social media သုံးပြီးလုပ်ငန်း၊ personality ဒါမှမဟုတ်ကုန်ပစ္စည်းကို စျေးကွက်ဖောက်တော့မယ်ဆိုတင်ရမလား မတင်ရမလားစဉ်းစားနေရင် တင်သာတင်လိုက်။ပြီးမှ အခြေအနေကြည့်။လိုအပ်ရင် post ကို edit ပြန်လုပ်။ ၂။ မတူအောင်လုပ် အခု social media မှာ သင်တန်းတွေတက်ပြီးအကုန်လုံးက ပုံစံတူတွေဖြစ်လာတတ်တယ်။အရေးကြီးတာ မတူအောင်လုပ်ပါ။တင်ဆက်တဲ့ပုံစံ မတူဖို့ ဆန်းသစ်ဖို့လိုတယ်။မားကတ်တင်းရဲ့ ရန်သူတော်ကပျင်းစရာကောင်းခြင်းပဲ။ဒါကြောင့် ”Don’t be boring”.ဆန်းသစ်နေရမယ်။သတင်းတွေကို ချက်ချင်းတင်။ငါးရက်လောက်နေမှ တင်မယ်ဆိုရင်စိတ်ဝင်စားစရာ မကောင်းတော့ဘူး။ ၃။ ပုံမှန်တင် ကြာကြာမှ တစ်ခါတင်တာထက်ပုံမှန်တင်ဖို့အရေးကြီးတယ်။Consistency ရှိရှိနဲ့ လေ့လာပြီးသေချာတင်မယ်ဆိုရင်ကိုယ့် audience ရဲ့အသွားအလာကိုသိလာမယ်။ဒါကြောင့် သူစိမ်းကို စာဖတ်သူ၊စာဖတ်သူကို follow လုပ်သူ၊Follow လုပ်သူကို customerCustomer ကို အမာခံပရိသတ်အဖြစ်ပြောင်းလဲနိုင်မှာ ဖြစ်တယ်။ Phyo Paing @
Social Media Marketing အကြောင်း
အကြံသုံးခုပေးရမယ်ဆို Read More »
