advice

စေတနာနောက်မှတာဝန်ကျေဖို့ အဓိက။

စေတနာနောက်မှတာဝန်ကျေဖို့ အဓိက။ တခါတလေ စေတနာနဲ့တာဝန်ကိုရောနေတတ်တယ်။ အလုပ်လုပ်တဲ့အခါပထမအဆင့်ကကိုယ်ယူထားတဲ့ငွေအတွက်တာဝန်ကျေဖို့။ဒုတိယ အဆင့်ကမှစေတနာလိုက်တယ်။ အလုပ်တစ်ခုကိုကိုယ့်အတွက် မကိုက်ရင်မလုပ်နဲ့။ ပိုကောင်းတဲ့နေရာရှိရင်ရှာ။ပိုကောင်းတဲ့နေရာမရှိသေးရင်ကိုယ့်ကိုကိုယ် ပြုပြင်။ ကျွန်တော်ကတော့အဲ့ဒီပုံစံပဲ စဉ်းစားဘဝဖြတ်သန်းတယ်။ ယုတ္တိကျဖို့ ပထမ၊ခံစားချက်က ဒုတိယ။ Phyo Paing @ Derek

စေတနာနောက်မှတာဝန်ကျေဖို့ အဓိက။ Read More »

သင်ခန်းစာပြန်ယူ

ပြဿနာမဖြေရှင်းနိုင်တဲ့သူကမတိုးတက်ဘူး။ပြဿနာ မဖြေရှင်းနိုင်တဲ့အဖွဲ့အစည်းမမတိုးတက်ဘူး။ပြဿနာ အဖြေမရှာနိုင်တဲ့ဒေသမတိုးတက်ဘူး။ ပြသနာ အဖြေရှာနိုင်ဖို့ကိုယ်စဥ်းစားတာကို အမှန်လို့ပဲမထင်နဲ့။ကိုယ်လိုချင်တာကို စဥ်းစား။အဖြေရှာလို့ရတဲ့ နည်းလမ်းတွေကိုကြည့်။အကောင်းဆုံးကိုရွေးချယ်။သင်ခန်းစာပြန်ယူ။ Phyo Paing @ Derek

သင်ခန်းစာပြန်ယူ Read More »

Attention အာရုံက ပါဝါပဲ။

အရေးမပါတာတွေကို အရာမပေးတာ၊မဆိုင်တာတွေ ခေါင်းထဲမထည့်ချင်တာ၊ကိုယ့်အတွက် အကျိုးမရှိတဲ့အကြောင်းမဆွေးနွေးချင်တာ၊​သင်ခန်းစာမရ၊ ပညာမရ၊ တိုးတက်မှုမရှိ၊မတော်၊ မပျော်၊ မပွားစေတဲ့အရာစိတ်ဝင်စားမှုမရှိတာ၊ကိုယ့်အာရုံနဲ့မတန်တဲ့အလုပ်အပေါ်အချိန်မပေးမိတာဒါက ပြုစုပျိုးထောင်ရတဲ့စည်းကမ်းပါပဲ။ Phyo Paing @ Derek

Attention အာရုံက ပါဝါပဲ။ Read More »

ဘူမိနက်သန်။

လူ၊ နေရာ၊ အိုင်ဒီယာဒီသုံးခုရဲ့ဆုံမှတ်ကအောင်မြင်မှုပဲ။ အရမ်းတော်တဲ့သူတွေနေရာမှားနေလဲအောင်မြင်သင့်သလောက်မအောင်မြင်ဘူး။ တွေ့တဲ့သူတွေမှားနေလဲအမြင့်ရောက်သင့်သလောက်မရောက်ဘူး။ ခေါင်းထဲထည့်တဲ့အိုင်ဒီယာမမှန်ရင်လဲ ခရီးမတွင်ဘူး။ လူ၊ နေရာ၊ အိုင်ဒီယာကဆုံမှတ်ပဲ။ Phyo Paing @ Derek

ဘူမိနက်သန်။ Read More »

အပြုအမူပြောင်းရင်ရလဒ်ပြောင်းတယ်။

ဘဝအပြောင်းအလဲလုပ်ချင်ပထမဆုံးလုပ်သင့်တဲ့အရာကပတ်ဝန်းကျင်ပဲ။ ပတ်ဝန်းကျင်ပြောင်းရင်ငါဆိုတဲ့ identity ပြောင်းတယ်။ ငါပြောင်းရင်အပြုအမူပြန်ပြောင်းတယ်။ Phyo Paing @ Derek

အပြုအမူပြောင်းရင်ရလဒ်ပြောင်းတယ်။ Read More »

မြန်နှုန်းမြင့်နေရင်
အရှိန်မလျော့စေနဲ့။

အဆိုတော်တွေ သီချင်းဆိုရပ်ပြီးနှစ်အနည်းငယ်ကြာမှ ပြန်ဆိုတဲ့အခါအရင်လို မအောင်မြင်တော့ဘူး။ အလုပ်ကလဲ အလားတူပဲ။အချိန်ကြာနားလိုက်ပြီး အလုပ်ပြန်လုပ်တဲ့အခါအရှိန်တစ်ခု ပြန်ရဖို့ အချိန်တစ်ခု ကြာကြာပြန်ပေးရတတ်တယ်။ မြန်နှုန်းမြင့်နေရင် အရှိန်မလျော့စေနဲ့။ Phyo Paing @ Derek

မြန်နှုန်းမြင့်နေရင်
အရှိန်မလျော့စေနဲ့။
Read More »

ကိုယ့်ရဲ့ နေ့စဉ် အတွေး၊ အကြံ၊ အလုပ်ကို
ဂရုပြုပါ။

လူတွေရဲ့ဘဝ ကွာခြားတာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ အဲ့ထဲက အကြောင်းတစ်ခုကဦးနှောက်တည်ဆောက်ပုံ Brain structure မတူလို့။ ဥပမာ Prefrontal lobe (PFC) အားကောင်းတဲ့သူက ရေရှည်ကို စီမံကိန်းချနိုင်တယ်။ကိုယ့်ရဲ့တဒင်္ဂခံစားချက်တွေကိုထိန်းနိုင်တယ်။ဆုံးဖြတ်ချက်ပြတ်သားတယ်။ Hippocampus အားကောင်းရင် သင်ယူရမြန်တယ်၊ သင်ယူနိုင်တယ်၊ အခြေအနေကို သဘောပေါက်နိုင်စွမ်းအားကောင်းတယ်။အရိပ်အကဲကိုသိတယ်။ မှန်ဥာဏ်အားကောင်းတယ်။ Amygdala က ပုံမှန်ထိန်းနိုင်ရင်ကိုယ့်စိတ်ခံစားမှုတွေ သတိပြုနိုင်မှုအားကောင်းတယ်။လိုတာထက်ပို အလုပ်လုပ်ရင်စိုးရိမ်စိတ်တွေများတတ်တယ်။ Basal Ganglia အားကောင်းရင်အမူအကျင့်တည်ဆောက်ရလွယ်တာ၊စည်းကမ်းရှိတာလွယ်ကူတယ်။ Neurotransmitters စနစ်မှာဒိုပါမင်း Dopamine အလုပ်လုပ်အားကောင်းတဲ့သူက ရည်ရွယ်ချက်ကြီးတယ်၊တပြိုင်တည်းမှာ စွဲလမ်းတတ်မှုလဲများတယ်။Serotonin အလုပ်လုပ်အားကောင်းရင် တည်ငြိမ်တယ်၊ ကြံ့ကြံ့ခံတယ်။Norepinephrine က အာရုံစိုက်နိုင်စွမ်း၊နိုးကြားတက်ကြွမှုနဲ့ဆိုင်တယ်။ မွေးကတည်းက လူတွေရဲ့ brain structure မတူသလို၊ပြင်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ အတွေး၊ အကြံ၊ အလုပ်ကိုပြင်ရင်လဲဦးနှောက်ဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံကိုပြင်လို့ရတယ်။ဒါကို Neuroplasticity လို့ခေါ်တယ်။ ဥပမာ တရားထိုင်တဲ့သူတွေမှာHippocampus ကြီးလာတာတွေ့ရသလိုမျိုး။

ကိုယ့်ရဲ့ နေ့စဉ် အတွေး၊ အကြံ၊ အလုပ်ကို
ဂရုပြုပါ။
Read More »

အပျော် အပွား။

အပျော် အပွား။ ကိုယ်ပျော်တဲ့အလုပ်ကိုလုပ်ပြီးဝင်ငွေ ပွားစေတဲ့အပျော် အပွားလုပ်။ ဒီလိုလုပ်ဖို့ ၁။ ပျော်တဲ့အလုပ် ၂။ ပြဿနာဖြေရှင်းတဲ့အလုပ်၃။ ပိုက်ဆံပွားမည့်အလုပ်ဒီသုံးခုဆုံမှတ်လိုတယ်။ Phyo Paing @ Derek

အပျော် အပွား။ Read More »

ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို
တည်ဆောက်ဖို့လို့ ခံယူထားတယ်။

တိုးတက်မှု မရှိတာ ဆုပ်ယုတ်နေခြင်းပဲ။ဒီအတိုင်း ငြိမ်နေတယ်ဆိုတာ မရှိဘူး။ တိုးတက်မှုရှိဖို့ ပေးဆပ်ရတဲ့အရာက ဖိအား။ တိုးတက်ချင်ရင် စိတ်ဖိဆီးမှုခံရမယ်။tension တစ်ခုတော့ခံရမှာပဲ။ ကျန်းကျန်းမာမာ စပြီးစားသောက်တော့မယ်။ဖိအားတစ်ခုခံစားရမှာပဲ။ ကိုယ်လေ့လာနိုင်စွမ်းထက်မြင့်တဲ့ ပညာရပ်လေ့လာရင်ဖိအားတစ်ခုတော့ ခံစားရမှာပဲ။ ကိုယ့်စွမ်းဆောင်ရည်ထက်မြင့်တဲ့ အရာလုပ်ဆောင်တဲ့အခါဖိအားတစ်ခုခံစားရမှာပဲ။ တရားထိုင်ရင်တောင်ကိုယ့်အဆင့်ထက် နောက်တစ်ဆင့်ရောက်ချင်ရင်ကျော်လွှားရမည့်ဖိအားတွေရှိတယ်။ ဘဝဆိုတာ အဆင်ပြေတဲ့ ချောင်လေးထဲမှာနေနေဖို့ထက် ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုတည်ဆောက်ဖို့လို့ ခံယူထားတယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို
တည်ဆောက်ဖို့လို့ ခံယူထားတယ်။
Read More »