advice

ကိုယ့်ကိုကိုယ် သဘောကျ
ဂုဏ်ယူဖို့က

ကိုယ့်ကိုကိုယ် သဘောကျ ဂုဏ်ယူဖို့က သူများတွေ သဘောကျအားကျဖို့ထက် ပိုအရေးကြီးတယ်။ ဒါကြောင့် ပထမအဆင့်က လူတွေ သဘောကျကျ မကျကျထမင်းစားနိုင်ဖို့ ငွေရှာ၊ ငွေစု၊ ငွေပွါး။ပြီးရင် ကိုယ်ကြိုက်တာကိုယ်လုပ်။ ကိုယ်ကြိုက်တာ သူများကြိုက်ပြီးအသက်မွေးလို့ ရရင်ဘဝက နေပျော်သွားပြီ။ အသက်ရှင်ပြီး အသက်ဝင်လာလိမ့်မယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် သဘောကျ
ဂုဏ်ယူဖို့က
Read More Âť

ဘဝမှာ ရုန်းကန်တာ ထုံးစံဖြစ်တဲ့
ဘဝထဲက ထွက်မှရမယ်။

တချို့တွေက မွေးကတည်းကခြေမွေးမီးမလောင် လက်မွေးမီးမလောင်။ တချို့တွေက မွေးကတည်းကရုန်းကန်တာ ထုံးစံ။တချို့တွေက တစ်ခုခုဆို တစ်ခါတည်းနဲ့ အောင်မြင်သွားတာနည်းတယ်။တချို့တွေက သူများမကြုံဖူးတဲ့ပြဿနာတွေ တစ်ခုပြီးတစ်ခု။ တချို့က သူ့မှာ အထောက်အပံအမြဲရှိတယ်။တချို့က လူချစ်လူခင်များ ကူညီဖေးမမည့်သူရှိတယ်။တချို့က မွေးရာပါ သူများနဲ့မတူလုပ်မှ အောင်မြင်တယ်။တချို့က သူများထက် ကောင်းအောင်လုပ်မှအောင်မြင်တယ်။ လူတွေမှာ မွေးရာပါ ကံတွေမတူကြဘူး။ ဒီဘဝတစ်ခုရဲ့ ကံတွေကို နက္ခအမျိုးမျိုးနဲ့ကြည့်လို့ရတယ်။ဂြိုလ်တွေနဲ့ အကောင်းအဆိုးအကြမ်းဖျင်းတော့ ပြောပြလိမ့်မယ်။ အကောင်းဆုံးနည်းတစ်ခုက ကိုယ့်ဘဝရဲ့ ပေးထားချက်ကိုနားလည်ဖို့ပဲ။ ကိုယ့်ဘဝ ပေးထားချက်ကိုနားလည်ဖို့ထပ်ခါထပ်ခါ ဖြစ်တတ်တဲ့ pattern ပက်တမ်တွေကိုသတိပြုမိဖို့ အရေးကြီးတယ်။ ပြီးရင် ကိုယ်တိုင် အတွေးအခေါ်၊ လောကအမြင်နဲ့ ဥပဒေသထုတ်နိုင်ဖို့အရေးကြီးတယ်။ ပြီးရင်ကိုယ့်ရဲ့ Talent မွေးရာပါပါရမီPassion ဝါသနာSkill ကျွမ်းကျင်မှုValue တန်ဖိုးထားမှုPurpose ရည်ရွယ်ချက်Network အပေါင်းအသင်း အသိုင်းအဝိုင်းပြီးရင် ကိုယ်ဖြေရှင်းပေးမည့် တခြားသူတွေရဲ့Needs လိုအပ်ချက်Wants

ဘဝမှာ ရုန်းကန်တာ ထုံးစံဖြစ်တဲ့
ဘဝထဲက ထွက်မှရမယ်။
Read More Âť

ကိုယ်ဘာလိုချင်လဲသေချာသိတာ ပညာရှိ။

ကိုယ်ဘာလိုချင်လဲသေချာသိတာ ပညာရှိ။လိုချင်တာရအောင်လုပ်နိုင်တာ လူတော်။ လိုချင်တာမရလို့ ဘေးထိုင်ဘုပြောတာ လူညံ့။လိုချင်တာရဖို့ အတ္တကိုဘေးချပြီးအချိန်ကောင်းကို စိတ်ရှည်ရှည်စောင့်တစ်ဆင့်ချင်းရောက်အောင်သွားတာ လူလိမ္မာ။ လိုချင်တာ သူတပါးဒုက္ခရောက်အောင်မသမာနည်းနဲ့ရအောင်လုပ်တာလူယုတ်မာ။ Phyo Paing @ Derek

ကိုယ်ဘာလိုချင်လဲသေချာသိတာ ပညာရှိ။ Read More »

သူတို့လို တွေး၊ ကြံ၊ လုပ်။

ကျန်းမာချင်ရင် ကျန်းမာတဲ့အသိုင်းအဝိုင်းထဲသွား။သူတို့လို တွေး၊ ကြံ၊ လုပ်။ ချမ်းသာချင်ရင် ချမ်းသာတဲ့အသိုင်းအဝိုင်းထဲသွား။ သူတို့လို တွေး၊ ကြံ၊ လုပ်။ ပညာတတ်ချင်ရင် ပညာတတ်တဲ့အသိုင်းအဝိုင်းထဲသွား။ သူတို့လို တွေး၊ ကြံ၊ လုပ်။ တိုင်ပတ်ချင်ရင် တိုင်ပတ်တဲ့အသိုင်းအဝိုင်းထဲသွား။ သူတို့လို တွေး၊ ကြံ၊ လုပ်။ တိုင်ပတ်တာက ရှာစရာမလိုဘူး။ ကောင်းတာက တကူးတက ရှာရတယ်။ ဘာကြောင့်ဆို အလိုလိုပေါက်တာ မြက်ပင်များတယ်။ Phyo Paing @ Derek

သူတို့လို တွေး၊ ကြံ၊ လုပ်။ Read More »

နားမလည်ရင် မှားမယ်။

နားလည်မှုက လွတ်မြောက်မှုကိုပေးတယ်။ ကိုယ့်ကိုကိုယ်နားလည်ရင်ကိုယ့်ကိုကိုယ် ဒုက္ခပေးနေတာကလွတ်မယ်။ လူတွေကို နားလည်ရင်လူတွေကြောင့် စိတ်ဆင်းရဲတာကလွတ်မယ်။ သံသရာနားလည်ရင်သံသရာကလွတ်မယ်။ နားမလည်ရင် မှားမယ်။ Phyo Paing @ Derek

နားမလည်ရင် မှားမယ်။ Read More »

ကိုယ့်ပြဿနာကိုယ်
မဖြေရှင်းနိုင်တဲ့ လက္ခဏာလို့ပြောရင်
မှားမယ်မထင်ဘူး။

လူဖြစ်လာရင် တခြားသူပြဿနာတစ်ခုဖြေရှင်းပြီးငွေရှာတယ်။ ဒါကို profession အသက်မွေးမှုလို့ခေါ်တယ်။ ဒီအတွက် Professional development လိုတယ်။ လူတစ်ယောက်က ကိုယ့်ပြဿနာကိုယ်ဖြေရှင်းတတ်ရတယ်။ဒါလုပ်ဖို့ Personal Development လိုတယ်။ ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျ။ တခြားသူတွေကိုလဲစိတ်တိုင်းမကျ။ ကိုယ့်အတွက် အကျိုးမရှိတစ်ခုခုဆို လိုက်ငြင်းချင်ဘေးထိုင်ဘုပြော။ ဒါက ကိုယ့်ပြဿနာကိုယ်မဖြေရှင်းနိုင်တဲ့ လက္ခဏာလို့ပြောရင်မှားမယ်မထင်ဘူး။ Phyo Paing @ Derek

ကိုယ့်ပြဿနာကိုယ်
မဖြေရှင်းနိုင်တဲ့ လက္ခဏာလို့ပြောရင်
မှားမယ်မထင်ဘူး။
Read More Âť

အကြည်ဓာတ်များလာလေ
ဘူဓာတ်နဲ့ ဝေးလာလေ။

အကြည်ဓာတ်ရှိလွန်းတဲ့အတွက်ဘူဓာတ်ရှိသူတွေကိုယ့်နားမှာ မရှိနိုင်တဲ့အထိဖြစ်သွားနိုင်တယ်။ ကိုယ်က လူတွေကိုမောင်းထုတ်နေတာမဟုတ်ဘူး။ ကိုယ့်အတွေး၊ကိုယ့်အပြော၊ကိုယ့်အလုပ်၊ကိုယ့်နေထိုင်ပုံတွေ ပြောင်းလာတဲ့အခါကိုယ်နဲ့ မကိုက်တော့တဲ့သူတွေအလိုလို ဝေးသွားတာ။ အမြဲအပြစ်တင်နေသူ၊အမြဲမကျေနပ်နေသူ၊အမြဲသူများမကောင်းကြောင်းပြောနေသူ၊ကိုယ်တိုင်မပြောင်းဘဲလောကကြီးကိုပဲ ပြောင်းစေချင်နေသူတွေကြားမှာကြာကြာနေလို့ မရတော့ဘူး။ လူတစ်ယောက်ရဲ့ ဓာတ်ဆိုတာသူ့အတွေးတွေ၊သူပြောတဲ့စကားတွေ၊သူအာရုံထားတဲ့အရာတွေနဲ့နေ့စဉ် တည်ဆောက်နေတာ။ ကိုယ်က အကြည်ဓာတ်ကိုနေ့တိုင်းတည်ဆောက်နေမယ်ဆိုရင်ဘူဓာတ်တွေနဲ့အကွာအဝေးတစ်ခုအလိုလို ဖြစ်လာလိမ့်မယ်။ ဒါ လူတွေကိုမုန်းလို့ မဟုတ်ဘူး။ ကိုယ့်စိတ်ကိုကိုယ်ကာကွယ်တတ်လာလို့။ ကိုယ် ဘယ်သူနဲ့နေမလဲ၊ဘာတွေ နားထောင်မလဲ၊ဘာတွေ အာရုံထားမလဲဆိုတာကိုယ့်ဘဝရဲ့ ဓာတ်ကိုနေ့တိုင်းရွေးချယ်နေတာပဲ။ အကြည်ဓာတ်များလာလေဘူဓာတ်နဲ့ ဝေးလာလေ။ Phyo Paing @ Derek

အကြည်ဓာတ်များလာလေ
ဘူဓာတ်နဲ့ ဝေးလာလေ။
Read More Âť

အခွင့်အလမ်းကို ဝယ်။

သူဌေးတွေက သူတို့သားသမီးတွေကိုစျေးကြီးတဲ့ကျောင်းတွေမှာထားတဲ့အခါမတန်ဘူးလို့ တချို့ကစဥ်းစားကောင်းစဥ်းစားလိမ့်မယ်။ အမှန်တော့ သူတို့ကကလေးတွေအတွက်အခွင့်အလမ်းကို ဝယ်ပေးတာ။ ဆရာ နဲ့ ထိတွေ့တဲ့ အသိုင်းအဝိုင်း။ တချို့ အခွင့်အလမ်းတွေကဝယ်ရတတ်တယ်။ Pay to Play ပေါ့။ ဒါကြောင့် ကိုယ့်ကို အသိပညာ၊ အတတ်ပညာ၊ငွေကြေး၊ လုပ်ဆောင်နိုင်စွမ်း၊ အခွင့်အလမ်းတွေဖွင့်ပေးရင်ဝယ်သင့်ဝယ်ရမှာပဲ။ အခုအချိန်မှာ တချို့သူတွေအတွက်အေအိုင်ကို လစဥ်ကြေးဝယ်တာကအကောင်းဆုံး အခွင့်အလမ်းဝယ်တာဖြစ်ရင်ဖြစ်မယ်။ တချို့အတွက်က ပညာရေး။ အရေးကြီးတာ ပိုက်ဆံရှာ၊ ရှာတဲ့ပိုက်ဆံနဲ့ တခြားသူတွေမမြင်တဲ့ဝယ်လို့ရတဲ့အခွင့်အလမ်းကိုဝယ်နောက်တစ်ဆင့်ပြန်သွား။ Phyo Paing @ Derek

အခွင့်အလမ်းကို ဝယ်။ Read More »

ကိုယ်နဲ့မကိုက်တဲ့အလုပ်တွေကလုပ်နေရင်
တိုင်တွေပတ်နေမှာ။

ကျရှုံးတာတွေများရင်လူက ထုံလာတတ်တယ်။ အောင်မြင်နေရင်ထပ်အောင်မြင်ဖို့မခက်ဘူး။ ငွေဝင်နေရင် ထပ်ငွေဝင်ဖို့မခက်ဘူး။ ကျရှုံးတာတွေများ၊ ဘူတာတွေများရင် ဒူဒူ လာတတ်တယ်။ ဒါကို ကျော်လွှားဖို့ကလုပ်နေတာတွေရပ်ဖို့ပဲ။ ကိုယ်နဲ့မကိုက်တဲ့အလုပ်တွေကလုပ်နေရင်တိုင်တွေပတ်နေမှာ။ ဒါကို alignment အလိုင်းမန့်လို့ခေါ်တယ်။ မလိုအပ်တဲ့ ပြဿနာတွေ ဖြေရှင်းနေရမှာ။ လူတွေရဲ့ဘဝမှာ အလိုင်းမန့်တွေလွဲလုပ်တဲ့အလုပ်တွေမှားနေလို့တိုင်ပတ်မှု အပေါင်း သရဖူဆောင်းနေတတ်ကြတာ။ ကိုယ်ဘာအားသာလဲ၊ ကိုယ်ဘာလုပ်မလဲ၊ ကိုယ့်အသက်မွေးမှုနဲ့ ကိုယ့်အတွေး၊ အကြံနဲ့ ဒီအလုပ်ကွတ်တိကျရင် အရာရာလွယ်သွားပြီ။ Phyo Paing @ Derek

ကိုယ်နဲ့မကိုက်တဲ့အလုပ်တွေကလုပ်နေရင်
တိုင်တွေပတ်နေမှာ။
Read More Âť

အောင်မြင်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်က
အချိန်နဲ့အမျှပြောင်းနေတယ်။

အသက် ၇၀ လောက်ရောက်ရင်ကျန်းကျန်းမာမာ အသက်ရှင်နေရတာကို အောင်မြင်မှုတစ်ခုဖြစ်နေနိုင်တယ်။ အောင်မြင်မှုအဓိပ္ပာယ်တွေကအချိန်နဲ့ အမျှပြောင်းသွားလိမ့်မယ်။ ကျောင်းတုန်းက ဆုတွေရတာ၊ ဂုဏ်ထူးတွေထွက်တာအောင်မြင်မှု။ တက္ကသိုလ်ရောက်တော့ကျောင်းကောင်းကောင်းတက်လို့ရတာအောင်မြင်မှု။ အလုပ်ခွင်ဝင်တော့ အလုပ်ကောင်းကောင်းရတာအောင်မြင်မှု။ ကိုယ်တိုင်လုပ်ငန်းစတော့အသိအမှတ်ပြု အမြတ်ငွေရ ကြီးထွားတာအောင်မြင်မှု။ အိမ်ထောင်ရေးသာယာ ကလေးနဲ့ ခွေးနဲ့ ကိုယ်ပိုင်မြေလေးနဲ့ကအောင်မြင်မှု။ အသက်ငါးဆယ်၊ ခြောက်ဆယ်လောက်ကျကိုယ့်သားသမီးတွေရဲ့အောင်မြင်မှုကကိုယ့်ရဲ့အောင်မြင်မှု။ အသက် ၇၀ လောက်ရောက်လာတော့ကျန်းကျန်းမာမာ အသက်ရှင်နေသေးတာကအောင်မြင်မှု။ အသက် ၈၀ ကျော်လာတော့ အသက်ရှင်ပြီး ဘုရား၊ တရားနဲ့နီးနေတာလေးကလဲအောင်မြင်မှုဖြစ်နေနိုင်တယ်။ အသက်ထွက်တဲ့အခါ ဘဝကိုပြန်ကြည့်လို့ နောင်တရစရာတွေနည်းနည်းနဲ့ ဂုဏ်ယူစရာတွေ များများကလဲအောင်မြင်မှုဖြစ်နိုင်တယ်။ အောင်မြင်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်ကအချိန်နဲ့အမျှပြောင်းနေတယ်။ Phyo Paing @ Derek

အောင်မြင်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်က
အချိန်နဲ့အမျှပြောင်းနေတယ်။
Read More Âť