advice

ဘဝရဲ့ co-founder ပဲ။

အချစ်ရေးကို startup တစ်ခုလိုစဉ်းစားကြည့်တယ်။ကိုယ့်ရဲ့ လက်တွဲဖော်ကဘဝရဲ့ co-founder ပဲ။ ဒီလိုဖြစ်ဖို့တန်ဖိုးထားမှုတူ၊ဥာဏ်ရည်တူ၊လောကအမြင်တူ၊တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိမှပိုကောင်းတဲ့ အနာဂတ်တည်ဆောက်တဲ့နေရာပိုအရေးပါလာမယ်။​ ဘဝမှာ အလုပ်မဖြစ်တဲ့ co-founder နဲ့သွားတာထက်တစ်ယောက်တည်းသွားတာက ပိုကောင်းနိုင်တယ်။Co-founder ကောင်းနဲ့သွားရင်တော့ အကောင်းဆုံးပေါ့။​ Phyo Paing @ Derek

ဘဝရဲ့ co-founder ပဲ။ Read More »

သူများနဲ့နှိုင်းမယှဥ်နဲ့။

ကမ္ဘာပေါ်မှာကိုယ့်ထက် တစ်ခုမဟုတ်တစ်ခုမှာပိုတော်တဲ့သူတွေ အများကြီးရှိနိုင်သလို၊ပိုညံ့တဲ့သူတွေလဲရှိနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးရဲ့ဘဝဖြတ်သန်းလာမှု အခြေအနေမတူကြဘူး။ ဒါကြောင့် ကိုယ့်ဘဝဖြတ်သန်းမှုပုံပြင်ကိုယ်ပွေ့ပိုက်ပြီး အကောင်းဆုံးတည်ဆောက်တာကနှိုင်းယှဥ်ပြီး ပျော်လိုက်၊ စိတ်ညစ်လိုက်ထက်အများကြီး ပိုကောင်းပါတယ်။ Phyo Paing @ Derek

သူများနဲ့နှိုင်းမယှဥ်နဲ့။ Read More »

ကိုယ့်ရဲ့ ကံစွမ်း၊ ဥာဏ်စွမ်း၊ ဝိရိယစွမ်းကိုပိုသုံး။

ဖြစ်ချင်တာ ဖြစ်အောင်လုပ်နိုင်ရင်ဘဝကိုကျေနပ်မယ်။ ဖြစ်ချင်တာ ဖြစ်အောင်မလုပ်နိုင်ရင်ဘဝကို မကျေနပ်ဘူး။ ဘဝကိုကျေနပ်ရင်ကျေးဇူးတင်တဲ့စိတ်ထားတတ်မယ်။ဘဝကို မကျေနပ်ရင်အပြစ်တင်တဲ့စိတ်များတတ်တယ်။ ကျေးဇူးတင်တဲ့စိတ်များတဲ့သူတွေကဖြစ်ချင်တာ ဖြစ်နေတဲ့သူတွေ။ အပြစ်တင်စိတ်များတဲ့သူတွေကဖြစ်ချင်တာ မဖြစ်နေတဲ့သူတွေ။ ဖြစ်ချင်တာဖြစ်နေဖို့ကိုယ့်ရဲ့ ကံစွမ်း၊ ဥာဏ်စွမ်း၊ ဝိရိယစွမ်းကိုပိုသုံး။ ဒါမှမဟုတ် ဖြစ်ချင်စိတ်လေးကိုလျော့။ Phyo Paing @ Derek

ကိုယ့်ရဲ့ ကံစွမ်း၊ ဥာဏ်စွမ်း၊ ဝိရိယစွမ်းကိုပိုသုံး။ Read More »

စေတနာကောင်းတိုင်းကံကောင်းတာမဟုတ်ဘူး။
ပညာကောင်းမှ ကံကောင်းတာ။

ကြိုးစားတိုင်း မအောင်မြင်တဲ့သူတွေတွေ့ဖူးလိမ့်မယ်။ စေတနာကောင်းတိုင်းလဲ ကံပြန်မကောင်းတဲ့ အခိုက်အတန့်တွေတွေ့ရှိဖူးလိမ့်မယ်။ တရားမျှတမှုကိုလိုက်ရှာပြီးမတွေ့တဲ့အချိန်တွေ အများကြီးတွေ့ဖူးလိမ့်မယ်။ လောကနိယာမ အရ ကြိုးစားတဲ့သူ အောင်မြင်တာမဟုတ်ဘူး။ မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့နေရာမှာ၊မှန်ကန်တဲ့သူတွေနဲ့တွေ့ပြီး၊ မှန်ကန်တဲ့အလုပ်လုပ်နေတာမှအောင်မြင်စေတာ။ စေတနာကောင်းတိုင်းကံကောင်းတာမဟုတ်ဘူး။ပညာကောင်းမှ ကံကောင်းတာ။ ပညာဆိုတာ ကိုယ်လုပ်တဲ့အလုပ်ရဲ့နောက်ဆက်တွဲကို သေချာနားလည်တာ။ပညာကောင်းရင် ကာယကံ၊ ဝဇီကံ၊ မနောကံကောင်းမယ်။ ပညာကောင်းပြီး မှန်ကန်တဲ့အမြင်ရှိတဲ့အခါကံကောင်းအောင်လုပ်ဆောင်နိုင်မယ်။ဒါကြောင့် ဗုဒ္ဓက သမ္မာဒိဋ္ဌိ = ပညာ ကိုမဂ္ဂင်ရှစ်ပါးရဲ့ထိပ်ဆုံးမှာထား သင်ကြားပေးခဲ့တယ်။ လောကကြီးက မတရားဘူး။ဒါကို လက်ခံဖို့လိုတယ်။ လူ့လောက ကတော့မတရားဘူး။ သံသရာကတော့ တရားနိုင်တယ်။ နောက်ပေးတာနဲ့တန်တာပြန်မရဘူး။များများပေးပြီး နည်းနည်းရတာဖြစ်နိုင်တယ်။နည်းနည်းပေးပြီး များများရတာဖြစ်နိုင်တယ်။နည်းနည်းပေးပြီး များများရဖို့လူတွေက ပညာသင်ပြီးနည်းပညာထွင်ကြတယ်။ Phyo Paing @ Derek

စေတနာကောင်းတိုင်းကံကောင်းတာမဟုတ်ဘူး။
ပညာကောင်းမှ ကံကောင်းတာ။
Read More »

“အပြစ်မတင်ဘဲ အဖြေရှာကြည့်”ပါ။

ဘဝရဲ့ ပြဿနာတွေက ဘဝရဲ့ လက်ဆောင်တွေပဲ။ မြင်အောင်ကြည့်လေ ရှင်းလေပဲ။ အမေကြောင့်၊ အဖေကြောင့်၊ မိဘ၊ မောင်နှမ၊ ဆွေမျိုးကြောင့်၊ သားကြောင့်၊ သမီးကြောင့်၊လင်ကြောင့်၊ မယားကြောင့်၊သူငယ်ချင်း၊ အသိမိတ်ဆွေကြောင့်၊သူဌေးကြောင့်၊ ဝန်ထမ်းကြောင့်၊ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်ဖြစ်လာတဲ့ပြဿနာက လက်ဆောင်တစ်ခုပဲ။ ပြဿနာကို ဖြေရှင်းခြင်းကလက်ဆောင်ကို အထုပ်ဖြည်ခြင်းပဲ။ အထုပ်အပြင်ကသာ အခက်အခဲအတွင်းထဲမှာ အခွင့်အလမ်းရှိတယ်။ ဒါကြောင့် အခက်အခဲရဲ့တစ်ဖက်ခြမ်းမှာအခွင့်အလမ်းရှိတယ်။ အန္တရာယ်နဲ့အတူ အခွင့်အလမ်းကတွဲပါတယ်။ တရုတ်စကားလုံးမှာ 危机 ဝိန်းကျီးဆိုတာရှိတယ်။危 ဝိန်းဆိုတာ အန္တရာယ်။机 ကျီးဆိုတာ အခွင့်အလမ်း။ ဒီ 危机 ဝေးကျီးအဓိပ္ပာယ်က crisis အကျဥ်းအကျပ်။ ဒါကြောင့် အခက်အခဲ၊ အန္တရာယ်ကြုံတိုင်း“အပြစ်မတင်ဘဲ အဖြေရှာကြည့်”ပါ။ လက်ဆောင်တွေကို ဖောက်ကြည့်ပါ။ အခက်အခဲရဲ့တစ်ဖက်ခြမ်းမှာအခွင့်အလမ်းတွေရှိပါတယ်။ Phyo Paing @ Derek

“အပြစ်မတင်ဘဲ အဖြေရှာကြည့်”ပါ။ Read More »

ပိုက်ဆံရမည့် ပညာအရင်ရှာ။

ပိုက်ဆံနဲ့ ပညာဘယ်အရာအရင်ရှာရမလဲ။ ၁။ အရောင်းအတတ်ပညာ၂။ မားကတ်တင်း (ကျွမ်းကျင်မှု skillset တွေအများကြီးရှိသေးတယ်။)၃။ လူရှေ့ထွက်စကားပြောခြင်း၄။ လုပ်ငန်းတစ်ခုစတင်ခြင်း၅။ လုပ်ငန်းတစ်ခုအုပ်ချုပ်ခြင်း ဘယ်နိုင်ငံဖြစ်ဖြစ် ဒါတွေကအသုံးဝင်နိုင်တယ်။ကိုယ်က ဘာအလုပ်လုပ်နေနေဒီကျွမ်းကျင်မှုတွေကို အသုံးချလို့ရတယ်။ Phyo Paing @ Derek

ပိုက်ဆံရမည့် ပညာအရင်ရှာ။ Read More »

ဘွဲ့ရ ပညာမတတ်

တချို့ လိုင်စင်လိုတဲ့အလုပ်တွေကလွဲရင်ဒီနေ့ခေတ်က ပညာတတ်ဖို့ ဘွဲ့ရစရာမလိုဘူး။ ဘွဲ့ရလဲ ပညာမတတ်တဲ့သူအများကြီး။ ပညာသင်ဖို့မဟုတ်ဘဲဘွဲ့ယူဖို့ပဲကျောင်းတက်တာကအချိန်နဲ့ငွေကို မလကားဖြုန်းတီးတာပဲ။ ဒီနေ့ခေတ် ကျွန်တော်မြင်ဖူးတဲ့တကယ့်ထူးချွန်သူအများစုကကိုယ်လေ့လာချင်တဲ့ပညာရပ်ကိုကျောင်းကသင်ပေးလိုက်လို့မဟုတ်ဘူးကိုယ်တိုင်လေ့လာပြီး self-education နဲ့ထူးချွန်လာကြတာများတယ်။ ကျောင်းတွေ၊ သင်တန်းတွေကguideline ပေးနိုင်လိမ့်မယ်။ထူးချွန်ပြောင်မြောက်ဖို့ကကိုယ်တိုင်လုပ်မှ။ ဘယ်သင်တန်းကြောင့်ဘယ်လိုအပြောင်းအလဲဖြစ်သွားတယ်ဆိုတာသင်တန်းတွေကြော်ငြာရင်တော့အလုပ်ဖြစ် သင်တန်းသားတွေရတယ်။ တကယ်တန်း ဒီလိုဆာလောင်ကြိုးစားနေတဲ့သူကဘယ်သူ့ဆီတက်တက်အောင်မြင်မှာပဲ။ဘာကြောင့်လဲဆို သူက အစဉ်တစိုက်ကြိုးစားရှာဖွေပြီး အောင်မြင်အောင်လုပ်နေတာကိုး။ ပညာတတ်ဖို့ ဘွဲ့ရစရာမလို၊ဘွဲ့ရတိုင်းလဲ ပညာမတတ်။ပညာကိုဆာလောင်ဖို့လိုတယ်။ Phyo Paing @ Derek

ဘွဲ့ရ ပညာမတတ် Read More »

ကံရှိ ဥာဏ်မရှိတိုင်းမွဲ။

ပေးတာက ကံယူနိုင်တာက ဥာဏ်။ကံဘယ်လောက်ရှိရှိဥာဏ်မရှိရင်ပေးလိုက်တာကိုယူနိုင်မှာ မဟုတ်ဘူး။ကံရှိ ဥာဏ်မရှိတိုင်းမွဲ။ ရွှေသီးတဲ့ မြေကြီးပေါ်နေလဲဥာဏ်မရှိရင် တူးပြီးသန့်စင်တတ်မှာမဟုတ်ဘူး။ Phyo Paing @ Derek

ကံရှိ ဥာဏ်မရှိတိုင်းမွဲ။ Read More »

သူများလုပ်တိုင်း လိုက်မလုပ်နဲ့။
လူများနဲ့နောက်လိုက်ရင် ဖုန်ပဲရှူရလိမ့်မယ်။
မပြိုင်ဘဲနိုင်လို့ရတဲ့လမ်းကိုရွေး။

ဆေးမြီးတိုကို မယုံဘူး။ ရေရှည်ကိုပဲကြည့်တယ်။ပထမငါးနှစ်၊ ဆယ်နှစ်လောက်သည်းငြီးခံပြီး လုပ်မယ်။ အခြေခိုင်အောင် အခြေခံကိုလုပ်မယ်။ အနာဂတ်က ကြာလေပိုကောင်းရမယ်။ အဲ့လို ခံယူချက်နဲ့ပဲလုပ်တယ်။ လူအများစုက အခုရေတွင်းတူး အခုရေကြည်သောက်ချင်တယ်။တခြားသူတွေဖြစ်နေတာကိုကြည့်ပြီးသူတို့လိုဖြစ်ချင်တတ်ကြတယ်။ Strategic Patience မဟာဗျူဟာကျကျ စိတ်ရှည်မှုကတော်တော်လေး အရေးကြီးတယ်။ တရုတ်ရဲ့မဟာဗျူဟာတည်ဆောက်မှုကလဲစိတ်ရှည်ရှည်အကွက်ချပြီးသည်းခံစောင့်ဆိုင်းနိုင်မှုအပေါ်အခြေခံတယ်။ရပ်ရင်းစောင့်မဟုတ်ဘူး။ လုပ်ရင်းစောင့်။ သူများလုပ်တိုင်း လိုက်မလုပ်နဲ့။လူများနဲ့နောက်လိုက်ရင် ဖုန်ပဲရှူရလိမ့်မယ်။ မပြိုင်ဘဲနိုင်လို့ရတဲ့လမ်းကိုရွေး။ Phyo Paing @ Derek

သူများလုပ်တိုင်း လိုက်မလုပ်နဲ့။
လူများနဲ့နောက်လိုက်ရင် ဖုန်ပဲရှူရလိမ့်မယ်။
မပြိုင်ဘဲနိုင်လို့ရတဲ့လမ်းကိုရွေး။
Read More »

Surrendering

အကောင်းဆုံးအနားယူတဲ့နည်းက“လက်နက်ချခြင်း” Surrendering ပဲ။ တခါတလေ ကိုယ်ကအနားယူနေပေမယ့်စိတ်က အနားမယူနိုင်တာမျိုးကြုံရတတ်တယ်။အဲ့အချိန်မှာ စိတ်လျော့ဖို့အကုန်လုံးကို ယုံမှန်ပြီး ပုံအပ်သလို အရာရာကို လက်နက်ချပြီးနားလိုက်။ စိတ်ရောကိုယ်ပါ အနားယူနိုင်လိမ့်မယ်။ မဟုတ်ရင် အလုပ်လုပ်နေတဲ့သူတွေကဇောတွေရှိတယ်။ ဒါကိုကျော်ဖို့ လက်ခက်ချအနားယူကြည့်ပါ။ Phyo Paing @ Derek

Surrendering Read More »