advice

အတွေးအခေါ်ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုနိုင်တယ်။

တဖြေးဖြေးသိလာတာ လူတွေကို ပိတ်ထားတဲ့အတားအဆီးက“အတွေးအခေါ်” ပဲ။ ကျွန်တော်ကတော့ လုံးဝ အတွေးအခေါ်မတူညီတဲ့မိဘနှစ်ပါးနဲ့ ကြီးတယ်။ အမေက တစ်ခုခုဝယ်တော့မယ်ဆို အခုထိ စျေးကြည့်ပြီးအရာရာကို ခက်ခဲနေတယ်လို့ထင်တဲ့မိသားစုကလာတယ်။ အဖေက တစ်ခုခုဆို အကောင်းဆုံးကို ဝယ်တယ်။ အရာရာ ဖန်တီးလို့ရတယ်လို့ထင်တယ်။ လေးတန်းကနေ ဆေးကျောင်းပထမနှစ်လောက်ထိကမပြည့်မစုံနေခဲ့ရပေမယ့် ကိုယ်လိုချင်တာရဖို့ ခက်ခဲတယ်လို့ ဘယ်တုန်းကမှ မစဥ်းစားမိဘူး။ လိုချင်တာရှိရင် ဖန်တီးယူလို့ရတယ်ဒီနေ့အထိ အကြွင်းမဲ့ယုံကြည်တယ်။ ကားမရှိဘူး သေချာကြံဆရင်ဝယ်လို့ရတယ်။ အိမ်မရှိဘူး။ မြေမရှိဘူး။ကျွမ်းကျင်မှုမရှိဘူး။ လုပ်ငန်းမရှိဘူး။ငွေမရှိဘူး။ အကုန်လုံးက ကြံဆဖန်တီးယူလို့ရတယ်။ ဒီလောကအမြင်က အဖေဆီကရတာလို့လဲယူဆတယ်။ ငယ်ငယ် ညနေဗီဒီယိုဇာတ်ကားကြည့်ပြီးတိုင်းဆန်ချိုအေးဆို ၅ ကျပ်တန်မသောက်နဲ့၁၀ တန်သောက်။ သူနဲ့ မူဆယ်၊ မန္တလေး သူ့ကားနဲ့အမြဲလိုက်သွားတာ၊ မျက်စိရှေ့မှာ အိမ်ဝယ်၊ ကားဝယ်၊ ၁၂ ဘီးကားကနေသစ်စက်နဲ့ လုပ်ငန်းဖန်တီးတာမြင်ခဲ့ရတော့စီးပွားရေးလုပ်တာ ဘာမှခက်မနေဘူလို့အမြဲယူဆတယ်။ ကိုယ့်ကိုပျက်စီးစေနိုင်တဲ့ဆေးဝါးတို့ ဂရုစိုက်တယ်။

အတွေးအခေါ်ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုနိုင်တယ်။
Read More »

အလုပ်ကို တန်ဖိုးထားဖို့
တခါတလေ မေ့နေတတ်ကြတယ်။

အလုပ်ကို အလုပ်လိုလုပ်တတ်ရင်ကို အလုပ်က တစ်ဝက်ဖြစ်နေပြီ။ တာဝန်ကျေတာ၊ အချိန်တိကျတာ၊ အလုပ်ကို တန်ဖိုးထားတာ၊ အလုပ်ကို ဦးစားပေးတာဒီအချက်တွေက အလုပ်ကို အလုပ်လိုလုပ်တတ်တာပဲ။ ကိုယ့်နိုင်ငံက အရင်းအမြစ်ပေါများခဲ့တော့အလုပ်ကို တန်ဖိုးထားဖို့ တခါတလေ မေ့နေတတ်ကြတယ်။ Phyo Paing @ Derek

အလုပ်ကို တန်ဖိုးထားဖို့
တခါတလေ မေ့နေတတ်ကြတယ်။
Read More »

မတူရင် ရင်ဘတ်ချင်းမနီးဘူး။

ကြီးပျင်းလာတဲ့နေရာမတူ၊ မိသားစုမတူ၊ ဘာသာစကားမတူ၊ လူမျိုးမတူ၊နိုင်ငံမတူ၊ အလုပ်အကိုင်မတူ၊ကြည့်တဲ့ မီဒီယာအတူလူတွေစဥ်းစားပုံမတူတတ်ကြဘူး။ မတူရင် ရင်ဘတ်ချင်းမနီးဘူး။ ရင်ဘတ်ချင်းနီးပြီးစကားပြောလို့ရတဲ့မိတ်ဆွေတွေရှိတာကပျော်ရွင်မှုတစ်ခုတဲ့။ အခုကတည်းက အသက်ကြီးအထီးမကျန်ဖို့နဲ့တစ်ယောက်တည်းနေတစ်စိတ်တည်းမထားနိုင်တဲ့အခါရင်ဘတ်ချင်းနီးတဲ့မိတ်ဆွေတွေနဲ့ဘဝကို ဆက်ဖို့မိတ်ဆွေတွေနဲ့ ဆက်ဆံရေးတည်ဆောက်တာကလဲရင်းနှီးမြုပ်နှံမှုတစ်ခုပဲ။ Phyo Paing @ Derek

မတူရင် ရင်ဘတ်ချင်းမနီးဘူး။ Read More »

အလုပ်ဖြစ်တာကို ချဲ့ထွင်တာက
အနိုင်ရဖို့ နည်းလမ်းတစ်ခု ဖြစ်လာပြီ။

ရှုံးသွားရင်တောင် နိုင်နေမယ့်အလုပ်လုပ်ပါ။ လုပ်ငန်းမှာ အများစုက… နိုင်ရင် အများကြီးနိုင်မယ်။ရှုံးရင် အကုန်ရှုံးမယ်။ ဆိုတဲ့ လောင်းကစားမျိုးကို လုပ်နေကြတယ်။ ဒါပေမယ့် ကမ္ဘာ့အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ လုပ်ငန်းရှင်တချို့ကတော့… Asymmetric Bets ကို ရွေးတယ်။ အဓိပ္ပာယ်က—ရှုံးရင် ဆုံးရှုံးမှု နည်းနည်းပဲရှိမယ်။နိုင်ရင် ရလဒ်က အဆပေါင်းများစွာ ရနိုင်မယ်။ ဥပမာ…Content တစ်ပုဒ်ရေးတာက အချိန်နည်းနည်းပဲကုန်တယ်။ ဒါပေမယ့် Client အသစ်တွေ ရနိုင်တယ်။Product Prototype တစ်ခု စမ်းသပ်တာက ကုန်ကျစရိတ်နည်းတယ်။ ဒါပေမယ့် အောင်မြင်ရင် လုပ်ငန်းတစ်ခုလုံး ပြောင်းသွားနိုင်တယ်။AI ကို လေ့လာဖို့ အချိန်နည်းနည်း ရင်းနှီးမြှုပ်နှံတာက ရှုံးစရာ မရှိသလောက်ပဲ။ ဒါပေမယ့် အလုပ်လုပ်ပုံတစ်ခုလုံး ပြောင်းသွားနိုင်တယ်။ ဒီနေ့ခေတ်မှာ… သေးသေးလေး စမ်းသပ်၊မြန်မြန်တိုင်းတာ၊အလုပ်ဖြစ်တာကို ချဲ့ထွင်တာကအနိုင်ရဖို့ နည်းလမ်းတစ်ခု ဖြစ်လာပြီ။ အလုပ်တစ်ခု

အလုပ်ဖြစ်တာကို ချဲ့ထွင်တာက
အနိုင်ရဖို့ နည်းလမ်းတစ်ခု ဖြစ်လာပြီ။
Read More »

သံသရာတစ်ကွေ့ ဒီတစ်နေ့က
အနာဂတ်ကိုသယ်သွားနိုင်တဲ့
ပါရမီတစ်ခုခုတော့ ဖြည့်ခဲ့ဖို့လိုနိုင်တယ်။

ဘဝဆိုတာ ၈၂ နှစ် ၁ လ ၁၉ ရက်နေရရင် ရက်ပေါင်း ၃၀၀၀၀ ပဲ။ ဒီနေ့ဆို ရက်ပေါင်း  ၁၃၇၁၂ ရက်နေပြီးပြီ။ ကျန်းမာရေးလိုက်စားလို့ အသက် ၇၀ ထိ ဒေါင်ဒေါင်မီနေနိုင်မယ်ဆို အင်အားပြည့်ပြည့်နဲ့ ၁၁၈၅၅ ရက်နေလို့ရသေးတယ်။ အသက် ၇၀ ကနေ ၈၂ နှစ်ကျော်ထိဆို ၄၄၃၃ ရက်ထပ်နေရလို့ရတယ်။ ၈၂ နှစ်ထက် အလွန်ကျန်တာ bonus ပဲ။ တကယ်လို့ ကြားထဲတစ်ခုခုကြောင့် မသေခဲ့ရင်ပေါ့။ 🌏 လက်ရှိပျမ်းမျှအသက်ရှည်နှုန်း (Life Expectancy) 🇲🇲 မြန်မာ – ၇၀.၆ နှစ်🇲🇾 မလေးရှား – ၇၉.၇ နှစ်🇹🇭 ထိုင်း – ၈၁.၂ နှစ်🇹🇼 ထိုင်ဝမ်

သံသရာတစ်ကွေ့ ဒီတစ်နေ့က
အနာဂတ်ကိုသယ်သွားနိုင်တဲ့
ပါရမီတစ်ခုခုတော့ ဖြည့်ခဲ့ဖို့လိုနိုင်တယ်။
Read More »

အေးချမ်းမှုရဲ့ ပထမအချက်က

လူတိုင်းကို ကိုယ့်စိတ်ကြိုက်ဖြစ်စေချင်စိတ်ကနာကျင်စေတတ်တယ်။ ဖြစ်နိုင်ရင် အလွန်အကျွံထိန်းချုပ်ချင်စိတ်ကိုလျော့ချနိုင်ဖို့လဲလိုတတ်တယ်။ အေးချမ်းမှုရဲ့ ပထမအချက်ကသူများတွေပေါ် မျှော်မှန်းချက်တွေလိုတာထက်ပိုထားတာလျော့။ Phyo Paing @ Derek

အေးချမ်းမှုရဲ့ ပထမအချက်က Read More »

မကြိုးစားလို့ ခရီးမရောက်တာမဟုတ်၊
ရွေးချယ်မှုမှားလို့ ခရီးမရောက်ခြင်းဖြစ်တယ်။

တစ်နိုင်ငံကလူတွေကြိုးစားတိုင်းနိုင်ငံက တိုးတက်သွားတာမဟုတ်ဘူး။ လုပ်ငန်းတစ်ခု၊ လူတစ်ယောက်ကလဲအလားတူပဲ။ အလုပ်တွေ ဇွတ်လုပ်တိုင်း တိုးတက်တာတော့လဲ မဟုတ်ဘူး။ ပါးနပ်ဖို့လိုတယ်။ အမျှော်အမြင်ရှိဖို့လိုတယ်။ ရွေးချယ်မှုမှန်ဖို့လိုတယ်။ ဆုံးဖြတ်ချက်မှန်ဖို့လိုတယ်။ ဒါတွေလုပ်ဖို့ “မှန်ကန်တဲ့အမြင်” ရှိဖို့လိုတယ်။ မှန်ကန်တဲ့အမြင်ရှိဖို့ ပညာလိုတယ်။ ပညာက  အမှန်ကို အမှန်အတိုင်း မြင်နိုင်စေတယ်။ အကြောင်းအကျိုး (Cause & Effect) ကို နားလည်စေတယ်။လွဲမှားသော ယုံကြည်ချက်များကို စွန့်လွှတ်နိုင်စေတယ်။ ပညာရှိဖို့ ဥာဏ်ကိုသုံးဖို့လိုတယ်။ စူးစမ်း လေ့လာဖို့လိုတယ်။စမ်းသပ်ကြည့်ဖို့လိုတယ်။ကိုယ့်အယူအဆမှားနေတရင်ပြောင်းလဲရဲဖို့လိုတယ်။ လူတွေ မကြိုးစားလို့မအောင်မြင်တာမဟုတ်ဘူး။ ရွေးချယ်မှုတွေမှားနေလို့ ခရီးမရောက်ကြတာ။ အရှေ့အရပ်ကို သွားချင်ပြီးအနောက်အရပ်ကို ပြေးနေလို့မရဘူး။မဟုတ်ရင် ပြေးလေ ဝေးလေဖြစ်နေမယ်။ ရွေးချယ်မှုကောင်းတစ်ခုက ဘဝကို ပြောင်းလဲစေနိုင်သလိုရွေးချယ်မှုဆိုးကြီးတစ်ခုက ကြိုးစားထားသမျှကိုလဲ သဲထဲရေသွန်ဖြစ်အောင်လုပ်နိုင်တယ်။ ဒါကြောင့် အရေးကြီးတဲ့ရွေးချယ်မှုတွေကိုသေချာစဥ်းစား ဥာဏ်ပညာနဲ့ပြုလုပ်နိုင်ဖို့လိုတယ်။ ရွေးချယ်မှုမှားသွားတာသိရင်လဲမြန်မြန် ပြန်ပြင်နိုင်ဖို့လိုတယ်။ မကြိုးစားလို့ ခရီးမရောက်တာမဟုတ်၊ ရွေးချယ်မှုမှားလို့

မကြိုးစားလို့ ခရီးမရောက်တာမဟုတ်၊
ရွေးချယ်မှုမှားလို့ ခရီးမရောက်ခြင်းဖြစ်တယ်။
Read More »

ဘဝဟာ ခဏပါ။

ဘဝဟာ ခဏပါ။ ဒီခဏတာဘဝကိုသာမညအဖြစ်နဲ့ဖြတ်သန်းသွားဖို့ကသဘာဝမကျဘူးလို့ ထင်တယ်။ လူတိုင်းမှာကိုယ်ပိုင် ပါရမီတစ်ခုခု ရှိတယ်။ အဲဒီပါရမီကိုအသုံးမချဘဲလောကထဲက ထွက်သွားတာကနှမြောစရာပဲ။ ကျွန်တော်ကတော့လူတစ်ယောက်ရဲ့ ဘဝကိုဒီအဆင့် (၃) ဆင့်နဲ့ ကြည့်တယ်။ ၁။ ကိုယ့်ပါရမီကို ကိုယ်တူးဖော်ပါ။ ကိုယ်ဘာကို သဘာဝကျကျ လုပ်နိုင်လဲ။ကိုယ်ဘာလုပ်ရင် အချိန်မေ့သွားလဲ။ကိုယ်ဘယ်လို တန်ဖိုးပေးနိုင်လဲ။ ၂။ ကိုယ့်ပါရမီကို နေ့စဉ် ဖြည့်တင်းပါ။ စာဖတ်ပါ။လေ့ကျင့်ပါ။စမ်းသပ်ပါ။အတွေ့အကြုံယူပါ။ ပါရမီကလေ့ကျင့်မှုနဲ့ပဲ ကြီးထွားတယ်။ ၃။ လူတွေအတွက် အသုံးဝင်အောင် လုပ်ပါ။ ပါရမီကကိုယ့်အတွက်ပဲ မဟုတ်ဘူး။ လူတွေရဲ့ ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့အခါအဲဒီပါရမီကတန်ဖိုးဖြစ်လာတယ်။ ဘဝက ခဏပဲ။ ဒါကြောင့်ကိုယ့်ပါရမီကိုရှာဖွေပါ။ဖွံ့ဖြိုးအောင်လုပ်ပါ။လူတွေအတွက် အသုံးဝင်အောင် အသုံးချပါ။ ဒါမှဘဝက အဓိပ္ပာယ်ရှိလာမယ်။ Phyo Paing @ Derek

ဘဝဟာ ခဏပါ။ Read More »

အိန္ဒြေရှိရှိ အိုမင်းပြီး သေဆုံးနိုင်ဖို့ပဲ။

စျာန်ဝင်စားတဲ့အလုပ်ဆိုတာ ဒီနေ့ခေတ် လူတချို့လောက်ပဲလုပ်နေမိတာမျိုး။ ဘာကြောင့်လဲဆိုတော့ နေ့စဥ် လူမှုကွန်ယက်ရဲ့သတင်းနဲ့ အတင်းတွေကြားမှာအလုပ်ကို deep work စူးစိုက်မှု အပြည့်နဲ့ အလုပ်လုပ်ဖို့ဆိုတာစည်းကမ်းတစ်ခုလိုတယ်။ နေ့စဥ် deep work ကိုသာ နှစ်နာရီ၊ သုံးနာရီလောက်လုပ်ကြည့်ဦးနှောက်က မြန်နှုန်းတွေ ပြောင်းသွားလိမ့်မယ်။ ကျွန်တော့်အတွက် deep work ကတော့နေ့စဥ် မနက်ထတာနဲ့ ၁။ journaling လုပ်တယ်။ Template လိုချင်ရင် derekmethod.com မှာ သွားကြည့်ပြီးနေ့စဥ် ဖြည့်လို့ရပါတယ်။ ၂။ စာအုပ်တစ်အုပ်က အဓိက အိုင်ဒီယာတွေရှာတယ်။စိတ်ဝင်စားရင် ဒါကို ဖတ်တယ်။ ၃။ ကိုယ်မျှဝေချင်တဲ့ အကြောင်းအရာနှစ်ခု Tik Tok အတွက် ၁၅ မိနစ်ပေး ဗီဒီယိုလုပ်တယ်။ ၇ ရက်တစ်ခါ ယူကျု video တင်တယ်။ စာကတော့

အိန္ဒြေရှိရှိ အိုမင်းပြီး သေဆုံးနိုင်ဖို့ပဲ။ Read More »