advice

အရေးမပါတာ အရာမပေးနဲ့။

တိကျပြင်းပြတဲ့ ရည်မှန်းချက်မရှိရင်စိတ်က ဟိုယောင်ယောင် ဒီယောင်ယောင် ဂယောင်ဖြစ်တတ်တယ်။ ဟိုဟာလေးလဲ ဝင်ပါချင်၊ဒီဟာလေးလဲ ဝင်လုပ်ချင်။ကိုယ်နဲ့မဆိုင်တဲ့ ဟိုလူ့ကိုပြင်ပေးချင်၊ ဒီလူ့ကို ပြင်ပေးချင်။ ကိုယ်လဲ ခဏခဏ ဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်း တော်တော်ထိန်းဖို့ကြိုးစားရတယ်။ ကိုယ့်အလုပ် ကိုယ်လုပ်။ကိုယ်၊ ကိုယ့်အနီးဆုံးလူတွေကိုအာရုံစိုက်။ကိုယ့်ရည်မှန်းချက်အိမ်မက်တွေကိုပဲအာရုံစိုက်။ အရေးမပါတာ အရာမပေးနဲ့။ ရည်မှန်းချက်ပန်းတိုင်ချ၊ကြံဆပြီး ရအောင်လုပ်နိုင်တဲ့ခံစားချက်ကဘာနဲ့မှ မလဲနိုင်ဘူး။ဒါကို စွဲလမ်းသွားနိုင်တယ်။ နှစ်စဥ်၊ လစဥ်၊ အပတ်စဥ်၊ နေ့စဥ် မှန်ကန်တဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ အားထုတ်မှုနဲ့နေထိုင်တာ ဘဝအဓိပ္ပာယ်ရှိတယ်လို့ခံစားရတယ်။ Phyo Paing @ Derek

အရေးမပါတာ အရာမပေးနဲ့။ Read More »

ကိုယ်နဲ့အဆင်မပြေတိုင်း
လူတိုင်းနဲ့အဆင်မပြေတာမဟုတ်။

စာအုပ်ဖတ်ခြင်းကြောင့်တိုးတက်တဲ့အရသာကို မသိဖူးတဲ့သူကစာအုပ်ဖတ်တာ အလကားလို့ပြောလိမ့်မယ်။စီးပွါးရေးလုပ်ငန်းသစ်စပြီးတိုးတက်မှုအရသာကို မသိဖူးတဲ့သူကပင်ပန်းခံနေလိုက်တာလို့ ပြောကောင်းပြောလိမ့်မယ်။အရသာသိတဲ့သူကပေးဆပ်ရတာတန်တယ်လို့စဉ်းစားကြတယ်။ကိုယ်နဲ့အဆင်မပြေတိုင်းလူတိုင်းနဲ့အဆင်မပြေတာမဟုတ်။ Phyo Paing @ Derek

ကိုယ်နဲ့အဆင်မပြေတိုင်း
လူတိုင်းနဲ့အဆင်မပြေတာမဟုတ်။
Read More »

အရမ်းမမျှော်လင့်နဲ့။ 

မပျော်တတ်တဲ့သူကို ပျော်အောင်လုပ်ပေးဖို့၊မချစ်တတ်တဲ့သူကို ချစ်အောင်လုပ်ဖို့၊မသနားတတ်တဲ့သူကို သနားအောင်လုပ်ဖို့အခက်ခဲဆုံးပဲ။ပေးတိုင်းလက်မခံနိုင်တဲ့သူတွေကိုအရမ်းကာရောသွားမပေးနဲ့။မပေးနိုင်တဲ့သူဆီကလဲ အရမ်းမမျှော်လင့်နဲ့။  Phyo Paing @ Derek

အရမ်းမမျှော်လင့်နဲ့။  Read More »

ဆာလောင်မှု အရေးကြီးတယ်။

ဆာလောင်မှု အရေးကြီးတယ်။ ရည်မှန်းချက်တွေရှိပြီးဆာလောင်မှုမရှိရင်အဖြေရှာနိုင်မှုနည်းမယ်။ အကောင်အထည်ဖော်မှုနည်းမယ်။ လောကီမှာ ရှင်သန်တဲ့အခါရည်မှန်းချက်တွေအတွက်ဆာလောင်မှုတွေ မရပ်သွားဖို့လိုတယ်။ Stay Hungry, Stay Foolish လဲစတိဂျော့ပြောတာ ကြားဖူးလိမ့်မယ်။ Phyo Paing @ Derek

ဆာလောင်မှု အရေးကြီးတယ်။ Read More »

ဒါကို Strategic Patience လို့ခေါ်တယ်။

မျိုးစေ့ချချိန်၊ ရေလောင်းပေါင်းသင်ပေးချိန်၊ ရိတ်သိမ်းချိန်ဆိုတာရှိတယ်။ ဘယ်အချိန်မှာ ဘာလုပ်ရမလဲသိဖို့လိုတယ်။ မစိုက်ပျိုးဘဲ ရိတ်သိမ်းဖို့မလွယ်ဘူး။ အချိန်မတိုင်ခင် ရိိတ်သိမ်းတော့အကောင်းဆုံးမရတာမျိုးလဲဖြစ်တတ်တယ်။ ဒါကြောင့် မဟာဗျူဟာတစ်ခုတည်ဆောက်တဲ့အခါ စိတ်ရှည်ရှည်နဲ့ ပုံမှန်လုပ်သွားဖို့လိုတယ်။ဒါကို Strategic Patience လို့ခေါ်တယ်။ Phyo Paing @ Derek

ဒါကို Strategic Patience လို့ခေါ်တယ်။ Read More »

ဒီနေ့က တစ်သက်တာမှာ
အသက်အငယ်ဆုံးနေ့ပဲ။

သန်တုန်းမြန်တုန်းအလုပ်လုပ်နိုင်တုန်းအလုပ်ကိုသေချာလုပ်ရမှာ။ တစ်သက်လုံး အသက်ငယ်နေမှာမဟုတ်သလိုအခုလိုပဲ နုပျိုသန်မာနေမှာမဟုတ်ဘူး။ အချိန်နှောင်းရင်တချို့အလုပ်တွေက လုပ်လို့မလွယ်တော့ဘူး။ ငယ်ရွယ်တုန်းအလုပ်လုပ်ငွေပြန်ပွားပေးနိုင်တဲ့ ပိုင်ဆိုင်မှုတွေရှိထားရင်ဘယ်အချိန် နားနားနားလို့ရနိုင်တယ်။ ဘဝမှာ ပိုင်ဆိုင်မှုတွေ၊ အစွမ်းအစတွေ၊ပညာတွေက ပိုနေရင်ကောင်းတဲ့အရာတွေပဲ။ ဒီနေ့က တစ်သက်တာမှာအသက်အငယ်ဆုံးနေ့ပဲ။ နေသလိုဖြစ်တဲ့ဘဝမှာ သန်တုန်းမြန်တုန်းမှာ ဖြစ်သလိုနေရင်အသက်ကြီးမှ နောင်တရလိမ့်မယ်။ Phyo Paing @ Derek

ဒီနေ့က တစ်သက်တာမှာ
အသက်အငယ်ဆုံးနေ့ပဲ။
Read More »

ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့လိုတယ်။

လောကကြီးသူတို့ကောင်းကျိုးအတွက်သင့်ကို အသုံးချနေတယ်။ KFC, McDonald ကစလို့Cola သကြားရည်နဲ့ လူတွေသောက်သုံးတဲ့အရာတွေကစလို့Facebook, Tik Tok ဒီအရာတွေက သင့်ကိုစွဲလမ်းအောင်လုပ်ထားပြီးSmart Phone Company တွေကသူတို့ဖုန်းသုံးရင် အချိန်ဘယ်လောက်ပိုသုံးတယ်ဒီလိုတောင် တိုင်းတာပြောဆိုကြတယ်။ အရာရာက ကမ္ဘာကြီးတွေရဲ့Profit အမြတ်နောက်လိုက်ရင်းသာမန်လူတွေရဲ့ ဘဝကိုအများကြီးစတေးထားတယ်။ ဒါကြောင့် သာမန်လူတွေကိုဦးနှောက်ဆေးထားတဲ့ လူ့လောကကြီးမှာကိုယ့်အတွက် ကောင်းတာနဲ့ မကောင်းတာဆို မကောင်းတာကိုပိုရွေးချယ်မိတတ်တယ်။ လူအများစုကိုကြည့် မပျော်ဘူး။ လူအများစုကိုကြည့်အကောင်းဆုံး ပုံစံနဲ့စွမ်းရည်မရှိနေဘူး။ လူအများစုကိုကြည့်ကိုယ့်ရဲ့အကောင်းဆုံးအစွမ်းအစကို မထုတ်နိုင်ဘူး။ ဘာကြောင့်လဲဆို အစိုးရဘဲဖြစ်ဖြစ်၊ကမ္ဘာကြီးတွေပဲဖြစ်ဖြစ်၊ စနစ်ကိုဦးဆောင်နေသူပဲဖြစ်ဖြစ်အားလုံးက သင့်အတွက်အရင်စဥ်းစားပေးတာမဟုတ်ပါဘူး။ ကိုယ့်အတွက် ကိုယ်စဥ်းစားဖို့လိုတယ်။ အတုအယောင်တွေကြားမှာယုံကြည်မှုအမှားတွေနဲ့လူတွေကို ထားရာနေစေရာသွားနိုင်ဖို့ ဒီဇိုင်းလုပ်ထားကြတယ်။ ကိုယ့်တာဝန်က ဒါတွေကိုဖောက်ထွက်ပြီးမြင်နိုင်ဖို့။ ကိုယ့်ကို ပလေးနေတဲ့စနစ်ကိုပြန်လည် ပလေးနိုင်ဖို့ အရေးကြီးတာပဲ။ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့လိုတယ်။ Read More »

တစ်သက်စာအတွက်
တစ်ရက်စာနဲ့ စတင်ပါ။

တစ်ရက်စာ။ ဒီတစ်ရက်စာကို အရင်စဥ်းစားတယ်။ ငါနေ့စဥ် ဘယ်လို ဘဝမျိုးနေချင်သလဲ။ ဘယ်လိုမျိုးနေရာမှာဘယ်လိုလူတွေနဲ့ ဝန်းရံမလဲ။ နေ့စဥ် ဘာတွေလုပ်နေချင်သလဲ။တစ်ရက်တာကို ဘယ်လိုခံစားမှုမျိုးနဲ့ဖြတ်သန်းပြီး တစ်ရက်ကုန်သွားတိုင်းကုသိုလ်၊ ဥစ္စာ၊ ပညာဘာတွေကျန်ခဲ့မလဲ။ ဒီလိုနေဖို့အတွက် ကုန်ကျစရိတ်ဘယ်လိုရှိနိုင်မလဲ။ဘယ်လောက်ဝင်ဖို့လိုမလဲ။ တစ်ရက်စာပြီးရင်တစ်သက်စာ စဥ်းစားဖို့လိုလာပြန်တယ်။ ကမ္ဘာကြီးဘယ်လိုအခြေအနေဖြစ်ဖြစ်ကိုယ်ဖြတ်သန်းချင်တဲ့ ဘဝပုံစံဖြစ်တဲ့ဘဝရဲ့ ဇိမ်ခံပစ္စည်း luxury ဖြစ်တဲ့လွတ်လပ်မှုနဲ့ အေးချမ်းမှုရဖို့စိတ်ကို ဘယ်လိုထားဖို့လိုမလဲ။ဘာတွေပြင်ဆင်ဖို့လိုမလဲ။ အနာဂတ်မှာ ကိုယ့်ကို ဒုက္ခပေးနိုင်မည့်အရာတွေကဘာတွေရှိနိုင်မလဲ။ကိုယ့်အတွက် အဆိုးဆုံးဖြစ်နိုင်ခြေဘာတွေရှိနိုင်မလဲ။ဒါတွေကို ဖြစ်လာတဲ့အခါဘယ်လို ရင်ဆိုင်မလဲ။ မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရမလဲ။ ဘဝမှာ ကိုယ့်အနာဂတ်ကို define လုပ် အဓိပ္ပာယ်ဖွင့်မည့်အရာကကိုယ့်ဘဝရဲ့ ပုံစံdesign ပဲ။ တစ်သက်စာအတွက်တစ်ရက်စာနဲ့ စတင်ပါ။ Phyo Paing @ Derek

တစ်သက်စာအတွက်
တစ်ရက်စာနဲ့ စတင်ပါ။
Read More »

တန်ဖိုးရှိတဲ့သူဖြစ်အောင်လုပ်။

တန်ဖိုးရှိတဲ့သူဖြစ်အောင်လုပ်။တန်ဖိုးရှိရင် အသုံးဝင်တယ်။အသုံးဝင်တဲ့သူဖြစ်ဖို့လောက အကျိုးပြုဖို့လိုတယ်။ ကိုယ့်အနေနဲ့ လောကအကျိုးဘယ်လိုပြုမလဲ။ Phyo Paing @ Derek

တန်ဖိုးရှိတဲ့သူဖြစ်အောင်လုပ်။ Read More »