goal

ဆိုးသမျှ အဆိုးဆုံးထဲမှာ
အမြင်ကျဉ်းတာ အဆိုးဆုံးပဲ။

ရည်မှန်းချက်ရှိပြီး ကြိုးစားတိုင်းလိုချင်တာမရရင် မကြိုးစားတော့ဘူး။ အလုပ်လျှောက်ရင်တောင်လျှောက်တဲ့သူတိုင်းရလို့လား။ ဆိုးသမျှ အဆိုးဆုံးထဲမှာအမြင်ကျဉ်းတာ အဆိုးဆုံးပဲ။ Phyo Paing @ Derek

ဆိုးသမျှ အဆိုးဆုံးထဲမှာ
အမြင်ကျဉ်းတာ အဆိုးဆုံးပဲ။
Read More »

ကိုယ့်ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ။
၂၀၂၅ ရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ။

ဟိုယောင်ယောင် ဒီယောင်ယောင်ဆို စိတ်ကို မစုစည်းနိုင်ဘူး။ စုစည်းနိုင်မှုမရှိရင်အာရုံမစူးစိုက်နိုင်ဘူး။ အာရုံမစူးစိုက်နိုင်ရင် စိတ်မကြည်လင်နိုင်ဘူး။ စိတ်မကြည်လင်ရင်အလုပ်လုပ်ရတာ မပျော်နိုင်ဘူး။ ဒါကြောင့် ဟိုယောင်ယောင် ဒီယောင်ယောင်အစားဘဝမှာ တိကျတဲ့ရည်မှန်းချက်ပန်းတိုင်လိုတယ်။ ဗုဒ္ဓအနေနဲ့လဲ သတ္တဝါတွေကယ်တင်ဖို့အချိန်ပေါင်းများစွာ ထပ်တလဲလဲပါရမီဖြည့်ခဲ့တယ်။ ဒီတိကျတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိတယ်။ ကိုယ့်ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ။ ၂၀၂၅ ရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ။ ကောင်းမွန်တဲ့အရာတစ်ခုကိုတည်ဆောက်ဖို့၊မမြင်ရသေးတဲ့အရာတစ်ခု ပုံပေါ်လာဖို့စိတ်ထဲမှာ အရင်တစ်ခုစဥ်းစားရတယ်။နောက်အပြင်မှာတခါဖြစ်တယ်။ Phyo Paing @ Derek

ကိုယ့်ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ။
၂၀၂၅ ရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာလဲ။
Read More »

တစ်ရက်တာအတွက် goal-setting.

ရည်မှန်းချက်ပန်းတိုင် အကြီးကြီးတွေခဏမေ့ထားလိုက်။တစ်ရက်တာကိုဘယ်သူတွေနဲ့၊ဘယ်မှာ၊ဘာတွေလုပ်၊ဘယ်လောက်ငွေဝင်ပြီးဘယ်လို ဖြတ်သန်းချင်သလဲ။​နေ့စဉ်လုပ်နေတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုပဲမြင့်သွားတာ ကောင်းတဲ့အချက်တစ်ခုဖြစ်နိုင်တယ်လို့ထင်တယ်။ ၂၀၂၅၊ ၂၀၂၆၊ ၂၀၂၇အသက်ရှင်နေသေးရင်နောက်လာမည့်နှစ်တွေကိုကိုယ့်ရဲ့တစ်ရက်တာဖြတ်သန်းချင်တဲ့ပုံစံကိုနှစ်အလိုက်၊ လအလိုက် စီမံထားလို့ရနိုင်တယ်။ ဒါက ဒီနောက်ပိုင်းကျင့်သုံးဖြစ်တဲ့တစ်ရက်တာအတွက် goal-setting. Phyo Paing @ Derek

တစ်ရက်တာအတွက် goal-setting. Read More »

ဘဝရဲ့ ပန်းတိုင်ကတော့ရှင်းတယ်။

အသက်ရှင်တုန်းကိုယ့်ရဲ့ အစွမ်းအစဘယ်လောက်ရှိလဲသေချာ သိသွားချင်တယ်။ ဘဝရဲ့ ပန်းတိုင်ကဒါပဲ။ အစွမ်းအစ ထွက်လာမထွက်လာက“လူတွေ မမှတ်မိလောက်အောင်တိုးတက် မတိုးတက်နဲ့ ကြည့်တယ်။” အင်္ဂလိပ်လို မပြောတတ်ရာကမွတ်နေအောင်။ခန္ဓာကိုယ်ပုံပျက်နေရာကကျန်းမာသန်စွမ်းနေအောင်။ချွတ်ခြုံကျနေရာမှငွေကြေး တိုးတက်နေအောင်။တိုင်ပတ်တဲ့ အချစ်ရေးမှပျော်ရွင်တဲ့ စိတ်အေးချမ်းမှု။ ဒါတွေအားလုံးလုပ်ဖို့ တိုးတက်ရေးအရေးကြီးတယ်။ လူတိုင်းကို အပြောင်းအလဲလုပ်နိုင်ဖို့မလွယ်ဘူး။ ကိုယ့်မိဘ၊ မောင်နှမ၊ သားသမီးတောင်ပြင်ဖို့ သိပ်မလွယ်တာလူတိုင်းပြင်ဖို့ဆိုတာ မလွယ်ဘူး။ဒီတော့ ပြင်ချင်တဲ့သူကိုပဲ ကူညီဖို့ဆုံးဖြတ်တယ်။ တခြားသူတွေက ကိုယ့်ထိန်းချုပ်မှုအောက်မရှိဘူး။ ကိုယ့်ဘဝဘဲ ကိုယ့်ထိန်းချုပ်မှုအောက်ရှိတယ်။ဒါကိုဘဲ အာရုံစိုက်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ဘဝရဲ့ ပန်းတိုင်ကတော့ရှင်းတယ်။ Read More »

ရည်မှန်းချက်ပန်းတိုင်ချမှတ်ပါ။

ဒီနေ့ကစတင်ပြီး ရည်မှန်းချက်ပန်းတိုင်ချမှတ်ပါ။ လမ်းပျောက်နေလား။ရည်မှန်းချက်ချမှတ်ပါ။ လောကကို စိတ်တိုင်းမကျဖြစ်နေသလား။ရည်မှန်းချက်ချမှတ်ပါ။ ရည်မှန်းချက်ချမှတ်ခြင်းအကျိုးကျေးဇူးများစွာရှိပါတယ်။ 1. စွမ်းဆောင်ရည်မြှင့်တင်ခြင်း:    – Locke နှင့် Latham (2002) ၏ လေ့လာမှုအရ ရည်မှန်းချက်ချမှတ်ခြင်းသည် လူတစ်ဦး၏ စွမ်းဆောင်ရည်ကို 11-25% အထိ တိုးတက်စေနိုင်ကြောင်း တွေ့ရှိခဲ့သည်။ 2. **စိတ်ဓာတ်ခွန်အားမြှင့်တင်ခြင်း:**    – Morisano et al. (2010) ၏ သုတေသနအရ တိကျသော ရည်မှန်းချက်များ ချမှတ်ခြင်းသည် ကျောင်းသားများ၏ စိတ်ဓာတ်ခွန်အားနှင့် ပညာရေးအဆင့်အတန်းကို သိသိသာသာ တိုးတက်စေကြောင်း တွေ့ရှိခဲ့သည်။ 3. **အာရုံစူးစိုက်မှု တိုးတက်စေခြင်း:**    – Zimmerman (2008) ၏ လေ့လာမှုတွင် ရည်မှန်းချက်ချမှတ်ခြင်းသည် ကိုယ်တိုင်ထိန်းကျောင်းနိုင်စွမ်းနှင့် အာရုံစူးစိုက်မှုကို တိုးတက်စေကြောင်း

ရည်မှန်းချက်ပန်းတိုင်ချမှတ်ပါ။ Read More »

ပိုကောင်းတဲ့ အနာဂတ်အတွက်
ပစ္စုပ္ပန်ကို ပေးဆပ်ရင်းနှီးမြုပ်နှံရဲလာတယ်။

ယောကျာ်းတစ်ယောက်မှာကိုယ့်ရဲ့သမိုင်းပေးတာဝန်ရှိသွားသိသွားတဲ့အခါအရင်လို မဟုတ်တော့ဘူး။ဘဝက ပိုပြတ်သားလာတယ်။သွားရမည့်လမ်းပိုရှင်းလင်းလာတယ်။ရွေးချယ်မှုကောင်းတွေ ပိုလုပ်လာနိုင်တယ်။စွန့်လွှတ်ရဲတာတွေ စွန့်လွှတ်တတ်လာတယ်။ပိုကောင်းတဲ့ အနာဂတ်အတွက်ပစ္စုပ္ပန်ကို ပေးဆပ်ရင်းနှီးမြုပ်နှံရဲလာတယ်။အမျိုးသမီးတွေ၊ ဘယ်သူမဆိုတူတူပဲလို့ ထင်တယ်။ Phyo Paing @ Derek

ပိုကောင်းတဲ့ အနာဂတ်အတွက်
ပစ္စုပ္ပန်ကို ပေးဆပ်ရင်းနှီးမြုပ်နှံရဲလာတယ်။
Read More »

ကိုယ့်ကို ဘယ်လို treat လုပ်ရမလဲဆိုတာကြိုတင်သတ်မှတ်ထားဖို့လိုတယ်။

ကိုယ့်ကို ဘယ်လို treat လုပ်ရမလဲဆိုတာကြိုတင်သတ်မှတ်ထားဖို့လိုတယ်။ လူတွေ ကိုယ့်ကို ဆက်ဆံတဲ့အခါမကြိုက်တဲ့ ပုံစံတွေ ရှိတတ်တယ်။ကျွန်တော်တို့ကို ဘယ်လို treat လုပ်ရမယ်ဒီ အထာတွေ ရှိတယ်။ တခါတလေ လူမှုရေးအရသတိမပြုမိတဲ့ သူတွေရှိတတ်တယ်။​ ကိုယ်မကြိုက်တဲ့အရာဆိုချက်ချင်း အားမနာပဲ ပြောဖို့လိိိုတတ်တယ်။“ချက်ချင်း” ဆိုတာ အရေးကြီးတယ်။ရင်ထဲမှာ မအောင်းထားဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကို ဘယ်လို treat လုပ်ရမလဲဆိုတာကြိုတင်သတ်မှတ်ထားဖို့လိုတယ်။ Read More »

စိတ်ဓာတ်တွေ အောက်ဆုံးရောက်လဲကိုယ့်ကိုယ်ကိုယ် ပြန်သတိပေး

စိတ်ဓာတ်တွေ အောက်ဆုံးရောက်လဲကိုယ့်ကိုယ်ကိုယ် ပြန်သတိပေး။အပြစ်မတင်နဲ့။အဖြေရှာလို့။လောကဓံကြောင့် ပြိုလဲချင်ပြိုလဲလိုက်။သန်မာချင် သန်မာလိုက်။ကိုယ်ကြိုက်တာ ကိုယ့်ရွေးချယ်မှုပဲ။ ၁။ စကားပြောဖော်အချင်းချင်းအားပေးတိုင်ပင်စရာ အသိုင်းအဝိုင်းလိုတယ်။ ၂။ ကြောက်စိတ်တွေပေါ်တိုင်းငါ့ဒိန်ခဲ ဘယ်သူရွေ့လိုက်သလဲWho moved my cheese? ပုံပြင်ပေးသတိရ။(မသိသေးရင်လဲ YouTube မှာVideo လေးတင်ထားပေးပါတယ်။) ၃။ အမြဲတမ်း အရေးပေါ်သုံးဖို့Emergency fund ကိုကျပ်ငွေနဲ့ မဟုတ်ပဲတခြားပိုင်ဆိုင်မှုတစ်ခုနဲ့ ဆောင်ထား။ Phyo Paing @ Derek

စိတ်ဓာတ်တွေ အောက်ဆုံးရောက်လဲကိုယ့်ကိုယ်ကိုယ် ပြန်သတိပေး Read More »

သဟဇာတဖြစ်ဖို့လိုတယ်။

ရည်မှန်းချက်ပန်းတိုင်ရောက်မှပျော်နေမည့်အစားပန်းတိုင်သွားရင်းပျော်လို့ရတယ်။ ဒီလိုဖြစ်ဖို့ ကျန်းမာရေး၊ဝမ်းစာရေးနဲ့ ဝမ်းသာရေး သဟဇာတဖြစ်ဖို့လိုတယ်။ ဒီအဆင့်ရောက်ဖို့ အဆင့်လေးဆင့် ၁။ရွာပြင်ထွက်၂။ ပြန်မွေးဖွားဖို့သန္ဓေတည်(ပျော်ရာမှာ မနေရသေးခင်တော်ရာမှာနေ။)၃။ ပြန်လည်မွေးဖွား ပြီးပန်းတိုင်သွားရင်းပျော်၄။ အိပ်မက်တွေ တစ်ခုပြီးတစ်ခုအကောင်အထည်ဖော်။ Phyo Paing @ Derek

သဟဇာတဖြစ်ဖို့လိုတယ်။ Read More »