goal

အိမ်မက်၊ပန်းတိုင်၊ရည်မှန်းချက်

အိမ်မက် = Dream ပန်းတိုင် = Goal ရည်မှန်းချက် = Objective ငါချမ်းသာချင်တယ်။ ဒါက အိမ်မက်။ ပိုင်ဆိုင်မှု ____ ကို ဘယ်အချိန်မှာ ပိုင်ဆိုင်ရမယ်။ ဒါက ပန်းတိုင်။ ဝင်ငွေနဲ့ ချမ်းသာကြွယ်ဝမှု ဒီလောက်ရှိဖို့၁။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအသစ်တစ်ခု ဒီနှစ်မှာထုတ်မယ်။၂။ လုပ်ငန်းကို စနစ်သေချာချပြီး အလေအလွင့်နည်းအောင်လုပ်မယ်။၃။ ဝန်ထမ်းတွေကို သေချာလေ့ကျင့်ပေးမယ်။ ၄။ လစဥ်ဝင်ငွေရဲ့ ၂၀% ကို ကိုယ့်အတွက် စုဆောင်းမယ်။ ဒါက ရည်မှန်းချက်။ I want to be prosperous.This is a dream. I must own [something] at some point.This is a

အိမ်မက်၊ပန်းတိုင်၊ရည်မှန်းချက် Read More »

ကိုယ့်ရဲ့ နှစ်စဥ်ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့

ကိုယ်နေ့စဥ်လုပ်နေတဲ့အလုပ်တွေ၊ အပတ်စဥ်၊ လစဥ်လုပ်နေတဲ့အလုပ်တွေက ၂၀၂၄ ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့နီးသွားစေသလား? ကိုယ့်ရဲ့ နှစ်စဥ်ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့၁။ နေ့စဥ်တွေး၂။ နေ့စဥ် ကြံ၃။ နေ့စဥ်လုပ်၄။ နေ့စဥ်ပြန်လည်သုံးသပ်၅။ နေ့စဥ် အသစ်သင်ယူပြီး အသုံးချဖို့လိုတတ်တယ်။ Are the tasks being carried out daily, weekly, and monthly edging closer to the 2024 goals? To reach the yearly targets, there’s a need to: Reflect each dayPlan on a daily basisTake action every dayConduct daily reviewsContinuously learn and

ကိုယ့်ရဲ့ နှစ်စဥ်ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့ Read More »

ဘဝရဲ့ ရည်ရွယ်ချက်

ဘဝရဲ့ ရည်ရွယ်ချက်ကတဒင်္ဂသာယာမှုတွေထက်အများကြီးပိုအရေးကြီးတယ်။ ခဏလောက် မကောင်းမှုဖက်ပျော်ချင်၊ပျက်ချင်စိတ်တွေ၊မလိုအပ်ပဲအနားယူချင်၊ ရပ်လိုက်ချင်၊အဖျက်စိတ်ခံစားမှုတွေကိုတွန်းလှန်နိုင်ဖို့ခိုင်မာတဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့သမိုင်းပေးတာဝန် မစ်ရှင်တွေလိုတယ်။ အသက် ၆၀ နဲ့ ၁၀၀ ကြားလူလာဖြစ်တာဒီအတိုင်းသေသွားလို့တော့လူဖြစ်ရကျိုးနပ်မှာ မဟုတ်ဘူး။ Phyo Paing @ Derek

ဘဝရဲ့ ရည်ရွယ်ချက် Read More »

စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ဖို့ ဒီလေးချက်လိုတယ်။

Mindset နဲ့ Skillset တင်မရဘူး။​ ဒီနောက်ကွယ်ကရှိတဲ့ Physical, Mental, Emotional and Spiritual fitness ကောင်းဖို့လဲလိုတယ်။ စိတ်အမြင်သဘောထားတွေ ကောင်းနေပြီး ကျန်းမာရေးမကောင်းရင်လဲ​ စွမ်းဆောင်ရည်မမြင့်ဘူး။ အတွေးမရှင်းရင်လဲ​ စွမ်းဆောင်ရည်ကောင်းဖို့မလွယ်ဘူး။ ဦးနှောက်အာရုံနောက်နေတဲ့ အချိန်မျိုး လူတိုင်းဖြစ်ဖူးကြတယ်။ ဒါက အိပ်ရေးမဝလို့၊ အစားအသောက်ကြောင့်၊​ ဒါမှမဟုတ် ဆေးဝါးကြောင့်ဖြစ်တတ်တယ်။ ဒါကလဲ ဂရုစိုက်ဖို့လိုတယ်။ နောက် စိတ်ခံစားမှုမကောင်းရင်၊ ရည်းစားနဲ့ပြတ်ထားရင်လဲ စိတ်ခံစားမှုက မကောင်းဘူး။ နောက် ဘဝမှာ တစ်ရက်တစ်ရက် အသက်ရှင်နေပြီး ဘာကြောင့်အသက်ရှင်နေလဲ ရည်မှန်းချက်မရှိရင်လဲ စွမ်းဆောင်ရည်က အကန့်အသတ်ရှိတယ်။ Phyo Paing @ Derek

စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ဖို့ ဒီလေးချက်လိုတယ်။ Read More »

ဘွဲ့တစ်ခုအစား ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်း
အတတ်ပညာ ကျွမ်းကျင်မှုအပေါ်ထားဖို့လိုတယ်လို့မြင်တယ်။

လူငယ်တွေအတွက် ဆင်းရဲမှုတိုက်ဖျက်ပြီးကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ အချက် ၅ ချက် ၁။ ဖုန်းကို အကောင်းဆုံးအသုံးပြုဖို့လိုတယ်။ ၂။ အင်္ဂလိပ်စာကို မဖြစ်မနေလေ့လာဖို့လိုတယ်။ အကောင်းဆုံးလေ့လာနည်းက ကိုးတန်းနဲ့ ဆယ်တန်း အင်္ဂလိပ်စာကျောင်းစာအုပ်က နေစတင်လေ့လာကြည့်ပါ။ ၃။ အခမဲ့လေ့လာလို့ရတဲ့ နေရာတွေကိုသိထားပါ။ ဥပမာ khanacademy တို့၊Youtube မှာ တန်ဖိုးရှိတဲ့ channel တွေ၊ နောက် Duolingo မှာဆို ဘာသာစကားတွေ အခမဲ့လေ့လာလို့ရတယ်။ Google Prime မှာဆို မားကတ်တင်းလေ့လာလို့ရတယ်။ ၄။ ပိုက်ဆံလေးစုမိရင် laptop ဝယ်ပါ။ ဒီကတဆင့် အလွတ်တန်းသမားအနေနဲ့ လုပ်လို့ရနိုင်တဲ့ အလုပ်တွေကို လုပ်ပါ။ ဒီနေ့ခေတ်မှာ Social Media Page ကိုင်ပေးတာ၊ဗီဒီယိုတီးဖြတ် လုပ်လို့ရတာအများကြီးရှိပါတယ်။ ၅။ အချိန်လုံးဝမဖြုန်းပါနဲ့။ အညီအဟောက်တွေနဲ့ အတင်းအဖျင်းတွေကိုယ့်ဘဝကို အလွမ်းမိုးမခံပါနဲ့။

ဘွဲ့တစ်ခုအစား ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်း
အတတ်ပညာ ကျွမ်းကျင်မှုအပေါ်ထားဖို့လိုတယ်လို့မြင်တယ်။
Read More »

လူ့ဘောင်ကို ငါးပိုင်းပိုင်းကြည့်ရင်

လူ့ဘောင်ကို ငါးပိုင်းပိုင်းကြည့်ရင် ၁။ တခြားသူတွေ တခြားသူတွေကိုဘယ်လိုပြောနေလဲဆိုတာပဲစဉ်းစားတွေးတောအချိန်အများစုကုန်နေတဲ့သူ ၂။ တခြားသူတွေအကြောင်းပြောရင်းအာရုံစိုက်မှုရှာ သို့ ငွေရှာ​နေတဲ့သူတွေ ၃။ ကိုယ့်ဘဝဖြစ်ချင်တာကို ရှာဖွေပြီးမတွေ့သေးတဲ့သူ ၄။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်တွေမှာအာရုံကို အာဏာကုန်စိုက်ဖြစ်အောင်လုပ်နေတဲ့သူ ၅။ ဘဝရဲ့အောင်မြင်မှုအတွေ့အကြုံတွေကိုအနာဂတ်လူငယ်တွေအတွက် ပြန်မျှဝေ​ပေးတဲ့သူ Phyo Paing @ Derek

လူ့ဘောင်ကို ငါးပိုင်းပိုင်းကြည့်ရင် Read More »

အရေးမပါတာတွေကို အရာပိုပေးဖြစ်လိမ့်မယ်

မင်းရဲ့ ၂၀၂၄ ရဲ့ ရည်မှန်းချက်ပန်းတိုင်ကဘာလဲမေးလိုက်ရင် ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်းခေါင်းထဲက ထွက်လာဖို့ကိုယ့်ကိုယ်ကို လေ့ကျင့်ထားဖို့လိုတယ်။ဘဝကို ရည်ရွယ်ချက်ရှိရှိမဖြတ်သန်းရင်အရေးမပါတာတွေကို အရာပိုပေးဖြစ်လိမ့်မယ်။ Phyo Paing @ Derek

အရေးမပါတာတွေကို အရာပိုပေးဖြစ်လိမ့်မယ် Read More »

အရေးအကြီးဆုံးက “အချိန်” မဟုတ်ဘူး

အောင်မြင်ဖို့အတွက်အရေးအကြီးဆုံးက “အချိန်” မဟုတ်ဘူး။“အကြိမ်ရေ”။ အင်္ဂလိပ်စာတတ်ဖို့ အချိန်ဘယ်လောက်ပေးရမလဲ။သူငယ်တန်းကတည်းက သင်လာတာ။၁၂ နှစ်မကတော့ဘူး။အရေးကြီးတာ ဘယ်နှစ်ကြိမ်ဖတ်သလဲ။ဘယ်နှစ်ကြိမ်ရေးသလဲ။ဘယ်နှစ်ကြိမ်ပြောသလဲ။ စီးပွားရေးလုပ်တဲ့အခါလဲ အလားတူပဲ။အလုပ်မဖြစ်တဲ့ အကြိမ်ရေတွေကသင်ခန်းစာယူတဲ့အခါလိုချင်တာရဖို့ ပိုပိုနီးစပ်သွားတယ်။ ဒါကို ဒီနေ့ခေတ် စွန့်ဦးတီထွင်တွေ၊မားကတ်တင်းသမားတွေ၊နည်းပညာသမားတွေကiterative process လို့ခေါ်တယ်။ တစ်ခါလုပ်တယ်။သင်ခန်းစာယူတယ်။ပိုကောင်းအောင်ပြန်လုပ်တယ်။Eric Ries ရဲ့ The Lean Startup Methodology အရဆိုBuild – Measure – Learn ပေါ့။တည်ဆောက် – တိုင်းတာ – သင်ယူဒါကို ထပ်ခါထပ်ခါလုပ်။ Phyo Paing @ Derek

အရေးအကြီးဆုံးက “အချိန်” မဟုတ်ဘူး Read More »

တင်းတိမ်မှုစံနှုန်း

လူတိုင်းက တင်းတိမ်ကြတာပဲ။တင်းတိမ်မှု အဆင့်ပဲ မတူတာ။တချို့က အမှတ် ၄၀ နဲ့ တင်းတိမ်တယ်။တချို့က အမှတ် ၈၀ ဂုဏ်ထူးထွက်မှ။တစ်ယောက်နဲ့ တစ်ယောက်ကိုယ့်ဘဝကိုယ်ထားတဲ့ တင်းတိမ်မှုစံနှုန်း မတူကြဘူး။ Phyo Paing @ Derek

တင်းတိမ်မှုစံနှုန်း Read More »