ကိုယ်လိုချင်တာရတာထက်
ကိုယ်နဲ့ထိုက်တန်တာပဲရကြတယ်
လိုချင်တာရဖို့လူတွေကြိုးစားကြတယ်။တချို့ကရတယ်။တချို့က မရကြဘူး။ ဘာကြောင့်လဲအဖြေရှာရင်လိုချင်တာရဖို့ ကိုယ်လိုချင်တဲ့အရာနဲ့“ထိုက်တန်တဲ့သူ” ဖြစ်ဖို့လိုတယ်။ တချို့ Law of attractionကိုယ်လိုချင်တာကို အာရုံပြုဘဝထဲကို တဖြည်းဖြည်းရောက်လာမယ်ယုံကြည်ကြတယ်။မှန်သင့်သလောက်မှန်တယ်။ တချို့က Law of actionလိုချင်တာရဖို့ ကြိုးစားအားထုတ်မှုလိုတယ်။လိုချင်တာရဖို့ အလုပ်ကိုအပြင်းအထန်လုပ်တယ်။ဒါကလဲ မှန်သင့်သလောက်မှန်တယ်။ ကမ္ဘာကျော်စာအုပ် ဖြစ်တဲ့စာရေးဆရာ ဂျိမ်းကလိယာ James Clear ရဲ့Atomic Habits စာအုပ်ထဲမှာလူတွေက ကိုယ်လိုချင်တာ (outcome) ရဖို့အမြဲလုပ်ရတဲ့လုပ်ငန်းစဥ် (process) တွေရှိတယ်။ဒီလုပ်ငန်းစဥ်တွေကို လုပ်ဖြစ်တာ၊မလုပ်ဖြစ်တာက Identity လို့ခေါ်တဲ့ကိုယ်ဘယ်သူလဲဆိုတဲ့ အမြင်နဲ့ဆိုင်သွားတယ်။ လိုချင်တာအာရုံပြုရုံနဲ့ရမယ်ဆိုရင်ကမ္ဘာ့ဘောလုံးအသင်းတိုင်းကမ္ဘာ့ဖလားရနေမှာမဟုတ်လား။Law of attraction ဆိုတာစိတ်ပညာအရ ကိုယ်ယုံကြည်တာကိုမြင်တဲ့confirmation bias က လာတယ်လို့ဆိုတယ်။ ဒါကြောင့် ကိုယ်လိုချင်တာရဖို့စိတ်ကူးပဲယဥ်နေလို့မရဘူး။ကိုယ်လိုချင်တာရဖို့လိုချင်တာနဲ့ ထိုက်တန်တဲ့သူဖြစ်အောင်ဒီဇိုင်းလုပ်ဖို့လိုတယ်။ ကိုယ်လိုချင်တဲ့ဘဝပုံစံနဲ့ထိုက်တန်တဲ့သူဖြစ်ဖို့၁။ နေ့စဥ် ဘာတွေလုပ်ရမလဲ။၂။ ဘာတွေ ခေါင်းထဲထည့်ရမလဲ။၃။ ဘာတွေယုံကြည်ရမလဲ။၄။ ဘာတွေကို ရှောင်ရှားရမလဲ။၅။ ဘယ်သူတွေနဲ့ […]
ကိုယ်လိုချင်တာရတာထက်
ကိုယ်နဲ့ထိုက်တန်တာပဲရကြတယ် Read More »
