knowledge

ကိုယ်တည်ဆောက်နေတဲ့ အိမ်ကောင်းတစ်လုံးက
လှိုင်းလုံးတစ်ချက်ကြောင့် ကြေမွသွားနိုင်တယ်

လွန်ခဲ့တဲ့ သုံးနှစ်ကသိန်း ၁၃၀၀၀ လောက်ဆိုဒေါ်လာနဲ့ မီလီယံနာဖြစ်ပြီ။ နောက် မီလီယံဒေါ်လာက၂၀၂၁ နှစ်အလယ်မှာ သိန်း ၁၈၀၀၀။နောက် သိန်း ၂၁၀၀၀။နောင် သိန်း ၃၀၀၀၀။အခု သိန်း ၃၄၀၀၀။လကုန်တော့ မပြောတတ်ဘူး။ အခုက မော်ဒယ်မြင့် Lexus တောင်သိန်း ၁၀၀၀၀ ကျော်နေပြီ။ ဒီနှစ်နှစ်၊ သုံးနှစ် အတွင်းမှာကိုယ့်ဝင်ငွေ ၃ ဆ တက်လာလားပြန်ကြည့်ရမှာ။သုံးဆမတတ်လာရင်တိုးတက်နေတာ အစစ်ဟုတ်ချင်မှဟုတ်မှာ။ နောက်တစ်ခုက “savers are losers” ဆိုတာအမှန်ပဲ။ငွေစုတဲ့သူတွေက ရှုံးတဲ့သူတဲ့။ ချမ်းသာဖို့တစ်ခုတည်းအတွက်ပဲစဉ်းစားပြီးအလုပ်လုပ်မယ်ဆိုမြန်မာပြည်မှာ ချမ်းသာတဲ့သူတွေကဘယ်လိုလူတွေလဲ ကြည့်ကြည့်။ဘာအလုပ်တွေ လုပ်ကြလဲအခု ၃၀ လောက်ချရေးကြည့်။သူတို့ ဘယ်လိုစဉ်းစားလဲချရေးကြည့်။ကိုယ်ဘာတွေလုပ်မလဲ ပြန်သုံးသပ်ကြည့်။ ဘာကြောင့်လဲဆိုတော့ကိုယ့်ဆီက စီးပွါးရေးကနိုင်ငံခြား economics သီအိုရီနဲ့နည်းနည်းလွဲနိုင်တယ်။နိုင်ငံတကာမှာ ကားလိုမျိုးပစ္စည်းကိုတန်ဖိုးကျသွားတာနဲ့ နှိုင်းယှဉ်ပေမယ့်ငွေတန်ဖိုးထက် မကျသွားတော့ကားတို့ဖက်မှာ ဝယ်ယူရင်းနှီးကြပြန်တယ်။ စျေးကွက်အသွားအလာသိတဲ့သူတွေကမျက်ဖြူစိုက်လေ ဆရာကြိုက်လေဖြစ်နေတတ်တယ်။ ကိုယ့်စီးပွါးရေး […]

ကိုယ်တည်ဆောက်နေတဲ့ အိမ်ကောင်းတစ်လုံးက
လှိုင်းလုံးတစ်ချက်ကြောင့် ကြေမွသွားနိုင်တယ်
Read More »

ကိုယ့်တာဝန်ဖြစ်တဲ့
၅၀% ကို အပြည့်ယူဖို့လိုတယ်

ဘဝမှာ ထိန်းချုပ်လို့ရတာနဲ့ထိန်းချုပ်လို့မရတာရှိတယ်။ဒါကြောင့် ကိုယ့်တာဝန်ဖြစ်တဲ့၅၀% ကို အပြည့်ယူဖို့လိုတယ်။ ဒီလိုလေးစဉ်းစားလို့ရမလားမသိဘူး။C. Ronaldo က ဘောလုံးမှာသူ့ကျွမ်းကျင်မှုကို မေးခွန်းထုတ်ဖို့မလိုအောင်အားလုံးအသိအမှတ်ပြုကြတယ်။အဲ့လိုကျွမ်းကျင်အောင်လဲဘယ်လိုလေ့ကျင့်လဲ အားလုံးသိပြီးသားပဲ။သူ့ကိုကြိုက်တာ မကြိုက်တာမက်ဆီနဲ့နှိုင်းယှဉ်တာက တစ်ပိုင်းပဲ။ ဘောလုံးက team sports ဖြစ်တဲ့အတွက်ကမ္ဘာ့ဖလားရ၊ မရကတော့သူ့ထိန်းချုပ်မှုအောက်မှာ အကုန်မရှိဘူးလို့သေချာတွေးကြည့်ရင် စဉ်းစားလို့နိုင်လောက်တယ်။ အဓိကပြောချင်တာကကိုယ့်တာဝန် ၅၀% ကို အပြည့်ယူပြီးကျန်တဲ့ ၅၀% ကို ကံတရားကအဆုံးအဖြတ်ပေးတာကို လက်ခံလိုက်တာကောင်းတယ်လို့ထင်တယ်။ Phyo Paing @ Derek

ကိုယ့်တာဝန်ဖြစ်တဲ့
၅၀% ကို အပြည့်ယူဖို့လိုတယ်
Read More »

အိမ်မက်တွေကို အာရုံစိုက်ဖို့
အရေးကြီးတယ်

နှလုံးသားထဲက voice ကအပြင်ဆူညံသံ noise တွေထက်ပိုကျယ်မှရမယ်။စိတ်ရှည်ရမယ်။နေ့တိုင်းဘဝအတွက်ကျန်းမာရေး၊ အလုပ်အကိုင်၊ငွေရေးကြေးရေး၊ ပေါင်းသင်းဆက်ဆံရေးတိုးတက်နေရမယ်။လွယ်ကူတဲ့ အလုပ်တွေပဲလုပ်နေရင်ဘဝက ခက်ခဲလိမ့်မယ်။ခက်ခဲတဲ့အလုပ်တွေကို လုပ်ဆောင်အောင်မြင်ရင်ဘဝက လွယ်ကူသွားလိမ့်မယ်။ Phyo Paing @ Derek

အိမ်မက်တွေကို အာရုံစိုက်ဖို့
အရေးကြီးတယ်
Read More »

လူတွေက ကိုယ့်ပြဿနာ
ကိုယ်ဖြေရှင်းဖို့ ကြိုးစားကြတယ်

လူတွေက ကိုယ့်ပြဿနာကိုယ်ဖြေရှင်းဖို့ ကြိုးစားကြတယ်။စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကြောင့်သမီးရည်းစား၊ လင်မယားထားကြတယ်။ခန္ဓာကိုယ်လိုအပ်ချက်၊စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်၊လူမှုရေးလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ကြိုးစားကြတယ်။ လိုချင်တာ မရရင် ဒုက္ခပဲ။လိုအပ်တာ မရရင်လဲဒုက္ခပဲ။ဒါကြောင့် ဗုဒ္ဓက ဘဝဆိုတာ ဒုက္ခလို့ဆိုမိန့်ပြီး သစ္စာလေးပါးကိုဟောကြားတယ်။ဘဝဆိုတာ ဒုက်ခ၊ဒုက္ခဆိုတာ တပ်မက်မှုတဏှာကလာတယ်။ဒုက္ခတွေ ချုပ်ငြိမ်းရာရှိတယ်။ဒါကို နိဗ္ဗာန်လို့ခေါ်တယ်။ဒါကိုသွားဖို့ လမ်းရှိတယ်။ဒါကို မဂ္ဂင်ရှစ်ပါးလို့ခေါ်တယ်။ ဗုဒ္ဓရဲ့ ဘဝရဲ့ ပြဿနာတွေကိုဖြေရှင်းနည်းက တစ်မျိုးဖြစ်တယ်။လူတွေယုံကြည်ထားတဲ့ ဒုက္ခတွေကိုဒသင်္ဂသွားဖြေရှင်းတဲ့နည်းမဟုတ်ဘူး။ ကျွန်တော်တို့က ဗိုက်ဆာရင်စားတယ်။လိုချင်ရင် ဝယ်နိုင်အောင်ကြိုးစားတယ်။ရချင်ရင် ရအောင်နည်းလမ်းရှာပြီးကိုယ့် “ချင်တယ်” ဆိုတဲ့ စိတ်ထဲကပြဿနာကိုဖြေရှင်းတယ်။ ဗုဒ္ဓအနေနဲ့ကျတော့ လူတွေရဲ့ခဏတာ ပြဿနာတွေဖြေရှင်းဖို့ထက်ဒီပြဿာကြီးက ဘယ်ကစလဲဆိုတဲ့ဇစ်မြစ်ကို ရှာတယ်။ဒါဇစ်မြစ်ကို တစ်ခါတည်းဖယ်နိုင်အောင်လုပ်တယ်။ ကျွန်တော်တို့ဘဝမှာ အမြင်မမှန်တဲ့အတွက်အမှန်မမြင်တဲ့ အချိန်တွေအများကြီးပဲ။ဒါကြောင့် ဒုက္ခကအမြင်မမှန်တာကို ဒိဋ္ဌိ လို့ခေါ်တယ်။အယူမှား။အယူမှားဆိုတာ ဘာလဲဆိုရင်ကိုယ်ဖြေရှင်းချင်တဲ့ပြဿနာကိုပိုဝေးသွားစေတဲ့ အယူအဆ။ ဒါကတော့ တရုတ်ကြီးနားလည်တဲ့ဗုဒ်ဓဘာသာ။ Phyo Paing @ Derek

လူတွေက ကိုယ့်ပြဿနာ
ကိုယ်ဖြေရှင်းဖို့ ကြိုးစားကြတယ်
Read More »

“သတင်းအချက်အလက်” တွေက
လူတွေကို အပြောင်းအလဲဖြစ်စေနိုင်တယ်။

သတင်းအချက်အလက်တွေပေါ်မူတည်ပြီး“သေချာစုစည်း” နိုင်ရင် “ပညာ”ဖြစ်တယ်။ပညာက အရာရာကို သတိပြုနားလည်သဘောပေါက်ခွဲခြားစိတ်ဖြာလုပ်ဆောင်နိုင်စွမ်းကိုပေးတယ်။ ဒီ ပညာကို နေ့စဥ်အသုံးချမှုလုပ်ဆောင်ပြီးလေ့ကျင့်ရင် အချိန်တစ်ခုရောက်ရင်ကျွမ်းကျင်မှု တစ်ခုဖြစ်တယ်။ နေ့စဥ် သတင်းအချက်အလက်အသစ်တွေနဲ့ကိုယ့်ရဲ့ “ပညာဘဏ်” knowledge bank ကို တိုးတက်အောင် လုပ်ပြီးကိုယ်လုပ်တဲ့အလုပ် နေ့စဥ်ပိုကျွမ်းကျင်ရမယ်။Skill ပိုတိုးတက်လာရမယ်။ Phyo Paing @ Derek

“သတင်းအချက်အလက်” တွေက
လူတွေကို အပြောင်းအလဲဖြစ်စေနိုင်တယ်။
Read More »

အိမ်ထောင်ရေးဖောက်ပြန်မှုကင်းတဲ့
ဘဝတစ်ခု ဘယ်လိုတည်ဆောက်မလဲတဲ့

ဒီနေ့ အိမ်ထောင်ရေးစာအုပ်ဖတ်တော့စာအုပ်ရေ နှစ်သန်းကျော်ရောင်းရပြီးဖြစ်တဲ့Willard F. Harley ရဲ့His needs, Her needs ကိုသွားတွေ့တယ်။ အိမ်ထောင်ဇာတ်ကားလဲနာမည်ကြီးနေတော့အားတီ၊ အားမေတို့အတွက်နည်းနည်းပြန်မျှဝေကြည့်မယ်နော်။ အိမ်ထောင်ရေးဖောက်ပြန်မှုကင်းတဲ့ဘဝတစ်ခု ဘယ်လိုတည်ဆောက်မလဲတဲ့။ သူ counselling လုပ်ခဲ့တဲ့အတွေ့အကြုံတွေကနေ အိမ်ထောင်ရေးတစ်ခုသာယာဖို့ယောကျာ်းတစ်ယောက်ဆိုရင် ၁။ Affection အမျိုးသမီးကို ချစ်မြတ်နိုးကြောင်းပြသမှုတွေလိုတယ်တဲ့။ပန်းပေးတာ၊ လက်ဆောင်ပေးတာ၊စကားလုံးတွေနဲ့ ချီးမွမ်းတာ၊ဖက်တာ၊ နမ်းတာ နေ့စဥ်တွေ့တိုင်းချစ်ကြောင်းပြသဖို့လိုတယ်တဲ့။ ၂။ Conversation အချိန်တစ်ခုပေးပြီးသူ့အကြောင်း၊ ကလေးတွေအကြောင်းနားထောင်ပေးဖို့လိုတယ်။အကဲဖြတ်အကြံပေးချင်စိတ်ကိုဖျောက်။သူ့ခံစားချက်တွေကို သေချာနားထောင်ပေးတဲ့။ ၃။ Honesty and Opennessစိတ်ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြဖို့လိုတယ်တဲ့။ဘယ်နေ့မှာဘာလုပ်စရာရှိတယ်။ဘယ်သွားစရာရှိတယ်။ကိုယ့်ရဲ့ ကောင်းတဲ့ခံစားချက်၊​ဆိုးတဲ့ခံစားချက်၊ အတိတ်ကအကြောင်း၊အနာဂတ်ရည်မှန်းချက်တွေကိုလဲပြောပြထားဖို့လိုတယ်။ဒါမှ တခုခုဆို အံ့အားသင့်မှုမဖြစ်စေမှာတဲ့။ ၄။ Financial support ငွေကြေးထောက်ပံ့မှု။တကယ်လို့ အမျိုးသားအနေနဲ့အိမ်ထောင်မှုဆိုင်ရာငွေကြေးအားလုံးကိုတစ်ယောက်တည်း ထောက်ပံ့မှုမလုပ်နိုင်ရင်မရှိမဖြစ်လိုအပ်တာတွေအကုန်လုံးအတွက်ထောက်ပံ့မှုပေးပြီး ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုတိုးတက်အောင်လုပ်ပြီး ငွေရှာနိုင်စွမ်းကိုမြင့်တင်သင့်တယ်။တကယ်လို့ ကိုယ်ရဲ့ ဝင်ငွေနဲ့မလောက်လို့အမျိုးသမီးက သူအလုပ်လုပ်ချင်တယ်ဆိုသူစိတ်ဝင်စားတဲ့ အလုပ်လုပ်ဖို့ခွင့်ပြုဖို့လိုတယ်။ဒါပေမယ့် အမျိုးသမီးဝင်ငွေနဲ့မိသားစုအသုံးစရိတ်မလုပ်ပါနဲ့တဲ့။ ၅။ Family

အိမ်ထောင်ရေးဖောက်ပြန်မှုကင်းတဲ့
ဘဝတစ်ခု ဘယ်လိုတည်ဆောက်မလဲတဲ့
Read More »

ဒါနဲ့ ဒီနေ့ train ပြီးပြီလား။

တခါတလေ ကိုယ့်အိမ်မက်ဖြစ်ချင်စောများရင်ကိုယ့်မှာရှိထားတဲ့အရာတွေကိုကျေးဇူးတင်စိတ်မရှိတာမျိုးဖြစ်တတ်ကြတယ်။ ကိုယ့်မှာရှိထားတာကိုလဲကျေးဇူးတင်တတ်ဖို့လိုတဲ့အချိန်တွေရှိသလိုကိုယ့်ရဲ့ အိမ်မက်တွေရောက်ဖို့ဆာလောင်မှုတွေကလဲလိုပြန်တယ်။ ဆန့်ကျင်ဖက်ဖြစ်နေသလိုဖြစ်နိုင်ပေမယ့်ပေါင်းစပ်လို့ရတယ်။ ကိုယ့်ဖြစ်ချင်တဲ့အရာတွေတဖြည်းဖြည်းကိုယ့်ဘဝထဲရောက်လာဖို့နေ့စဥ် train နေဖို့အရေးကြီးတယ်။ ဒါနဲ့ ဒီနေ့ train ပြီးပြီလား။ Phyo Paing @ Derek

ဒါနဲ့ ဒီနေ့ train ပြီးပြီလား။ Read More »

သမရိုးကျအတွေးအခေါ်နဲ့
အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲသင်ကြားမှု

လောကမှာ ဒေါသအထွက်ဆုံးအချက်ကအဓိပ္ပာယ်မရှိ အလုပ်မဖြစ်တဲ့အတွေးအခေါ်တွေကို လက်ဆင့်ကမ်းတာပဲ။ စာကိုနှေးနှေးဖတ်မှ မှတ်မိမယ်။ဖြေးဖြေးနှေးနှေးဖတ်။မြန်မြန်မဖတ်နဲ့။ဒါမှ မှတ်မိမှာ။ မြန်မာလိုတွေး အင်္ဂလိပ်လိုရေး။​ ဒီပညာရပ်နဲ့ဘွဲ့ရထားတာဒါနဲ့ အသက်မွေးဝမ်းကြောင်းမပြုရင်နှမြောစရာကြီး။အလကားဖြစ်သွားမယ်။​ တော်သေးလို့ စာများများဖတ်၊ခရီးများများသွား၊လူများများနဲ့တွေ့မိလို့။ငါတို့ ပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့အယူအဆတွေက စောက်တလွဲဆိုတာသိတာ။ စာနှေးနှေးဖတ်တိုင်းနားလည်တဲ့နှုန်း၊ မှတ်မိတဲ့နှုန်းနဲ့ မဆိုင်ပါဘူး။ကိုယ့်ဦးနှောက်က စာကို process ဖတ်နိုင်စွမ်းနှေးနေတာပါ။စာကိုတစ်လုံး၊ တစ်လုံးက တစ်ကြောင်း၊တစ်ကြောင်းက တစ်ပိုက်၊တစ်ပိုက်က တစ်မျက်နှာဦးနှောက်ရဲ့ သတင်းအချက်ရယူနိုင်စွမ်းမတူပါဘူး။ဒါကိုလေ့ကျင့်ရပါတယ်။ ဒီလိုလေ့ကျင့်ဖို့ subvocalization လို့ခေါ်တဲ့စာလုံးတိုင်းကို စိတ်ထဲက အသံလိုက်ထွက်တာကိုရှောင်ဖို့ လေ့ကျင့်ရပါတယ်။ဘာကြောင့်လဲဆိုတော့ ငယ်ငယ်က“ညအခါ လသာသာ၊ ကစားမလား နားမလား”ဒီလိုစာကြောင်းတွေကို လိုက်ဆိုပြီးစိတ်ထဲက အသံထွက်ဖတ်တာအကျင့်ဖြစ်လာလို့ပါ။ နောက်တစ်ခုကမြန်မာလိုတွေး၊ အင်္ဂလိပ်လိုရေး။တရုတ်လိုပြောချင်ရင် တရုတ်လိုတွေးရပါတယ်။​မြန်မာလိုပြောချင်ရင် မြန်မာလိုတွေးရပါတယ်။အင်္ဂလိပ်ပြောချင်ရင် အင်္ဂလိပ်လိုတွေးရတယ်။ တွေးတဲ့ ဘာသာစကားမတူရင်တောင်ကိုယ်ရည်ကိုယ်သွေးမတူပါဘူး။Cognitive scientist သိပ္ပံပညာရှင်ဖြစ်တဲ့Lera Boroditsky ရဲ့ သုတေသနအရမတူညီတဲ့ဘာသာစကားကအတွေးကိုလွမ်းမိုးတယ်။အတွေးက ကိုယ်ရည်ကိုယ်သွေးကိုလွမ်းမိုးတယ်။ ဒါကို international school မှာEnglish

သမရိုးကျအတွေးအခေါ်နဲ့
အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲသင်ကြားမှု
Read More »

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ
ကြားထဲမှာ လုပ်

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကြားထဲမှာ လုပ်။တချို့တွေက ဖြစ်နိုင်တာကိုလုပ်တဲ့။ဖြစ်နိုင်တဲ့အရာတွေကကိုယ့်ကို ရင်မခုန်စေဘူး။မဖြစ်နိုင်တဲ့အရာတွေကျတော့ကိုယ်နဲ့ဝေးနေသလို ခံစားရတယ်။ဒီတော့ ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာကြားထဲကိုလုပ်တာကောင်းတဲ့ မဟာဗျူဟာတစ်ခုဖြစ်နိုင်တယ်။ Phyo Paing @ Derek

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ
ကြားထဲမှာ လုပ်
Read More »

ကိုယ့်ကိုကိုယ် human programmer လို့
စဥ်းစားကြည့်

ကလေးပျက်ကျသွားတဲ့ လူတစ်ယောက်ကmiscarriage ဖြစ်တာကို ယူကြုံးမရဖြစ်တဲ့psycho ဝင်ပြီး ဆေးခန်းတွေပြဆေးတွေ သောက်နေရတတ်တယ်။ဒါက သူ့အတွေးကြောင့်ဖြစ်တတ်တယ်။ငါ့မမွေးသေးတဲ့သားလေး၊ သမီးလေးအမေ့ကြောင့်ဆို ယူကြုံးမရဖြစ်ရင်ဖြစ်မယ်။ဒါမှမဟုတ် ကိုယ့်ယောကျာ်းကိုအားနာစိတ်ကြောင့်ဝမ်းနည်းတာဖြစ်ရင်ဖြစ်မယ်။ တကယ်လို့ အဲ့ဒီကလေးလေးကသာကိုယ်လက်အင်္ဂါမစုံပဲ ဒုက္ခိတအနေနဲ့မမွေးခဲ့တာဥာဏ်ရည်မမီဖြစ်တဲ့ကလေးလေးအနေနဲ့မမွေးခဲ့တာ သူ့အတွက် ပိုကောင်းပါတယ်လေလို့reframe စဥ်းစားပုံပြောင်းလိုက်တာနဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ပြောင်းသွားနိုင်တယ်။​ ဒီလို အဓိပ္ပာယ်ဖွင့်ဆိုချက်ပြောင်းတာကိုLogotherapy ဆိုပြီး Dr. Viktor Frankr ကတည်ထွင်ခဲ့တယ်။ ကိုယ့်ကိုကိုယ် human programmer လို့စဥ်းစားကြည့်။ လူတွေသာ ကွန်ပြူတာတွေဖြစ်မယ်ဆိုသူတို့အတွေးတွေက code ကုတ်တွေအဖြစ်အဆက်မပြတ် run နေတယ်။ တချို့အချိန်တွေမှာ အမှားတွေဖြစ်error တက်တဲ့အခါ ရှေ့မဆက်နိုင်ပဲတိုင်ပတ် looping လည်နေတတ်တယ်။ အဲ့အချိန်မှာ အတွေးအခေါ်တစ်ခုကဒီ looping အတွေးတိုင်ပတ်နေတာကိုဖြေရှင်းပေးလိုက်နိုင်တဲ့အခါအလင်းပွင့်သွားတာမျိုးဖြစ်တတ်တယ်။ ဘဝမှာ တိုင်ပတ်မှုအပေါင်း သရဖူမဆောင်းဖို့ကိုယ့်ရဲ့အတွေး code တွေကိုကိုယ်တိုင် fix လုပ်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် human programmer လို့
စဥ်းစားကြည့်
Read More »