knowledge

လူတွေရဲ့ intuition power ကို

လူတွေရဲ့ intuition ရဲ့ power ကိုလျော့မတွက်နဲ့။တချို့တွေ ဦးနှောက်မကောင်းပဲကြီးပွားနေတာ ဒီ power ရဲ့စွမ်းပကားကိုအသုံးချမိနေလို့ပဲ။ Intuition အလိုလိုသိစိတ်ရဲ့အစွမ်းအသုံးချဖို့၁။ ကိုယ်ကျင့်တရားကောင်းဖို့၂။ သမာဓိရှိဖို့ လိုတယ်။ ဒီအချက်နှစ်ချက် မရှိရင်inner voice ခေါင်းထဲမှာတချက်ချက် ကိုယ့်ကိုပေးတဲ့intuition message အလိုလိုသိစိတ်သတင်းအချက်အလက်ကပေါက်ကွဲမှုအား ကြီးမားမှာ မဟုတ်ဘူး။ ကိုယ်ကျင့်တရားဆိုရင်ကံကံ၏အကျိုးကို ယုံကြည်ပြီးမကောင်းတာ မလုပ်တာ။မကောင်းတာဆိုတာ မဖြစ်ဖို့မခိုး၊ မလိမ်၊ မသတ်၊ မပြစ်မှား၊မသောက်စားတာကိုတတ်နိုင်သမျှလုပ်ဖို့တဲ့။ သောက်တာကလဲ လူတွေရဲ့intuition ကို တော်တော်လေးကျစေတယ်။ပုံမှန် alcohol fast ကအနည်းဆုံး တစ်ပတ်လောက်ပြန်လုပ်မှintuition ကို ပြန်ကျင့်လို့ရတာ။ လူတိုင်းက မကောင်းတာလုပ်ဖူးကြတာပဲ။ဒီလိုလုပ်မိတဲ့အခါ အဆိုးဆုံးကguilt လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်တဲ့စိတ်။ဒီစိတ်က ဘယ်လိုဖြစ်လာလဲဆိုရင်ကိုယ့်ကိုကိုယ် လူကောင်းလို့ယူဆရာကဖြစ်လာတယ်။ငါလူကောင်း ဒါကို မလုပ်သင့်ဘူး။ငါလုပ်မိပြန်ပြီကွာ။​ဒီအတွေးအခေါ်ဝင်ရင် intuition အလိုလိုသိိစိတ်ကိုအနှောက်အယှက် အကြီးအကျယ်ပေးတယ်။​ ဒါကိုဖျောက်ဖို့ အလွယ်ကူဆုံးကကိုယ့်ကိုကိုယ် ခွင့်လွတ်တာ။တော်တော်ကြီးတဲ့ […]

လူတွေရဲ့ intuition power ကို Read More »

လူတစ်ယောက်ကို တိုးတက်နေဖို့
လိုအပ်တဲ့ C ခြောက်လုံး

၁။ Clarity ကိုယ်သွားနေတဲ့လမ်းကြောင်းကိုရှင်းလင်းမှု၂။ Challenge စိန်ခေါ်မှု၃။ Community အသိုင်းအဝိုင်း၄။ Consistency နေ့စဥ်ဒူပေဒါပေခံခံ ပုံမှန်လုပ်ဆောင်မှု၅။ Commitment လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်ဖြစ်အောင်လုပ်၆။ Competency ကိုယ့်ထမင်းကျွေးတဲ့အလုပ်ကို ကျွမ်းကျင်မှုစွမ်းရည်ရှိပါစေ။ Phyo Paing @ Derek

လူတစ်ယောက်ကို တိုးတက်နေဖို့
လိုအပ်တဲ့ C ခြောက်လုံး
Read More »

ဘာစာအုပ်ဖတ်ရင် ကောင်းမလဲ

James Clear ရေးတဲ့ Atomic Habits ရယ်၊Power of Habits ရယ်၊Tiny Habits ရယ်၊​5 AM Club ရယ်၊Continuous discovery habits ရယ်ဖတ်ပြီး အမူအကျင့်တည်ဆောက်ကြည့်။ Business စာအုပ်တွေနဲ့ ပတ်သက်ရင်Invincible companyChallenger BrandThe StrategistScaling UpBusiness Ecosystems in ChinaGood Strategy, Bad StrategyBetter Simpler StrategyStrategy Rulesအရမ်းကောင်းတယ်။ လူမှုရေးနဲ့ ပတ်သက်လာရင်The Art of Seduction48 laws of powerLaws of Human NatureRobert Greene စာအုပ်တွေချည်း 😀Dark Psychology SecretsNLP workbook by Joseph O’ConnorMental ModelsHow

ဘာစာအုပ်ဖတ်ရင် ကောင်းမလဲ Read More »

ယောကျာ်းတစ်ယောက်အတွက်
အလုပ်က ဘဝပဲ

ယောကျာ်းတစ်ယောက်အတွက်အလုပ်က ဘဝပဲ။လူမှုပတ်ဝန်းကျင်မှာအမျိုးသားနဲ့ အမျိုးသမီးတွေအပေါ်ထားတဲ့မျှော်မှန်းချက်တွေ က မတူကြဘူး။ ကမ္ဘာပေါ်မှာ သတ်သေမှုအများဆုံးကယောကျာ်းတွေ။အမျိုးသမီးတွေက အချင်းချင်းရင်ဖွင့်တာလုပ်တတ်ကြပေမယ့်အမျိုးသားအများစုက အဲ့လိုသိပ်မလုပ်တတ်ကြဘူး။ အမျိုးသားတစ်ယောက် စိတ်ဓာတ်အကျဆုံးအချိန်ကအလုပ်ပြုတ်တဲ့အချိန်၊မုဆိုးတွေလို သားလိုက်လာတော့အလုပ်နဲ့ identity ငါဘယ်သူဆိုတဲ့အရာကဆက်စပ်သွားတယ်။ ကိုယ်လုပ်တဲ့အလုပ်ကိုမှ ဂုဏ်မယူတတ်ရင်၊မကျွမ်းကျင်ရင် ဘဝမှာပျော်ဖို့တော်တော်မလွယ်ကူဘူး။ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့အရာတစ်ခုတော့ ရှိဖို့လိုတယ်။​အသက်အရွယ်တစ်ခုရောက်ရင်လူရိုသေရှင်ရိုသေ နေရာလေးတစ်ခုတော့ရှိနေဖို့က လောလောပြီးကနေတဲ့လောကထဲမှာ ရှင်သန်နေသမျှလိုနေနိုင်သေးတယ်။ အားတီတို့အတွက် ရေးသာရေးရတာထက်မြတ်တဲ့အားမေတွေဆဲမှာလည်းကြောက်ရသေးတယ်။ Phyo Paing @ Derek

ယောကျာ်းတစ်ယောက်အတွက်
အလုပ်က ဘဝပဲ
Read More »

ထိန်းချုပ်နိုင်မှု self-control

ကိုယ့်စိတ်ကိုယ် မနိုင်ရင်ဘာမှ ကြီးကြီးကျယ်ကျယ်လုပ်လို့ရမှာမဟုတ်ဘူး။ ကိုယ့်ကိုကိုယ် သတိ awarenessထိန်းချုပ်နိုင်မှု self-controlမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ် dedicationအမြဲတိုးတက်နေမှု progress လိုတယ်။ Phyo Paing @ Derek

ထိန်းချုပ်နိုင်မှု self-control Read More »

ကိုယ့်ရဲ့ “လက်ရွေးစင်ဆေး” ကဘာလဲ

ကိုယ့်ရဲ့ “လက်ရွေးစင်ဆေး” ကဘာလဲ။လူတိုင်းက မသိလိုက် မသိဖာသာဆေးစွဲနေကြတယ်။ဒါကို “Drug of Choice” လို့ခေါ်တယ်။ တချို့က shopping နဲ့ အပန်းဖြေတယ်။တချို့က ရတနာတွေစုရင်း အပန်းဖြေတယ်။တချို့က affordable luxury လေးတွေဖြစ်တဲ့coffee နဲ့ အပန်းဖြေတယ်။​တချို့က ကိုရီးယားအချစ်ကားကြည့်အပန်းဖြေတယ်။​တချို့က ဝိုင်သောက်တယ်။တချို့က အတင်းပြောတယ်။တချို့က စာဖတ်တယ်။တချို့က အရွက်တွေရှူတယ်။ လူတိုင်းရဲ့ “လက်ရွေးစင်ဆေး”drug of choice ရှိတတ်ကြတယ်။​ဒီဆေးသုံးလိုက်တိုင်းဦးနှောက်ရဲ့ ဆုပေးမှုအဖွဲ့အစည်းကိုသွားလှုံ့ဆော်တယ်။ ကိုယ့်ရဲ့ ပျော်ရွင်မှုအတွက်လက်ရွေးစင်ဆေးကဘေးဥပတ်မဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ “လက်ရွေးစင်ဆေး” ကဘာလဲ Read More »

ငါ့လုပ်ငန်း၊ ငါ၊ ငါ၊ ငါ စွဲတွေ

အရှင်ပြန်ထွက်လို့မရတဲ့ ဘဝထဲမှအစွဲတွေအရမ်းထားရင်အသည်းတွေအကြိမ်ကြိမ်ကွဲရလိမ့်မယ်။လုပ်သင့်တာလုပ်ပြီးငါ့လုပ်ငန်း၊ ငါ၊ ငါ၊ ငါ စွဲတွေကတစ်ချိန်ကိုယ့်ကို စိတ်ဒဏ်ရာပေးလိမ့်မယ်။ Phyo Paing @ Derek

ငါ့လုပ်ငန်း၊ ငါ၊ ငါ၊ ငါ စွဲတွေ Read More »

မွဲဆေးမဖော်မိဖို့လိုတယ်

ကိုယ်မသိတဲ့အလုပ်အတွက်မရှိတဲ့ ပိုက်ဆံကိုချေးငှားလုပ်ဆောင်တဲ့အတွက်မွဲတတ်ကြတယ်။စားလို့မကုန် မှားလို့ကုန်တဲ့။မွဲဆေးမဖော်မိဖို့လိုတယ်။ Phyo Paing @ Derek

မွဲဆေးမဖော်မိဖို့လိုတယ် Read More »

Awareness, Analysis, Action
အေသုံးလုံးလိုတယ်လို့

စိတ်နဲ့ ခန္ဓာရဲ့ စေ့ဆော်မှုတွေရဲ့အလွန်ကို သွားနိုင်ဖို့အကောင်းဆုံးလေ့ကျင့်မှုကသတိနဲ့ ရှုတာဖြစ်နိုင်တယ်။ Awareness, Analysis, Actionအေသုံးလုံးလိုတယ်လို့ထင်တယ်။ ကိုယ့်စိတ်နဲ့ ခန္ဓာရဲ့ စေ့ဆော်မှုတွေကိုသတိ (Awareness) ရှိမှသုံးသပ်မှု (Analysis) လုပ်လို့ရမယ်။ဒါမှ ကျိုးကြောင်းဆင်ခြေလုပ်ဆောင်နိုင်တဲ့Action ကောင်းဖြစ်လာမယ်။ Sတလွဲကတော့ ပုထုဇဥ်ဆိုတော့လုပ်ဖြစ်နေမှာပဲ။နည်းသွားဖို့က ဒီ A သုံးလုံးလိုတယ်လို့ထင်တယ်။ Phyo Paing @ Derek

Awareness, Analysis, Action
အေသုံးလုံးလိုတယ်လို့
Read More »

လောကကြီးမှာ ပူပူလောင်လောင်
ပိုက်ဆံတွေ

လောကကြီးမှာ ပူပူလောင်လောင်ပိုက်ဆံတွေရှာပြီးနောက်ဆုံးလောကထဲက အသေပဲထွက်သွားရတာပဲ။ဘဝကို ပေါ့ပေါ့ပါးပါးကိုယ်ဖြစ်ချင်တဲ့ပုံစံနေထိုင်ပြီးစိတ်ကောင်းထားပြီးလူတွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကကူညီပေးသွားပြီး ဖြတ်သန်းတာအထာပိုကျပါတယ်။ ℙ𝕙𝕪𝕠 Paing @ Derek

လောကကြီးမှာ ပူပူလောင်လောင်
ပိုက်ဆံတွေ
Read More »