market research နဲ့
marketing research နဲ့မတူဘူး။
မားကတ်တင်းမှာ အရေးအကြီးဆုံးစကားလုံးက positioning ပဲ။လူတွေရဲ့ ရင်ထဲဘယ်ပုံစံနေရာယူမလဲ။ဒီလို နေရာယူဖို့ စဥ်းစားရတဲ့အချက်တွေရှိတယ်။ဒါကို STP ဆိုတာနဲ့ လုပ်တယ်။ ဥပမာ ကိုယ်က မျက်နှာသစ်ဆပ်ပြာထုတ်တယ်ဆိုပါတော့။မားကတ်တင်းဆိုတာ ဒီကုန်ပစ္စည်းထုတ်ခင်ကတည်းက စတယ်။ ဘယ်သူတွေအတွက်ထုတ်မှာလဲ။ဘာတွေပိုကောင်းမလဲ။ဘယ်လိုထုတ်မှာလဲ။ဘယ်လောက်နဲ့ရောင်းမလဲ။အစရှိတဲ့မေးခွန်းတွေအတွက်လေ့လာရတယ်။ဒါကို market research လုပ်တယ်။စျေးကွက်သုတေသနလုပ်တယ််လို့ခေါ်တယ်။market research နဲ့marketing research နဲ့မတူဘူး။ Research ဆိုတာ ပြောဆိုမေးမြန်းကြည့်ရှုပြီး ကိုယ့်မေးခွန်းတွေအတွက်အဖြေရှာဖွေရေးဖြစ်စဥ်ဖြစ်တယ်။ဒီအပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချတယ်။ မျက်နှာသစ်ဆပ်ပြာရောင်းလို့ရမည့်သူတွေကို ခွဲကြည့်မယ်ဆို၁။ အမျိုးသမီးငယ်စျေးကွက်၂။ Lady စျေးကွက်၃။ အာကြီးမစျေးကွက်၄။ ဖွားဖွားစျေးကွက်၅။ ကလေးတွေအတွက်၆။ ဝက်ခြံပေါက်တဲ့ ဆယ်ကျော်သက်အားတီတို့အတွက်၇။ ခန့်ချောကြီး သာကောတို့အတွက်၈။ အသက်ကြီးပိုင်းရောက်နေတဲ့ senior သာကောစျေးကွက်၉။ ဘိုးဘိုးစျေကွက် ဒီလို ခွဲခြမ်းတာကို segmentation လို့ခေါ်တယ်။ ဒီပေါ်မူတည်ပြီး ဘယ်သူတွေကိုရွေးမလဲပြန်စဥ်းစားရတယ်။ဥပမာ အားတီတို့နဲ့ သာကောတို့စျေးကွက်ရွေးမှာလား။ကလေးတွေသုံးလို့ရတဲ့ မျက်နှာသစ်လုပ်မှာလား။အမျိုးသမီးလေးတွေအတွက်လား။ရွေးရပြီ။ ဒီနေ့ခေတ်က အရင်လို […]
market research နဲ့
marketing research နဲ့မတူဘူး။ Read More »
