ရည်မှန်းချက်ပန်းတိုင်ချတဲ့အခါဖြစ်ချင်တာပေါ်မူတည်ပြီးချတာရှိတယ်။အကြောက်တရားပေါ်မူတည်ပြီးရည်မှန်းချက်ပန်းတိုင်ချတာရှိတယ်။ ဖြစ်ချင်တာပေါ်မူတည်ပြီးချတာကတော့ရှင်းတယ်။နောက်လေးငါးဆယ်နှစ်မှာ ဘာဖြစ်ချင်သလဲ။ဒါကို personal, professional နဲ့ businessတိုးတက်ရေးအပိုင်းမှာ အသုံးပြုတယ်။ဒါက အများစုသိထားတဲ့ goal setting ပေါ့။ နောက်တစ်နည်းက အကြောက်တရားပေါ်မှာမူတည်ပြီး ရည်မှန်းချက်ပန်းတိုင်ချတာကတော့ကိုယ်မဖြစ်ချင်တဲ့အရာတွေကိုရှောင်ရှားဖို့ ချတဲ့နည်းပေါ့။ဒါကို Tim Ferriss က Fear setting ဆိုပြီးပြောတယ်။ ဖြစ်ချင်တာပေါ်မူတည်ပြီး ရည်မှန်းချက်ချတာကတော့ကိုယ်ဖြစ်ချင်တာတွေက အချိန်နဲ့အမျှပြောင်းလဲနေမှာ။ငယ်ငယ်တုန်းကဆို အလုပ်ရချင်တယ်၊မန်နေဂျာဖြစ်ချင်တယ်၊ လုပ်ငန်းဦးဆောင်သူဖြစ်ချင်တယ်၊ဖြစ်ချင်တာတွေက ပြောင်းနေမှာ။ ကိုယ်မဖြစ်ချင်တဲ့အရာအပေါ်မူတည်ပြီးရည်မှန်းချက်ချနည်းကျတော့ဥပမာ အသက်ကြီးတဲ့အခါ င weak မဖြစ်ချင်ဘူး။ဒီတော့ အသက်ငယ်တုန်းမှာ testosterone များအောင်ကြိုတင် လေ့ကျင့်ခန်းလုပ်ထားတာမျိုး။ဆီးချို၊ သွေးတိုးနဲ့ နာတာရှည်ရောဂါမဖြစ်ချင်ရင်အစားအသောက်နဲ့ လေ့ကျင့်ခန်းကိုဂရုစိုက်သေချာလုပ်ဆောင်တာမျိုး။ အသက်ကြီးမှ အထီးမကျန်ချင်ရင်အပေါင်းအသင်နဲ့ မိသားစုသေချာတည်ဆောက်တာမျိုး။ကိုယ့်ကိုကိုယ် တန်ဖိုးရှိတဲ့သူတစ်ယောက်လို့မခံစားရမှာဆိုးတဲ့အတွက်တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မှုရှိအောင်လုပ်ဆောင်နေတာမျိုး။ ရည်မှန်းချက်ပန်းတိုင်ကို ဒီနှစ်နည်းနဲ့အကြမ်းဖျင်းချမှတ်လို့ရတယ်။ဒါကို Pain & Pleasure Principle လို့ခေါ်တယ်။လူတွေရဲ့ limbic system လို့ခေါ်တဲ့စိတ်ခံစားမှုအပိုင်း ဦးနှောက်ကဒီ