mindset

အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။

လူတွေဒီနေ့ရောက်နေတဲ့နေရာကကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေရဲ့ရလဒ်ပဲ။ဒါကြောင့် ဘယ်သူမှ အပြစ်တင်နေလို့မရဘူး။ ပြီးခဲ့တာပြီးပြီ။ အတိတ်ကို အနာဂတ်အတွက်ဆုံးဖြတ်ခွင့်မပေးနဲ့။ လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲချင်ရင်အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။ Phyo Paing @ Derek

အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။ Read More »

ငယ်ငယ်လေးကတည်းက
အတွေးအခေါ်တွေ အဆိပ်ခပ်ခံခဲ့ရတတ်တယ်။

တချိို့မိဘတွေက ဘဝဖြတ်သန်းမှုအလျောက်သူတို့ကိုယ်သူတို့အဆိပ်မိလို့မိမှန်းမသိပဲအဆိပ်ကို သကြားထင်ပြီးသားသမီးတွေကို သူတို့ရဲ့အတွေးအခေါ်၊ ယုံကြည်မှု၊တန်ဖိုးထားမှုတွေနဲ့ဘဝပိုကောင်းဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ဘောင်ခတ်လွမ်းမိုးဖို့ ကြိုးစားတတ်ကြတယ်။ အသက်အရွယ်တစ်ခုရောက်လာတော့စာတွေဖတ်၊ ပြန်လည်သုံးသပ်ပြီးကိုယ့်ရဲ့ယုံကြည်မှုနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနေထိုင်တဲ့နေရာနဲ့လူမျိုးရဲ့ယုံကြည်မှုတွေကို ပြန်လည်ဆန်းစစ်ဖြစ်တယ်။ နောက်ဖြေဆေးရှာကြည့်တယ်။ တချို့လူတွေက အတွေးအခေါ်အဆိပ်ခပ်ခံခဲ့ရတယ်။အဆိပ်သင့်နေတုန်းပဲ။ဒီအဆိပ်ဒဏ်အတွက်အတွေးအခေါ် ဖြေဆေးလိုတယ်။ Phyo Paing @ Derek

ငယ်ငယ်လေးကတည်းက
အတွေးအခေါ်တွေ အဆိပ်ခပ်ခံခဲ့ရတတ်တယ်။
Read More »

ငယ်တုန်းမှာ ဖြစ်ချင်တာတွေ
ဖြစ်အောင် မြန်မြန်အကောင်အထည်ဖော်။

လောကီမှာလိုချင်တဲ့ စိတ်ဆန္ဒ၊ တပ်မက်မှု၊ တဏှာတွေကိုဖြည့်ဆည်းရင်းစိတ်ကျေနပ်မှုကိုရှာဖွေကြတယ်။ ကိုယ်ဖြစ်ချင်တာဖြစ်လာတော့ပျော်တယ်။ကိုယ်ဖြစ်ချင်စေချင်တာဖြစ်မလာတော့ ဝမ်းနည်းတယ်။ မဖြစ်စေချင်တာ ဖြစ်လာတော့ဒေါသထွက်တယ်။ ချစ်တယ်။ ကြိုက်တယ်။လိုချင်တယ်။ တောင်းတတယ်။လူတွေအထင်ကြီးစေချင်တယ်။လူတွေအထင်အမြင်သေးရင်စိတ်ညစ်မယ်။ ကိုယ်ကသာနေရင်ပျော်မယ်။နောက်ကောက်ကျနေရင်အားငယ်မယ်။ လောကုတ္တရာကျတော့ကိုယ့်ရဲ့ဖြစ်တည်မှု ပကတိအခြေအနေမှာပစ္စုပ္ပာန်တည့်တည့်ကိုရှုတဏှာနဲ့ တပ်မက်မှုတွေကကိုယ့်စိတ်ကိုလာရောက်နှိုးဆွတာကိုဥာဏ်နဲ့ရှုတယ်။ ဆင်ခြင်တယ်။ သုံးသပ်တယ်။ ငယ်တုန်းမှာ ဖြစ်ချင်တာတွေဖြစ်အောင် မြန်မြန်အကောင်အထည်ဖော်။နောက် စိတ်ထားတတ်အောင်လေ့ကျင့်။ Phyo Paing @ Derek

ငယ်တုန်းမှာ ဖြစ်ချင်တာတွေ
ဖြစ်အောင် မြန်မြန်အကောင်အထည်ဖော်။
Read More »

စာတစ်ကြောင်းက
သော့တစ်ချောင်းနဲ့တူတတ်တယ်

စာတစ်ကြောင်းကသော့တစ်ချောင်းနဲ့တူတတ်တယ်။ကိုယ်က အတွေးထောင်ချောက်ထဲပိတ်နေတာကို ဖွင့်ပေးနိုင်တယ်။ Phyo Paing @ Derek

စာတစ်ကြောင်းက
သော့တစ်ချောင်းနဲ့တူတတ်တယ်
Read More »

ဒီနေ့ဒါဖြစ်အောင်လုပ်မယ်ဆိုတာကို
ဖြစ်အောင်လုပ်တာ။

ကိုယ့်ကိုကိုယ် သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်းနေရတဲ့ခံစားချက်က အရမ်းကောင်းတယ်။မလုပ်ဘူးဆိုတဲ့အရာကို လုံးဝမလုပ်တာ။ဒီနေ့ဒါဖြစ်အောင်လုပ်မယ်ဆိုတာကိုဖြစ်အောင်လုပ်တာ။ ကိုယ့်ကိုကိုယ် ကောင်းအောင်မလုပ်နိုင်ပဲ သူများတွေကိုထိုင်ဟားဖို့ အဆင့်မရှိသေးဘူးလို့ခံယူထားတာပဲ။ မှန်မမှန်တော့ သေချာမသိဘူး။ Phyo Paing @ Derek

ဒီနေ့ဒါဖြစ်အောင်လုပ်မယ်ဆိုတာကို
ဖြစ်အောင်လုပ်တာ။
Read More »

ပြဿနာတွေအားလုံးရဲ့အစက

“အခြေခံအယူအဆ လွဲမှား” ရာကလာတယ်။ဒါကြောင့် ဗုဒ္ဓက အယူမှားရင်ဒိဋ္ဌိ လို့ဆိုတယ်။အမြင်မမှန်ရင် အမှန်မမြင်နိုင်ဘူး။ လောကကြီးကို တရားတယ်လို့ထင်တာအခြေခံအယူအဆအမှားတစ်ခုဖြစ်နိုင်တယ်။ ယုံကြည်တဲ့အရာကို ခေါင်းမာမာနဲ့လုပ်ရင် နောက်ဆုံးမှာ အောင်မြင်မှုရမယ်လို့ယူဆတာဒါကလဲ အခြေခံယူဆချက်အမှားတစ်ခုပဲဖြစ်နိုင်တယ်။ လမ်းမှားကို သွားနေပြီး ယုံကြည်မှုနောက်လိုက်ရင် လမ်းဆုံးရောက်မယ်ဆိုတာ မဟုတ်မှန်း အားလုံးအသိပဲ။ ကိုယ့်ရဲ့ ယုံကြည်မှုက မှန်မမှန်ပြန်လည်ဆန်းစစ်ဖို့အကောင်းဆုံးနည်းက သွားနေတဲ့လမ်းကအလုပ်ဖြစ်မဖြစ်ပဲ။ Phyo Paing @ Derek

ပြဿနာတွေအားလုံးရဲ့အစက Read More »

အရာရာဟာ တစ်ခုခုပိုကောင်းတာ
လုပ်ဖို့ ဖြစ်လာတာပါ။

အဲ့လိုစဥ်းစားကြည့်တဲ့အခါ တိုက်ဆိုင်တဲ့ အဖြစ်အပျက်တိုင်းကိုအကောင်းမြင်စိတ်နဲ့ ကျော်လွှားလာနိုင်တယ်။ ဒါကြောင့် ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် တစ်ခုခုဖြစ်လာရင်ငါ့ကို ဘာလုပ်စေချင်လို့ ဒီဖြစ်ရပ် ဖြစ်လာတာလဲလို့ ပြန်မေးပြီးလုပ်သာလုပ်ချလိုက်။ Phyo Paing @ Derek

အရာရာဟာ တစ်ခုခုပိုကောင်းတာ
လုပ်ဖို့ ဖြစ်လာတာပါ။
Read More »

စိတ်ထားတတ်ဖို့က ဖြေဆေးပဲ။

တချို့လူတွေကိုငယ်ငယ်တုန်းက အမေ၊ အဖေက ကိုယ့်ကို ကောင်းစေချင်တော့အမြဲ ဝေဖန်ခံရတတ်တယ်။ ကောင်းတဲ့အချက်၊ တော်တဲ့အချက်ကိုချီးကျူးလိုက်ရင် စမာန်တက်သွားမယ်ဆိုပြီးကောင်းတဲ့အချက်ကို အသိအမှတ်ပြုတာရှားတယ်။ အသက်ကြီးလာတဲ့အခါ တစ်ခုခုဆို ငါလုပ်လိုက်တာမှားသွားပြီကွာဆိုတဲ့ guilty အပြစ်တင်စိတ်နဲ့ ကြီးပြင်းလာတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ဂုဏ်ယူတတ်တဲ့စိတ်နည်းသွားတယ်။ တစ်ခုခုလုပ်လိုက်ရင် ငါမှားသွားပြီလားမသိဘူး။ငါလုပ်တာပြောတာ မှားသွားပြီလားမသိဘူးဆိုတဲ့အတွေးက အထပ်ထပ် ဒုက္ခပေးတယ်။ ဘဝပျက်တယ်ဆိုတာ အဲ့မှာ စတင်တာပဲ။ ဒီအချက်ကိုပြောင်းလဲနိုင်တဲ့အခါအဲ့အချိန်မှာ၊ အဲ့အသိဥာဏ်နဲ့ အကောင်းဆုံးလုပ်လိုက်တာပဲဆိုတဲ့စိတ်ထားတတ်ဖို့က ဖြေဆေးပဲ။ Phyo Paing @ Derek

စိတ်ထားတတ်ဖို့က ဖြေဆေးပဲ။ Read More »

စည်းကမ်းရှိဖို့လိုတယ်။
Self-discipline ဆိုတာ ကိုယ်လုပ်မယ်လို့
ဆုံးဖြတ်ထားတဲ့ စည်းကမ်းကို
ဖြစ်အောင်လုပ်နိုင်ဖို့လိုတယ်။

Mental Resilience က အခြေနေဆိုးတစ်ခုကနေအံကြိတ်ပြီး ပြန်နိုးထတာ။Mental Toughness က ဘယ်လိုအခြေနေကြုံကြုံအပြုံးမပျက် ရှေ့ဆက်တာ။ စိတ်ဓာတ်ရေးရာ ကြံ့ခိုင်ဖို့Negative emotion အပျက်စိတ်တွေဖြစ်တဲ့ဒေါသ၊ ကြေကွဲ၊ ဝမ်းနည်း၊ အားငယ်၊ သဝန်တို အစရှိတဲ့ စိတ်ခံစားချက်တွေကိုစီမံခန့်ခွဲနိုင်ဖို့လိုတယ်။ ပြဿနာကြုံလာရင် အရာရာပိုကောင်းဖို့ဖြစ်လာတာပါဆိုပြီးသင်ခန်းစာ ယူနိုင်ဖို့Reframing လုပ်တတ်ဖို့ အရေးကြီးတယ်။ အမူအကျင့်သေချာတည်ဆောက်နိုင်ဖို့Habit-forming အမူအကျင့်ဖန်တီမှုနည်းစနစ်တွေကို သိရှိအသုံးချဖို့လိုတယ်။ စည်းကမ်းရှိဖို့လိုတယ်။Self-discipline ဆိုတာ ကိုယ်လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့ စည်းကမ်းကိုဖြစ်အောင်လုပ်နိုင်ဖို့လိုတယ်။ စိတ်ကို ချုပ်တည်းနိုင်ဖို့လိုတယ်။ငါဒါမလုပ်ဘူး၊ ဒါကိုရှောင်မယ်ဆိုရင်ရှောင်နိုင်တဲ့ စိတ်စွမ်းအားလိုတယ်။ တစ်ခုခုဆို အရင်ပျော်ရွင်ခံစားချင်တဲ့စိတ်ကို ဖျောက်။ကောင်းတာကို နောက်မှ ခံစားမယ်။အခုတော့ အပင်ပန်းခံလိုက်အုံးမယ်။ဒီလို reward after work စိတ် ထားတတ်ဖို့လိုတယ်။ဒါကို delayed gratification လို့ခေါ်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့လိုသလိုမလုပ်ဘူး၊ မလေ့လာဖူးတဲ့အရာတွေကိုအကန့်အသတ်မထားပဲပိုနေမြဲ ကျားနေမြဲ ဘောင်ထဲကထွက်နိုင်ဖို့လိုတယ်။ ℙ𝕙𝕪𝕠

စည်းကမ်းရှိဖို့လိုတယ်။
Self-discipline ဆိုတာ ကိုယ်လုပ်မယ်လို့
ဆုံးဖြတ်ထားတဲ့ စည်းကမ်းကို
ဖြစ်အောင်လုပ်နိုင်ဖို့လိုတယ်။
Read More »

relationship ဆိုတာ
team building တစ်ခုပဲ

Relationship တစ်ခု လတ်ဆတ်နေဖို့ နှစ်ဦးစလုံး နေ့စဥ်ပိုကောင်းတဲ့ version ဖြစ်နေဖို့လိုတယ်။ ဒီလိုဖြစ်ဖို့ နှစ်ဦးနှစ်ဖက်စလုံး ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။နောက် ကိုယ့် partner ကို နားလည်ဖို့အရေးကြီးတယ်။ သေချာနားလည်ပြီဆိုရင် သူ့ကို အရှိကို အရှိအတိုင်း လက်ခံနိုင်ဖို့လိုတယ်။ Relationship တစ်ခုမှာ တစ်ယောက်ယောက်က အရင်ကလို အရမ်းကောင်းတဲ့ version မဟုတ်တော့တဲ့အခါကိုယ့်ဖက်က လက်ခံနိုင်မလား အရေးကြီးတယ်။ ယောကျာ်းဆိုလဲ အရင်လို ငွေရှာဖို့ အင်အားတွေမရှိတော့တဲ့အခါ၊ အမျိုးသမီးဆိုလဲ အရင်လိုမလှတော့တဲ့အခါ လက်ခံနိုင်မလား။ အမှန်တော့ relationship ဆိုတာ team building တစ်ခုပဲ။ တန်ဖိုးထားမှုတွေ တူဖို့၊ တူညီတဲ့အနာဂတ်တစ်ခုကို အတူတည်ဆောက်ဖို့တစ်ယောက်နဲ့ တစ်ယောက်နားလည်ဖို့ကလိုတယ်။ ဒါပေမယ့် အလုပ်ခွင်မတူတဲ့အခါ၊ခေါင်းထဲကိုထည့်တဲ့ သတင်းအချက်အလက်တွေမတူတဲ့အခါမြင်တဲ့အမြင်တွေ မတူတဲ့အချိန်တစ်ခု ရောက်လာလိမ့်မယ်။ ဒီလိုမဖြစ်အောင် ပုံမှန်ဆက်သွယ်မှုပြုဖို့လိုသလိုအလုပ်အကြောင်းပြောဖို့လိုတယ်လို့ထင်တယ်။ Phyo

relationship ဆိုတာ
team building တစ်ခုပဲ
Read More »