mindset

လူတွေရဲ့ mental model စိတ်မော်ဒယ်
အလုပ်လုပ်ပုံ မတူကြဘူး။

တချို့သူတွေက ပြိုင်ဖက်တွေကိုစဥ်းစားရင် အားတတ်တယ်။တချို့တွေက ပြိုင်ဖက်တွေကိုလျစ်လျူရှုပြီး ရင်ထဲလာရာလုပ်တဲ့အခါအားတတ်တယ်။ တချို့တွေက အတိုက်အခိုက်ခံရတဲ့အခါအားငယ်တယ်။တချို့တွေက အတိုက်အခိုက်ခံရတဲ့အခါအားတတ်တယ်။ လူတွေရဲ့ mental model စိတ်မော်ဒယ်အလုပ်လုပ်ပုံ မတူကြဘူး။ Phyo Paing @ Derek

လူတွေရဲ့ mental model စိတ်မော်ဒယ်
အလုပ်လုပ်ပုံ မတူကြဘူး။
Read More »

ဒီခံယူချက်နဲ့ပဲ အသက်ရှင်တယ်။

ကိုယ်နဲ့ အလုပ်လုပ်တဲ့သူတိုင်းကိုယ်နဲ့ ပတ်သတ်တဲ့သူတိုင်းကိုယ်အကျိုးရှိတာထက်သူတို့အကျိုးပိုရှိရမယ်။ဒီခံယူချက်နဲ့ပဲ အသက်ရှင်တယ်။ Phyo Paing @ Derek

ဒီခံယူချက်နဲ့ပဲ အသက်ရှင်တယ်။ Read More »

ဟီးရိုးဖြစ်စေမည့် ပလက်ဖောင်းစင်မြင့်ဖြစ်ရမယ်။

ကျွန်နော့်အယူအဆကတော့ကိုယ့်ပရိသတ်ကို အသုံးပြုပြီးကိုယ်က ဟီရိုး လုပ်မည့်အစားကိုယ့်လုပ်ငန်းက ကိုယ့်ဖောက်သည်တွေကိုဟီးရိုးဖြစ်စေမည့် ပလက်ဖောင်းစင်မြင့်ဖြစ်ရမယ်။ Phyo Paing @ Derek

ဟီးရိုးဖြစ်စေမည့် ပလက်ဖောင်းစင်မြင့်ဖြစ်ရမယ်။ Read More »

အတွေး၊ အကြံ၊ အလုပ်က
ကူးစက်တတ်တယ်။

ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကကိုယ်နဲ့အမြဲတွေ့နေတဲ့လူငါးယောက်ရဲ့ ပျဉ်းမျှပဲ။ ဒါကတော့ ဂျင်ရွန်း Jim Rohm ပြောတဲ့You are the average of five people you spend the most time with. သင်ကသင်နဲ့အမြဲတွေ့တဲ့လူငါးယောက်ရဲ့ ပျဉ်းမျှပဲဆိုတဲ့အဆိုအမိန့်ကို နောက်တစ်ဆင့်ပြန်စဉ်းစားကြည့်တာ။ ကိုယ်နဲ့ နေ့စဉ်တွေ့နေတဲ့သူတွေကိုဂရုသေချာပြု ရွေးချယ်ဖို့လိုတယ်။ အတွေး၊ အကြံ၊ အလုပ်က ကူးစက်တတ်တယ်။ Phyo Paing @ Derek #drphyopaing

အတွေး၊ အကြံ၊ အလုပ်က
ကူးစက်တတ်တယ်။
Read More »

ငါသည် ငါမဟုတ်ဘူး။

ငါသည် ငါမဟုတ်ဘူး။ မိခင်ဝမ်းဗိုက်ထဲမှာရှိတဲ့ ကိုယ့်ပုံစံလေးကိုပြန်စဥ်းစားကြည့်ကြည့်ဘယ်လို ပုံစံလေးဖြစ်နေမလဲ။ နောက် ငါးနှစ်အရွယ်ကလေးငယ်အချိန်က ပုံလေးကို စဥ်းစားကြည့်ကြည့်။ နောက် ၁၈ နှစ်သားအရွယ်လေးကို စဥ်းစားကြည့်ကြည့်။ နောက် အခုရွယ်ကို ပြန်စဥ်းစားကြည့်ကြည့်။ တူမလိုလိုနဲ့ မတူတော့ဘူး။ ပုံပန်းသဏ္ဏန်၊ အတွေးအခေါ်၊ ကျွမ်းကျင်မှု၊တန်ဖိုးထား၊ ယုံကြည်မှု။ ဂရိအတွေးအခေါ်ပညာတစ်ခုမှာThe ship of Theseus ဆိုတာရှိတယ်။ဘုရင် Theseus ရဲ့ လှေကြီးကို ပြုပြင်ဖို့ ပစ္စည်းတွေ အစားထိုးမယ်။အစားထိုးလိုက်ရင် ဒီလှေကြီးက အရင် The ship of Theseus ပဲလား။ ဒါမှမဟုတ် လှေမှာပါတဲ့ပစ္စည်းတွေအကုန်လုံးကို ဟောင်းနွမ်းတဲ့အတွက် အသစ်နဲ့အကုန်အစားထိုးလိုက်ရင်ဒါက အရင်လှေကြီးပဲလား။ လှေအသစ်လား။ဒါက အတွေးအခေါ်စမ်းသပ်မှုတစ်ခုဖြစ်တယ်။ လူတွေမှာ အမြဲအသစ်ဖြစ်နေတယ်။အရေပြားဆဲလ်တွေဆိုရင်နှစ်ပတ်နဲ့ သုံးပတ်ကြားမှာ အသစ်ပြန်ဖြစ်နေတယ်။ ခန္ဓာကိုယ်ထဲကသွေးနီဥဆို ရက် ၁၂၀ နေရင်

ငါသည် ငါမဟုတ်ဘူး။ Read More »

ငယ်ငယ်ကဆို ကိုယ်သဘောမကျတဲ့စာအုပ် မဖတ်ဘူး။

ငယ်ငယ်ကဆို ကိုယ်သဘောမကျတဲ့စာအုပ်မဖတ်ဘူး။ အခုတော့ ကိုယ်သဘောမကျဘူး၊အတွေးအခေါ် မတူဘူး။ ဖတ်ကြည့်တယ်။ ကိုယ့်အတ္တကို ဘယ်လောက်ထိလျော့ပြီးသူ့အမြင်ကို နားလည်ပေးနိုင်လဲပေါ့။ အတ္တဆိုတာ အနတ္တကို မသိခင်ဖြစ်တဲ့မာန်မာနလေးပေါ့။ Phyo Paing @ Derek

ငယ်ငယ်ကဆို ကိုယ်သဘောမကျတဲ့စာအုပ် မဖတ်ဘူး။ Read More »

အရေးမပါတာတွေကို
အရာမပေးတော့တာ

ဘဝကို အထာကျကျနဲ့ဖြတ်သန်းနိုင်တဲ့သူတွေကလောကဓံကို မကြုံဖူးတာမဟုတ်ဘူး။ကြုံဖူးတာများသွားပြီးကျော်လွှားသွားနိုင်တဲ့အတွက်ဒုက္ခအသေးစားလေးတွေကိုfeel မလာတော့တာ။ အရေးမပါတာတွေကိုအရာမပေးတော့တာ။ Phyo Paing @ Derek

အရေးမပါတာတွေကို
အရာမပေးတော့တာ
Read More »

ဘဝပျက်မတတ် စိတ်ညစ်ခဲ့တဲ့အခိုက်အတံ့တွေ

ဘဝပျက်မတတ် စိတ်ညစ်ခဲ့တဲ့အခိုက်အတံ့တွေကတချိန်ပြုံးပြီး ပြန်ပြောလို့ရတဲ့လွမ်းစရာပုံပြင်တွေ ဖြစ်လာလိမ့်မယ်။ Phyo Paing @ Derek

ဘဝပျက်မတတ် စိတ်ညစ်ခဲ့တဲ့အခိုက်အတံ့တွေ Read More »

စိတ်နဲ့ကိုယ်ကျန်းမာရေးအတွက်

ပဲဆီသန့်၊ နေကြာဆီသန့်၊အော်ဂင်းနစ်၊ FDA ရပြီးသား။ ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်လာရင်“ပါးစပ်”ထဲ ထည့်တဲ့ အစားအသောက်တွေကို ဂရုစိုက်တတ်ကြတယ်။ “မျက်လုံး”၊ “နား”၊ “နှာခေါင်း”၊ “လျှာ”၊ “ခန္ဓာကိုယ်”ဒီခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ထိတွေ့တဲ့အရာတွေကလဲ အစာတွေပဲ။ မမြင်အပ်၊ အကြားအပ်တဲ့ အရာတွေသတင်းတွေ၊ အဖျင်းတွေကို မျက်လုံးနဲ့ မထိတွေ့အောင် ရှောင်တာ၊ဒါကလဲ စိတ်နဲ့ ကိုယ်ကျန်းမာရေးအတွက် အရေးကြီးတယ်။ သူများမကောင်းကြောင်းလာပြောတဲ့အခါစကားလွဲတာ၊ နားမထောင်တာမျိုးကလဲစိတ်နဲ့ ကိုယ်ကျန်းမာရေးအတွက် အရေးကြီးတယ်။ နှာခေါင်း၊ လျှာ၊ ခန္ဓာကိုယ် အထိအတွေ့မှာမူးယစ်စေပြီး ဘဝပျက်စေမည့်အရာတွေကို ရှောင်ရှားတာကလဲ စိတ်နဲ့ကိုယ်ကျန်းမာရေးအတွက်အရေးကြီးတယ်။ Phyo Paing @ Derek

စိတ်နဲ့ကိုယ်ကျန်းမာရေးအတွက် Read More »