mindset

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက် အချိန်အများကြီး ခြွေတာပေးရမယ်။ အချိန်မဖြုန်းပါနဲ့။

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက်အချိန်အများကြီး ခြွေတာပေးရမယ်။ဒါက ကျွန်တော့်ရဲ့ အချိန်စီမံခန့်ခွဲမှုအတွေးအခေါ် philosophy ပဲ။ ပြန်မရနိုင်တော့တာ အချိန်ပဲ။လူတွေမှာရှိတဲ့ အဖိုးအတန်ဆုံးအရင်းအမြစ်ကလဲ အချိန်ပဲ။နာရီလက်တံက အချိန်နဲ့အမျှလည်ပတ်နေတယ်။ ကျောင်းပြီး ဆေးမကုတော့နှမြောစရာကြီးလို့ လာပြောကြတယ်။ဟုတ်တယ်လို့ပဲ ပြန်ပြောလိုက်တယ်။အများကြီး မရှင်းပြချင်လို့။သာမာန်လူတွေက ဖြစ်နိုင်ခြေOption တစ်ခုပဲမြင်တာဖြစ်နိုင်တယ်။ရွေးချယ်လို့ရတဲ့ လမ်းကြောင်းအခု ၁၀၀ လောက် ချပြလို့ရတယ်။ ကိုယ့် strength ကMaximizer ဖြစ်တဲ့အတွက်ရှိပြီးသားအရာတွေရဲ့ ဖြစ်နိုင်တဲ့အလားအလာတွေကို ရှင်းရှင်းလင်းလင်းမြင်သလိုကောင်းပြီးသားအရာတွေကိုပိုကောင်းအောင် လုပ်ပေးချင်တယ်။ လူတွေရဲ့ဦးနှောက်ကို limitless ထဲကBradley Cooper လို LSD မလိုပဲဦးနှောက်စွမ်းပကားကို လှုပ်နှိုးနိုင်အောင်၊မသိစိတ်စွမ်းပကားကို အသုံးချနိုင်အောင်ကိုယ့်ရဲ့ best version ဖြစ်အောင်ပုံဖော်နိုင်အောင်ဒါတွေလုပ်ဖို့အတွက် လေ့လာခဲ့တဲ့English, Burmese, Chemistry, Physics အပြင်Zoology နဲ့ Botany က တော်တော်လေးအထောက်အကူပြုသလိုဒုတိယနှစ်မှာလေ့လာခဲ့တဲ့ Anatomy ကဘယ် muscle […]

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက် အချိန်အများကြီး ခြွေတာပေးရမယ်။ အချိန်မဖြုန်းပါနဲ့။ Read More »

ကိုယ့် Dream List ကို အာရုံစိုက်ပါ။

အနာဂတ်တွေ ရင်ခုန်စရာကောင်းမှရှင်သန်ရတာ လတ်ဆတ်မှာ။ ဒီလို လတ်ဆတ်ဖို့ သာမာန်လူတွေမလုပ်တဲ့ အရာတွေ လုပ်ဖို့လိုတယ်။သာမာန်လူအများစုဟာပစ္စုပ္ပန် ပြဿနာတွေနဲ့ တိုင်ပတ်နေကြတယ်။သူတို့ဘဝ လတ်ဆတ်မှုမရှိကြဘူး။ ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ်ကိုယ့်ရဲ့ စိတ်ကို ခရီးကြမ်းမှာ အာရုံမစိုက်ပဲပန်းတိုင်ကို အာရုံစိုက်ဖို့လိုတယ်။ ပန်းတိုင်ကို သွားတဲ့လမ်းခရီးကမှတ်တိုင်ရောက်တိုင်း ဂုဏ်ယူနိုင်ဖို့လိုတယ်။ဒီအတွက် ကိုယ့်ဘဝရဲ့ dream list လိုတယ်။ ကျွန်တော့်ရဲ့ dream list ကိုဘယ် မအလ မှ လာလွမ်းမိုးလို့မရဘူး။ Phyo Paing @ Derek

ကိုယ့် Dream List ကို အာရုံစိုက်ပါ။ Read More »

ဘူကောင်ဆိုတာကတော့

၁။ ရည်ရွယ်ချက်မရှိ ၂။ ဘေးထိုင်ဘုပြော၊ အားရင်ဝေဖန်လေကန်၊ ခိုလိုညည်း ၃။ တကယ်အားထုတ်မှုမရှိ၊ လက်ကြောမတင်း၊ ရေသာခိုစိတ်များ ၄။ ကိုယ့်အကြောင်းထက် သူများအကြောင်းကို ပိုစိတ်ဝင်စား ၅။ ကိုယ့်အတွက်၊ ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်အတွက် အကျိုးမရှိတာအတွက် အငြင်းပွါးပြီး အချိန်ကုန် ၆။ တစ်ဖက်ပိတ်အမြင်နဲ့ အထင်အမြင်သစ်ကို လက်မခံနိုင်။ ၇။ အပျင်းကြီး လေ့လာမှုမရှိ။ တိုးတက်မှုမရှိ။ ၈။ ဖြစ်ချင်တာကိုမပြောဘူး။ မဖြစ်ချင်တာ ပြဿနာတွေကိုပဲထိုင်ပြော။ ၉။ ကျေးဇူးတင်တတ်တဲ့စိတ်မရှိပဲ အရာရာကို မကျေနပ်။ Phyo Paing @ Derek

ဘူကောင်ဆိုတာကတော့ Read More »

ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကို
စိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီး
ဖြတ်သန်းနိုင်တဲ့ grit လိုတယ်။

စိတ်ရှည်ဇွဲသန် သည်းညည်းခံပြုရန် သာသနာဆိုပြီးငယ်ငယ်ရှင်ပြုတုန်းကတွေ့လိုက်တယ်။ ဒီအချက်ကို ငါဘယ်နေရာမှာသုံးနိုင်မလဲ စဥ်းစားကြည့်တယ်။ ဗုဒ္ဓသာသနာကို နှစ်ပေါင်း၂၅၀၀ တိုင်အောင် တည်တံ့အောင်လုပ်နိုင်ခဲ့တာ ဒီ core values ကြောင့်ဖြစ်နိုင်တယ်လို့စဥ်းစားမိတယ်။ အာသောကမင်းလက်ထက်မှာတတိယသင်္ဂါယနာ တင်တယ်။ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် တို့ကကိုးတိုင်း ကိုးဌာန ပြည်နယ်တို့ကိုဥပသမ္ပဒကံဆောင်နိုင်စေရန်ခေါင်းဆောင်တစ်ပါးနှင့်သံဃာငါးပါးစီကို စေလွှတ်ကြွချီတော်မူတယ်။ ဒီလို Propagation ဖြစ်ဖို့ သာမာန်ဇွဲနဲ့မရဘူး။စိတ်ရှည်ရတယ်။​ဇွဲသန်ရတယ်။​သည်းငြင်းခံရတယ်။စော်ကားခံရတဲ့ အချိန် ပြုံးပြုံးလေးနဲ့မသိချင်ယောင်ဆောင်သည်းခံရတဲ့ အချိန်တွေရှိကောင်းရှိနိုင်တယ်။​ ကျွန်တော်တို့က တချို့ကိစ္စတွေကိုခွင့်လွတ်လို့ရတယ်။မေ့လိုက်လို့မရဘူး။ဒါကနေ သင်ခန်းစာယူပြီးရှေ့ဆက်ဖို့လိုတယ်။ ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကိုစိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီးဖြတ်သန်းနိုင်တဲ့ grit လိုတယ်။ Phyo Paing @ Derek

ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကို
စိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီး
ဖြတ်သန်းနိုင်တဲ့ grit လိုတယ်။
Read More »

ကိုယ့်စိတ်ကို မအောင်ရင်
တခြားအရာတွေကို
အောင်မြင်အောင် လုပ်ဖို့ခက်တတ်ပါတယ်။

စစ်ဆင်ရေးမှာ အရေးအကြီးဆုံးက စိတ်ဓာတ်စစ်ဆင်ရေးပဲ။ Vietnam စစ်ပွဲမှာ အမေရိကန်လို စစ်အင်အားကြီးတဲ့ နိုင်ငံကိုပြန်တိုက်နိုင်ဖို့စိတ်ဓာတ်စစ်ဆင်ရေးဟာ အရေးပါတဲ့အပိုင်းမှာ ပါဝင်ခဲ့တယ်။ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးနိုင်ရင် သူ့ကို ထိန်းချုပ်လို့ရပြီ။ ထိန်းချုပ်ဖို့အလွယ်ဆုံး စိတ်ခံစားချက်ကအကြောက်တရားပဲ။ အကြောက်တရားဖြစ်ဖို့ မသေချာမရေရာမှုတွေမျှော်လင့်ချက်မဲ့အောင် ပြုလုပ်မှုတွေဖြစ်အောင်လုပ်ကြတယ်။ဒါကို နာဇီ concentration camp တွေမှာဂျူးတွေကို ညင်းဆဲခဲ့တဲ့ပုံကြည့်ရင် သိနိုင်တယ်။ စိတ်ဓာတ်စစ်ဆင်ရေးကို အောင်နိုင်ဖို့ပထမဆုံးဖယ်ရှားရမှာ မျှော်လင့်ချက် Hope ပဲဖြစ်တယ်။ဟစ်တလာလက်ထက်က ဒီ Christmas မှာလွတ်တော့မယ်ဆိုတဲ့ သတင်းလွင့်တယ်။လူတွေက မျှော်လင့်ချက်တွေရှိလာတယ်။စောင့်ကြတယ် မလွတ်ဘူး။ ဘယ်နေ့မှာ လွတ်မယ်ကြားတယ်။မလွတ်ပြန်ဘူး။ ဒီလို အချိန်ပေါင်းများစွာဖြစ်လာတဲ့အခါမျှော်လင့်ချက်တွေ မဲ့လာကြတယ်။ စိတ်ဓာတ်တွေ ကျလာတယ်။ အနာဂတ်တွေ ပျောက်လာတယ်။ တချို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်တယ်။ ဒါကို သတိထားမိတဲ့ စိတ်ပညာရှင်Viktor Franklr က မျှော်လင့်ချက်အစားဘဝအဓိပ္ပာယ်ကို

ကိုယ့်စိတ်ကို မအောင်ရင်
တခြားအရာတွေကို
အောင်မြင်အောင် လုပ်ဖို့ခက်တတ်ပါတယ်။
Read More »

ကိုယ့်ကိုကိုယ် နေ့စဥ် program လုပ်ပါ။

တချို့ရက်တွေက fine တယ်။တချို့ရက်တွေက မှိုင်း နိုင်တယ်။ တချို့ရက်တွေက လှ ပြီးတချို့ရက်တွေက ဂွကျကျနိုင်တယ်။ တချို့ရက်တွေက ကံကောင်းတယ်။တချို့ရက်တွေက ရေရေလည်လည်ကံဆိုးနိုင်တယ်။ ဘယ်လိုနေ့ဖြစ်မယ်ဆိုတာ ကိုယ် control လုပ်လို့မရဘူး။ ကိုယ်ထိန်းချုပ်လို့ရတာ ကိုယ့်ရဲ့ စိတ်ခံစားမှုပဲ။ ဒီတော့ ကိုယ့်ရဲ့ စိတ်ကို နေ့တိုင်း program လုပ်ဖို့လိုတယ်။ Programming human’s excellence ဖြစ်အောင် 2005 ကတည်းက ဒီ topic ကိုရေရေလည်လည် စိတ်ဝင်စားလေ့လာခဲ့တာ။ ဦးနှောက်ကောင်းအောင်၊ IQ မြင့်လာအောင်ဒီကနေ ဒီခရီးစလာတာ၊ လူရှေ့သူရှေ့စကားပြောရဲအောင်စိတ်အကြည်ဓာတ် ထိန်းထားနိုင်အောင်၊စိတ်ဓာတ်စွမ်းအားကို အသုံးချပြီးလိုချင်တာရအောင် ယူနိုင်အောင် လုပ်နိုင်ဖို့ဇီဝကမ္မဖြစ်စဥ် Physiology စိတ်ပညာ Psychology အတွေးအခေါ်ပညာ Philosophy ကိုအသုံးပြုပြီး ကိုယ့်ရဲ့ Performance ကိုPeak ရောက်ဖို့ ကိုယ့်ဘဝကို

ကိုယ့်ကိုကိုယ် နေ့စဥ် program လုပ်ပါ။ Read More »

ကိုယ့်မှာ rule တစ်ခုရှိတယ်။
ကိုယ့်ကို လာစားရင် လာစားတဲ့ကောင် ကိုယ့်ထက်ပိုခေါင်းစားခံနိုင်မှရမယ်။

စိတ်ညစ်မည့်ညစ် သူများကြောင့်ကိုယ်စိတ်မညစ်ဘူး။ကိုယ့်ကြောင့်ပဲ တခြားသူပိုစိတ်ညစ်ရလိမ့်မယ်။ နည်းနည်းတော့ မကောင်းဘူး။စိတ်တော့ တော်တော်ချမ်းသာရတယ်။မယုံရင်သုံးကြည့်။ ဒါက ကိုယ်နဲ့ဆို ဘယ်လိုဆက်ဆံရမယ်ဆိုတဲ့ message ပဲ။ Phyo Paing @ Derek

ကိုယ့်မှာ rule တစ်ခုရှိတယ်။
ကိုယ့်ကို လာစားရင် လာစားတဲ့ကောင် ကိုယ့်ထက်ပိုခေါင်းစားခံနိုင်မှရမယ်။
Read More »

ဘဝမှာ သေချာတဲ့အရာတစ်ခုက
ဘယ်မှာပဲနေနေ၊
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်
ပြဿနာ ဆိုတာရှိနေမှာပဲ။

တောင်ပေါ်မြို့လေးမှာအပင်လေးစိုက်ပြီး အေးဆေးနေမယ်စဥ်းစားပြီး ပြဿနာ မရှိတော့ဘူးမထင်လိုက်နဲ့။သူ့မှာလဲ သူ့ပြဿနာနဲ့သူရှိတာပဲ။ တရားအားထုတ်ရင်ပြဿနာမရှိတော့ဘူးလို့ မထင်လိုက်နဲ့။တရားအားထုတ်တဲ့အချိန်ခန္ဓာကိုယ်အဖြစ်အပျက်ရှုရင်းဝေဒနာတွေကိုတွေ့ရမှာပဲ။ အဲ့တော့ ဘဝနဲ့ ပြဿနာနဲ့ဒွန်တွဲနေတဲ့အတွက်ပြဿနာတွေရှိနေတယ်ဆိုတာသာမာန်ပဲဆိုတဲ့ စိတ်ထားပြီးကိုယ်က ပြဿနာထက်ပိုကြီးနေဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ သေချာတဲ့အရာတစ်ခုက
ဘယ်မှာပဲနေနေ၊
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်
ပြဿနာ ဆိုတာရှိနေမှာပဲ။
Read More »

အကြည်ဓာတ်ထိန်းဖို့
အရေးမပါတာတွေကို
အာရုံမစိုက်ဖို့ အရေးကြီးတယ်။

လူတစ်ယောက် အစိုးရတာ အာရုံပဲ။ကိုယ့်ရဲ့ အိမ်မက်၊ သမိုင်းပေးတာဝန်၊နေ့စဥ် တိုးတက်မှု၊ ကျန်းမာရေးဒီအချက်တွေက အဓိကအာရုံစိုက်ရမည့်အပိုင်းတွေပဲ။ Phyo Paing @ Derek

အကြည်ဓာတ်ထိန်းဖို့
အရေးမပါတာတွေကို
အာရုံမစိုက်ဖို့ အရေးကြီးတယ်။
Read More »

Positive Thinking, Negative Thinking အပြင် Opportunistic Thinking လည်းအရေးကြီးတယ်။

Professor တွေ case study လုပ်နိုင်ဖို့Entrepreneur တွေက စီးပွားရေးအသစ်တွေcreate လုပ်ကြရတယ်။ အိန္ဒိယနဲ့ တရုတ်ကို ဥပမာထားကြည့်ရင်Entrepreneurial spirit ပိုရှိတဲ့ society ကပိုတိုးတက်တာတွေ့ရလိမ့်မယ်။ ရေခွက်ထဲ ရေတစ်ဝက်ရှိတယ် မရှိဘူးအငြင်းပွားနေချိန် Entrepreneur ကရှိတဲ့ရေနဲ့ ဘာလုပ်ရမလဲ စဉ်းစားနေပြီ။ Positive Thinking, Negative Thinking အပြင်Opportunistic Thinking လည်းအရေးကြီးတယ်။ Entrepreneur တွေဟာ နေ့စဉ် အခွင့်အရေးတွေနဲ့ပတ်ပတ်လည်ဝိုင်းနေတယ်လို့ယုံကြည်တယ်။ နိုင်ငံရေးမကောင်းလို့ အဆင်မပြေဘူးဆိုနိုင်ငံရေးကောင်းတုန်းက ဘယ်လောက်အဆင်ပြေခဲ့သလဲ? နိုင်ငံရေးကောင်းမှဆို နောက်ကျကုန်ပြီဆိုတာလူတိုင်းသိတယ်။ Phyo Paing @ Derek

Positive Thinking, Negative Thinking အပြင် Opportunistic Thinking လည်းအရေးကြီးတယ်။ Read More »